သူမတွင် အကျင့်တခု ရှိသည် 2.0

ムラカミJune 11, 20131min30226

သူမတွင် အကျင့်တခု ရှိသည်

၂လွှာပေါင်းမှ တခု ဖြစ်သော တစ်ရှူးကို အကုန်သုံးလို့ ကုန်တာမှမဟုတ်ဘဲ ဆိုပြီး ၁လွှာခွာပြီး ပြန်သိမ်း တတ်သော အကျင့်ဖြစ်၏။

အဲ့သည့် အကျင့်ကပဲ တခါတခါ ကျနော့်ကို ကျဉ်းထဲ ကျပ်ထဲ တွေကနေ ကယ်တင်တတ်ပါသေးသည်။

(အာလူးချောင်းကြော် ပါးဖြဲနားဖြဲစားပြီးကာမှ သုတ်စရာ တစ်ရှူးစက္ကူပြတ်သည့်အခါမျိုး )

 

သူမတွင် အကျင့်တခု ရှိသည်

အဲ့ဒါကတော့ အိပ်ယာခင်းတွေ ခနခန လဲတတ်ခြင်းဖြစ်သည်။ သူ့အိမ်သွားလည်တိုင်း အသစ်အသစ်သော ကာတွန်း

ဇာတ်ကောင်လေးများက ကျနော့်ကို ခရီးဦးကြိုလေ့ရှိပါသည်။ ကျန်း… နင်ငါ့နောက်ကွယ်မှာ ဒိုရေမွန် နဲ့ အိပ်တယ်ပေါ့ လို့ စ-နောက်မိသည့်အခါ

ကျနော့်ကို မျက်စောင်း စူးစူးကျွေးပါသည်။သူမသည် နဂါးမဟုတ်သည့်အတွက် ကျနော်လည်း ပြာမဖြစ်သွားခဲ့ပါ။

 

သူမတွင် အကျင့်တခု ရှိသည်

အီတာလျှံစာ စားပြီးတိုင်း ကျနော့်ကို ပူရှိန်းသကြားလုံးခွံ့တတ်ခြင်းဖြစ်သည်။ (ကြက်သွန်နံ့ ကို နှစ်မျို့ဟန်မတူပါ သို့သော် tabascoတော့

အလွန်နှစ်သက်ပါသည်။)

အဲ့သည့်အကျင့်ကပဲ ကျနော့်ကို အစာတခုခုစားပြီးတိုင်း ပါးစပ် အနံ့ မထွက်အောင် သတိပြုမိသည့် အကျင့်ကို ပျိုးထောင်ပေးပါသည်။

 

သူမတွင် အကျင့်တခု ရှိသည်

မပြောမဆိုနှင့် ရုတ်တရက် လက်မောင်းကို ကိုက်တတ်ခြင်းဖြစ်သည်။ မေးလျှင် အသည်းယားလို့ ဟု ဆင်ခြေပေးတတ်သေးသည်။

သွားအကွင်းလိုက် ပေါ်နေသော အသားကိုကြည့်ပြီး ဘီလူးခေါင်း ဘီလူးခေါင်း ဆိုပြီး ကလေးတယောက်လိုလည်း ရီမောတတ်သေး၏။

ဒါကတော့ သိပ် ကောင်းသည့်အကျင့်တခုမဟုတ်ပါ။ ကျနော် ရုတ်တရက် တွန်းပစ် လက်ပြန်ရိုက်ပစ်မိမှာ စိုး၍ဖြစ်သည်။

 

သူမတွင် အကျင့်တခု ရှိသည်

အဲ့ဒါကတော့ တခြားမိန်းမတွေလို လူရှေ့မှာ နိုင်စားကြောင်း မပြတတ်ခြင်းပင်။ သာမန်အချိန် ၂ယောက်တည်းရှိချိန်သာ

နင်နဲ့ ငါနဲ့ ပြောချင်ပြောမယ် အပြန်အလှန် ခေါင်းကို ပိတ်အုပ်ချင်အုပ်မယ်။ လူရှေ့တွင်မတော့ နာမည်ကို ကို-တပ်ခေါ်ပြီး

