ပုံရိပ်တွေက ပြောတဲ့ စကား

alinsettJune 11, 20133min19515
ဒီ ပုံလေးက စကားတစ်ခွန်းပြောနေတယ်
ဒီ ပုံလေးက စကားတစ်ခွန်းပြောနေတယ်
ဒီ ပုံကလည်း.. ပြောနေတာပါပဲ။နားထောင်ကြည့်ပါ ။
ဒီ ပုံကလည်း.. ပြောနေတာပါပဲ။နားထောင်ကြည့်ပါ ။

 

ပုံရိပ်တွေတိုင်းမှာ ပြောချင်တဲ့ စကားတွေ ရှိတယ် ။
ပုံရိပ်တွေတိုင်းမှာ ပြောချင်တဲ့ စကားတွေ ရှိတယ် ။

 

ဒီမှာလည်း..စကားတစ်ခွန်း
ဒီမှာလည်း..စကားတစ်ခွန်း

 

မိုးထဲ လေထဲ...... ပုံရိပ်ကလေး စကားပြောနေပြန်ပါပြီ ။ နားထောင်တတ်ရင်ကြားပါတယ်
မိုးထဲ လေထဲ…… ပုံရိပ်ကလေး စကားပြောနေပြန်ပါပြီ ။ နားထောင်တတ်ရင်ကြားပါတယ်

 

တစ်ုခုပြောချင်တာသေချာတယ်နော်
တစ်ခုခုပြောချင်တာသေချာတယ်နော်

 

ဒါလည်း....စကားသံ ထွက်နေတဲ့ပုံပါပဲ ။ကျွန်တော်တော့ ကြားခဲ့တယ်
ဒါလည်း….စကားသံ ထွက်နေတဲ့ပုံပါပဲ ။ကျွန်တော်တော့ ကြားခဲ့တယ်
ပုံရိပ်တစ်ခု..စကားတစ်ခွန်း
ပုံရိပ်တစ်ခု..စကားတစ်ခွန်း

 

 

 

ဒီမှာကတော့..အော်ဟစ်သံတောင်ကြားနိုင်တယ် ။ အော်သံ.....
ဒီမှာကတော့..အော်ဟစ်သံတောင်ကြားနိုင်တယ် ။ အော်သံ…..

 

ဒီနေ့  စိတ်ညစ်ညစ်နဲ ့ လျှောက်သွားခဲ့ရာ..မှာ..

