သူလိုကိုယ်လို နားလည်မှု

သူကေလးJune 13, 20131min17316

အခုတလော … လူတွေကြားထဲမှာ အတုတွေကပေါတယ်

ဒါကိုပဲ ကြိုက်ရောင်းကြိုက်ဝယ် ဈေးကောင်းရတယ် ဆိုပြေ

 

ကျွန်မလည်းအပူရုပ်ကို ဟန်လုပ်ပြီး

အတုချကျွေးလိုက်ရကောင်းသား

အခုတော့ အလွမ်းက ထင်သလောက် ဈေးကောင်းမရတော့ဘူး

 

ရန်ကုန်မြို့ကြီး ရေကြီးပါစေလို့ မရည်ရွယ်ပေမယ့်

ရှင်မုန်းတဲ့ ငံကျိကျိအရည်တွေ မျက်ဝန်းအိမ်ဆီက သွန်ချပစ်လိုက်တာ ခဏခဏ …

ကျွန်မ အတ္တကို ကိုးကွယ်မိနေတုန်းပဲ

 

ကျွန်မနဲ့ရှင်ဟာ သူလိုကိုယ်လိုပဲဆို

အစတည်းကပြောခဲ့ပါလား

ဒါဆို ကျွန်မ သံယောဇဉ်ဆိုတာကို နားမလည်ချင်ယောင်ဆောင်ခဲ့မိမှာ

 

သူငယ်ချင်း  ရှင် ပြောတဲ့ နားလည်မှုဆိုတာ

ဖုန်းဆက်တဲ့အချိန်တိုင်း ဖုန်းမကိုင်တာမျိုးလား

မက့်ဆေ့ချ်ပို့တိုင်း reply မလုပ်နိုင်တာမျိုးလား

သို့မဟုတ် facebook မှာခေါ်မိတိုင်း ရှင် လိုင်းပေါ်ကဆင်းသွားတဲ့အချိန်နဲ့ ကြုံသွားတတ်တာမျိုးလား

 

ဒါဆိုလည်း ကျွန်မဆီက “ရွက်ကြမ်းရေကျို” နားလည်မှုတွေ လက်ဆောင်ယူသွားပါ

 

 

အချစ်ဆုံးသူငယ်ချင်းဆိုတာလည်း ….

လူတွေကြားထဲက … သူလို ကိုယ်လို

 

 

သူကလေး

(၁၀.၀၆.၂၀၁၃)

16 comments

  • ဇဂါး လွတ်

    June 13, 2013 at 12:26 pm

    သူငယ်ချင်း ရှင် ပြောတဲ့ နားလည်မှုဆိုတာ

    ဖုန်းဆက်တဲ့အချိန်တိုင်း ဖုန်းမကိုင်တာမျိုးလား

    မက့်ဆေ့ချ်ပို့တိုင်း reply မလုပ်နိုင်တာမျိုးလား

    သို့မဟုတ် facebook မှာခေါ်မိတိုင်း ရှင် လိုင်းပေါ်ကဆင်းသွားတဲ့အချိန်နဲ့ ကြုံသွားတတ်တာမျိုးလား

    :byae:

  • သူကလေး

    June 13, 2013 at 1:11 pm

    ဘာဖြစ်တာလဲဟယ်
    နိုပါနဲ့ .. သူကလေးလည်းနိုချင်နေဒါ …
    ဒီကဗျာလေး မနေ့ကတစ်ခေါက်တင်ထားတာ ပျောက်တွားရို့ 😀

  • အလင်း ဆက်

    June 13, 2013 at 2:09 pm

    အင်
    ပြန် တင်တော့လည်း ပြန် မန် ့မယ်တွာာ

    မ နေ ့က မန့်တလိုဘဲ

    ရွက်ကြမ်းရည်ကျို နားလည် မှု ဆိုတဲ့ စကားလုံးသုံးစွဲမှုကို
    အ တော် သ ဘောကျ မိပါတယ် ဗျ

    • သူကလေး

      June 13, 2013 at 5:34 pm

      အဟစ် …
      ပျက်သွားဒေါ့လည်း ပြန်တင်ရမပေါ့
      သူကလေးလဲ ရွက်ကြမ်းရည်ကျိုကိုကြိုက်တယ် 😀

  • Shwe Ei

    June 13, 2013 at 3:51 pm

    ကျွန်မလည်းအပူရုပ်ကို ဟန်လုပ်ပြီး

    အတုချကျွေးလိုက်ရကောင်းသား

    ဘဝမှာ ကိုယ့်ကိုယ်ကို လိမ်တာ အပြစ်ကြီးဆုံး..တဲ့ သူကလေး ရဲ့…

    အူးမိုက်ရေးဖူးတဲ့ What is Life ပို့စ်ထဲက အန်ကယ်ဘလက်ရဲ့ ကွန်မန့်လေးပြန်ရှယ်ပေးမယ်….

