လပေါ်တွင် တစ်နေရာနှင့်တစ်နေရာဆွဲငင်အား မတူညီရခြင်းအကြောင်းတရားအား နာဆာမှ ရှာဖွေတွေ့ရှိခြင်း

Mr WorldWideJune 11, 20131min722

၁၉၆၈ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သော လပေါ်မှနေရာဒေသတစ်ခုသည် ယခုအခါ၌ သာမန်မျက်စိဖြင့် မမြင်နိုင်သည့် မူမမှန်သောဆွဲငင်အား အတိုးအလျော့များရှိနေကြောင်း သိရှိခဲ့ရပါသည်။ နာဆာမှ  GRAIL (Gravity Recovery and Interior Laboratory)   အဖွဲ့သည် ဆွဲငင်အားနှင့်ဆိုင်သော အချက်အလက်များကို စုစည်းပြီး ကွန်ပျူတာမော်ဒယ်ပုံစံများကို ပေါင်းစပ်အသုံးပြု၍ လပေါ်၌ ဆွဲငင်အားများ ယုတ်လျော့သွားခြင်းကို ကွန်ပျူတာဖြင့် သက်သေပြနိုင်ခဲ့သည်။

nasa

GRAIL အဖွဲ့သည် လပေါ်၌ မူမမှန်သောဆွဲငင်အားများ ပိုမိုတိုးပွားလာရခြင်းအကြောင်းများကို ရှာဖွေမှတ်တမ်းတင်ခဲ့ပါသည်။ ယင်းမှာ ရှေးယခင်က ကြီးမားသောဥက္ကာပျံများ၊ သို့မဟုတ် အခြားဂြိုလ်ငယ်များ၏ ဝင်တိုက်ခံရမှုဒဏ်ကြောင့် လ၏အတွင်းပိုင်း၌ ပိုမိုအပူရှိန်မြင့်မားလာပြီး ဆွဲငင်အားများ မူမမှန်ဖြစ်လာရကြောင်းကို GRAIL အဖွဲ့တွင် ရင်းနှီးမြုပ်နှံထားသူ သိပ္ပံနှင့်နည်းပညာဂျာနယ်၏ စာရေးသူအရာရှိ Jay Melosh က ရှင်းပြခဲ့သည်။  GRAIL အဖွဲ့မှရရှိသော အချက်အလက်များအရ လ၏ အပေါ်ယံအလွှာပါးနှင့် သိပ်သည်းသော အရာဝတ္တုတို့ ရုတ်တရက်ဝင်ဆောင့်သည့်ဒဏ်ကြောင့် လမျက်နှာပြင်အတွင်းပိုင်းအလွှာ၏ ဆွဲငင်အားများ ရုတ်တရက်ပြောင်းလဲသွားပြီး မူမမှန်မှုများ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း Jay Melosh က ဆက်လက်ပြောကြားသွားပါသည်။ လပေါ်တွင် ထိုထိခိုက်ခံထားရသည့် နေရာ၏ အလယ်ဗဟို၌ ဆွဲငင်အား ပိုမိုများပြားနေပြီး ၎င်း၏ဘေးပတ်ဝန်းကျင်ပတ်လည်သည် ဆွဲငင်အားများ လျော့ကျနေကြောင်းကို တွေ့ရှိရပေသည်။
လပေါ်၌ ရှေးယခင်က ထိခိုက်ခံထားရမှု အကျိုးဆက်များကို နားလည်ထားခြင်းဖြင့် သိပ္ပံပညာရှင်များသည် လမျက်နှာပြင်၏ကျောက်သားအလွှာများအကြောင်းအား ပိုမိုသိရှိ ရှာဖွေသွားနိုင်မည်ဖြစ်ပြီး၊ အလားတူ အင်္ဂါဂြိုလ်နှင့် ဗုဒ္ဓဟူးဂြိုလ်များတွင်လည်း ထိုကဲ့သို့ထိခိုက်ခံရပါက ကျောက်သားကျောက်လွှာများ၏ ဖွဲ့စည်းမှုများအပေါ် မည်မျထိ အကျိုးသက်ရောက်မှုများရှိလာမည်ဆိုသည့် အချက်များအား ရှာဖွေသွားနိုင်လိမ့်မည်ဖြစ်ပေသည်။

Source:www.wired.co.uk/news/archive/2013-05/31/lunar-gravity

 

2 comments

  • kyaw hteik

    June 11, 2013 at 11:04 pm

    ဗဟုသုတရ​သောပို့များ အစဉ်​တင်​ပြ​ပေ​နေသဖြင်​့ အသိတစ်​ခု
    အစဉ်​တိုးလို့ ​ကျေးဇူးတင်​လျက်​ အမြဲဖတ်​ရှုအား​ပေး​နေပါတယ်​
    ခင်​ဗျာ။

  • သခင် mobile

    June 17, 2013 at 7:01 pm

    လေ့လာသွားတယ်ဗျာ………
    ဗဟုသုတ တိုးပွားစေတဲ့အတွက် ကျေးဇူးတင်ပါတယ်………..

Leave a Reply