ရာသီဥတုနဲ့စင်္ကြဝဋ္ဌာ

ရုံပိတ်ရက်လေးမို့နားနားနေနေအိမ်ထဲမှာပဲဒီဗီဒီလေးနှင့်အပမ်းဖြေနေရသည်။
မီးကလဲလာနေတာပျက်ဖို့မေ့လျော့နေသည်လားမသိ။အကြီးကောင်နဲ့စပိုက်တာမန်း
ကြည့်နေသည်။ကြည့်ပြီးသားပေမဲ့အဖန်တလဲလဲကြည့်ရလောက်အောင်ကြိုက်လို့
လည်းကြည့်မိသည်။အငယ်ကောင်က သူတို့အခေါ် ဒိုတာလားဘာလားမသိခုတ်နေသည်။
လယ်ဗယ်တတ်သွားတိုင်ထထအော်သည်။ဒီလိုနဲ့ဇာတ်ရှိန်အပြိုင်တတ်နေတုန်းလေတချက်ဝှေ့
သည်။လေတချက်အဝှေ့မှာပျက်ဖို့မေ့နေဟန်တူသောမဟာမီးကသတိတရားဝင်၍ပျက်ပါလေတော့
သည်။သားအဖတွေတော်တော်စိတ်ပျက်စွာအသံမျိုးစုံထွက်လာသည်။အိမ်ရှင်မကြီး
ကတော့’ဝမ်းသာလိုက်တာမီးတာခမတတ် နားညီးသက်သာတယ်’ ဟုထအော်သည်။
မည်သူမှစောဒကတတ်ရန်စိတ်ပင်မကူးကြ။အကြီးကောင်ကတော့လေတိုက်လို့မီပျက်ခြင်း
ဖြစ်မည်ဟုယူဆပုံရသည်။’အဖေဘာလို့လေတိုက်ရတာလဲ’ဟုမေးသည်။ တဆက်တည်း
‘ရာသီဥတုတွေကဘာလို့အချိန်မှန်မှန်ပြောင်းလဲနေရတာလဲ’ဟုမေးပြန်သည်။’သိချင်လား’
‘သိချင်ရင်ဆံပင်ဖြူနုတ် ပြောပြမယ်’သားကြီးမျက်နှာအီလည်လည်ဖြစ်သွားသည်။မေးမိတာ
အမှားဟုယူဆပုံထင်သည်။’တကယ်တော့ရာသီဥတုဆိုတာ စင်္ကြာဝဋ္ဌာ နဲ့လဲပတ်သတ်တယ်ကွ’
အကြီးကောင်သာမကအငယ်ကောင်ရောအနားရှိတူတွေပါစိတ်ဝင်စားသွားကြသည်။
ဒိုတာမခုတ်ရလည်းအပျင်းပြေစကားနားထောင်ရတော့မည်ဟုထင်ကာ’နုတ်ပေးမယ်ပြောပြ’
ဆိုကာဇာကနာတချောင်းဆီဆွဲကာအနားသို့ရောက်လာကြလေတော့သည်။
‘ဒါဆိုလည်းအပြင်မှာသွားမယ်ကွာလင်းလင်းကျင်းကျင်းနဲ့’
ဆိုပြီးအပြင်ဘက်ထွက်ကာ သူတို့ကဆံပင်ဖြူနုတ် ကိုယ်ကစကားပြောနှင့်ဟန်ကြ
နေလေသည်။
ရာသီဥတုဆိုတာကြီးကိုအဓိကဖြစ်စေတာကဘာလည်းဆိုတော့နေမင်း