    ဘဝမှာရိုးသားဖို့လဲ လို သလို.. ပါးနပ်ဖို့လဲ လိုတယ် တဲ့လေ

    ေိေိ…သများလဲ တခါတရံ ရုပ်တည်ရီးနဲ့အပျော်ကြံတတ်အိ :mrgreen:

    • သူကလေး

      June 14, 2013 at 10:49 am

      ဟုတ်ကဲ့ စစ်
      အာ့ဆိုလည်း ကွကိုယ်မလိမ်တော့ဘူးနော်
      သူကလေးကိုလဲ ရုပ်တည်ရီးနဲ့ အပျော်လာမကြံနဲ့နော် 😀

  • Mon Kit

    June 13, 2013 at 4:35 pm

    ဒါ…… သူကလေး ရဲ့ ရင်တွင်းဖစ်လားး…
    မော်ဒန် ကဗျာလေး ဖတ်လို့ကောင်းရဲ့..
    ရှင် မုန်းတဲ့ ငန်ကျိကျိ အရည်တွေ မျက်ဝန်းအိမ်က သွန်ချတာ ခဏ. ခဏ..
    မိုက်စ် !!!

    • သူကလေး

      June 14, 2013 at 12:04 pm

      ရင်တွင်းဖြစ်မှ အစစ် အစစ် နဲ့တောင် မြည်ပါသေး မွန်ခစ်ရယ်
      နောက်တယ်နော် နှစ်ခါ လာမန့်ရဒယ်လို့ 😀

  • Mon Kit

    June 13, 2013 at 4:36 pm

    အလဲ့ !!! ဒီတခါ ကွန်မန့် ရေးတာ ပေါင်းစပ်စရာ လိုတော့ဘူးတော့…..
    :hee:

  • Mr. MarGa

    June 13, 2013 at 7:09 pm

    သူလို ကိုယ်လို
    ကိုယ်လို သူလို
    လူတွေချည်းပဲကို
    သူလိုလို ကိုယ်လိုလို
    ဘာဂလို တိုတို လုပ်နဲ့လေကွယ် :mrgreen:

  • may july

    June 14, 2013 at 4:09 pm

    သူလိုကိုယ်လိုဆိုတော့ ..
    သူလို မှ ကိုယ် လို တဲ့သဘောဖြစ်မယ် .. 😆

  • သူဂလို ကိုယ်ဂလို
    နားလည်မှု ဆိုဒေါ့ဂါ ..
    ကျုပ်က သူဂလို ကိုယ်ဂလို မီဟုတ်ဒေါ့
    နားလည်ဒေါ့ဝူးနော် .. ဟီးး :mrgreen:

  • favourite

    June 17, 2013 at 2:13 pm

    အခန်းဆက် ဝတ္ထုရော ဆက်မရေးတော့ဘူးလား တို့လို့တန်းလန်းကြီး ကျန်သေးတယ်မလား ဆက်ရေးအုံးလေ

    • သူကလေး

      July 2, 2013 at 11:55 am

      အခန်းဆက်ကအပိုင်းသစ်တင်လိုက်ပြီဂျ
      လာဖတ်အုံးနော့် 😀

  • yan Nyein Thu

    July 2, 2013 at 11:24 am

    မသူကလေး ရေးတဲ့ကဗျာလေးကို ဖတ်ရတာ
    မျက်ရည်တောင် ကျချင်သွားတယ်ဗျာ. တစ်ကယ်
    ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လူတစ်ယောက်ကို
    အဲလို ကျူးလွန်ခဲ့ဖူးတယ်…
    အခု ကိုယ်တိုင်ခံစားမိမှ နားလည်မိတော့တယ်.
    thank,
    ynt

    • သူကလေး

      July 2, 2013 at 11:56 am

      မျက်ရည်မကျပါနဲ့
      သုတ်ပေးမယ်နော့် 🙂

Leave a Reply