အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၇၄)

Normal
0

false
false
false

EN-US
X-NONE
X-NONE

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

ဒီမှာနေတဲ့ ခပ်မွဲမွဲကျောင်းသားထဲက တစ်ယောက်ဖြစ်တဲ့ ရှာကေးလ် က တစ်ညနေတော့ ကျွန်တော့်နား

ချဉ်းကပ်လာပြီး ခပ်တွန့်တွန့်နဲ့

            “ရာဂျူးဘိုင်..အစ်ကို စိတ်မဆိုးဘူးဆိုရင် တစ်ခုလောက် တောင်းဆိုချင်လို့..”

            “အေး..ဘာတုန်း ရှာကေးလ် ရ..”

ပြောသာပြောလိုက်တာ..ဒီလောက်တော့ ဓာတ်ပေါက်တယ်။

            “ဟိုလေ…ကျွန်တော့်ရွာမှာ ဒီနှစ်မိုးခေါင်တာနဲ့..”

            “အေး..လိုရင်းပြောပါကွာ..”

            “ဟုတ်ကဲ့..တကယ်တော့ ..ဒီလ ကျွန်တော့်အဖေရယ်..ကျွန်တော့်ကို ပိုက်ဆံပို့နိုင်မှာ မဟုတ်ဘူး..

            ခုလာမယ့် တနင်္လာနေ့မှာကျောင်းလခ မပေးနိုင်ရင် ကျွန်တော် ဆပ်ပင်း(န်) ထိတော့မှာ..အဲဒါ..

            တစ်ရာ့ငါးဆယ်လောက် ကျွန်တော့်ကို ချေးနိုင်မလား

            မေးတာပါ..အဲ..နောက်လ ပိုက်ဆံပို့ရင် ကျွန်တော် ချက်ချင်းပြန်ပေးမှာပါ..”

 

            “ကောင်းပါလေ့ ရှာကေးလ် ရာ…တို့ ကဗျာဆရာကြီး နက်ဂျ်မီ ကို ငါးဆယ်..ဂိုပဲလ် ကို တစ်ရာ ငါချေးပြီးတော့

ရှပ်အင်္ကျီအသစ်တစ်ထည်ဝယ်ဖို့ တစ်ရာ ချန်ထားတာပဲကျန်တယ်..အေး..မင်းကိစ္စကငါ့ထက် အရေးကြီးတော့

အကုန်သာယူသွားပေတော့”

 

                                                                  **************************

 

            တစ်ခါတော့ လဂျ်ဝန်တီက သူ့အခန်းမှာ ကျွန်တော်နဲ့ ရှန်ကာကို ညစာစားဖို့ဖိတ်တယ်။ သူက

အပျိုကြီး တစ်ကိုယ်တည်းပေါ့။ ညီမလေးတစ်ယောက်ကတော့ အက်ဂရာနဲ့ ကီလိုမီတာ ၃ဝလောက်ပဲဝေး

တဲ့ ရွာလေးတစ်ရွာမှာ နေသတဲ့။ သူ့အခန်းထဲရောက်တော့ ပထမဆုံး သတိပြုမိတာက  မတရား သန့်ရှင်း

သပ်ရပ်လွန်းနေတာပဲ။ တွေ့ဖူးသမျှ အသန့်ဆုံး ၊အသပ်ရပ်ဆုံးအခန်းပါဗျာ။ ကျောက်သားကြမ်းပြင်များ

ဘယ်လောက်တောင်တိုက်ထားသလဲမသိဘူး၊ အရောင်တလက်လက်ထွက်နေတာပဲ။ ဖုံတစ်စ

၊အမှိုက်တစ်မျှင်တောင် မရှိဘူး။ အိပ်ယာဆိုလည်း သပ်ရပ်နေတာ..တွန့်တာ ကြေတာမရှိ။ လဲစ၊ မှိုစ၊

ဆံချည်စ  တစ်ပင် တစ်စတောင်မရှိဘူးဗျို့..အဟုတ်။ မီးလင်းဖိုအပေါ်ဘက်မှာ နည်းနည်းပါးတော့ ပြင်

ဆင်ထားတယ်။ပစ္စည်းတွေများ ဂျော်မက်ထရီ နည်း နဲ့ နေရာချထားသလားမှတ်ရတယ်..။ တကယ်ပါဗျာ.

