Malay ပြည်မှ မြန်မာများသို့

လူစိုးJune 11, 20131min14910

♦ ဆုတောင်း ♦
•••••••••••••

အဝေးဆီက ဇာတိဖွား
Malay ပြည်မှ မြန်မာများ ဘေးမသီ ရန်မခ
အန္တရာယ်ကင်းလို့ ငြိမ်းချမ်းကြပါစေ ။

ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း
အေးချမ်းကြပါစေ ။

ပြည်သားကောင်းတွေ လွင့်လို့ကြွေ
မလေးမြေမှာ ကြက်အလား ငှက်အလား ။

ရေနောက်စွန့်ခွာ ရေကြည်ရှာ
ဒို့ပြည်မှာပင် ကြီးပွားမှာလား ။

မျက်ရည်စက်လက် ဖုန်းဆက်ကာ
သားကောင်း မိခင် ဝမ်းနည်းနေရ။

မိခင်မျက်ရည် တစ်စက်ဟာ
တိုင်ပြည်တွေရဲ့ အသက်ပါပဲ ။

စောင့်မပေးပါ အဖရာ
ဒို့ပြည်သူတွေ တောင့်တနေကြ ။

တိုးတက်လိုသည် မြန်မာပြည်
ဒို့ပြည်သူတွေ အသက်ဆက်ဘို့အရေး ။

# လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ #

@ လူစိုး

10 comments

  • အရိပ်စစ်

    June 11, 2013 at 5:13 pm

    ညီအစ်ကိုမောင်နှမများအားလုံး အန္တာရယ်ကင်း ဘေးရှင်းကြပါစေ..

  • Foreign Resident

    June 11, 2013 at 6:40 pm

    တကယ် စိတ်မကောင်း ဖြစ်ရတယ် ။
    တစ်နေကုန် အဲဒီ တက်လာတဲ့ သတင်းတွေ ၊ VDO တွေ ၊
    Face Book Status တွေ ဖတ်ကြည့်နေတာ ၊
    ဗမာတွေကို တကယ့်ကို စံနစ်တကျကို လိုက်သတ်နေတာပဲ ။

    Face Book ပေါ်က “ဘကြီး မှိုင်း” ဆိုတာ ၊
    သူရေးထားတာတွေသာ အမှန်ဆိုရင် တော်တော် ရက်စက်ပုံရတယ် ။
    ပုံစံ ကြည့်ရတာကတော့ ၊ သူ တကယ် လိုက်သတ်နေပုံပဲ ။
    —https://www.facebook.com/profile.php?id=100003248926622—

    ဘကြီး မှိုင်း
    June 6
    မနေ ့ညက ဖေ့စ်ဘွတ်ခ် မှာရုပ်ပြ လိပ်စာပေးထားပြီး
    ဟောင်နေတဲ့ ခွေးခြောက်ခွေးတစ်ကောင်ကို
    အရှင်လတ်လတ် လက်ရဖမ်းပြီး ပီနန်းကမ်းခြေမှာ
    XXXXXXXXXX
    ဘီယာ / အရက် နဲ့ မြည်းလိုက်တဲ့အရသာမျိုး

  • uncle gyi

    June 11, 2013 at 10:43 pm

    အသက်ထက်အဖိုးတန်တာရှိတယ်ဆိုရင်
    ဆက်နေကြ
    မြန်မာတွေအကုန်ပြန်လာရင်သူတို့လည်းရုတ်တရက်
    အခက်တွေ့သွားမှာလို့ထင်ပါတယ်

  • kai

    June 11, 2013 at 11:20 pm

    ကိုယ့်ပြည်တွင်းမှာ.. လူသားအချင်းချင်း.. တရားဥပဒေအတိုင်းမျှတလုပ်ကြဖို့လိုပါတယ်..။
    အဲဒီသီလ လုံပြီဆိုရင်.. စိန်ခေါ်ပေတော့..။
    .. မြန်မာဟာ.. တချိန်က.. ယူအက်စ်အပါအဝင်.. တကမ္ဘာလုံးကို ကန့်လန့်တိုက်… ရင်ဆိုင်ရဲခဲ့တယ်ဆိုတာ.. သတိပေး..သတိရစေဖို့ပါ..။

    မလေးရှားဟာ.. မြန်မာထက်Rule of law အများကြီးကောင်းတဲ့တိုင်းပြည်ဖြစ်တာမို့.. (သာမန်အားဖြငိ့) ဒီလိုလူသတ်မှုတွေဟာ.. မလေးနို်င်ငံသားတွေလုပ်တာမဟုတ်ပဲ.. မလေးရောက်… မြန်မာနိုင်ငံသားတွေလုပ်တာဖြစ်ဖို့များပါတယ်..။

    မြန်မာပြည်တွင်းကနေ.. ရှင်းယူလို့ရတဲ့ကိစ္စလို့ထင်ပါကြောင်း…

    • kai

      June 14, 2013 at 8:02 am

      ထင်တဲ့အတိုင်းမိနေတာလို့ထင်ပါတယ်..
      အော်… ထင်ထင်ထင်…။

  • တိမ်မည်း

    June 13, 2013 at 8:34 am

    ဘယ်သူက ကော်မန် ့တွေ ဖျက်သွားတာလဲဟင်……….. :byae:

  • အလင်း ဆက်

    June 13, 2013 at 10:07 am

    ရက်စက်မှုကို မှ ချစ်တတ်နေရင် တော့
    မငြိမ်းချမ်းမှုတွေက
    ဆက်နေဦးမှာပဲ။

    လူသားချင်း စာနာထောက်ထားမှုနဲ ့
    ရေရှည် ကြည့်တတ်တဲ့ အသိတရားတွေ
    ဘယ်ရောက်နေလဲ။