ကြီးကြောင့်ပေါ့။နေမင်းဆိုတာကလည်းစင်္ကြာဝဋ္ဌာကြီးရဲ့အစိတ်အပိုင်းတခုပဲ။ဒီစင်္ကြာဝဋ္ဌာ
မှာနေအဖွဲ့အစည်းဆိုတာတွေအများကြီးရှိတယ်လို့ယူဆကြတယ်။ခုသားတို့မြင်နေရတဲ့နေ
ကအဖေတိုှုနေထိုင်တဲ့ကမ္ဘာဂြိုလ်ကြီးကိုသူရဲ့ပါဝါနဲ့လှမ်းဆွဲတယ်။ကမ္ဘာကလည်းသူထက်ပါဝါ
ကြီးတဲ့နေမင်းဆွဲတာကိုမလွန်ဆန်နိုင်ဘူး။ဒါပေမဲ့စွမ်းအားရှိသလောက်ရုန်းထွက်တယ်။
ဆွဲတယ် ရုန်းတယ် ။ အဲဒီလိုကနေကမ္ဘာကနေဆီကိုမရောက်ပဲအကွာအဝေးတခုထိ
ကိုရောက်သွားတယ်။ဆွဲတယ်ရုန်းတယ်ကနေ လူပ်ရှားမူ့တခုနဲ့တန့်နေရတယ်။ဒါပေမဲ့
လဟာနယ်ဆိုတော့ဒီးအတိုင်းမတန့်ပဲနေကိုကမ႓္ဘာကပတ်သလိုဖြစ်သွားတယ်။ ဒါကအလိုအလျောက်
ကမ္ဘာကနေကိုပတ်နေတာမဟုတ်ဘူးဆိုတာသိစေချင်လို့ပြောတာနော်။သက်ရောက်မူ့
တခုဆီတိုင်ကနေတန်ပြန်သက်ရောက်မူ့သဘောတရားတခုပေါ့ကွာ။ အဲနေဆိုတာကလည်း
အလွန်ပုူပြင်းစွာတောက်လောင်နေတဲ့အမျိုးအမည်တိတိကျကျမသိနိုင်တဲ့အရာကြီးပေါ့ကွာ။
ကမ္ဘာကြီးဆိုတာကလည်းမိမိမှာရှိတဲ့ကိုယ်ပိုင်ဆွဲအားတွေနဲ့အနားမှာရှိတဲ့အရာတွေကိုစင်္ကြာဝ
ထဲကနေပြန်ဆွဲတယ်။အဲဒီမှာညအချိန်မင်းတို့မြင်နေရတဲ့လကိုရတယ်။ဒါပေမဲ့ခုနကနေနဲ့ကမ္ဘာ
လိုမဟုတ်ပြန်ဘူး။လကပါဝါကနည်းတယ်။ကံကောင်းတာကကမ္ဘာကအနားထိဆွဲနိုင်တဲ့ပါဝါမရှိပြန်ဘူး။
နေကိုတုန့်ပြန်ရ လကိုလည်းဆွဲရ။ပါဝါကခွဲသုံးနေရတာကိုး။ကမ္ဘာကနေကိုပတ်တဲ့အရှိန်ရဲ့သက်ရောက်
မူ့ကြောင့်အဟုန်တခုဖြစ်လာပြီးလက ကမ္ဘာကိုပြန်ပတ်သလိုဖြစ်ပြီး လက ကမ္ဘာကိုပတ်တယ်။
နောက်အဲဒီလိုအချင်းချင်းဆွဲတာတွေကြောင့်ကမ္ဘာကလည်းမိမိကိုယ်မိမိလည်တယ်။သံလိုက်စက်
ကွင်းတွေရဲ့သက်ရောက်မူ့လည်းပါတာပေါ့။ဒီအကြောင်းကတော့သိပ်မဆိုင်လို့မပြောတော့ဘူးကွာ။