.ကြည့်ရတာ သောက်ကျိုးနည်း သပ်ရပ် သန့်ရှင်းလွန်းနေတာ စိတ်ထဲတောင် တစ်မျိုးဖြစ်မိတယ်။ မီးဖိုခန်း

ဆိုတာ သန့် နေတာပဲ။ ထင်းသုံး မြေမီးဖိုကထွက်တဲ့ ကြပ်ခိုးတောင် မမဲပဲ ဖြူနေမလားတောင်တွေး

မိတယ်။ ကျွန်တော်တို့နှစ်ယောက်က ကုလားထိုင်တွေပေါ်ထိုင်လို့ ။သူကတော့ အိပ်ယာပေါ်မှာ

ထိုင်တယ်။ ဆာရီပန်းရောင်ဝတ်ထားတဲ့ သူ့ပုံစံကြည့်ရတာ တစ်ခုခုပြောချင်လို့ စိတ်လှုပ်ရှားနေတဲ့ပုံ။

သူပြောတာက ဆယ့်ကိုးနှစ်ပြည့်ပြီဖြစ်တဲ့ သူ့ညီမလေး လက်ချမီး အတွက် သင့်တော်မယ့် သတို့သား

လောင်း ရှာနေတာတဲ့ဗျား။

 

            “အဲ..အစ်မ ကျတော့ရော.. အစ်မကြီးက အရင် အိမ်ထောင်ပြုရမယ် မဟုတ်လားဗျ ”

ကျွန်တော်ကမေးတော့ –

            “အေးပေါ့ကွယ်..ဒါပေမဲ့လို့ ငါက လက်ချမီး ရဲ့ အစ်မဆိုတာထက် ဘယ်ကမလဲ..တို့မိဘတွေ ဆုံးပြီးကတည်းက

            ငါက သူ့ အမေဆိုလည်းဟုတ်..၊ အဖေဆိုလည်းဟုတ်…။ဒါကြောင့် ငါက ငါ့အတွက်ပဲစဉ်းစားပြီး တစ်ကိုယ်ကောင်း

            မဆန်နိုင်တာဟဲ့..ငါသာ အိမ်ထောင်ပြုရင် သူ့ကို ဘယ့်နှယ်လုပ် ကြည့်ရှုနိုင်တော့မှာတုန်း..ငါ့လင်ငါ ပြုစုနေရတော့

            မှာပေါ့”

 

            “ဒါဖြင့် သင့်တော်မဲ့ သတို့သားလောင်းကရော ဘယ်လိုရှာနေသလဲ..”

 

            “ဟိန္ဒူ သတင်းစာ ဒိုင်းနစ် ဥူးဂျလား မှာ ကြော်ငြာထည့်ထားတယ်ဟ..နှစ်လလောက်တော့ရှိပြီ..ဒူရ်ဂါ နတ်ဘုရားမ

            မှိုင်းမတော်မူလို့ဟေ့..ဒီမယ်တွေ့လား ..စာတွေမှ မနည်းပဲ..ရောက်လာတာ..”

 

            သူက စာအိတ်တွေ တစ်ထပ်ကြီးသယ်လာပြီးတော့ အဲဒီအထဲက မှ ဓာတ်ပုံ ခြောက်ပုံဆွဲထုတ်ပြီး

ကျွန်တော်တို့ကို ပြတယ်။

 

            “ကိုင်း..နင်တို့ကြည့်ပြီး ပြောကြပါဦး..ဘယ်သူက လက်ချမီး နဲ့ သင့်တော်မလဲ..”