တလေးတစား ဆက်ဆံတတ်သေး၏။ ကျေးကျေးပါ။

 

သူမတွင် အကျင့်တခု ရှိသည်

သူမသည် အနံ့နဲ့ ပါတ်သတ်ရင် အလွန်အင်မတန် ဆန်းဆန်းတင့်ဖြစ်သူဖြစ်သည်။ သူ့ဟာသူလည်း သန့်ပျံ့နေအောင်

နေတတ်သည်။ ကျနော် ညစ်ပတ်နေတိုင်း လက်သည်းညှပ်ဖို့ မေ့လေတိုင်း ခေါင်းမရှော်တာ နည်းနည်းကြာသွားတိုင်း

ဘယ်တော့မှ ငြိုငြင်မှုမပြပေ…။ အဲ့ဒီ့ ပေတီပေစုတ်လေးကိုပဲ ချစ်နေရတာပဲ ဟု ပြောတတ်သေးသည်။

 

 

သူမတွင် အကျင့်တခု ရှိသည်

ငါနင့်အမေရှေ့မှာ မျက်နှာငယ်ရတယ် ဟယ်လို့ ခပ်ဆွေးဆွေးပြောတတ်ခြင်းဖြစ်သည်။ (အဲ့ဒါ သူမရဲ့ ဆုံးမနည်းဖြစ်သည် )

မားသားကြီးက သူ့ကို အရင်တုန်းက ဧရာ က ဘယ်လို ဘယ်ညာ ဆိုပြီး ကျနော့်ကို ထိန်းဖို့ မှာတတ် တဲ့အခါ…

သူနဲ့ တွေ့မှ ကျနော် ပိုဆိုးလာတယ် ..သူမကောင်းဖြစ်ရတယ် ဆိုပြီး အပျော့ဆွဲဖြင့် ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ ဆိုပြီး
တားမြစ်ခြင်းတည်း။ (မိန်းမမာယာ သဲကိုးဖြာတည်း ။ မိန်းမယူမယ့်လူများ သတိထားကြပါကုန်)

 

သူမတွင် အကျင့်တခု ရှိသည်

မကောင်းတာလုပ်တာတွေ ထဲတွင်မှာမှ … ကျနော် အရက်သောက်သည့်အခါ …. ငါဝဋ်လိုက်တာနေမှာ ….လို့

ပြောတတ်တာလည်း တခြား အရင့်အရင် ဘယ်ရဲဇားနဲ့မှ မတူတဲ့ သူမရဲ့ မူပိုင် အကျင့် ဖြစ်လေ၏။

လင်းပါဦးမည်။ သူမ ငယ်ငယ်က အတော် စိတ်ထက်ဟန်ရှိ၏။ သူမဖခင် (အလုပ်သဘောအရဖြစ်စေ) အရက်သောက်ပြီး

ပြန်လာတဲ့အခါ ထမင်းအတူမစားတာမျိုး ဧည့်ခန်းမှ ထ-ထွက်သွားတာမျိုး တပါတ်လုံး စကားမပြောဘဲရှောင်နေတာမျိုး

လုပ်တတ်သည်ဟူ၏။ မည်သို့ပင်ဖစ်စေ အဖေသည် အဖေသာဖြစ်သည်။ အဖေကို စော်ကားခဲ့လို့ ခုလို ဝဋ်လည်ပြီး အရက်သမားကို

လာကြိုက်နေရတယ် ဟု ပြောခြင်းဖြစ်သည် ။ သေဟဲ့ ..မိဂီ…။

 

သူမတွင် အကျင့်တခု ရှိသည်

အဲ့ဒါကတော့ ဘာလို့ ချစ်တာလဲ လို့ မေးတိုင်း ဖြေရန် အဖြေမရှိဘူး လို့ ဖြေတတ်ခြင်းပင်။ သူမ လက်ခံထားသည်က

အကြောင်းပြချက် တခုခုကြောင့် ချစ်ပါသည်ဆိုပါက အဲ့ဒါ အချစ်မဟုတ်တော့….ဟူသတတ်။ သူမဖြေတတ်သည်က သည် လို

ချစ်လို့ ချစ်တာပေါ့ တဲ့ … ကျနော် ဆက်ရစ်လျင် သူဖြေတတ်သည်က … နင်နဲ့ ဝေးပြီး နေရမယ်ဆိုတဲ့ဘဝကို မစဉ်းစားရဲလို့ပါတဲ့။

 

 

သူမတွင် အကျင့်တခု ရှိသည်

ဟန်မဆောင် သလို မလိမ်မညာ တတ်ခြင်းပင်။ ပွင့်ပွင့်လင်းလင်းပြောတတ်ခြင်းပင် ဟိုနေ့ကပဲ ကြည့် …သမီးရဲဇား ဘာဝ ဖုန်းပြောနေရင်းတန်းလန်း..။

မောင် ..တဲ့ ..သူများ အီအီးပါချင်လို့ ဖုန်းချလိုက်တော့မယ်နော်တဲ့ … ပြီးရင်ပြန်ဆက်မယ် ..ဒါဗျဲနော် ..တဲ့ …။
ကိန်..ကိန်…

 
သူမတွင် အကျင့်တခု ရှိသည်

 

 

26 comments

  • ကြောင်ဝတုတ်

    June 11, 2013 at 2:25 pm

    သူ့တွင်အကျင့်တစ်ခုရှိသည်…
    မူးမူးနှင့် ထင်ရာမြင်ရာရေးတတ်… အသဲကွဲတတ်သည်

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • ကြက်အူလှည့်

      June 11, 2013 at 11:40 pm

      အသဲမာသူယီး ဖွတ်တီးကတ်ပါပေ.

  • ဦး ကျောက်ခဲ

    June 11, 2013 at 2:39 pm

    သူမတွင် အကျင့်တစ်ခုရှိတယ်ဆိုပြီး ရေးသွားတာဆယ်ခုဗျ…
    နိုင်ငံရေးတွေတော့ မပြောတော့ပါဘူးဗျာ…
    ကောင်းတာလည်းရှိ… ဆိုးတာလည်းရှိ ဆိုသလိုပေါ့…
    အသီးမကွဲဖို့ အရေးကြီးသဗျ…

    • ကြက်အူလှည့်

      June 11, 2013 at 11:43 pm

      အူးလေးကျောက်ရာ. အူးလေးကျောက်သာသဒိထားပါ.
      မိန်းမဟူသည့်
      ထိုအိပ်ထိသည်.
      တော်ကီကညက်
      လက်ကသွက်သည်
      မရှိလည်းလွမ်း
      ရှိလည်းဂွမ်း မို့
      တဲ့ခည.
      ဟီဟိ

      (ဆဲဇေသဒီးး)

  • Shwe Ei

    June 11, 2013 at 2:52 pm

    မပီးသေးသော…….ဘဂျီကားးးးးးးးးးးးးး.ခပ်ဝါးဝါးနဲ့သာထင်………….

    …. ကိုင်းပိတ်သတ်ကျီး…..ဆက်ရန် ရှိသေးသည် ဟုမှတ်ပါလေ….ဂိန် … ဂိန်.. :harr:

    • ကြက်အူလှည့်

      June 11, 2013 at 11:46 pm

      မိန်းမ ဆိုတာ နားလည်ရခက်လွန်း ထင်ထားသည်ထက် ဉာဏ်ရည်မြင့်လွန်းပြီး
      အလွန် အန္တရာယ်များတဲ့ အရုပ်လှလှလေးတွေပါ.
      ဒီအရွယ်ကြီးထိ အခန့်မသင့်ရင်မျက်ရည်တောက်တောက်စီးတုန်း.
      ကိုရင်စည့်အဘ. ဟောတဲ့ ခွန်နစ်ဂနန်းသမားပါဗျာ.

  • Mon Kit

    June 11, 2013 at 3:00 pm

    မိဂီ..
    သူမ ရဲ့ နောက်ဆုံး အကျင့်လေးကို ချစ်တွားဘီ…
    အင်း အင်း ပါပီး လက်သေချာဆေးပီးမှ ဖုန်းပြန်ဆက်ပါလို့..
    :harr:

    • ကြက်အူလှည့်

      June 11, 2013 at 11:50 pm

      စီချွမ်းတီလုပ်မရှောရှောလေး. အညာသံလေးနဲ့.
      ရှင်လေးကို ကျုပ်လည်းတွေ့ချင်လှပြီကော. လို့. ပြောလာတဲ့အခါ.
      ရှမ်းဂေါ်ရခါးရုပ်နဲ့ မွန်သူဗုံကောင် အရီပျော်ကျတာ. ဆန်းလားဗျာ. ဒဂဒဲ.

  • တိမ်မည်း

    June 11, 2013 at 3:00 pm

    ဒီစာကို ဖတ်ရတာ ရင်ထဲ ဆွေးသလိုလို လွမ်းသလိုလို ဖြစ်သွားတယ်…….

    တက်လည်း တက်နိုင်ပါပေတယ်……

    တော်တော်များလွမ်းနေသလားကွယ်…………..

    • ကြောင်ဝတုတ်

      June 11, 2013 at 3:29 pm

      စိတ်မပူနဲ့…
      သူကလွမ်းတယ်ဆိုတာတို့ အသဲကွဲတယ်ဆိုတာတို့ကို…
      ပရော်ဖက်ရှင်နယ်အလုပ်တစ်ခုလိုလုပ်တာ…

      ခင်မင်လျက်-
      ဖက်ဖက်ကက်

    • ကြက်အူလှည့်

      June 11, 2013 at 11:53 pm

      ဖွတ်တီးကတ်ယီးပြောတာမယုံပါနဲ့ဗျာ.
      ကျော်က အသည်းမမာလို့ပါ.
      သူကတော့ လုပ်ချင်ရာလုပ်
      ဆိုးချင်သလိုဆိုး
      သောင်းကျန်းချင်တိုင်းသောင်းကျန်း.
      လက်ခံပေးပြီး. ဒူးနဲ့မျက်ရည်ဆိုတဲ့
      ကီးဝါ့ဒ် ၂လုံးကို ရေလဲနဲ့သုံးနေတဲ့ အိပ်ထိရ ကိုပိုင်ထားတဲ့ လူမို့ ပြောအားရှိတာပါလေ.

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 11, 2013 at 3:24 pm

    တစ်ချို့တွေပွင့်လင်းတယ်ခေါ်မလား
    ဘာခေါ်ရမလည်းတော့ပြောရအခက်သား
    နေ့တိုင်းအိမ်ရှေ့လမ်းထဲဖြတ်သွားနေကြကောင်မလေးလှလှလေးတစ်ယောက်ရှိတယ်
    ကိုယ်ကလည်းတွေ့တိုင်းငမ်းနေကြပေါ့
    သူ့အကောင်နဲ့တွဲသွားတာတစ်ခါမှမတွေ့ဘူးတော့ အကောင်တွေဘာတွေရှိမရှိတော့သိဘူး
    တစ်နေ့အဲ့သည်ကောင်မလေး ခပ်သော့လေးပြေးလာတာတွေ့တော့
    ဟိတ်ဘာတွေလောကြီးနေလည်းမေးလိုက်တာ
    ခပ်ပြုံးပြုံးလေးဘဲ
    ချီးပါချင်နေလို့ ဒဲ့ မှတ်ကရော
    တစ်ခါတစ်လေဂွကျတယ်ပြောရမယ့်အထဲ တစ်ခုပါတာက
    ချီးပါနေတုန်းဖုံးလာရင်အတော်ဂွကျတယ်
    ဘောင်းဘီက ကိုယ့်ဘေးချိတ်ထားရင် ဟုတ်တုတ်တုတ် လှမ်းယူလို့လည်းမမှီ
    ဖုံးကလည်းဂွီဂွီနဲ
    တစ်ခါတစ်လေ ဖုံးက ကိုယ်နဲ့နီးလို့ကိုင်လိုက်ရင် အခန်းက လုံနေတော့
    သူကမေးတယ်
    ဘာလုပ်နေလဲပေါ့
    ချီးပါနေဒယ်လို့
    အဲ့ခါကျတော့ ခပ်သော့သော့လေး သူရီတယ်လေ