ဒီတော့ရာသီဥတုတွေဘယ်လိုဖြစ်လာသလဲဆိုတာခုပြောလို့ရ
ပြီ။အဲဒီလိုနေ ကမ္ဘာ လအချင်းချင်းဆွဲငြင်နေရာကအဟုန်ကြောင့်
ကမ္ဘာကမိမိကိုယ်မိမိလည်ထွက်တယ်။နေဆီကရုန်းထွက်ရင်းပြေးရင်း
မပြေးနိုင်မရုန်းနိုင်ပဲ ငုတ်တခုမှာချည်ထားတဲ့နွားတကောင်ငုတ်ကိုပဲပတ်နေသလို
နေကိုကမ္ဘာကပတ်တယ်။လကလဲကမ္ဘာဆီကပြေးရင်းမရုန်းနိုင်ပဲကမ္ဘာကို
ပတ်တယ်။ဒီသုံးခုကဟန်ချက်ညီညီနဲ့ရှိနေတယ်။
ကမ္ဘာကနေကိုပါတ်တယ်ဆိုတာမှာခုနကနွားကိုငုတ်ချည်သလို
စက်ဝိုင်းပုံတိတိကျကျမပတ်ဘူး။ဘဲဥပုံပါတ်လမ်းအတိုင်းပါတ်တယ်။
ဘာကြောင့်လဲ?ဒါကလွယ်လွယ်ပြောရရင်နေရဲ့ဆွဲငြင်အားပျော့တဲ့ဘက်ကို
ကမ္ဘာကရောက်တဲ့အချိန် ကမ္ဘာရဲ့ရုန်းထွက်အားကောင်းတဲ့ဘက်နဲ့သွားတိုး
တဲ့အချိန်နေနဲ့အဝေးဆုံးကိုကမ္ဘာကပြေးထွက်နိုင်ခဲ့ပြီးဘဲဥပုံထိပ်ပါတ်လမ်း
ကြောင်းကိုကမ္ဘာကရောက်သွာတယ်။ဒါကကြာကြာမခံဘူး။ကမ္ဘာကပြန်လည်
တာမှာပါဝါလျော့တဲ့ဘက်နဲ့နေရဲ့ပါဝါအကောင်းဆုံးဘက်ပြန်တွေ့ကြတယ်။
ကမ္ဘာကနေနဲ့ဝေရာကိုရုန်းမထွက်နိုင်တော့ဘူး။ပြန်နီးလာရာက ဘဲဥပုံ
ပါတ်လမ်းရဲ့အလယ် နေနဲ့အနီးဆုံးကိုပြန်ရောက်တယ်။ အဲဒီဘဲဥုပုံ
ပါတ်လမ်းကြောင့် နေဆီကလာတဲ့ အပူကတိုးလိုက်လျော့လိုက် ကမ္ဘာက
လည်လိုက်နဲ့ ကမ္ဘာအနှံရာသီဥတုစက်ဝန်းတွေဖြစ်ာလရတယ်။
ဒီမှာခုကလေဘာလို့တိုက်လဲ မိုးဘာလို့ရွာလဲဆိုတာပြောပြမယ်။
နေဟာအလွန်ပူတဲ့အရာ ဓါတ်ငွေ့ ပေါင်များစွာလောင်ကွုမ်းနေတဲ့
ဟာကြီးဆိုတော့အရမ်းပူတာပေါ့။သိပ္ပံပညာရှင်တွေကဘယ်လောက်
ပူသလဲဆိုတာကိုခန့်မှန်တိုင်းတာတော့၁၀၃၀၀•Fလောက်ပူမယ်လို့
ခန့်မှန်းတယ်။အဲဒီအပူကကမ္ဘာကိုရောက်လာတယ်။ကမ္ဘာကိုလွမ်းခြုံ
ထားတဲ့လေထုကိုပူနွေးစေတယ်။ပူတဲ့လေကအပူကြောင့်ပွလာတယ်။
ပွတော့ပေါ့သွားတယ်။ပေါ့တော့အပေါ်ကိုတတ်တယ်။အပေါ်ကိုတတ်တော့
သူနေရာမှာအစားထိုဖို့ဘေးကလေကဝင်လာတယ်။အဲဒါကိုလေတိုက်တယ်
လို့လူတွေခံစားရတယ်။လေပြင်းပြင်တိုက်တာက အဲဒီလိုပူတဲ့လေရဲ့အပူရှိန်
လေထုအကျယ်အဝန်းဘယ်လောက်ကြီးမားသလဲဆိုတာမှာမူတည်တယ်။
နောက်နေရောင်ခြည်ရရှိပုံကကမ္ဘာ့အရပ်ဒေသခတုနဲ့တခုမတူဘူး။
လုံးဝန်းတဲ့ပုံရှိတဲ့ကမ္ဘာ့တေ်ာငဘက်စွန်းနဲ့မြောက်ဘက်စွန်းပိုင်းတွေဟာနေ
နဲ့အဝေးဆုံးအပိုင်းစြဖ်လို့နေရဲ့အပူကို ကမ္ဘာ့အလယ်ပိုင်းထက်နေရဲ့အပူကိုနဲနဲပဲရတယ်။
နဲနဲပဲရတော့မပူတော့ဘူး။အဲဒီဒေသတွေမှာရေတွေကရေခဲအဖြစ်နဲ့တွေ့ရတယ်။
အဲဒီတော့နေရောင်ခြည်ကကမ္ဘာ့အလယ်ပိုင်းကိုပိုပြီးပူနွေးစေတယ်။ကုန်း နဲ့
ရေပြင်အရွယ်အစားကရေကကမ္ဘာရဲ့ ၇၀%နုံန်းလောက်ရှိတော့ရေကိုပူစေတယ်။