 

            သူက ရွေးပါဦးဆိုတော့လည်း ကျွန်တော်နဲ့ ရှန်ကာလည်း ဓာတ်ပုံတွေကြည့်မိတယ်။ ဘယ်သူမှ

အပြစ်မလွတ်ဘူး။ သူကတော့ အသက်ကြီးပြီ။ သူကတော့ မျက်နှာထားကိုက မရိုးဘူး။ ဟာ..ဒီတစ်ယောက်

ကဖြင့် ရုပ်ဆိုးသဗျာ။ ဟယ်..သူ့ကျတော့ အမာရွတ်ကြီးနဲ့ဗျို့။ အမယ်..ဒီလူဓာတ်ပုံရိုက်တာလည်း တရားခံ

မှတ်တမ်းတင်ရိုက်ထားသလို မျိုးပါလားဗျ..ဘာညာလျှောက်ပြောကြတာ တစ်ပုံပဲ ကျန်တယ်။ လူရွယ်..လူချော

ဗျ။ ဆံပင်ကလည်း သေချာပုံသွင်းပြီး သပ်သပ်ရပ်ရပ် ဖြီးထားတယ်။ နှုတ်ခမ်းမွှေး ကတော့ ခပ်ထူထူပဲ။

 

“ဒီလူတော့ ဖြင့် မဆိုးဘူးဗျ..အားလုံးထဲတော့ သူ အသာဆုံးပဲ..” ရှန်ကာကလည်း ကျွန်တော်နဲ့

တစ်သဘောထဲပဲ..။

           

             “ဒရိယ် ယူလ် ကဟောင်းလ် ရ်”

 

            လဂျ်ဝန်တီကလည်း ကျွန်တော်တို့ရွေးတာ သဘောတူတယ်။

            “အေး..ငါလည်း သူ့ပဲရွေးထားတာ..ရုပ်ချောရုံတင် ဘယ်ကမလဲ..ပညာတတ်..မျိုးကောင်း ရိုးကောင်းဟဲ့..ပြီးတော့

            အဆင့်မြင့် အစိုးရ အရာရှိတစ်ယောက် သိလား..”

 

            “တစ်ကယ်?..သူက ဘာလုပ်တာလဲ”

 

            “တို့ ဒီနယ်တစ်ခုလုံးရဲ့ လက်ထောက် ကြံစိုက်ခင်း တာဝန်ခံပေါ့..သူနဲ့သာဆိုရင် လက်ချ်မီးလည်း တင့်တင့်တယ်တယ်

ဖြစ်သွားမှာပဲ….ဟဲ့..ငါ သူတို့ မိသားစုနဲ့ သွားပြီး ဆွေးနွေးသင့်ပြီလား? ဒူရ်ဂါ သခင်မ ဆက်လက်ပြီး အဆင်ပြေအောင်

 မှိုင်းမပေးတော် မူပါ”

“ဒါပေါ့ ခင်ဗျ..အချိန်ဆိုင်းမနေနဲ့..”

 

            အဲဒီညနေက လဂျ်ဝန်တီက တကယ်ကိုအကောင်းဆုံး တည်ခင်းဧည့်ခံ ခဲ့တာ။ ပူရီ ၊ကပ်ချိုရီ ၊ အာလူး၊

ပဲနီလေး၊ ပြီးတော့ မတ္တာ ပါနီယာ။(အဲဒါက ပဲစင်းငုံ ကို ခရမ်းချဉ်သီး လေးနဲ့ အစပ်ချက်၊ မဆလာလေးဘာလေး

အုပ်ချင်အုပ်ပေါ့၊ ပြီးတော့ ဒိန်ခဲထည့်။ အဲဒီလို လုပ်ထားတဲ့ ဟင်းအနှစ်တစ်မျိုးပါ။ ချာပါတီ နဲ့ တွဲစားကြတာမျိုးပါ။)

လပ်ဂျဝန်တီက စတီးပန်းကန်ပြားနဲ့ ထည့်ကျွေးတာ။ ပန်ကန်ပြားတွေက ပြောင်လက်လွန်းလို့ မှန်တောင်

ကြည့်လို့ရသဗျ။ ကျွန်တော့်မှာ စားရတာ စိတ်မဖြောင့်ဘူး။ သူ့ပန်းကန်မှာ အစင်းအခြစ်တွေ ဖြစ်သွားမှာစိုး

လို့ သတိထားနေရတာ။ နောက်ဆုံး မနေနိုင်လို့ ကျွန်တော် မေးလိုက်တယ်။

 

            “အစ်မ ရေ..အစ်မ အခန်းက တကယ်ကို သပ်ရပ်သန့်ရှင်းလွန်းတယ်ဗျာ..အိမ်အကူတွေ

            ဘာတွေများ ခေါ်ထားသလားဗျ..”

 

ကျွန်တော် သတိပြုမိတာကို သူသဘောကျသွားတယ်။

 

            “မနောက်ပါနဲ့ ရာဂျူးရယ်..ဘယ့်နှယ်လုပ် အိမ်အကူငှားနိုင်ပါ့မတုန်း..ငါ့ဘာသာ လုပ်တာပေါ့။

            ငယ်ငယ်တည်းက အကျင့်လိုဖြစ်နေတာလေ..။ ရှုပ်ပွနေရင်..ငါ နေကို မနေတတ်တာဟ..

             အမှိုက်တစ်မျှင်၊ ဖုံတစ်စ တွေ့တာနဲ့ ငါလက်ယားလာတော့တာပဲ..ငါ့အမေ  ဆို ဘာပြောတယ်

            မှတ်လဲ..လဂျ်ဝန်တီတို့များ သစ်ပင်ပေါ်က သစ်ရွက်တောင် ပုံမှန်မဟုတ်ရင် သည်းမခံနိုင်ဘူး တဲ့။

     ဒါ့ကြောင့်  သခင်မ ရာနီ ငါ့ကို သဘောကျတာပေါ့ဟ..ဟိုရက်က ရဲမင်းကြီး ကတော်ကိုတောင်ပြောနေ

        တာ ငါကြားသေးတယ်။ လဂျ်ဝန်တီဟာ အတော်ဆုံး အိမ်အကူ အမျိုးသမီးတဲ့..ပြီးတော့ သူ့ကို

        ဘယ်တော့မှ လက်လွှတ်မှာ မဟုတ်ဘူးတဲ့..”

 

လဂျ်ဝန်တီက ပီတီဖြာတဲ့မျက်နှာ နဲ့ ပြုံးပြုံးကြီး။

 

            “ဟုတ်ပဗျာ..အစ်မဟာ ဟောဒီကမ႓ာပေါ်မှာ အတော်ဆုံး အိမ်ထိန်းပဲ..ဒါပေမဲ့ ..ကျွန်တော်တို့အခန်းတော့

မလာလေနဲ့..မူးမိုက် လဲသွားမှာစိုးလို့..ဟီးဟီး”

 

ရှန်ကာကလည်း ဟုတ်မှန်ကြောင်း သွားဖြဲလေးနဲ့ ဝင်ထောက်ခံတယ်။

 

            “ရရ်မယ်လ် ကဟာ ဓါရ်စန်း”

 

                                                         ****************************

 

ကနေ့အတွက် ကျွန်တော့်ရဲ့ နောက်ဆုံးဧည့်သည်တွေကတော့ဒေလီက ချမ်းသာ

တဲ့ကောလိပ်ကျောင်းသားလေး တစ်သိုက်ပါပဲ။ လူငယ်လေးတစ်ယောက်ရယ်၊

ဂျင်းဘောင်းဘီကိုယ့်ယို့ကားယားနဲ့ အူမြူးနေတဲ့တစ်ယောက်ရယ်၊ တဂျ်မဟာ အကြောင်း မဟုတ်မဟတ်

မှတ်ချက်ပေးတဲ့ နိုင်ငံခြားဖြစ် နေကာမျက်မှန်နဲ့ တစ်ယောက်ရယ်၊ စုစုပေါင်းသုံးယောက်ပေါ့။ သူတို့က

အချင်းချင်းလည်း ညစ်တီးညစ်ပတ်

ဟာသတွေနဲ့ စနောက်နေတာ။ သူတို့ကို တဂျ်ထဲ လိုက်ပြ ရှင်းပြ ပြီးတော့ ကျွန်တော့်ကို လမ်းညွှန်ခ အပြင်

