ကိုယ့်အတွေးနဲ့ ကိုယ် (ကန္နားစီး ဗားရှင်း)

ムラカミJune 13, 20131min31529

အချိန်က ည သန်းကောင် ။ဖူးခက်က ဟိုတယ်တလုံးတွင်ဖြစ်သည်။

ဘန်ဂလိုရှေ့ထွက်ပြီး ကျောက်ဂေါ်လီ ဘီယာစုပ်နေသည်။

ဟိုဘက် ဘန်ဂလိုက စုံတွဲဆီမှ အသံတွေမသဲမကွဲ ကြားနေရသည်။

(ဟိုဘက်ခန်းမှာက မဇာယိ တို့ စုံတွဲ ဟားနီးမူး ထွက်လာခြင်းဖြစ်၏)

ဇာ။ ကိုကို …စတော့မလားဟင်။

ကို။ အင်း … ဇာအဆင်သင့်ဖြစ်ပြီလား။

ဇာ။ သန့်ရှင်းရေးတော့ သေချာ လုပ်ထားပီးပီ။

ကို။ ကောင်းပြီလေ စတာပေါ့။

ကျောက်ဂေါ်လီ ဆက်နားထောင်နေသည်။

 

ကို။ ဇာ ၂ချောင်းပူးနေရင် ဘယ်အဆင်ပြေပါ့မလဲကွာ။

ဇာ။ ကားပေးထားပါ့မယ် ကိုကို။ ဖြေးဖြေးတော့လုပ်နော်။

ကို။ ငြိမ်ငြိမ်နေနော် ဇာလေး။

ဇာ။ ဟုတ်ကဲ့ကိုကို။

ကောင်းခန်းတော့ ရောက်ပြီဟု ..ကျောက်ဂေါ်လီ ဘန်ဂလို မျက်နှာစာ ၂ခုကြားကာထားသည့် ထရံဘက် ပိုမိုတိုးကပ်လိုက်သည်။

ဇာ။ ကိုကိုရယ် ဇာလေးကြောက်တော့ကြောက်တယ်။

ကို။ မကြောက်ပါနဲ့ ဇာလေးရယ် ကိုကိုကျွမ်းပါတယ်။ ဟဲဟဲ။

ဇာ။ မနက်မှ လင်းလင်းချင်းချင်း လုပ်လည်းရတာကို ကိုကိုရယ် ခုချိန်ကြီး..။

ကို။ မနက်ကျရင် ကိုကို မအားဘူးဇာ။ ဘေးခန်းက လူမည်းကြီးနဲ့ ဂေါ့ဖ်သွားရိုက်ဖို့ ချိန်းထားတယ်။

သူ့ကို ကပ္ပလီ မှတ်လို့ ဆိုပြီး ကျောက်ဂေါ်လီ နည်းနည်းတော့ ဒေါဖောင်းသွားသည်။ ဆက်နားထောင်သည်။

ဇာ။ အလင်းရောင်လည်း ကောင်းကောင်းမရဘဲနဲ့ ကိုကိုကလည်း။

ကို။ ခနလေးပါဇာလေးရယ် ။ အဆင်ပြေသွားမှာပါ။

ဇာ။ ကဲ ပြောမရလည်း ကိုကို့သဘော..။ ဇာလေးကြောက်တော့ ကြောက်တယ် ကိုကို။

ကို။ ကဲပါကွာ အဲ့၂ချောင်းက ပူးမထားပါနဲ့ဆို။ ပူးထားရင် ဘယ်လိုလုပ် အလုပ်ဖြစ်မတုန်း။

ဇာ။ ကိုကလည်း ဇာလည်း ကားထားတာပဲ … ညောင်းတော့လည်း သူ့ဟာသူပြန်ပူးသွားတာပေါ့.။

ကို။ ဟိုဘက် နည်းနည်းစောင်းလိုက် ဇာလေး။

ဇာ။ ဟုတ်ကဲ့ ကိုကို။

ဇာတ်လိုက်ကျော် ကျောက်ဂေါ်လီ ရင်ထဲ ဒိန်းတပ်တပ် ဒိန်းတပ်တပ် ဖြစ်နေလေပြီ

 

ဇာ။ အားးးးးးး .. အမေ့ .. ကျွတ်ကျွတ်…. ။ဘယ်လိုလုပ်လိုက်တာလည်း ကိုကိုရယ်။

ကို။ ဟာ… မင့်ကလည်းကွာ။ ဒီလောက်တော့ ရှိမှာပေါ့ ။

ဇာ။ ဟင့် … နာလိုက်တာ ကိုကိုရယ်… သွေးတွေ သွေးတွေ ထွက်လာပြီ။

ကို။ ဟ သွေးထွက်-သုတ်လိုက်ပေါ့ကွာ ..ပြီးအောင် လုပ်ဖို့အရေးကြီးတယ်။ ပြီးမှ ကောင်းသွားမှာ။

ဇာ။ ဟင့် ဟင့် … သူ့အသားမဟုတ်တိုင်း … ဖြေးဖြေးလုပ်ပါ မှာထားရက်နဲ့ကို…။ မေမေရေ ..မေမေ့သမီးကို မေမေ့သမက်အကောင်းစားကြီးက

