“မင်းသားကြီး ဆက်ကအုံးလေမလား´´

ခင္ခJune 11, 20131min16216

“မင်းသားကြီး ဆက်ကအုံးလေမလား´´

 

“ ပရိတ်သတ်ကြီး ပြန်ပါတော့ခင်ဗျ မင်းသားကြီး ဆက်မကတော့ပါဘူး´´

“ဟေ မင်းသားကြီး ဘာဖြစ်လို့လဲ´´

“နားချင်လို့ပါဗျ´´

“ဟာ ခုနက မင်းသားကြီး ဒီည ဆက်မကဖြစ်တော့ဘူးဆိုတဲ့ သတင်းထွက်လာလို့ သားတို့က ပြန်တော့ မယ်ဆိုပြီး ထပြန်တော့ ဟောဟို ဇာတ်ရုံဝက လူကြီးကပြောတယ် ၂ဝး၁၅ နာရီ ရောက်ရင် မင်းသားကြီး ဆက်ကမှာ မပြန်ကြနဲ့အုံး ဆိုလို့ သားတို့က အခုလို ပြန်ထိုင်နေကြတာ၊ သေချာ မင်းသားကြီး ကိုသွား မေးပေးပါအုံး´´

“ဟုတ်တယ် ၂ဝး၁၅ ရောက်ရင် မင်းသားကြီး ဆက်ကမှာဆိုလို့ ကျုပ်တို့လည်း ပြန်ထိုင်နေကြတာ သေချာ အောင် မေးပေးပါအုံး´´

“ရော ခက်ပါရောလား ကျွန်တော် မင်းသားပါ ခင်ဗျတို့ပြောတဲ့ မင်းသားကြီးပါ ( လက်ကလေး ရင်ဘတ် ပုတ်ခါ ပုတ်ခါ ပြောနေသောဟန်ဖြင့်) မကဖြစ်တော့ဘူး ပြန်ကြပါ´´

“အဲဒါဆို ဟို ဇာတ်ရုံဝက လူကြီးက ဘာလို့ ၂ဝး၁၅ ရောက်ရင် ဆက်ကမယ်ပြောတာလဲ´´

“ဟင် အဲလို အဲဒီက လူကြီးကပြောတာ သေချာလား´´

“သေချာတယ် မင်းသားကြီးရဲ့ ဒါဆိုခဏနေအုံး ကျုပ်အခု ထပ်သွားမေးလိုက်အုံးမယ်´´ ဆိုပြီး ဇာတ်ရုံဝက လူကြီးထံ ထကာသွား မေးပြီး ပြန်ရောက်တဲ့အခါ

“အဲဒီ ဇာတ်ရုံဝက လူကြီးကပြောလိုက်တယ် ခင်ဗျတို့ စိတ်မပူပါနဲ့ အေးဆေးတာ ထိုင်စောင့်ကြပါ ၂ဝး၁၅ ရောက်ရင် မင်းသားကြီး ဆက်ကမှာ သေချာပါတယ်တဲ့ ဘယ်လိုလဲဗျ´´

“အင်း ဇာတ်ပွဲကန်ထရိုက်ဆိုတာ မင်းသားနောက်ကွယ်က ကြိုးကိုင်သူတွေဘဲလေ သူတို့က ၂ဝး၁၅ ရောက်ရင် မင်းသားကြီး ဆက်ကရမယ်ဆိုတော့လည်း ဆက်ကရအုံးမှာပေါ့လေ ဒါဆိုလဲ သူတို့သဘောပေါ့´´

ဒီလိုနဲ့ဘဲ ၂ဝး၁၅ နာရီ ရောက်ရင် မင်းသားကြီး ဆက်ကအုံးလေမလား ဆိုပြီး ပရိတ်သတ်လည်း စောင့်မျှော်၍ သာ နေကြလေတယ်ပေါ့ဗျာ။

 

အမှတ်မထင်ရောက်သွားတဲ့ ရွာဘုရားပွဲက ဇာတ်ရုံတစ်ခုအတွင်း ဝင်လေ့လာဖြစ်တုံး ကြားရမြင်ရတဲ့ အဖြစ် လေးကို ပြန်ပြောင်းပြီး ရေးမိတာပါ။

 

ဖတ်ရှု့သူများကျေးဇူးပါ၊

ခင်ခ။

16 comments

  • မင်းမင်း

    June 11, 2013 at 12:17 pm

    အင်းမင်းသားကြီးမကနိုင်ရင်
    ပွဲကန်ထရိုက်တွေက
    နောက်မင်းသားနဲ့တမျိုးစီစဉ်
    ပြီး ပိတ်သတ်ကိုဖျော်စား အဲ
    ဖျော်ဖြေခိုင်းမှာပါ။ဟီး

  • ကြက်အူလှည့်

    June 11, 2013 at 12:23 pm

    ဝါရင့် ဇာတ်ဆရာ ကျောက်ဆည်ရွှေ ဦးစီးသော-

    စိန်အောင်မင်းပြဇာတ် ၂ဝ၁၅-မှာ “က” မည်

    မင်းသမီး နိုင်ငံခြားပြန် အောင်ဆန်းစုကြည်(မှုံရွှေရည်)