သဒ္ဒါကြေးလေးလည်း စို့စို့ပို့ပို့ပေးသေးသဗျ။ နောက်ပြီးတော့သူတို့နဲ့ ဒီည လိုက်ခဲ့လို့ အတင်းခေါ်တော့တာပဲ။

ရာဂျူး ..တို့နဲ့လိုက်ခဲ့ကွ..ဘဝမှာ မမေ့နိုင်တဲ့ အမှတ်တရလေးတွေ ဖြစ်သွားစေရ မတဲ့လေ။ပထမတော့ ကျွန်တော်

ငြင်းကြည့်သေးတယ်။ မရဘူး။ အတင်းခေါ်နေတာ။ဘောက်ဆူး မျက်နှာလေးကလည်း ရှိသေး သမို့လားဗျ။

အဲဒါနဲ့ သူတို့ကားပေါ် ခုန်တက်လိုက်မိတော့တယ်။

 

            ဦးဆုံး ကျွန်တော်တို့ ပဲလေ့ ဟိုတယ်ကို သွားကြတယ်။ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ် ကို ပထမဦးဆုံးအကြိမ်

ကျွန်တော် ရောက်ဖူးတာပဲ။ ဟိုတယ်ထဲက စားသောက်ခန်း က လေအေးစက်ကြောင့် ခပ်စိမ့်စိမ့်လေး ဖြစ်နေတယ်။

မီးရောင်တွေက မှိန်ဖျော့ဖျော့၊ ဂီတသံက ခပ်ပါးပါးလေး၊ယူနီဖောင်း ကိုယ်စီနဲ့ ဟိုတယ် လုလင်တွေ၊ အဝတ်အစား

သိုက်သိုက်မြိုက်မြိုက်နဲ့ ဧည့်သည်တွေ။ ကြွယ်ဝမှု နဲ့ ဂုဏ်ပကာသနဟာ တောက်ပနေသလိုပါ ပဲ။ အမျိုးသားများတွေက

ယုံကြည်မှုရှိတဲ့လေသံနဲ့ ခပ်တိုးတိုး စကားပြောနေကြတယ်။ အမျိုးသမီးများကတော့ ပြင်ဆင်ထားလိုက်ကြတာ ကြွေ

ရုပ်ကလေးများလို့ပေါ့။ အစားအသောက်တွေက သွားရည်ယိုချင်စရာ။ ကျွန်တော်တို့ထဲက ကောင်လေးတစ်ယောက်

က မီနူးကို ကျွန်တော့်ဆီပစ်ပေးပြီး  “ရော့ဟေ့ ရာဂျူး.. ကြိုက်တာ မှာပေတော့ ” လို့ ဆိုတော့ မီနူးလေး ကောက်

လှန်ကြည့်မိတယ်။ ဟား..ဈေးနှုန်းတွေက အသက်ရှူကြပ်ချင်စရာဗျို့။ထောပတ်ကြက်သားဟင်း တစ်ပွဲဟာ ရူးပီး

ခြောက်ရာတဲ့ ခင်ဗျ။ ကျွန်တော်နေတဲ့ နားက လမ်းဘေးမှာ ဒါမျိုးဟာ ရူးပီး ငါးဆယ် အလွန်ဆုံးပေါ့။

ဒါပေမဲ့ ကျွန်တော်သဘောပေါက်လိုက်ပါတယ်..။ ဈေးနှုန်းက အစားအသောက်အတွက်တင်ပေးရတာမှ

မဟုတ်တာ။ နေရာ ထိုင်ခင်း အတွက်လည်းပါသေးသမို့လားဗျ။ ကောင်လေးတွေကတော့ ခပ်အေးအေးပဲ

မှာစရာရှိတာ မှာကြတာ..ဒီလိုနေရာမျိုးမှာ မကြာခဏ သုံးဖြုန်းနေကြပုံစံမျိုးပါပဲ။သူတို့မှာတဲ့အထဲ စကော့ချ်

ဝီစကီနှစ်လုံးတောင်ပါတာ သတိပြုလိုက်မိတယ်။

 

