အခုတလော … လူတွေကြားထဲမှာ အတုတွေကပေါတယ်

ဒါကိုပဲ ကြိုက်ရောင်းကြိုက်ဝယ် ဈေးကောင်းရတယ် ဆိုပြေ

 

ကျွန်မလည်းအပူရုပ်ကို ဟန်လုပ်ပြီး

အတုချကျွေးလိုက်ရကောင်းသား

အခုတော့ အလွမ်းက ထင်သလောက် ဈေးကောင်းမရတော့ဘူး

 

ရန်ကုန်မြို့ကြီး ရေကြီးပါစေလို့ မရည်ရွယ်ပေမယ့်

ရှင်မုန်းတဲ့ ငံကျိကျိအရည်တွေ မျက်ဝန်းအိမ်ဆီက သွန်ချပစ်လိုက်တာ ခဏခဏ …

ကျွန်မ အတ္တကို ကိုးကွယ်မိနေတုန်းပဲ

 

ကျွန်မနဲ့ရှင်ဟာ သူလိုကိုယ်လိုပဲဆို

အစတည်းကပြောခဲ့ပါလား

ဒါဆို ကျွန်မ သံယောဇဉ်ဆိုတာကို နားမလည်ချင်ယောင်ဆောင်ခဲ့မိမှာ

 

သူငယ်ချင်း  ရှင် ပြောတဲ့ နားလည်မှုဆိုတာ

ဖုန်းဆက်တဲ့အချိန်တိုင်း ဖုန်းမကိုင်တာမျိုးလား

မက့်ဆေ့ခ်ျပို့တိုင်း reply မလုပ်နိုင်တာမျိုးလား

သို့မဟုတ် facebook မှာခေါ်မိတိုင်း ရှင် လိုင်းပေါ်ကဆင်းသွားတဲ့အချိန်နဲ့ ကြုံသွားတတ်တာမျိုးလား

 

ဒါဆိုလည်း ကျွန်မဆီက “ရွက်ကြမ်းရေကျို” နားလည်မှုတွေ လက်ဆောင်ယူသွားပါ

 

 

အချစ်ဆုံးသူငယ်ချင်းဆိုတာလည်း ….

လူတွေကြားထဲက … သူလို ကိုယ်လို

 

 

သူကလေး

(၁၀.၀၆.၂၀၁၃)

About သူကလေး

Thu Thu Htet has written 37 post in this Website..

My personalities is just the way I am & My attitude depends on who u are :)