အဲဒီရေကိုပူစေတာမှာနေရောင်ခြည်ပိုရတဲ့ရေကပိုပူတယ်။ကမ္ဘာကလဲလည်နေတာ့
ကမ္ဘာ့အလယ်ပိုင်းကရေတွေကိုတပါတ်လည်လုံးပေူစတယ်။အဲဒီရေကပူတော့
အငွေ့ပြန်တယ်။ဘေးကိုရွှေ့တယ်။အဲဒီလိုနဲ့ရေနွေးစီးကြောင်းဆိုပြီးသမုဒရာ
ထဲမှာရေစီးကြောင်းကိုဖြစ်စေတယ်။အဲဒီပူတဲ့ရေနေရာကိုကမ္ဘာ့တောင်ဘက်နဲ့မြောက်
ဘက်ကရေအေးတွေကတိုးဝင်လာတယ်။သူတို့လာတဲ့လမ်းကြေားင်ကိုရေအေး
စီးကြောင်းဖြစ်စေတယ်။ဒီလိုအပူကြောင့်ရေငွေ့အဖြစ်အပေါ်တတ်သွားတဲ့ရေခိုးရေငွေ့
ပါတဲ့လေဟာအပေါ်ကိုရောက်တော့အပူချိန်ကျတယ်။အပူကျတော့လေထုကသိပ်သဲလာ
တယ်။ကျစ်လစ်လာတယ်။ပါလာတဲ့ရေခိုးရေငွေ့ကိုမသယ်နိုင်တော့ဘူး။ကျစ်လစ်သိပ်သည်း
လာတာနဲ့အမျှရေခိုးရေငွေ့တွေကပေါင်းစည်းသွားတယ်။ပေါင်းစည်းရလွန်းလို့အငွေ့ကနေအရည်
ဖြစ်ပြီးမိုးအဖြစ်ရွာချတယ်။
ဒါကမိုးဘယ်လိုရွာတာလဲပေါ့။ခုနကရေစီးကြောင်းတွေဘက်ပြန်သွားရအောင်။
အဲဒီရေစီးေြ်ကးာငတွေနဲ့အတူလေစီးကြောင်းတွေပါသမုဒရာမှာဖြစ်လာတယ်။ဒါလဲနေူအပရှိန်
ကြောင့်လေထုကိုသက်ရောက်မူ့ဖြစ်ရတာတွေပေါ့။အဲဒီရေစီးကြောင်းတွေကိုဥရောပကစွန့်စား
သူတွေကတွေ့ရှိသွားပြီးစူးစမ်းလေ့လာမူ့တွေလုပ်တယ်။ကုန်သွယ်ဖို့သွားလာဖို့ ရွက်သင်္ဘော
တွေတည်ဆောက်တယ်။လေစီးကြောင်းတွေရဲ့အချိန်အခါကိုလေ့လာမှတ်သားတယ်။အဲဒါနဲ့
ချိန်ဆပြီးရေကြောင်းခရီးတွေပေါ်လာတယ်။နောက်တော့အဲဒီလေကိုကုန်သည်လေရယ်လို့
သမုတ်ခဲ့တယ်။အဲဒီလိုနဲ့ နယ်ပါယ်သစ်တွေကိုရေကြောင်းခရီးနဲ့ရှာဖွေကြတယ်။ ကုန်စည်တွေရောင်း
ဝယ်ကြတယ်။တတိုင်းပြည်နဲ့တတိုင်းပြည်ကုန်တွေဖလှယ်ခွင့်ရကြတယ်။အကျိုးထူးတွေကိုလူသား
တွေရှိကြတယ်။ဒါကရာသီဥတု စင်္ကြဝဋ္ဌာ တို့ရဲ့ ဆင့်ကဲ့ရှိလာတဲ့အကျိုးဆက်တချို့ပေါ့ကွာ။
‘မင်းတို့အမေကိုလှမ်းမေးကွာ ဝက်စတူး ကျက်ပြီလားလို့ ဗိုက်တောင်ဆာလာပြီ’
‘ကဲဒီနေ့တော့ဒီကလေ်ာပဲကွာ’
‘အဖေ စားလို့ရပြီတဲ့’
အငယ်ကောင်ကသတင်းလာပို့သည်။
ကောင်းကင်သို့တချက်ကြည့်မိသည်။
မကြာမှီငွေ့ရည်ဖွဲ့တော့မည်ထင်သည်။

THE END.

3 comments

  • kyeemite

    June 11, 2013 at 2:40 pm

    အင်း..ကလေးတွေကို ဗဟုသုတရအောင်
    သဘာဝကြီးအကြောင်း ပြောပြပေးတာကောင်းပါတယ်…

  • မင်းမင်း

    June 11, 2013 at 4:03 pm

    တခါတလေလောကအကြောင်းလဲ
    ပြောဖြစ်ပါတယ်။
    ဖတ်ပေးလို့ကျေးဇူးပါဗျာ။

  • aung soe

    July 5, 2013 at 3:23 pm

    ကောင်းပါတယ်ကလေးတွေဆိုတာ ဒါမျိုးအခြေခံဗဟုသုတလေးတွေကို ငယ်ငယ်ကတည်းကသိထားမှ

Leave a Reply