ဒီနေ့အတွက် ….ကြိတ်ကြိတ်ပြီးရယ် …..

fattyJuly 29, 20101min680

တနေ့ကနာရေးတခုလိုက်ပို့ဖြစ်တယ်။  စိတ်မ ကောင်းစရာပါ။ အဖြစ်ကဒီလို ………

ကျနော့သူငယ်ချင်း လင်ိမယားနှစ်ယောက်စလုံးက ဆရာဝန်တွေ။

သူတို့က အမွှာယောကျာင်္းလေးနှစ်ယောက် မွေးကြတယ်။ …….

အမေဖြစ်သူကတယောက်တလှည့်နို့တိုက်ရတာပေါ့။

အငယ်ကောင်ကပိုပြီး ညဏ်ကောင်းတယ်။ ထက်မြက်တယ်။

ည ညမှာချိုစို့ကြတော့အကြီးကောင်က ချိုတစ်ဖက် အငယ်ကောင်ကတစ်ဖက်စို့ရတာပေါ့။

ပြဿနာက အကြီးကောင်ကစို့ပြီးရင် ….အားကုန်ဆွဲတော့အငယ်ကောင်က မဝဘူးလေ။

အငယ်ကောင်ကလဲ ခေသူမှမဟုတ်တာ …..တရက်တော့ ဒီလိုတွေးမိတယ်။

သူ့အကိုသာမရှိရင် သူတစ်ယောက်ထဲဝအောင်ချိုစို့ရမှာပေါ့။ ဒီကောင်သေတာကောင်းတယ်ဆိုပြီးအတွေးဝင်လာတယ်။

တညတော့သူ့အကိုစို့မဲ့ဘက်ကို အဆိပ်ရည်တွေ တိတ်တိတ်လေးသုတ် ထားလိုက်တယ်။

သူတို့အမေကလဲအိပ်ပျော်နေတုံးပေါ့။ဆရာဝန်တွေရဲ့သားဆိုတော့ဗဟုသုတကလဲရှိကြတယ်လေ။

ပြီးတော့အသာလေးအိပ်ချင်ယောင်ဆောင်နေလိုက်တယ်တဲ့။

တကယ်အိပ်ပျော်သွားတာကိုး ….

မနက်နိုးတော့မှ တအံ့တဩ တွေ့လိုက်ရတာက

သူ့အဖေ သေနေပါလေရောဗျာ။ ……..