စကားသံ တချို့ကို ကြားခဲ့ပါတယ် ။

ကြားခဲ့ရသမျှ ထဲက စကားသံ နည်းနည်းကို.. တင်ပြလိုက်တာပါ ။

နားထောင်ကြည့်ပါ ။

အခု ပြခဲ့သမျှ ပုံကလေးတွေက.. တစ်ခုခုကိုပြောနေပါတယ် ။

ကျွန်တော်တော့ ကြားခဲ့ပါတယ် ။

ဘာပြောနေတာလဲ..ဆိုတာတော့…ကျွန်တော် ပြန်ပြောပြမနေတော့ပါဘူး ။

ကိုယ့်ဘာသာပဲ…နားထောင်ကြည့်ပါနော့ ။

=====================================

ဓါတ်ပုံတွေက  စကားတွေ ပြောပါတယ် ။

ဓါတ်ပုံတွေ ပြောတဲ့ စကားကို နားထောင်တတ်ဖို ့… နားထောင်ခွင့် ရဖို ့ပဲ..လိုပါတယ် ။

ဓါတ်ပုံဆိုတာ… သမိုင်း ပါ ။

ဓါတ်ပုံဆိုတာ.. မှတ်တမ်းပါ ။

ဓါတ်ပုံဆိုတာ.. အသံပါ ။

ဓါတ်ပုံ ဆိုတာ.. သက်သေ ပါ ။

ဓါတ်ပုံဆိုတာ.. တောင်းဆိုမှုပါ ။

ဓါတ်ပုံဆိုတာ. .ရပိုင်ခွင့်ကို ပြသမှုပါ ။

ဓါတ်ပုံ ဆိုတာ..လူသားတချို ့ရဲ ့…. ရင်ကွဲသံပါ ။

ဓါတ်ပုံဆိုတာ.. လူသားတချို ့ရဲ ့.. ရင်တွင်းစကားသံပါ..။

===========================

ကျွန်တော် ဓါတ်ပုံတွေက်ို ချစ်ပါတယ် ။

အရှိကို အရှိအတိုင်း ပြသနေတဲ ့ ဓါတ်ပုံတွေကို ပိုချစ်ပါတယ် ။

ပိုပြီးတော့လည်း ခံစားမိပါတယ် ။

============================

ရွာထဲမှာလည်း..ဓါတ်ပုံ ပြခန်း / ပြပွဲလေးတွေ..

ပန်းချီ ပြခန်းလေးတွေ.. ဖြစ်လာဖို ့…….

မျျှော်လင့်ပါတယ် ။

=============================

 

 

 

 

လေးစားစွာဖြင့်

 

အလင်းဆက်

 

 

 

15 comments

  • အရိပ်စစ်

    June 11, 2013 at 5:06 pm

    ဓါတ်ပုံဆိုတာ ပြန်မရနိုင်တော့တဲ့ အငွေ့အသက်လေးတွေပါ
    စကားလေးတွေ နားထောင်သွားပါတယ်
    စိတ်ကူးကောင်းလေး ကြိုက်၏….

  • lele kyi

    June 11, 2013 at 5:07 pm

    ပုံ (၁)- ဆေးရောင်လှလှလေးသုတ်ပလိုက်မယ်။ ရောင်စုံမှန်တွေတပ်ပလိုက်မယ်။
    ပုံ (၂)- လူကူးမျဉ်းကျားလုပ်ပလိုက်မယ်။ အလယ် မှာ island လုပ်ပြီး သစ်ပင်တွေစိုက်ပလိုက်မယ်။ overhead cables တွေအစား underground cable pulling လုပ်မယ်။
    ပုံ (၃) (၄) ပုံ (၂) အတိုင်းပဲ။
    ပုံ (၅)(၆)
    ပုံ (၇) ပထမဦးဆုံး field ဆင်းပြီးရတဲ့ပိုက်ပိုက်နဲ့ ဆရာမဂျူး ရဲ့ စာအုပ် ချစ်သူရေးတဲ့ ကျမရဲ့ညတွေကို အဲလိုစာအုပ်ဆို်င်ကနေဝယ်ဘူးတယ်။
    ပုံ(ဂ) ပလက်ဖောင်းမြင့်မြင့်လေးခင်းပလိုက်မယ်။ ရေနှုတ်မြောင်းကျယ်ကျယ်လေးရယ်။ ပြီးတော့ဆိုင်တွေကိုနေရာရွှေ့ပလိုက်မယ်။
    ပုံ (၉)
    ကျမသာ governor ဖြစ်ခဲ့ရင်ပေါ့။ ပြောပါတယ် ကျမက စိတ်ကူးယဉ်သမားရယ်လို့။။။။ 🙂
    ဘာမှမဆိုင်တာတွေလျှောက်မန့်သွားပါသည်။။။။

  • ဇဂါး လွတ်

    June 11, 2013 at 5:30 pm

    ကျန်တာတွေတော့မသိဘူး။
    ကျုပ်က ပြောတတ်ဘူးရယ်။ ပေါ့ပေါ့နေ များများစား လူစားကိုး။
    အလက်ဆင်း ဓာတ်ပုံတင်ရင်တော့ သဘောပေါက်ပြီး ပြောမဲ့ စကားရှိတယ်။.

    ” ထမင်း များများစား”

    :harr:

  • အလင်း ဆက်

    June 11, 2013 at 8:58 pm

    ပုံ (၁ )က …. သစ်ချင်ယောင်ဆောင်ထားတဲ့ အဆောက်အဦးကြီးနဲ ့ ပြိုကျတော့မလိုလို တိုက်ကြီး..ပြီးတော့
    ……………………..
    ပြောတော့ပါဘူး..။

    ပုံ (၂ )က… မီးပွိုင့် ကိုပဲ..လှမ်းကြည့်လိုက်..။ စနစ်ကြောင့်လား… လူတွေ ကြောင့်လား…တွေးသွားစေရမယ် ။
    သေချာ ဆက်ကြည့်ရင်.. အသံတွေ ကြားလာလိမ့်မယ် ။
    ပုံ ( ၃ ) နဲ ့ ပုံ ( ၄ )က ပုံ ( ၂ ) ကို သေချာအောင် ထပ်ရိုက်ပစ်လိုက်တာ. ။

    ပုံ ( ၅ ) နဲ ့ ( ၆ )ကိုတော့.. ထူးထူးထွေထွေ မပြောချင်တော့ဘူး ။
    သေချာသာ ကြည့်ကြနော် ။
    🙂

    ပုံ ( ရ ) နဲ ့ ( ၈ ) မှာ ကြားရတဲ့စကားသံက အတူတူလိုလိုပဲ..။

    ပုံ ( ၉ ) ကတော့…
    အော်သံတွေ ထွက်လာတာ ….။ ရင်ထဲမှာ.. နင့်ခနဲ..ဖြစ်သွားလောက်တဲ ့..အော်သံ…။

    :kwi:

    :kwi:

    =======================
    အရိပ်စစ်ရေ…
    ဓါတ်ပုံဆိုတာ ပြန်မရနိုင်တော့တဲ့ အငွေ့အသက်လေးတွေပါ ဆိုတဲ ့အတွေးစာသားလေး..ကို သေဘာကျမိပါအိ ။
    🙂
    အသံတွေ နားထောင်သွားလို ့.ကျေးဇူးတင်ပါအိ ။

    ———————————————–
    အန်တီ .lele kyi ( ကိုယ့်ထက် အသက်ကြီးမယ်ပဲ.မှန်းပြီး.အန်တီခေါ်ပါတယ် ။ ငယ်နေရင်လည်းပြောပါနော် ။)

    ပုံတွေ ရဲ ့ စကားသံကို နားထောင်သွားတော့.. ဘာလုပ်ရင်ကောင်းမလဲ..ဆိုတာပါ..တွေ းသွားပြီကိုးး။
    ကောင်းပါလေ့ ။
    :kwi:
    🙂
    =========================
    ဇဂါးလွတ်ဆိုတဲ ့ လူကြီး…
    ဟက်ကဲ ့..။
    ကျွန်တော်လည်း.. ဒီလိုပုံတွေ ခိုးကြောင်ခိုးဝှက် ရိုက်လာပြီး..တင်ရတာမို ့…
    ထမင်းပဲ..များများစား လိုက်တယ် ။
    ပုံတွေက ပြောနေတဲ ့ စကားတွေကိုတောင် ကျွန်တော်က ပြန်ပြောမနေတော့ဘဲ ကြည့်ရှုသူတွေကိုပဲနားထောင်စေလိုက်တာ….။

    အဟိ ။
    :kwi:

  • lele kyi

    June 11, 2013 at 9:37 pm

    အလင်းဆက်ရေ–မှန်ပါတယ်ကွယ်။ အန်တီလို့ခေါ်တာအဆင်ပြေပါတယ်။ 🙂

  • အလင်း ဆက်

    June 11, 2013 at 9:45 pm

    တော်ပါတေးရဲ ့ ဂျာ..။
    တားက …တားထက် ငယ်နေမယ် ထင်လိုင်သေးတာ…။
    :kwi:

  • kyaw hteik

    June 11, 2013 at 10:53 pm

    ကျ​နော်​ကနားမ​ကောင်​လို့ တချို့တိုးတိုး​ပြောတဲ့ပုံ​တွေရဲ့ အသံကိုမကြားမိတာ
    ​အောက်​က အလက်​ဆင်​းရဲ့ ​အော်​​ပြောသံကြားမှ သိခွင်​့ရလို့ ​ကျေးဇူးတင်​ရင်​
    ​နောက်​ထပ်​စကားကျယ်​ကျယ်​​ပြောမယ်​့ ပုံ​တွေကို​စောင်​့​မျှော်​​နေမယ်​။
    နား​လေးသူ ။

  • ရာမည

    June 11, 2013 at 11:12 pm

    နားပိတ်ထားတယ်ကွယ်
    ကြားလည်း ဘာမှလုပ်မပေးနိုင်သေးလို ့
    ပထမပုံက ကျွန်တော်နဲ့ ကြားပုံကြားနည်း နဲနဲလွဲသွားတယ်
    သူက လက်ရှိဆောက်ထားတဲ့ ကွန်ဒိုတွေကိုစိန်ခေါ်နေသလိုဘဲ
    မင်းတို ့ ငါ ့လို နှစ်၁၀ဝ ကျော်နေကြည် ့စမ်းပါဦး တဲ့

  • အရီးခင်လတ်

    June 12, 2013 at 2:37 am

    ပုံတွေက ပုံပြောပြနေတာ ကို အလွန် သဘောကျပါကြောင်း။
    ကိုယ့်ဟာကိုယ် ပုံတွေကို နာမည်ပေးထားတယ်။
    😆

  • အလင်း ဆက်

    June 13, 2013 at 7:18 am

    တစ်ခုခုတော့ ဖြစ်ပြီ။

    မ နေ ့က ဝင်လာတဲ ့comment တွေနဲ့ ကျွန်တေတာ် ပြန် ပြောထား

    တာတွေ
    ပျောက်နေတယ်။
    မှတ်မိ သ လောက် ပြောရ ရင် comment 15 ခု ထက် မနည်း ရှိနေတာက နေ
    အခု 9 ခုပဲ ရှိတော့တယ်။

    ဘာပါလိမ့်

    • ကြက်အူလှည့်

      June 13, 2013 at 7:48 am

      သဂျီး ကို ချဉ်လို့ မမနှဲကိုင်လိုက်တာ ….လေ မသိဘုလား
      ဘာကိုင်သလဲ မမေးနဲ့ မမနှဲဘာကြိုက်တတ်သလဲ မသိဘုလား ညီဘွားငှဲ့….။
      ကွိကွိ…။
      😛

    • ကြက်အူလှည့်

      June 13, 2013 at 7:59 am

      နောက်တာ
      အတည်ပြောမယ် ဆာဗာပျက်ကျသွားတာ ခည
      မနေ့ည မြန်မာစံတော်ချိန် သန်းကောင်လောက်က (အကြောင်းရင်း စုံစမ်းဆဲဟုသိရ)
      အဲ့ဒါ ကြောင့် တရက်နောက်ကျတဲ့ ဘက်ကပ် ကို ပြန်တင်ထားတာ တဲ့
      အဲ့ဒါကြောင့် ဘက်ကပ် မလုပ်ရသေးတဲ့ (တရက်စာ)ကောမန့်တွေ ပုံတွေ ပိုစ့်တွေ ပလုံသွားတာ ဖြစ်မယ်ထင့်
      .com ဂွက်နေလို့ .org ကို redirect လုပ်ပေးထားတာ ခည
      URL စစ်ကြည့်ပါလေ။

  • အလင်း ဆက်

    June 13, 2013 at 1:38 pm

    ဟုတ်ဒယ် လေးပေ ရေ
    ပလုံသွားတဲ့အထဲ
    ကျွန်တော့် ပုံရိပ်လေးတွေ ပါ သွား ပြီ ထင် ပါ ရဲ့

    ပြန်တင် ဖို ့ရာ ကလည်းးးးးးးးး
    :buu:

Leave a Reply