အကြမ်းပတမ်း လုပ်နေပါတယ်။

ကို။ ဟာ..ဒီမိန်းမ နားညီးလိုက်တာကွာ ..အရေးထဲ ဒီမှာ ပြီးတော့မယ် …။

ဇာ။ ဟင့်.. သူများ နာလို့ပါဆို..ဟင့်ဟင့်…။ မနက်ကတွေ့ပါတယ် ။ဟိုဘေးကပ္ပလီကြီး ဆို သူ့တရုတ်မလေးကို တယုတယ … ကိုကိုကတော့သူများကို

အကြမ်းပတမ်း။

ကို။ ဟာ …ဒီမိန်းမ ပြီးခါနီးကို ငြိမ်ငြိမ် နေကွာ …။ ဒီလောက်ဖြစ်နေလည်း မင့်ကပ္ပလီကြီးသွားလုပ်ခိုင်းပါ့လား…။ ငါ့လာမလုပ်ခိုင်းနဲ့ …။

 

ဇာ။ ဟင့် ….ဟင့် …အားးးးး… ဖြည်းဖြည်းပါဆို …။

ကို။ ငါ့များကြမ်းသလေး ဘာလေးနဲ့ … မင့်ကပ္ပလီ ကမှ ပိုအကြမ်းပတမ်းနိုင်မှာ။ ကပ္ပလီတွေ ဘယ်လောက်ကြမ်းတယ်ဆိုတာ ..မသိဘူးလား။..ကိုင်း

ပြီးပြီ။ ကောင်းသွားပြီမလား…။

ဇာ။ ဟင့်ဟင့် …ဟုတ်..

ဇာတ်လိုက်ကျော် ကျောက်ဂေါ်လီ ဒေါဖောင်းသွားလေပြီ။ သူ့ကို ကပ္ပလီ တွင်တွင်ခေါ်ပြီး ကြမ်းသလေးရမ်းသလေး ပြောသည့်ငနဲ။

မနက်ဖန် ခင်ဗျားနဲ့ ဂေါက်သီးမကစားတော့ဘူး သွားငြင်းတော့မည်။ ကျောက်ဂေါ်လီ ထရပ်လိုက်သည်။

ဟိုဘက်အခန်းဝသို့ရောက်သည်နှင့် တံခါးကို လက်ဆပြင်းပြင်း ခေါက်လိုက်သည်။

ကိုကိုလာဖွင့်သည်။

လက်သည်းညှပ်တချောင်းကိုင်ထား၏။

ကြမ်းပေါ်တွင် ဇာဂလေးက တရှုံ့ရှုံ့ ။ ညာဘက် ခြေသူကြွယ်တွင် ဟန်နီပလပ်စ်လေး ကပ်လို့

ဘေးတွင် အရက်ပြန်ပုလင်းနှင့် ဂွမ်းစ အနည်းငယ်။

 

ကို။ ကျနော်တို့အခန်းက ဆူညံသံတွေကြောင့် အိပ်မရလို့လားမိတ်ဆွေ။ ဆောဒီးပါ ဝမ်းနည်းပါတယ်။

ကျနော့်မိန်းမ ကမ်းစပ်မှာကစားရင်း ခြေသည်းခြေစွယ်ငုတ်သွားလို့။ ညှပ်ပေးနေတာပါ။ ပြီးသွားပါပြီ။

အနှောက်အယှက် အတွက် တောင်းပန်ပါတယ်ဗျာ

ဟုငါးပိသံစွက်သည့် မီးကျိုးမောင်းပျက် ဗျိတိသျှ ဘာသာစကားဖြင့် မပီကလာ ပီကလာ ခြေဟန်လက်ဟန်များပါသုံးပြီး

တွင်တွင်ကြီး ရှင်းပြလိုက်ပါတော့သဒီး….။

 

 

 

29 comments

  • Yin Nyine Nway

    June 13, 2013 at 2:56 pm

    ဂျေမီဟာ သူ့အိမ်နီးချင်းရဲ့ အမျိုးသမီး ဖြစ်သူကို ကြိတ်ပြီး သဘောကျနေပါတယ်။ အမျိုးသမီးဟာ
    လည်း သူနဲ့ လမ်းမှာ ဆုံတဲ့အခါတိုင်း စွဲမက်ဖွယ်ရာ ပြုံးပြလေ့ရှိပါတယ်။ ဒါပေမဲ့ အမျိုးသမီးဟာ
    အိမ်ထောင်ရှိသူဖို့ ဘယ်လို ချဉ်းကပ်ရမယ်ဆိုတာကို ဂျေမီဟာ စဉ်းစားလို့ မရ ဖြစ်နေပါတယ်။
    တနေ့မှာတော့ ဂျေမီ တစ်ယောက်တည်းနေတဲ့ တိုက်ခန်းကို သူစွဲလန်းနေတဲ့ အမျိုးသမီး ရောက်ရှိ
    လာပါတယ်။