            ဒီလို အရှိန်အဝါတွေကြားထဲ နေရတာ ကျွန်တော့်စိတ်ထဲ ကျဉ်းကြပ်လာသလိုပဲ။ မွမ်ဘိုင်းမှာ

ကျွန်တော်နဲ့ ဆလင်း.. မင်္ဂလာဆောင်တွေမှာ ပုံမှားရိုက်ပြီး ဝင်တီးနေကြပါ။ တစ်ခါမှ မင်္ဂလာပွဲရှင်တွေရဲ့

ကြွယ်ဝချမ်းသာမှုကို စိတ်ဝင်တစားနဲ့ တွေးကြည့်တာ၊ မလိုမုန်းထားတာ မရှိခဲ့ပါဘူး။ခု..ဒီ လူ့မလိုင် ကော

လိပ်ကျောင်းသားလေးတွေ ငွေကိုရေလိုသုံးနေတာမြင်တော့ ကိုယ့်ရဲ့ မပြည့်စုံတဲ့ ဘဝနဲ့ယှဉ်ပြီး အားငယ်

လာသလိုလို။ ဘဝတွေ ကွာခြားလှသကွာ ဆိုပြီး စိတ်ထဲခပ်နင့်နင့် ခံစားရတာ ရုပ်ပိုင်းကိုတောင် အရှိန်နဲ့

ဆောင့်ထိုးသလိုမျိုးဖြစ်လာတယ်။ ကျွန်တော့်ရှေ့က စားပွဲပေါ်မှာ စားစရာတွေ တောင်လိုပုံနေတာတောင်

ကျွန်တော် မဆာတော့ဘူး။ ခံစားချက်က ဆာလောင်မှုကို အလဲထိုးသွားတာကိုး။ ကျွန်တော့်ကိုယ် ကျွန်တော်

သတိပြုလိုက်မိတယ်။ ကျွန်တော်ပြောင်းလဲသွားပြီ။ ငယ်တုန်းကတော့ စားဖို့လောက်၊ ဆော့ဖို့လောက်သိ

တာကိုး။ နောက်ပြီးကျွန်တော်တွေးနေမိတာက ဆန္ဒမှန်သမျှ ပြည့်ဝသွားလို့ အလိုဆန္ဒရယ်လို့ မရှိတော့ရင်

ဘာဖြစ်မှာလဲ။ ငွေကြေးနဲ့ ဆန္ဒ အားလုံးကို (သူတို့တောင်အထင်အရှားမပေါ်သေးခင်ပေါ့လေ) ချောမွေ့

သွားစေခဲ့ရင်ပေါ့။ ဆန္ဒရမ္မက် ကင်းမဲ့တဲ့ ဘဝ ဆိုတာ ရှိပါရဲ့လား။ ပြီးတော့ အဲဒီလို ဆန္ဒရမ္မက်တွေ

ဆင်းရဲတာ (မရှိတာ)က ဆင်းရဲခြင်း၊မပြည့်စုံခြင်း ထက် ပိုသာသလား။ ဆန္ဒ ဆိုတာ ဘဝကို မောင်းနှင်

တဲ့ဟာမျိုးဆိုတော့လေ။ ကျွန်တော့်ခေါင်းထဲ ကျေနပ်လောက်တဲ့ အဖြေမထွက်ဘူး။

 

            စားလို့သောက်လို့ ပြီးတော့ ကောင်လေးတွေက သွားကြစို့ဆိုပြီး ကျွန်တော့်ကိုပြောတယ်။နောက်

တစ်ကြိမ် သူတို့ကားလေးပေါ်တက်ရပြန်တယ်။

 

            “ဘယ်သွား ကြမှာတုန်း” လို့ ကျွန်တော်မေးတော့ –

            “ရောက်တော့ တွေ့လိမ့်မပေါ့”

သူတို့က ပြောပြီး ရီကြသေးတယ်။

 

