သူ့အတွေးနဲ့ သူ မတူတာတွေကတော့
အများအားဖြင့် ပန်းချီ ပန်းပု ပြခန်းတွေမှာတွေ့၇တတ်ပါတယ်
ထုတဲ့သူ ရေးဆွဲတဲ့သူစိတ်ကူးနဲ့
လာကြည့်တဲ့သူ ၀ယ်ယူသူရဲ့ စိတ်ကတော့ အတွေးချင်းတူချင်မှ တူကြမှာပါ

ဆိုခရးတီး

လူကြီးနှစ်ယောက် ပန်းချီပြခန်းတခုထဲရောက်လာတယ်
အပေါ်ကပုံကို မြင်တော့ ဆိုခရေးတီး
ပထမလူ ဆိုခရေးတီးဆိုတာ အမှန်တရားအတွက် အဆိပ်သောက်သေသွားတဲ့လူလားဗျ
ဒုတိယလူ ဟုတ်တယ်လေဗျာ
ပထမလူ အဆိပ်က တော်တော်ပြင်ပုံရတယ်
ဒုတိယလူ ဟုတ်မယ် …. လူတောင် ဒီပုံကြီးဖြစ်သွားတယ်

ဒီလို အူကြောင်ကြောင်နိုင်တယ်လို့ ထင်ပေမဲ့ တချို့လူရဲ့အတွေးကျတော့ သူ့ဟာနဲ့ သူဟုတ်နေတာပဲ

high house

ကလေးနှစ်ယောက် ထပ်ဝင်လာကြပြန်တယ်
ပထမကလေး အိမ်ရှည်ကြီးတဲ့
ဒုတိယကလေး အေး… လူရှည်ကြီးတွေနေတာဖြစ်မယ်
ဒီကလေးနှစ်ယောက်လည်း သူ့အတွေးနဲ့ သူ ဟုတ်နေပြန်ရော

အနော့်အဖိုး အင်းလေးမှာ ဆုံးတုန်းက
အသုဘချတဲ့နေ့မှာ ရွာထဲက အဖိုးကြီးတွေ အသုဘရှုလာကြတယ်
အသုဘရှုရင်း လိုက်ပို့ဖို့ရာ ထိုင်စောင့် ပြီး စကားတွေပြောနေကြတယ်
တအောင့်လောက်ကြာတော့ ပြောစရာကုန်ပြီထင်ပါ့

ပထမ အဖိုး သေခြင်းတရားဆိုတာ မလွန်ဆန်နိုင်ဘူး
ဒုတိယအဖိုး အဲဒါပြောတာပေါ့ ၀ိကာလဘောဇနာ ဆိုတာ

အနော်မရီဖြစ်လိုက်မိဘူး
သူတို့လည်း သူတို့အတွေးနဲ့ သူတို့ ဖြစ်မှာပေါ့

နောက် အနော့် အဖွား .. သူကတော့ အင်းလေးစကားတော်တော်ပြောတယ်
အနော် အင်းလေးစကားကို ထမင်းစားရေသောက်ပဲပြောတတ်တယ်
ထမင်းစားရေသောက်ဆိုတာ ထမင်းစားတာရယ် ရေသောက်တာရယ်ကိုပြောတာ …ဟီး
နားလည်ပေမဲ့ မပြောတတ်တာပါ
တနေ့တော့ အနော့ အဖွား က ဈေးကနေပြန်လာပြီး နေပူနေတာမလို့ အနော့်ကို
ပစဉ်းကူး ယူလာပြီးနေလှမ်းလို့ပြောတယ်
အနော်ထင်တာက ပစဉ်းကူးဆိုတော့ကား ပစဉ်းက ပစဉ်းအကောင် ကူးတာကကြီးတာ
ရာသီကလည်း ပစဉ်း ထွက်တဲ့ရာသီ ဆိုတော့ ပစဉ်းအကောင်ကြိးတွေကို ရွေးပြိး နေလှမ်းလိုက်တယ်
ခဏနေတော့ အဖွားက သူခိုင်းတာ မလုပ်သေးဘုးလားမေးတယ်
လုပ်ပြီးကြောင်းပြောတော့ အဆော်ခံလိုက်ရရော
ပြောင်လိမ်လို့တဲ့
အနော်မလိမ်ကြောင်း လှမ်းထားတဲ့ ပစဉ်းတွေက်ုပြတော့
သူက ရီတယ်
ပစဉ်းကူးဆိုတာ ခြုံစောင်ကြီးကို ဆိုတာတဲ့
… နို့ တိမှ မတိဘဲကိုး …..
{ ခုတော့ ပစဉ်းကူး လှမ်းခိုင်းတဲ့ မဲ့အို (အဖွား) လည်း မချိတော့ဘူး :'( }

အနော်တခါပြောဖူးတဲ့ အကြောင်းတခုပေါ့
တောင်နီရွာမှာ ပလောင်ဈေးသည် တစ်သည်ကို ဈေးဝယ်ပုံလေး
ဈေးဝယ် အမိုး သခွါးသီး ဘယ်လိုရောင်းလဲ
ဈေးသည် ပုံရောင်းတယ်
ဈေးဝယ် တပုံ ဘယ်လောက်လဲ
ဈေးသည် တပုံ 5လုံး
ဈေးဝယ် မဟုတ်ဘူး ဈေးကိုမေးတာ
ဈေးသည် တောင်နီဈေး
ဈေးဝယ် အာမဟုတ်ဘူး တန်ဖိုးကိုမေးတာဗျ
ဈေးသည် တဘိုး အနောက်မှာထောင်ထားတယ်လေ
ဈေးဝယ် အာ… အဖိုးကို မေးတာဗျ
ဈေးသည် အဖိုး အိမ်မှာ မိုးအေးလို့ အိပ်နေတယ် ဆိုတာမျိုး
ဈေးသည်အတွေးနဲ့ သူ့သူတော့ ဟုတ်နေတာပဲ

တခါတလေ ဖေ့ဘုတ်လို နေရာမျိုးမှာတောင်
ကြိုက်သူရှိသလို
မကြိုက်တဲ့သူလည်းရှိကြတာပဲ

Myanmar Mobile user မှာ ပန်းသီးကြိုက်သူနဲ့ စက်ရုပ်ကြိုက်သူ
အမေစုကို ကြိုက်သူ နဲ့ မကြိုက်သူ
969 နဲ့ မူစလင်
တယောက် တမျိုး အမြင်မတူတာကြီးကိုတော့ ညှိလို့ တော့၇မယ်မထင်ပါဘူး
တချို့ ကော်မန်းတွေက ရီစရာကောင်းပြီး
တချို့ ကော်မန်းတွေက စိတ်တိုစေတယ်
ပိုပြီးမှန်စတာကတော့ တရားရလာတာပဲ :P
ဒါ့ကြောင့် ကိုယ့်အတွေးနဲ့ကိုယ် ကောင်းတာ ဖြစ်ဖြစ်
ဆိုးတာဖြစ်ဖြစ် နေချင်သလိုသာ နေတော့မည်ဟု ဆုံးဖြတ်ရင်း ….

နွေးသီး
12း51 (နေ့လည်)
ရုံးတွင် ထမင်းစားပြီးချိန်

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer