ဆေးတံသောက်သူများ
ဒီပန်းချီကားလေးကို “ ဆေးတံ သောက်သူများ ” လို့ အမည်ပေးထားပါတယ်..။
အခရိုင်းလစ် ဆေးသုံးပါတယ်..။ 200 cm_100 cm ရှိမယ်ထင်ပါတယ်..။ ပေါင် ၂၀၀၀ ကျော်နဲ့  ရောင်းလိုက်တဲ့ ဥရောပ ပွဲဦးထွက် ပန်းချီကားပါ..။
ထိုင်းမြန်မာနယ်စပ်က တောင်ယာလုပ်ကိုင်သူတွေ ဆောင်းမနက်ခင်း စောစောမှာ
ဆေးတံသောက်နေတာကို သရုပ်ဖော်ထားတာပါ..။ အဓိက ပြချင်တာက လေငြိမ်နေပေမယ့်
အရမ်းချမ်းအေးတယ်.. နေရောင်ခြည်နုနုလေးတွေ အောက်မှာ လွင့်ဝဲနေတဲ့ မီးခိုးလေးတွေ
ပေါင်းစပ်ယှက်နွယ်နေတယ်..။ ဘ၀တူချင်း ရင်းနှီးနွေးထွေးတာကို စိတ်ခံစားပြီး ရေးဆွဲခဲ့ပါတယ်..။
နောက်ခံတောင်တန်းတွေက ဝေး၀ါးနေပါတယ်..။ ဒါကို အခရိုင်းလစ်ဆေးနဲ့ ဖော်ဘို့  လက်ဝင်ပါတယ်..။ နောက်ခံ ဘက်ဂရောင်းကို AIR GUN အသုံးပြုပြီး အခရိုင်းလစ်ဆေးကို
ဘဲ GUN နဲ့ မှုတ်ထားပါတယ်..။
Admin
ကူညီပေးပါဦး.. ကျနော်တင်တာ ပုံဆိုဒ် အရမ်းကြီးနေပါတယ်.. နောက်ပြီး copy/ paste ဖြစ်နေပါတယ်..။ ကျနော် pc မှာ view တခုဘဲ ပေါ်ပါတယ် Edit မပေါ်ပါ.. ဒါကြောင့် ကျနော့်မှာ အခက်အခဲ ဖြစ်နေပါတယ်..//
လေးစားခင်မင်သော
ကျော်စွာခေါင်
Was this answer helpful?
LikeDislikeရေး …..
ဒီ ပုံကို ပထမ ကြည့်ရ သကွ။
ပုံတွေက တကယ် ကို ကြွ နေတာ မြင်ရတာ ပါလား ဓို့ ယွာ က ဗဂျီဆာ ရယ်။ (စီဒီ တူ အစ်မဒုံ)
အငွေ့တွေက တွေက တကဲ့ ဆေးလိပ်ငွေ့ တွေ သွင်းထားသလား။
လက်ရာ ထူးပါ့။
ပန်းချီပညာမှာ Portrait ဆိုတာ လူပုံ ကို ခေါ်ပြီး Landscape ဆိုတာ ရှုခင်းကို ခေါ်သလား။
ရမ်းပြီး မှန်းတီးကြည့်တာ။
Was this answer helpful?
LikeDislikeအရီးခင်လတ်ပြောတယ်နော်…
“ ပန်းချီပညာမှာ Portrait ဆိုတာ လူပုံ ကို ခေါ်ပြီး Landscape ဆိုတာ ရှုခင်းကို ခေါ်သလား။
ရမ်းပြီး မှန်းတီးကြည့်တာ။”
ရှေးလူကြီးတွေ စကား အရမ်းမှန်တာဘဲ အရီးခင်..
ပညာရှိတွေများ ရမ်းပြီး မှန်းတီးတာတောင်..မှန်ချက်က ကွက်တိပါဘဲ ဗျာ..။
ကျနော် ပုံတူ Portrait နဲ့ ပါတ်သက်တဲ့ ပို့ စ်တွေ နောက်ကျတင်ပါ့မယ်..အရီးခင်..။
Was this answer helpful?
LikeDislikeကျေးဇူးအထူးတင်ပါတယ် Admin.. နောက်ဆို ကျနော် ဆင်ခြင်ပါတော့မယ်..။
အရီးခင် ပထမ ပေါ့လေ..။
Was this answer helpful?
LikeDislikeမြို့ပိုင်သူကြီး (မြို့တည်ပြီး စိတ်ကြီးဝင်သွားပြီလားတောင် မသိ) က သူ စိတ်ကောင်းဝင်ချိန် ဆို ရာထူးတိုးပေးတတ်ပါတယ်။

Was this answer helpful?
LikeDislike” နောက်ခံ ဘက်ဂရောင်းကို AIR GUN အသုံးပြုပြီး အခရိုင်းလစ်ဆေးကို
ဘဲ GUN နဲ့ မှုတ်ထားပါတယ် ”
နောက်ခံ ဘက်ဂရောင်းကို AIR GUN နှင့် အရင်မှုတ်ပြီးမှ ၊
ရှေ့က လူပုံတွေကိုဆွဲတာလား ။
Was this answer helpful?
LikeDislikeဘဖော..
ဟုတ်ပါတယ်.. ဘက်ကရောင်းကို အရင် မှုန်းပါတယ်.. gun နဲ့ ပေါ့လေ.. လူပုံအတွက်က အောက်လို င်းက ခဲနဲ့ အရင် ကောက်ထားပါတယ်..။ နောက် အခရိုင်းလစ် နက်ညိုနဲ့ အောက်လိုင်းကို သေချာပြန်ကောက်ပါတယ်..ပြီးမှ နောက်ခံကို မှုန်းတာပါ..။
ပုံဆွဲရာမှာ အောက်လိုင်းမပျောက်ဘို့  ကြိုစဉ်းစားရပါတယ်..။ လူက နောက်မှ မှုန်းတာပါ ခင်ဗျာ..။
Was this answer helpful?
LikeDislikeOMG..Really amazing!!
အရမ်းကိုလေးစားအားကြပါတယ်။ အရာရာဟာဟန်ချက်ညီပြီးသိပ်လှပနေတယ်။ အရောင်တွေဟာ သိပ်ကို အသက်ဝင်လွန်းနေတယ်။ ဆေးတံက အငွေ့ရယ် ပါးစပ်ကထွက်လာတဲ့အငွေ့ရယ်။ မျက်လုံးကကြည့်နေခဲ့တာလား။မျက်လွှာချထားတာလား။
Was this answer helpful?
LikeDislikeမလဲ့.
အားပေးနေတာ ကျေးဇူးနော်.. အိမ်မှာ ပြန်ကကြည့်ပါဆိုတာ သဘောရိုးနဲ့ စ..လိုက်တာပါ..
ဘာမှ အတွေး မခေါင်နဲ့ နော်..။ ညာဘက်က အဘွားကြီးက မျက်လွှာချနေပြီး ဘယ်ဘက်က အမျိုးသမီးက ညာဘက်လူကို ကြည့်နေတာပါ..။
Was this answer helpful?
LikeDislikeသွီးဒီ တွေလည်း ခင်းကျင်းပြပါအူး ..ဆြာရယ်…
:harr:
Was this answer helpful?
LikeDislikeပေါင်၂၀၀၀ဆိုတော့သိန်းသုံးဆယ်ကျော်ပေါ့နော်.. ပန်းချီဆိုရင်ရှုခင်းပုံတွေကိုပိုသဘောကျမိခဲ့ပေမယ့် အခုပုံလေးကိုတော်တော်သဘောကျတယ်.. ပို့စ်တိုင်းဝင်ကြည့်မိပေမယ့် သဘောကျတာကလွဲပြီးမှတ်ချက် မပေးတတ်တော့..
Was this answer helpful?
