“မင်းသားကြီး ဆက်ကအုံးလေမလား´´

 

“ ပရိတ်သတ်ကြီး ပြန်ပါတော့ခင်ဗျ မင်းသားကြီး ဆက်မကတော့ပါဘူး´´

“ဟေ မင်းသားကြီး ဘာဖြစ်လို့လဲ´´

“နားချင်လို့ပါဗျ´´

“ဟာ ခုနက မင်းသားကြီး ဒီည ဆက်မကဖြစ်တော့ဘူးဆိုတဲ့ သတင်းထွက်လာလို့ သားတို့က ပြန်တော့ မယ်ဆိုပြီး ထပြန်တော့ ဟောဟို ဇာတ်ရုံဝက လူကြီးကပြောတယ် ၂၀း၁၅ နာရီ ရောက်ရင် မင်းသားကြီး ဆက်ကမှာ မပြန်ကြနဲ့အုံး ဆိုလို့ သားတို့က အခုလို ပြန်ထိုင်နေကြတာ၊ သေချာ မင်းသားကြီး ကိုသွား မေးပေးပါအုံး´´

“ဟုတ်တယ် ၂၀း၁၅ ရောက်ရင် မင်းသားကြီး ဆက်ကမှာဆိုလို့ ကျုပ်တို့လည်း ပြန်ထိုင်နေကြတာ သေချာ အောင် မေးပေးပါအုံး´´

“ရော ခက်ပါရောလား ကျွန်တော် မင်းသားပါ ခင်ဗျတို့ပြောတဲ့ မင်းသားကြီးပါ ( လက်ကလေး ရင်ဘတ် ပုတ်ခါ ပုတ်ခါ ပြောနေသောဟန်ဖြင့်) မကဖြစ်တော့ဘူး ပြန်ကြပါ´´

“အဲဒါဆို ဟို ဇာတ်ရုံဝက လူကြီးက ဘာလို့ ၂၀း၁၅ ရောက်ရင် ဆက်ကမယ်ပြောတာလဲ´´

“ဟင် အဲလို အဲဒီက လူကြီးကပြောတာ သေချာလား´´

“သေချာတယ် မင်းသားကြီးရဲ့ ဒါဆိုခဏနေအုံး ကျုပ်အခု ထပ်သွားမေးလိုက်အုံးမယ်´´ ဆိုပြီး ဇာတ်ရုံဝက လူကြီးထံ ထကာသွား မေးပြီး ပြန်ရောက်တဲ့အခါ

“အဲဒီ ဇာတ်ရုံဝက လူကြီးကပြောလိုက်တယ် ခင်ဗျတို့ စိတ်မပူပါနဲ့ အေးဆေးတာ ထိုင်စောင့်ကြပါ ၂၀း၁၅ ရောက်ရင် မင်းသားကြီး ဆက်ကမှာ သေချာပါတယ်တဲ့ ဘယ်လိုလဲဗျ´´

“အင်း ဇာတ်ပွဲကန်ထရိုက်ဆိုတာ မင်းသားနောက်ကွယ်က ကြိုးကိုင်သူတွေဘဲလေ သူတို့က ၂၀း၁၅ ရောက်ရင် မင်းသားကြီး ဆက်ကရမယ်ဆိုတော့လည်း ဆက်ကရအုံးမှာပေါ့လေ ဒါဆိုလဲ သူတို့သဘောပေါ့´´

ဒီလိုနဲ့ဘဲ ၂၀း၁၅ နာရီ ရောက်ရင် မင်းသားကြီး ဆက်ကအုံးလေမလား ဆိုပြီး ပရိတ်သတ်လည်း စောင့်မျှော်၍ သာ နေကြလေတယ်ပေါ့ဗျာ။

 

အမှတ်မထင်ရောက်သွားတဲ့ ရွာဘုရားပွဲက ဇာတ်ရုံတစ်ခုအတွင်း ၀င်လေ့လာဖြစ်တုံး ကြားရမြင်ရတဲ့ အဖြစ် လေးကို ပြန်ပြောင်းပြီး ရေးမိတာပါ။

 

ဖတ်ရှု့သူများကျေးဇူးပါ၊

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..