            ကားလေးက လမ်းကြိုလမ်းကြား၊ ဈေးကြိုဈေးကြား ဖြတ်ပြီး မြို့ပြင်ဘက်ထွက်လာတယ်။

နောက်ဆုံး ဘဆိုင်း မိုဟယ်လာ အမြန်လမ်းမကြီးဘေးက ထူးထူးခြားခြား နေရာတစ်ခုမှာ ထိုးရပ်လိုက်တယ်။

အဝင်ဝမှာ ကြော်ညာ ဘီလ်ဘုဒ် ကြီးတစ်ခုရှိသဗျ။

            “မီးနီ ဧရိယာကို ကိုယ့်အန္တရာယ် ကိုယ်ကြည့်ဝင်..ကွန်ဒုံး သုံးဖို့မမေ့နှင့် ..အေအိုင်ဒီအက်စ် ကာကွယ်ပါ”

မီးနီဆိုလို့ ဒီနားမှာ တစ်လုံးမှ လင်းနေတာ မတွေ့ပါရော။ ကားတွေတော်တော်များများတော့ ရပ်ထားတာတွေ့တယ်။

ခြေဗလာနဲ့ ကလေးတွေကလည်းဟိုနား ဒီနား ယောင်ပေပေလုပ်နေကြတယ်။ သူတို့အမေတွေတော့ မမြင်မိဘူး။

တေးသံသဲ့သဲ့ကို တော့ ကြားမိတယ်။ ဟိုး..ဝေးဝေးမှာတော့ တဂျ် မဟာရဲ့ အမိုးခုံးခုံးကြီးနဲ့ ဗလီမျှော်စင်တွေ

လရောင်အောက်မှာ တောက်ပနေတာ မြင်ရတယ်။ ဒီလို ပေတိပေစုတ်နဲ့ အိမ်မမည် တဲမပီတဲ့ တင်းကုပ်လိုဟာတွေ

စုနေတဲ့နေရာကတောင် တပ်ဂျ် ရဲ့ အရှိန်အဝါကို လှမ်းပြီး ခံစားလို့ရသေးသဗျ။

 

            ကျွန်တော့် ကောလိပ်ကျောင်းသားတွေလည်း ကားပေါ်ကဆင်းလို့ အဲဒီ အိမ်စုစုလေးတွေဆီ

ဦးတည်သွားတယ်။ ကျွန်တော်က ခပ်တုံ့တုံ့လုပ်နေတော့ အတင်းဆွဲခေါ်လာကြတယ်။ဟော..အဆောက်အအုံတွေ

ဘက်ရောက်တော့ လူတွေ မနည်းပါလားဗျို့။ ယောက်ျားတွေကလည်း ညဝတ်အကျႋင်္တွေနဲ့ အဲဒီအိမ်တွေရှေ့မှာ

ဟိုလျှောက်ဒီလျှောက်။ ကွမ်းတွေကလည်း တဝါးဝါး နဲ့။ အမျိုးသမီးတွေကလည်း အရွယ်ဆုံ၊ ဆိုဒ်ဆုံပဲ။ အဲဒီအိမ်

တွေရဲ့ လှေကားထစ်တွေမှာ ထိုင်လို့။ ဝတ်ထားတာ အတွင်းခံလောက်နဲ့ပေါ့။ မိတ်ကပ်တွေကတော့ မတရားပဲ။

ဆွဲကြိုးတွေ လက်ကောက်တွေကလည်း ဆင်ထားတာ ဘာတွေမှန်းမသိဘူး။ တစ်ချို့ကတော့ ကျွန်တော်တို့

တစ်သိုက်ကို ချွတ်ချက်နဲ့ လှမ်းခေါ်၊ ကြာပေး။ လက်နဲ့ ညစ်တီးညစ်ပတ်လုပ်ပြ။ ကိုင်း…မီးနီဧရိယာ ဆိုတာ

ဘာလဲ..ကျွန်တော် သိပြီပေါ့။ ပြည့်တန်ဆာတွေ လုပ်စားဖို့ နေရာပေးထားတယ်နဲ့တူပါတယ်။ မွမ်ဘိုင်းမှာတုန်း