    ဆိုင်းဆရာ-ရွှေမန်း ။

    လူကြမ်းမင်းသား-တင်အောင်မြင့်ဦး၊ ဇော်မင်း၊ ကျော်ဆန်း (မင်းသားမလုပ်ရရင် ပတ်မကြီးထိုးဖောက်မယ်) ။

    ဗီလိန်မင်းသား-ခံညွန် ့ ။

    ပြဇာတ်ဝေဖန်ရေးဆရာ-လွဏ်းဆွေ၊ ဂါမဏိ၊ သံဒုတ်နှင့် ရွာပြင်က လူတစ်စု ။

    လော်စပီကာ-ရွာလည်ပြီး အတင်းတုတ်သော ငြိမ်းရွှေ၊ တင်ထားဆွေ နဲ ့ ဗွီအိုကေ အင်အားစု ။

    လူမိုက်မင်းသား-ကုလားကျော်သန်း ။

    မိတ်ကပ်-အောင်မျိူးမင်း ။

    ဓာတ်ပုံ-ဝဏ္ဏကိုကိုလေး။

    ဝါရင့်နှဲဆရာကြီးများ-ဝင်းတင်နှင့်တင်ဦး ။

    ခေတ်ပေါ်တေးဂီတ။ ။ ရဲလွင် နှင့် အဖွဲ ့ (ပန်းရင်လန်း)

    ငွေထိန်း။ ။ ဦးမြင့် နှင့် ဇော်ဦး ။

    လူရွှင်တော် ဂတုံးပါလေရာနှင့်အဖွဲ ့

    လုံခြုံရေး။ ။ မင်းအောင်လှိုင် နှင့် ဝေလွင်

    စပွန်စာ။ ။ ဖျာနေရာမရမှာ စိုးရိမ်သော ထန်းတောထဲက မိုးသီးဇွန်၊ ထွန်းအောင်ကျော်၊ အောင်မိုးဇော်၊ နိုင်အောင် နှင့် လူမိုက်တစ်စု။ ဇာတ်ဘေးနားတွင် နာမည်ကြီးအသုတ်စုံရောင်းသူ…. နီလာသိမ်း၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်နှင့်ဇာတ်ဘေးက လေးကောင်ဂျင်နှင့်အရက်ဆိုင် ပိုင်ရှင်ဖြစ်သူ ဂျင်မီနှင့်တပည့်သားသမီးများ။

    နေရာ။ ။ ပျဉ်းမနားမြို ့ ကြက်ပြေး ရွာရှိ နိုင်ငံတကာအဆင့်မရှိသောဇာတ်ရုံ

    ဆက်သွယ်ရန်-
    လက်မှတ်အရောင်းဌာန။ ။ လှမောင်ရွှေ၊တင်မောင်သန်း၊ ကျော်ရင်လှိုင် (အီးထွက်အဖွဲ ့)၊ အောင်နိုင်ဦး၊ဇော်ဦး၊ အောင်သူငြိမ်း (လဥအဖွဲ ့)

    by Tawwat Wat

    သားပျောဒါမှုတ်ဖူးနော်..ဟိုလူယီးပျောဒါ..ကွိကွိ..

  • ဇဂါး လွတ်

    June 11, 2013 at 12:30 pm

    တိတ ်မ က ခိုင်းရဲပါဘူး။
    အမောမခံနိုင်ဘူးလေ။
    နားလိုက်ပါ။
    အေးအေး ဆေးဆေး အနားယူလိုက်ပါ။
    စိတ်ဖြောင့် လက်ဖြောင့် နားလိုက်ပါ။
    သက်သက်သာသာ နားလိုက်ပါ။

    ကိုခ ပို့(စ) ထဲက မင်းသားကြီးကို ပြောတာနော်။ :mrgreen:

    • ခင် ခ

      June 11, 2013 at 12:43 pm

      ဟိုမှာဖြင့် မင်းသားကြီး က တာ ကြည့်ချင်လို့ မပြန်သေးဘဲ စောင့်တဲ့သူတွေက ထိုင်စောင့်နေသေးရဲ့။
      သူက အတင်းကို နားခိုင်းနေပါလား။
      ကျွန်တော်လည်း လှည့်ပြန်လာတာမို့ မင်းသားကြီး ဆက်ကလေမလား သိဘူးလေ။

  • ဦး ကျောက်ခဲ

    June 11, 2013 at 12:35 pm

    မင်းသားကြီးကလည်း “က” ချင်…
    မင်းသမီးကြီးကလည်း “က” ချင်…
    ဟိုလူကြီးတွေကလည်း “က” ချင်…
    ဒီလောက်လူများရင် စင်ကျိုးတော့မှာပဲ…