    အမုန်း ဟာ
    ကဘာကြီးကို ဖျက်စီးပစ်မယ့် မီးစ ပါ။

    မီး ငြှိမ်း ကြစို ့

  • Foreign Resident

    June 13, 2013 at 12:44 pm

    ဒီလူ ၊ ဟုတ် မဟုတ်တော့ မသိဘူး ။
    ကြိမ်းနေတာကတော့ အပီအပြင်ပဲ ။ ဖတ်ကြည့်ပါဦး ။

    ဟုတ် မဟုတ် ကတော့ ၊ စောင့်ကြည့်ရဦးမှာပေါ့ ။
    ဟုတ်လို့ကတော့ ၊ သေချာပေါက် အရေးအခင်း ဖြစ်တော့မှာပဲ့ ။
    —https://www.facebook.com/permalink.php?story_fbid=392817127503248&id=100003248926622—

    ဘကြီး မှိုင်း · 500 followers
    13 hours ago ·

    မိုးဦးလက်ဆောင်
    ************

    ဂျိုဟိုး /မာလက္ကာ/မွှား/ဆရင်းဘန်း နယ်မြေ ရှိ 969 အကြမ်းဖက်သုတ်သင်မှု့
    စစ်ဆင်ရေးအောင်တစ်ရပ်အောင်မြင်စွာ ပြီးမြှောက်ခဲ့ပြီး။

    မှတ်တမ်း Video ကလစ် တွေကို မိုးဦးလက်ဆောင် အမည်ဖြင့် သိန်းစိန်ရုံးအဖွဲ့
    ရွှေမန်းလွှတ်တော်/ ပြန်ကြားရေးဝံဂျီးထာန (ရဲထွဋ်ထံလိပ်မူပြီး) /
    မှူးဇော် (သံမဒရုန်းလိပ်မှူးပြီး)/ NLD ရွှေဂုံတိုင် HQ /
    ကြံ့ဖွတ် ပါတီဌာနချုပ် (ဌေးဦးအမည်ဖြင့်လိပ်မူပြီး)/ နဲ့
    969 အကြမ်းဖက် ဂိုဏ်းချုပ် ဝီရသူ (မစိုးရိမ် )ထံ လိပ်မူပြီး
    (၁၃-၀၆-၂၀၁၃ )နေ့ ( ၁ဝး၁၅ AM ) တွင် မလေးရှားအပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွါမည့် အစောဆုံးလေယာဉ်ဖြင့် ပေးပို့သွားမည်ဖြစ်ပါသည်။

    တစ်ခုတည်းသော ဂတိကိုပေးလို့ရတာကတော့ …………..
    ခင်ဗျားတို့ ကျနော်တို့ကြားသိ မြင်တွေ့ပြီးဖြစ်သည့်
    ဘူးသီးတောင်မောင်တော (ရခိုင်ဒေသ အကြမ်းဖမ်းခံVideo များ)
    (၄၈)လမ်း ဘာသာရေးစာသင်ကျောင်းမီးရှို့ ခံရပုံ Video ကလစ်များ /
    မိတ္ထီလာ/ဥက္ကံ /လားရှိုး မြို့တို့တွင် မြင်တွေ့ခဲ့ပြီးဖြစ်သည့် Video မြင်ကွင်းများထက်
    (၃) ဆမျှ သော ရက်စက်ကြမ်းကြုတ်မှု့များဖြင့်
    တုန် ့ပြန် ကလဲ့စားချေထားသော မြင်ကွင်းပုံများဖြစ်ပါကြောင်း ရဲရဲကြီးကတိပေးအပ်ပါတယ်။

    လိပ်မူထားသောသူများထံ ရောက်ရှိချိန် (ခန့်မှန်း) မှ (၄၈) နာရီအတွင်း
    ၎င်းတို့မှတိုင်းပြည်လူထုနဲ့ကမ္ဘာသို ့မထုတ်ပြန်ပါက
    ကျနော်များ FB အကောင့်မှ တင်ပြသွားပါမည်ဖြစ်ကြောင်းအသိပေးအပ်ပါတယ်။

    မှတ်ချက် ။။။။။။။။။။။ (၁၃-၀၆- ၂၀၁၃ ) (မလေးစံတော်ချိန် ၃းဝ၆PM )တွင်
    ကျနော်တို့ရဲ့စစ်ဆင်ရေးရလာဒ်ဖြစ်သော မိုးဦးလက်ဆောင်အမည်ရှိ
    အဆိုပါVideo အခွေကို KL မြို့တော် /ဂျလန်အမ်ပမ်း ဟီလေးလ်ရှိ ဗမာ အခွန်ရုံး သို့
    လူကိုယ်တိုင် လက်ရောက် ပေးအပ်သွားပါမည်။

    တည်ကြည်သော

    သင်တို့ရဲ့ ……………ရဲဘော်မှိုင်း

    ခေတ္တ – နဂရီဆင်ဘီလန်းပြည်နယ်
    စရင်းဘန်း ဒူးဝါး
    ဒေသ စံတော်ချိန် …………12:38 AM

  • ကို ငြိမ်းမောင်

    June 13, 2013 at 3:05 pm

    အင်း ဖတ်ပြီး ရင်မောပါရဲ့ အဘဖောရေ။
    ဟုတ်ခဲ့ရင်တော့ အတော်မလွယ်တဲ့အရေးဘဲနော်။

Leave a Reply