Gazetteစာ

Normal
0

false
false
false

EN-US
X-NONE
X-NONE

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

ဟုတ်ပါ့မလား မောင်ကာထု

အဖမ်းခံထားရသော တော်ဝင်စက်ရုံ အလုပ်သမား ၁၄ဦးနှင့်စပ်လျဉ်း၍ ရာဇဝတ်မှု ကျူးလွန်လျင် ဥပဒေအတိုင်း ဆောင်ရွက်သွားရပါမည်ဟု တော်ဝင်ဆောက်လုပ်ရေးပိုင်ရှင် ဦးကိုကိုထွေးမှ ပြောကြားလိုက်ပီး ၎င်းအနေနှင့်မူ မဟုတ်တာ ဘာမှမလုပ်ဘဲ ရိုးရိုးသားသား ချမ်းသာလာဂျောင်း ဆိုသည်။

ပျော့ပြောင်သ

၂၀၀၈ အခြေခံဥပဒေအား ပြည်သူ ၉၂.၄% ထောက်ခံသည်ဆိုခြင်းကို မယုံကြည်ဂျောင်း ဘွားဒေါ်ဂျီး ဆိုသဖြင့် လွှတ်တော်ငှက္ကဌ ဦးရွှေမန်းမှ ၉၁.၄% သို့လျှော့ပေးရန် ကမ်းလှမ်းလိုက်ရာ နိုင်ငံရေးအရ ၎င်းကို သဘောထား ပျော့ပြောင်းသူ၊ စေ့စပ်ညှိနှိုင်းလိုသူဟု မြင်နေဂျသည်။

ချင့်ယုံဂျ

ဂြိုလ်တုမှ ရိုက်ကူးထားသော ဝဒေသရှိ ဘိန်းခင်းများမှာ စားတော်ပဲခင်းဖြစ်ကြောင်း ဝတပ်မဒေါ် ဆက်ဆံရေး တာဝန်ခံမှ ပြောဆိုလိုက်ပီး အမြောက်လက်နက် ဓာတ်ပုံများမှာလည်း သံပိုက်လုံးများဟု ဖြေရှင်းခဲ့သည်။

ငါကွ…

၂၀၁၅ခုနှစ် သမတတာဝံ ယူလိုဂျောင်း ပြောထားသူ ငှက်ကထဂျီး သူရဦးရွှေမန်းက ဘွားဒေါ်ဂျီး တိုင်းပျီအပေါ် ထားသည့် စေတနာ ယုံကြည်သော်လဲ လုပ်နည်းလုပ်ဟန်၊ စွမ်းဆောင်ရည်တို့အား စောင့်ကြည့်လိုသေးဂျောင်း ပြောကြားလိုက်ပီး ၎င်းစစ်တပ်တွင် ရှိနေစဉ်ကဆို ကေအန်ယူနှင့်ကေအိုင်အေတို့အား အပြုတ်ဆော်ခဲ့သည်ဟု တင်ပြသွားသည်။  

မိန်းမ မနိုင် ရှမ်းမဲ

သမဒဂျီး ဦးသိန်းစိန်နှင့် ရှမ်းပြည်တောင်ပိုင်းတပ် စစ်ဦးဇီးဂျုပ် ဗိုလ်ဂျုပ်ယွက်စစ်တို့ တွေ့ဆုံပွဲသို ကာဂျုတ် ဗိုလ်ဂျုပ်မူးကျီး မင်းအောင်လှိုင် မတက်ရောက်ရခြင်းမှာ သူ့မိန်းမနှင့် ရန်ဖြစ်ထား၍ဟု တပ်တွင်းသတင်းများ ထွက်ပေါ်လာသည်။