    • ခင် ခ

      June 11, 2013 at 12:50 pm

      ကိုကျောက် ကလည်း ကျိုးကမှာ ကျိုးရော “ကမှာဘဲ ကမှာဘဲ ငါ့ကိုလာမတားနဲ့´´ ဆိုရင်ရောဗျာ။
      ဒါနဲ့ စကားမစပ် သတိရသွားလေးရှိတယ် ကိုကျောက်ရေ
      ဇာတ်ပွဲကြော်ငြာတစ်ခုမှာ “သားသားလေး က ချင်ပြီ´´ ကို ကျွန်တော် ငယ်တုန်းက အခုလို အသံထွက်ဖတ်လိုက်တာ ဘေးက ကြော်ငြာကြည့်နေတဲ့သူတွေ ရယ်သွားတယ်ဗျ ကျွန်တော် ဖတ်လိုက်တာ “သားသားလေး ကချင်ပြည်´´ လို့လေ။

  • မောင် ပေ

    June 11, 2013 at 1:06 pm

    မင်းသားလေးကတော့
    ဧရာဝတီတိုင်းထဲမှာ သွားကတာ
    ပရိသတ်ကြီး က ဆွမ်းကြီးလောင်းလိုက်ပါလေရောလား
    သူ ့ဇါတ်အဖွဲ ့ကိုလဲ နောက် ဘယ်တော့မှ လက်မခံတော့ဘူး တဲ့

  • ဆူး

    June 11, 2013 at 1:47 pm

    က ချင်ကြတာများ.. ဟို တလော ကတည်းက ချာတိတ် တယောက်က သူ က ပါမယ် လို့ ကြေညာထားပြီးသား.. အခုမှ မင်းသားကြီး မင်းသမီးကြီးတွေ က မယ် အော်နေကြတာ.. သူတို့ က အခုမှ ခေတ်မှီ လာကြတာ

    • ခင် ခ

      June 11, 2013 at 2:33 pm

      မင်းသားကြီး မင်းသမီးကြီး တွေဆိုပေမယ့် က ချင်တဲ့ အနုပညာပိုးက မသေသေးဘူးဆိုတော့ က ကြအုန်းမှာပေါ့။ ဇာတ်ကန်ထရိုက်တွေ ဇာတ်ဆရာတွေကလည်း ကရမယ်ဆိုတဲ့အခါလည်း ရှိပေမပေါ့လေ။

  • ko pauk mandalay

    June 11, 2013 at 4:17 pm

    အစကတော့ ဆက်မကဘူးပြောခဲ့တာပေါ့။
    အခုတော့ လဲ တီးလုံးလေးကမြိုင်လာတော့ ဆက်ကချင်စိတ်ပေါ်တာပေါ့။
    သူတင်မဟုတ်ပေါင်ဗျာ။
    ကချင်သူအသစ်တွေလဲတိုးလာပါ့။

  • Silver Twig

    June 11, 2013 at 9:55 pm

    The audience will throw flowers onto the stage when the actor performs well. I want to see such kind of play and give a tremendous round of applause. I hope some day the curtain will rise.

  • uncle gyi

    June 11, 2013 at 10:33 pm

    ကိုခ
    မြန်မာ့ဇာတ်သဘင်တခေတ်ဆန်းချိန်ရောက်ပြိီပေါ့လေ

  • kyaw hteik

    June 12, 2013 at 12:10 am

    ဘယ်​သူတက်​က က အက​ကောင်​းဖို့တာအဓိကပါ။
    ကျ​နော်​တို့က​တော့ အက ​ကောင်​းရင်​အား​ပေးရမယ်​့ ပရိတ်​သတ်​ကြီးပါခင်​ဗျာ။
    အက မ​ကောင်​းရင်​လဲ ထုံးစံအတိုင်​ ဝိုင်​းဆဲကြ​ပေါ့ ပရိတ်​သတ်​​ရေ။အက ​ကောင်​းတဲ့သူတက်​လာပါ​စေ
    လို့​မျှော်​လင်​့​နေတဲ့ ဇာတ်​ရူး။

  • ဂန္ဓာရီ ဆြာအုပ်

    June 13, 2013 at 9:14 am

    ဘယ်တူကက
    တခါကဧရာဝတီညများ တစ်ခန်းရပ်ကို ပြန်ကမှာလား
    မွတ်တို့၏မာယာ နောက်ပိုင်းဇာတ်ထုတ်ကော ပါမှာလား

    • ခင် ခ

      June 13, 2013 at 11:16 am

      ပိတ်ကားအဖွင့်မှာ ရှု့လော့ ဆြာအုပ်ရေ။

  • Novy

    June 13, 2013 at 12:12 pm

    မင်းသားကြီးကမှာလား …ဝါး
    မင်းသမီးကမှာလား…ဝါး
    မင်းသားလေးကမှာလား….ဝါး
    အမတ်ကြီးထွက်ကမှာလား…ဝါး
    လူကြမ်းထွက်ကမှာလား….ဝါး
    ————————— ဝါး
    ————————— ဝါး
    ————————— ဝါး
    ————————— ဝါး
    ————————— ဝါး
    ————————— ဝါး
    ————————— ဝါး
    ————————— ဝါး

    ဝါးလိုက်ရတာ ပါတွေတောင်ညောင်းသွားပြီး
    ပီကေဝါးတာပြောပါတယ်……

Leave a Reply