    • Mon Kit

      June 11, 2013 at 3:47 pm

      ဒါဆိုရင် ကိုရင်ပုရဲ့…
      မိန်းကလေး တော်တော်များများ အဲဒီအချက်မှာ ပွင့်လင်းတာချင်း တော်တော်များများ တူမယ်ထင်တာဘဲ…
      ဘာ့ကြောင့်လဲဆိုတော့ အောင့်ထားလို့မှာ မရဒါ.. ပွင့်လင်းမှ ရဒေါ့မယ်လေ… နော့…
      ဟိ.. ပွင့်လင်းတာချင်း တူသွားလို့ပါ… :hee:

      • ကြက်အူလှည့်

        June 11, 2013 at 11:55 pm

        အီးစပါယ်ရှယ်လစ် တေပါလားဟရို့. ကွိကွိ.

  • lele kyi

    June 11, 2013 at 3:31 pm

    သူမတွင် ကျနော် နှစ်သက်သော အကျင့် တစ်ခု လေး များစွာ ရှိသည်။ မနှစ်မြို့လာသော အချိန်တွင် နောက် ထပ် သူမ တစ်ယောက်ထပ် ရှာမည်။။။။

  • မင်းမင်း

    June 11, 2013 at 3:33 pm

    အီတာလျံစာ ဆိုပါလား
    ကြက်သွန်ဆိုပါလား
    ဟီးဆေးဘက်ဝင်၏။
    good လေစွ။ ဟီး

    • ကြက်အူလှည့်

      June 11, 2013 at 11:59 pm

      ကြက်သွန်ဖြူဗျ. အီတာလျှံစာ က ကြက်သွန်ဖြူအနံ့ကျန်လေ့ရှိတယ်.
      အဲ့သည့်အနံ့ကို red wine နဲ့ သတ်နိုင်သယောင်ထင်ရတယ်. ဒါပေသိ.
      မဟုတ်ပြန်ဘူးဗျ. ရောထွေးသွားတာသာရှိမယ် သပ်သပ်စီ ဖြစ်တယ်.
      တချို့ငါးက ကျော်စားလို့မရတော့နည်းနည်းတော့ ဂွကျသပေါ့လေ.

      :harr:

  • kai

    June 11, 2013 at 3:42 pm

    သူမတွင်အကျင့်တခုရှိသည်။
    သူချစ်အောင် အကျင့်ကလေးများလုပ်ပြတတ်ခြင်းဖြစ်သည်။

    တိန်..

    • ကြက်အူလှည့်

      June 12, 2013 at 12:01 am

      ဗျို့ သဂျီး.
      သဂျီးကတော်ရဲ့ ချစ်စရာအကောင်းဆုံးသော
      အကျင့်(ဝါ) အပြုအမူ ဆယ်ချက်. ဆိုပြီးချရေးကြည့်ပါလား.
      အတည်ပြောတာပါ. ကာယကံရှင်လည်း သိချင်မယ်ထင့်.

      :528:

      • အရီးခင်လတ်

        June 12, 2013 at 2:33 am

        သွားချွန်နေတယ်။
        တော်ကြာ ချရေးခိုင်းနေလို့ ထွက်မလာမှ ဟုတ်ပေ့ဖြစ်နေမယ်။
        (ပြောချင်တာက ဒီလိုပါ။ သမီးလေး ချစ်စရာကပိုပြီး လွှမ်းသွားတာလေး)
        :kwi:

  • ဇဂါး လွတ်

    June 11, 2013 at 8:11 pm

    Can I listen to this song…
    Without crying…
    Can I listen to these words…
    Without dying..
    Maybe good times I’ll remember…
    Bad times I’ll ignore…
    Cause I don’t want to feel…
    Like a black rain cloud anymore…

    :byae:

    • ကြက်အူလှည့်

      June 12, 2013 at 12:05 am

      သူမ က ပီယာနိုဖရိမ်ထဲက သီချင်းတွေနှစ်သက်တတ်သဗျ.
      ကိုပေါ ချက်တဲ့ဟင်းကိုအရသာမတွေ့တတ်.
      သို့သော် လာတီနို တော့နှစ်သက်ပုံရပါရဲ့.
      ကိန်. ကျော်ကလည်း ခုချိန်ထိ ဖလားမင်းဂို့စ့် မတတ်မြောက်သေး

  • အရိပ်စစ်

    June 11, 2013 at 10:14 pm

    ကျန်သော အကျင့်လေးများကိုလည်း ဆက်လက် သိချင်နေသေးကြောင်း….

    အကျင့်လေးများကား ချစ်စရာကောင်း၏….

    • ကြက်အူလှည့်

      June 12, 2013 at 12:15 am

      အကျင့်နဲ့ပါတ်သတ်လို့ပေါ့ဗျာ
      ၂ပါတ် ဆယ်ရက်ဗျ. ၂ပါတ် (၁၄ရက်) ဒါမှမဟုတ် ၁ဝ ရက်လောက်သာမပျက်မကွက်.
      အကျင့်ဖြစ်လေသဒီးတဲ့. ဆေးစာအုပ်တွေကပြောတာပါ.
      ဘာတဲ့ လူကိုယ်ထဲမှာ နာရီတလုံး ရှိသလို.ဆိုလား.
      ဖီဇီယိုလော့ဂျစ်ကယ် ကလော့ခ် ပေါ့ဗျာ. အဲ့ဒါကလည်း. ၂ပါတ် (ဝါ) ၁ဝရက် ဆို
      ချိန်းနိုင်ပါသတဲ့. ဥပမာဗျာ ပူတဲ့ဒေသကနေ အေးတဲ့ဒေသကို ပြောင်းရလို့
      စစချင်း မနေနိုင်အောင် ချမ်းပေမယ့် နှစ်ပါတ် ဆယ်ရက်လောက်ကြာတဲ့အခါ
      နေလို့ရသွားတယ် အသားကျသွားတယ် ဆိုတာမျိုး

      အဟမ်း. ၁၄ ရက်နဲ့ ၁ဝ ရက်.
      မူကွဲနေခြင်းမှာ တချို့ စာအုပ်တွေက ၂ပါတ်လို့ရေးပေမယ့်
      တချို့စာတွေက ၁ဝ ရက်နဲ့လုံလောက်တယ် ဆိုလာလို့ဗျို့
      ဘယ်ဟာမှန်လဲကျော်မသိဘု
      သို့သော်အကျင့်ဆိုတာ တည်ဆောက်ဖန်တီးနိုင်မှန်း
      ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးနိုင်မှန်း ရှိတယ် လို့ ပြောပြခဲ့ချင်တာရယ် ဗျာ

      တော်သေးဘီ
      ခင်တဲ့

  • kyaw hteik

    June 11, 2013 at 11:23 pm

    ဒီလို​အကျင်​့​ကောင်​းများစွာရှိတဲ့ ချစ်​သူပိုင်​ဆိုင်​ထားရလို့ ဂုဏ်​ပြုလိုက်​ပါတယ်​။
    ဒီလိုချစ်​သူမျိုးကို တန်​ဖိုးထား ချစ်​မြတ်​နိုးပါ။ဘဝမှာ ကိုယ်​့ကိုနားလည်​ စာနာ​ပေမယ်​့သူတစ်​​ယောက်​
    နဲ့အတူလက်​တွဲခွင်​့ ရတာအလွန်​​ကောင်​းတဲ့ ကုသိုလ်​ပါ။ဒီလိုချစ်​သူ​ပေါ်ထားတဲ့ အကျင်​့တခုများစွာ
    ကိုလည်​း ဖတ်​ရှုချင်​ပါ​သေးတယ်​။

    • ကြက်အူလှည့်

      June 12, 2013 at 12:16 am

      ဟုတ်
      ကျေးကျေးပါဗျ.

      ခင်တဲ့
      ဂီ

Leave a Reply