ဒိုင်လူကြီးဘုရား

ကေအိုင်အိုနှင့် မြန်မာအစိုးရအကြား ဆွေးနွေးပွဲတွင် လေ့လာစောင့်ကြည့်သူများ ရွေးချယ်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိခဲ့သော်လည်း ရှမ်းပြည်ထူထောင်ရေးကောင်စီ ငှက္ကဌ ဗိုလ်ဂျုပ်ကျီး ယွက်စစ်နှင့် သမဒဂျီး ဦးသိန်းစိန်တို့ တွေ့ဆုံပွဲတွင်မူ နှစ်ဖက် ကျေနပ်မှု ရှိပုံရဂျောင်း သိရသည်။

အရှင်ဘုရား သက်သေနော်...
အရှင်ဘုရား သက်သေနော်…

မစားတတ်ရင်နေ

နိုင်ငံဒေါ်သမဒဂျီး ဦးသိန်းစိန် တည်ခင်းဧည့်ခံသော ကမာ္ဘ့စီးပွားရေးဖိုရမ် ဂုဏ်ပြုညစားစားပွဲသို့ နေပြည်ဒေါ် ထိပ်သီးသုံးဦးဖြစ်သည့် ဘွားဒေါ်ဂျီး၊ ဦးရွှေမန်း၊ ဦးခင်အောင်မြင့်တို့အား မဖိတ်ကြားရခြင်းမှာ (၁) ဘွားဒေါ်မှာ အစားအသောက် ဇီဇာကြောင်၍၊ (၂) ဦးရွှေမန်းမှာ ကုလားပဲဟင်းသာ စားတတ်၍ (၃) ဦးခင်အောင်မြင့်ကမူ ဆိတ်ဓာတ်ကင်နှင့် စစ်ဆင်သားဟင်း ပါရမည် တောင်းဆို၍ ချန်ခဲ့ရဂျောင်း သမဒရုံးမှ သဒင်းထုတ်ပျံသည်။

တယောက်တပေါက်

ရက်စက်စွာ အသတ်ခံနေရသော မလေးရှားရောက် မြန်မာများအရေး နှုတ်ဆိတ်နေသည့် အွန်လိုင်းတက်ကြွသူ ကြက်ဖများအား လုအခွင့်ရေး ကိုယ်စားလှယ် ဩဇီဦးဖောမှ ပြစ်တင်ရှုံ့ချလိုက်ပြီး မြန်မာ့မျိုးခြစ် တိမ်မည်းက ၎င်းတွင် တာဝံမရှိဂျောင်း တုံ့ပြန်သည်။ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး အယာတိုလာ မာမွတ်ခိုမ်အား ဖုံးဆက်မေးရာ လူဂျီးမင်းခေါ်ဆိုသော တယ်လီဖုံးမှာ မက္ကာမြို့သို့ ရောက်ရှိနေ၍ သော်၎င်း၊ ဖုံးပိုင်ရှင်မှာ ကိုဘေးနွားကင်ဂျီး စားနေ၍သော်၎င်း ခေါ်ဆို၍ မရနိုင်ပါချင့်ဟု စက်မှ ဖြေကြားသံသာ ကြားရသည်။

11 comments

  • Ma Ma

    June 11, 2013 at 10:28 am

    စုံစီနဖာ စုံပါပေ့ ကမာ္ဘ့ကြောင်သတင်းစာ (World Cat News)။
    မစားတတ်သူတွေနေရာမှာ…. ကိုယ်စား စားတတ်သူတွေ ထည့်ထားတာထင်တယ်။ :harr:
    ဒီရွာထဲက သူတွေ ဆိုရင်တော့ မစားတတ်မှာ မပူရဘူး။
    တမျိုးမထင်ပါနဲ့……..
    နွေဦးရဲ့ ဘယ်လိုစားကြမလဲ သင်တန်းတက်ထားကြလို့ပါ။ :kwi:

  • တိမ်မည်း

    June 11, 2013 at 11:13 am

    အန္တာရယ်ကင်းစေလို
    ==========
    လောကပေါင်းစုံတွင် ပျက်ဖြစ်နေကြတော့ သတင်းရှော်များကို မှန်ကြောင်းသတင်း တင်ပြနေသော သတင်းရှော် အူးကြောင်ကြီးအား အန္တာရယ် ကင်းစေလို အလို ့ငှာ…. မာမွတ်ခိုင်မှ ဂဇက်မှ ခေတ္တ ရှောင်နေရန် အားပေးအကြံပြုလိုက်သည်…….
    ထို ့သို ့အကြံပြုခြင်းမှာ လွန်စွာ မှားယွင်းလှသော အကြံပြုဂျက်ဖြစ်ဂျောင်း လူ ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာသောက်မက်အိုဖောက ပြင်းထန်စွာ ကန် ့ကွက်လိုက်ကြောင်း……
    ထိုသဖြင့် အူးကြောင်ဂျီးသည် အိမ်ထွင် ရှိသော ဒန်အိုးဒန်ခွက် ပေါင်းများစွာကို တကိုယ်လုံးတွင် ပြည့်စုံစွာ တပ်ဆင်လျက် စာဆက်လျက် ရေးမည်ဖြစ်ကြောင်း ကိုယ့်ပိုင် ကျောက်သင်ပုန်းမှ တဆင့် ထုတ်ပြန်ကြေငြာလိုက်သည်……

  • ဇဂါး လွတ်

    June 11, 2013 at 11:44 am

    အောင်ကြူး။
    နောက်ခါဆို သတင်းတွေ အပြင် ကက် ရီခရူးမင့် လေးရော ရေးပေးပါ။
    အလစ်သုတ် (အဲလေ) အလုပ်သစ်ရှာနေလို့ပါ။
    :harr:

  • may july

    June 11, 2013 at 12:03 pm

    ဖတ်ရှု့လေ့လာ မှတ်သားသွားပါကြောင်းးးး :harr:

  • Wow

    June 11, 2013 at 12:39 pm

    ကမ္ဘောဇက လိမ်ဗျံလက်မှတ်တွေ အလဂါးပေးမယ်ဒဲ့ ပြန်လာမဲ့သူဒွေဂို…
    ကြောင်သဒင်းဇင်က နောက်ကျနေဘီ… :harr:

  • ဦး ကျောက်ခဲ

    June 11, 2013 at 12:57 pm

    ကိုရင်ကြောင်ရေးမှ ဘုရားလည်း ဒိုင်လူကြီးဖြစ်ရတယ်…
    ကျုပ်တို့လူ့ပေါင်တစ်တွေ အာဏာရရင် ခင်ဗျားကို “ပျံကျားရေးဝံကျီး” ခန့်မယ်…
    :harr:

  • မောင် ပေ

    June 11, 2013 at 1:15 pm

    ပြည်သူ့ရင်ပြင်တွင် ရေကစားနေသူကို ရဲက ဓားဖြင့်ထိုး
    ============================

    ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင် အပန်းဖြေ ဥယျာဉ် အတွင်းရှိ ရေလွှာ လျှောစီး ကစားကွင်းတွင် ဇွန်လ ၉ ရက်ညနေ ၅ နာရီခန့်က ရေကစားနေသူ တစ်ဦးကို ရဲတပ်သားတစ်ဦးက ဓားဖြင့် ထိုးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

    ပြည်သူ့ရင်ပြင် ရေလွှာလျှောစီး ကစားကွင်းတွင် မအေးထူး (ခ) မဂျူးဝေနှင့် သူငယ်ချင်း ခုနစ်ဦး ရေကစားနေစဉ် ၂၄ နှစ်အရွယ် ရဲတပ်သား ဇင်မင်းသူက မအေးထူး (ခ) မဂျူးဝေကို ရေဖြင့်ပက်၍ စနောက်ရာ မအေးထူးနှင့် အတူ လိုက်ပါလာသည့် သူငယ်ချင်းများနှင့် စကားများ ရန်ဖြစ်စဉ် ရဲတပ်သားက အသင့်ယူလာသည့် ဓားဖြင့် သူငယ်ချင်း တစ်ဦးဖြစ်သူ အသက် ၂၈ နှစ် အရွယ် ကိုမျိုးမင်းဇော်၏ ဝမ်းဗိုက်ကိုထိုးခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး ရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