LikeDislikeကြိမ် ပလိုင်းလေးရဲ့ ကြိမ်သား အနုအရင့်လေးရယ်…..
အေးနေတဲ့ ရာသီနောက်ခံမှာ မြင်ရတဲ့ မီးခိုးလေးတွေရယ်….
ညာဘက် အစွန်ဆုံးက နေရောင်စ ထွက်ကာစ အရောင်လို့ ထင်ရတဲ့ အလင်းစူးစူး၊ အရောင်တောက်တောက်တွေရယ် ….
(ပုံ အတိုင်းဆို နေထွက်ရာ အရပ်က ညာဘက်က ဖြစ်မယ်ထင်ပါတယ်ဗျ။)
လူ ၂ ယောက်ရဲ့ အကြည့် တွေရယ်….
ကြည့်ရင်း ကြည့်ရင်း ပန်းချီကားကို ထက် ဝင်စားပြီး ဆွဲ ခဲ့ စိတ်တစ်ခုကို ပို လေးစားကြောင်း:::
ကျနော် အတော်ကြာ နေခဲ့ဖူးတဲ့ ဒေသကို လွမ်းသွားကြောင်း::
ဝတ်ထားတဲ့ အနွေးထည်တွေ နေသားတကျဖြစ်နေပုံက အစ ကွက်တိမို့ပါ။
:hee:
Was this answer helpful?
LikeDislikeခေါင်းပေါင်းကို အနုစိတ်ချယ်မှုံးထားတာများ…ဓါတ်ပုံလားမှတ်ရတယ်ဗျာ…
မီးခိုးကလည်း အသက်ဝင်လှတယ်…အော်..ဒါကြောင့်လည်း ဈေးကောင်းပေးဝယ်တာပဲပေါ့.. :hee:
Was this answer helpful?
LikeDislikeအနောက်နိုင်ငံမှာ မြန်မာမှုလက်ရာလေး အဆင့်မြင့်မြင့်တန်းဝင်နေတာ ၀မ်းသာဂုဏ်ယူပါတယ်။ :hee:
ကိုယ့်ပင်ကိုယ်အမြင်နဲ့ ပြောရရင်……..
မြန်မာပြည်ဖွားမို့သာ မြန်မာ့ရှု့ခင်းကို မြန်မာအငွေ့အသက်တွေဝင်အောင် ဆွဲနိုင်တာထင်တယ်။
Was this answer helpful?
LikeDislikeပလိုင်းမှာချည်ထားတဲ့ ကြိုးလေးတွေကလည်း အသက်ဝင်လိုက်တာ.. အူးလေးက တော်လိုက်တာ..ယောက်ခမတော်ချင်တာဟယ်..တားလေး ဘာလေးများ ချိဘူးလား…

Was this answer helpful?
LikeDislikeကြိုက်တယ်ဗျို့ 
ပန်းချီကားလို့ မထင်ရဘူး
တစ်ကယ့်အပြင်က လူနှစ်ယောက်လို့ ထင်ရတယ်
Was this answer helpful?
LikeDislikeပန်းချီကား ကြည့်နည်း သင်တန်းတက်ရသလိုပါပဲ။
ဒီလောက် အနုစိတ်အောင်ဆွဲနိုင်တာ
မော်ဒယ်တွေကို မျက်စိထဲမြင်ယောင်ပြီးဆွဲထားတာလား၊
ဓာတ်ပုံကနေမှ ပြန်ခံစားဆွဲတာလားတော့ သိချင်မိသား။
(ကလေးအတွေးလိုများဖြစ်နေမလားမသိ၊အသက်သာကြီးတာ အနုပညာမှာတော့ ခုထိကလေးပါပဲ)
Was this answer helpful?
LikeDislikeမော်ဒယ်တော့ မဟုတ်ပါ..ဓါတ်ပု့ကိုတော့ ပြန်မှီငြမ်းပြီး ဆွဲပါတယ်..။ ပန်းချီဆန်အောင် ပြန်ဆွဲပါတယ်..။
Was this answer helpful?
LikeDislike