က ဖောက်ကလန် လမ်းဘေးမှာ၊ ဒေလီမှာကျတော့ ဂျီဘီ လမ်းမကြီးဘေးမှာ ဒါမျိုးတွေ ရှိတယ်ဆိုတာ

ကြားဘူးခဲ့တယ်။ ရောက်တော့ မရောက်ဖူးဘူး။ ခု အက်ဂရာမှာတောင် ဒါမျိုးရှိတယ်ဆိုတာ သိကို

မသိခဲ့တာ။ ဟုတ်ကဲ့..အဲဒီညဟာ ကျွန်တော့်ကို အတွေ့အကြုံသစ်တွေပေးခဲ့ပါသကော..။

4 comments

  • မောင် ပေ

    June 13, 2013 at 8:02 pm

    ရာဂျူး လူပျိုရည်ပျက်မယ့်အခန်း ကို ရောက်ခါနီးမှဗျ
    ကျွတ်စ်
    ဆက် စောင့် နေ တယ် ဗျို ့

  • Ma Ma

    June 14, 2013 at 1:51 pm

    ခံစားချက်က ဆာလောင်မှုကို အလဲထိုးသွားတယ်ဆိုတဲ့ အတွေးအခေါ်ကို အံ့အားသင့်မိတယ်။
    မစားဖူးတဲ့ ထူးဆန်းကောင်းမွန်တွေ အစာတွေကို မစားနိုင်လောက်အောင် စိတ်ပိုင်းနင့်နင့်နဲနဲ ခံစားမှုက ရုပ်ပိုင်းကို ရိုက်ခတ်တယ်ဆိုတာက….
    ရာဂျူးဟာ နိမ့်ကျတဲ့ဘဝက မွေးဖွားကြီးပြင်းလာပေမယ့် သင်ယူတတ်တဲ့စိတ်၊ ကြီးပွားတိုးတက်ချင်တဲ့စိတ်တွေရှိတာကို မြင်လိုက်မိတယ်။
    အဲဒါဘဝတိုးတက်ရေးအတွက် အကောင်းဆုံးတွန်းအားပါပဲ။ :hee:

    • မောင်ဘလိူင်

      June 15, 2013 at 9:56 am

      အန်တီ မမ ရေ..အဲဒါ စာရေးဆရာ ဗီကပ် ဆွာရပ်စ် ရဲ့ အတွေးအခေါ် ဖြစ်မှာပေါ့ ခင်ဗျာ..။
      သူက အရင်တုန်းက သံတမန် အဖြစ်နဲ့ တူရကီ၊ အင်္ဂလန် ၊ အမေရိကန်၊ အီသီယိုးပီးယား
      တွေ မှာ နေခဲ့ဘူူးသတဲ့။ အခုတော့ ဒေလီက နိုင်ငံခြားရေး ဝန်ကြီးဌာနမှာပေါ့။ အခုစာအုပ်
      က ဘာသာစကား ၂၅ မျိုးနဲ့ ဘာသာပြန်ပြီးပြီတဲ့။

  • padonmar

    June 15, 2013 at 9:52 pm

    မောင်ဘလှိုင်ရေ
    အကြာကြီးနေမှ ပေါ်ပေါ်လာတာကိုး။
    (လူ့မလိုင် ကောလိပ်ကျောင်းသားလေးတွေ ငွေကိုရေလိုသုံးနေတာမြင်တော့ ကိုယ့်ရဲ့ မပြည့်စုံတဲ့ ဘဝနဲ့ယှဉ်ပြီး အားငယ်လာသလိုလို။ ဘဝတွေ ကွာခြားလှသကွာ ဆိုပြီး စိတ်ထဲခပ်နင့်နင့် ခံစားရတာ ရုပ်ပိုင်းကိုတောင် အရှိန်နဲ့ဆောင့်ထိုးသလိုမျိုးဖြစ်လာတယ်)
    ဒါလေးသဘောကျတယ်။
    တစ်ပိုင်းစီမှာလည်း ဖတ်ရတာ အရသာရှိပါတယ်။
    အားလုံးပြီးရင်တော့ ပေါင်းတင်ပေးနော်.

Leave a Reply