    ဓားဖြင့်ထိုးသူ ရဲတပ်သားသည် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ တိုင်းအကူ တပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၁) တွင် တာဝန်ကျနေသူ ဖြစ်ပြီး မိမိ၏ သဘောဆန္ဒဖြင့် တာဝန်ချထားသည့် နေရာမှ ထွက်ခွာကာ ပြည်သူ ရင်ပြင်တွင် သွားရောက် ရေကစားနေခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

    ဓားဖြင့် ထိုးခံရသူကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသလျက် ရှိပြီး ရဲတပ်သားကို (ပ) ၁၉၂/၁၃၊ ပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကာ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေနှင့်ပါ ထပ်မံ အရေးယူသွားမည်
    ဖြစ်ကြောင်း ဒဂုံမြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
    ________________________
    The Voice ၏ စာမျက်နှာမှ ကူူးယူဖော်ပြပါသည်။

  • kyeemite

    June 11, 2013 at 1:39 pm

    သမဒ လုပ်ချင်သူဒွေများများလာ၍ ဦးသိန်းစိန် ပါတ်ပြေးနေရဂျောင်း
    နေပျီဒေါ်မှသဒင်းရရှိဘာသီ။ :harr: :harr: :harr:

  • uncle gyi

    June 11, 2013 at 10:16 pm

    မန်းလေးမှာ၂ရက်လျှင်တယောက်နှုံးယာဉ်တိုက်မှုကြောင့်သေဆုံးနေကြောင်း
    ဇွတ်လိုက်ကျော်မှာစက်ဘီးနေရာဝင်ယူလာသောဆိုင်ကယ်များဖြစ်ကြောင်း
    ဆိုင်ကယ်နှင့်ဆိုင်ကယ်တိုက်
    ဆိုင်ကယ်နှင့်ကားတိုက်
    ဆိုင်ကယ်နှင့်သစ်ပင်တိုက်
    ဆိုင်ကယ်နှင့်ဓါတ်တိုင်တိုက်
    ဆိိုင်ကယ်နှင့်လူတိုက်ဖြင့်ယာဉ်ထိမ်းများထပ်မံခန့်နေရကြောင်း

  • တိမ်မည်း

    June 13, 2013 at 8:32 am

    နှစ်ရုတ်စာများ ဖြုတ်သိမ်းရေး…….
    ==================
    မြန်ကျင့်ပြည်နယ်မှ အထင်ကရ မြို ့တော်ကြီးဖြစ်သော မော်တုန်းလေး ပြည်နယ်တွင် ကြော်ငြာဆိုင်းဘုတ် နှစ်ရုတ်စာများ ပွထနေအောင် ကပ်ထားမှူကို တာဝန်ချိတူများက ဖြုတ်ရင် ရှိခိုးဦးချ ပြောဆိုရာ ဆိုင်ရာပိုင်ရှင်များက မဖြုတ်နိုင်ဟု ကပ်ကပ်လန် ပြန်ရန်တွေ ့လိုက်သဖြင့် ကန် ့တော့ပွဲပေးကာ ပြန်လာခဲ့ရကြောင်း…..

  • Yin Nyine Nway

    June 13, 2013 at 1:16 pm

    ဒီလို ကပေါက်တိ အပေါက်ရှာ ရေးနိုင်တဲ့အစွမ်း ကတော့
    အူးအူးကြောင်ဆီမှာပဲ ချိတယ်
    တော်တယ်
    ဂြိုလ်တုမှ ရိုက်ကူးထားသော ဝဒေသရှိ ဘိန်းခင်းများမှာ စားတော်ပဲခင်းဖြစ်ကြောင်း ဝတပ်မဒေါ် ဆက်ဆံရေး တာဝန်ခံမှ ပြောဆိုလိုက်ပီး အမြောက်လက်နက် ဓာတ်ပုံများမှာလည်း သံပိုက်လုံးများဟု ဖြေရှင်းခဲ့သည်။
    ဟီး … ရီရတယ်

Leave a Reply