ဓာတ်သေပညာကျမ်း (အပိုင်း-၅)

အပါချာ

ဓာတ်သေပညာရပ်အတွက် အရေးကြီးဆုံးထဲက တစ်ခု  ဖြစ်တဲ့ အပါချာ အကြောင်းပြောမယ်ဆိုရင်။ တံခါးပေါက် နဲ့ဥပမာ ပေးချင် ပါတယ်။ အပါချာ ဆိုတာကလဲ လန်းစ် ကနေ၀င်လာတဲ့ အလင်း ကို ကင်မလာထဲ ၀င်ဖို့ အတွက် ထားတဲ့ အလင်းတံခါး ပေါက်ဖြစ်ပါတယ်။

 

အပါချာကို (f) ဆိုတဲ့ သင်္ကတ နဲ့ေ ဖ်ာပြကြပီး f နံပါတ်နဲ့ အပေါက်အကျဉ်းအကျယ်ဟာ ပြောင်းပြန် အချိုးကျပါတယ်. F နံပါတ်သေးရင် အပေါက် ကျယ်ပြီး F နံပါတ် ကြီးရင် အပေါက် ကျဉ်း သွားပါမယ်။။ အပါချာ နံပါတ်တွေဟာ အငယ်ဆုံး f1.4 ကနေစပြီး f22 အထိရှိပါတယ်

 

ဒီလန်းစ်မှာဆိုရင် 2.8 ဆိုတာ အပါချာနံပါတ် ကိုပြောထားတာ ဖြစ်ပါတယ်

 

 

အပါချာကတော့ လန်းစ်တွေမှာ အဓိကျ တဲ့ အခန်းကဏ္ဍက ပါဝင်ပြီး လန်းစ်တွေရဲ့ တန်းဖိုးဟာ အဲဒီ အပါချာ အကျဉ်း အကျယ် ကြောင့် ကွာဟသွားပါသတဲ့.. ဥပမာ သာမန် tele lens အပါချာ 4.5 ဟာ ၅ သိန်းလောက်ပဲ ရှိပြီးတော့ 2.8 ဖြစ်သွားတဲ့ tele lens တွေကတော့ ၁၈ သိန်းလောက် ရှိပါသတဲ့။

အပါချာ အကျဉ်း/အကျယ်ဟာ ဖြစ်ရပ် ၂ ခုကို ဖြစ်စေပါတယ် အဲဒါကတော့ အိတ်စပိုရှာ နဲ့ DOF ဖြစ်ပါတယ်  ဒါကြောင့် အပါချာ ဟာမသိ မဖြစ် အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

(၁) အိတ်စပိုရှာ

အပါချာကြောင့် အိတ်စပိုရှာ အနည်းအများ ဖြစ်စေပါတယ်.   အပါချာ ကို ကျဉ်းကျဉ်း ဖွင့်ထားရင် အလင်းရောင် နဲနဲ ပဲ ၀င်ပြီး ကျယ်ကျယ် ဖွင့်ထားရင် အလင်းရောင် များများဝင်မယ်..

 

 

ဒီပုံမှာ f/1.4 ဟာ အနည်းဆုံးဖြစ်ပြီး အကျယ်ဆုံးဖြစ်တာ တွေ့ရပါမယ်..အကျယ်ဆုံး ဖြစ်တဲ့ အတွက် အိတ်စပိုရှာ များပြီး ဘန်းသွားတာ ကိုတွေ့ရမှာပါ.. ပုံက ဖြူဖွေးသွားတာကို ဘန်းတယ်လို့ ခေါ်ကြပါတယ်..  တစ်ခါတလေ အိမ်ထဲ ဒါမှမဟုတ် အလင်းရောင်နဲတဲ့ အခန်းထဲမှာ ဓာတ်ပုံ ရိုက်နေကြရာက ရုတ်တရက် အပြင်ကို ထွက်ရိုက်လိုက်တဲ့ အခါ ဒီလိုမျိုး ဘန်း သွားတာ တွေ တွေ့ဖူးမှာ ပါ. အဲဒါက ဘာကြောင့်လဲဆိုတော့ အလင်းရောင်နည်းတဲ့ နေရာမှာ ရိုက်နေတဲ့ အခါ ကင်မလာ က အလင်းရောင် နည်း နေမှန်း သိတဲ့အတွက် ISO တွေ.. အပါချာတွေကို ဖွင့်ပေးထားတယ်.. ရုတ်တရက် အပြင် အလင်းရောင် ရတဲ့နေရာကို ရုတ်တရက် ရိုက်လိုက်တဲ့ အခါ ကင်မလာက ပြန်ပြီး မချိန်ရသေးတဲ့ အတွက် ဖွင့်ထားတဲ့ အပါချာနဲ့ပဲ ဆော်လိုက်တဲ့ အခါ ပုံက ဖွေးသွားတာ ဖြစ်ပါတယ်..

ဒီလိုပါပဲ အပြင် အလင်းရောင်ကောင်းကောင်းရနေတဲ့ နေရာမှာ ရိုက်နေရာက ရုတ်တရက် အမှောင်ထဲကို ရိုက်လိုက်တဲ့ အခါ ပိုပြီးမှောင်မည်း ပြီး ဘာမှ ကို မမြင်ရလောက်အောင် ဖြစ်သွားတတ်ပါတယ်. ဒါကြောင့် ရုတ်တရက် အလင်းထဲကနေအမှောင်၊ အမှောင် ကနေ အလင်း ချက်ချင်းပြောင်းတဲ့အခါ ချက်ချင်းမရိုက်သေးဘဲ ကင်မလာကို အရင်တွက်ခိုင်းပြီးမှ ရိုက်ကြပါလို့ အကြံပြုလိုပါတယ်. အဲ ကင်မလာ ကိုဘယ်လိုတွက်ခိုင်းမလဲ ဆိုတာကတော့ ရိုက်မဲ့နေရာကို ကင်မလာ ကိုချိန်ပေးလိုက်ရင် ရပါပြီ။။ ပိုသေချာချင်ရင် release button လေးကို half press လေးနှိပ်ပြီး အိတ်စပိုရှာ တိုင်းလိုက်ရင်ရပါပြီ. ဒါဆို ကင်မလာက အပါချာ ဘယ်လောက် ရှက်တာစပိ ဘယ်လောက်ထားရမလဲ ဆိုတာ တွက်ချက်သွားနိုင်ပါဂျောင်း

 

ဆက်ရန်..

 

ဖက်ပြီးသွားရင်နော် သိတယ်နော် ဟွန်းဟွန်း
ကျုပ်ပေ့က https://www.facebook.com/gandaryiphotos  နော်

 

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)