    ဂျေမီ – ဟိုင်း

    အမျိုးသမီး – ဟိုင်း

    ဂျေမီ – ကျွန်တော် ..ဘာများကူညီ ပေးရမလဲ။

    အမျိုးသမီး – ဟုတ်ကဲ့။ ရှင့်ဆီက အကူအညီ တစ်ခုလောက် လိုချင်လို့ပါ။ (စွဲမက်ဖွယ်ပြုံးလျက်)

    ဂျင်မီ – ဟိုး .. နတ်သမီးလေး အတွက်ဆိုရင် အဆင်သင့်ပါပဲဗျာ။

    အမျိုးသမီး – အို .. ဘာပြောရမှန်းတောင် မသိတော့ပါဘူးရှင်။ ကျွန်မက ဖွင့်ပြောလိုက်ပြီး

    ရှင်ကသာ စိတ်မဝင်စားဘူးလို့ ပြောလိုက်ရင် ကျွန်မတော့ ရှက်လို့ သေမှာပဲ။

    ဂျင်မီ – အို .. မိန်းကလေးရယ် .. အဲဒီလိုတွေ မတွေးပါနဲ့။ မင်းအတွက်ဆို ဘာမဆို ဖြစ်အောင်
    လုပ်ပေးဖို့ အဆင်သင့်ပါပဲ။

    အမျိုးသမီး – ရှင်သိတဲ့အတိုင်းပဲလေ။ ကျွန်မ အမျိုးသား ခရီးသွားနေတာ သုံးပတ်လောက် ရှိပြီ။

    ဂျင်မီ – ဟုတ်ပါဗျာ၊ ဟုတ်ပါဗျာ။ (စိတ်လှုပ်ရှားတဲ့ လေသံဖြင့်)

    အမျိုးသမီး – တကယ်လို့ အိမ်မှာ သူရှိလည်း (ခဏကြာ ပြောလက်စကို ရပ်လိုက်ပြီး) သူက
    သိပ်ပြီး သန်စွမ်းတာ မဟုတ်ဘူး။

    ဂျင်မီ – အို ..မင်းဟာ သိပ်ကို သနားဖို့ ကောင်းတာပါပဲလား။ သူနဲ့နေရတာ မင်းအတွက် အရမ်း
    ခက်ခဲမှာပဲနော်။

    အမျိုးသမီး – ရှင်ကလေ သူထက်ပိုပြီး သန်စွမ်းမယ်ဆိုတာ ကျွန်မ ခန့်မှန်းမိပါတယ်။

    ဂျင်မီ – သေချာတာပေါ့ကွယ်။

    အမျိုးသမီး – ရှင်..ကျွန်မကို ကူညီ နိုင်မလားဟင်။

    ဂျင်မီ – ဟိုး။ အခုလား။ မင်းဘက်က အဆင်ပြေရင် ကိုယ့်ဘက်ကလည်း အဆင်သင့်ပါပဲဗျာ။

    အမျိုးသမီး – အိုး ..ဘုရားသခင် ကျေးဇူးပါပဲရှင်။ ဒါကြောင့်မို့ ရှင့်ဆီ ကျွန်မလာခဲ့တာပေါ့။ အိမ်က ပျက်နေတဲ့ ရေခဲသေတ္တာကြီးကို ဟိုဘက်လမ်းက ပြင်ဆိုင်ဆီ မပြီး သယ်ပေးပါလားရှင်။

    • ကြက်အူလှည့်

      June 14, 2013 at 10:59 am

      ကတောက်
      နွေးဒီး ညီး လင်ယူတာ နဲနဲစောဒွားဒယ်..
      အခု ဘုန်းကြီးတူမ သမ္ဗူလ တွေ ဈေးကောင်း သဒဲ့။

      • Yin Nyine Nway

        June 15, 2013 at 12:16 pm

        ဘာဈေးကောင်းတာလဲဟင် …
        လန့်ထှာအေ
        ဖြေးဖြေးလုပ်ပါဟ

  • ဇဂါး လွတ်

    June 13, 2013 at 2:57 pm

    ကိုကို စိုင်း က အဲဂလို ဂရုစိုက်လို့ကို ချစ်နေရတာ။
    အဟွတ်။

    (အဲလို အရှက်ပြေ ပြောရတယ်)

    စိတ်ထဲကတော့ ကနားဇီးကို …. !@#$%^&*())(*&^%$#@!
    :mrgreen:

    • ကြောင်ဝတုတ်

      June 14, 2013 at 1:33 pm

      ကိုကိုက ဘာလို့ ဆိုင်းထားရတာလဲ…
      ဘာတွေကျနေလို့ ဆိုင်းထားတာလဲဟင်…

      ခင်မင်လျက်-
      ဖက်ဖက်ကက်

      • ဇဂါး လွတ်

        June 14, 2013 at 1:53 pm

        ဂါး::::::::::::::::::::::::::
        စိုင်း ကို ပြောတာ။
        လူဂျီး သေချာမကြည့်ဘူး::။
        ဆိုင်း စရာလား:::::::::::::::::::::::: 🙁

      • ကြက်အူလှည့်

        June 14, 2013 at 2:25 pm

        စာသေချာဖတ်ပါ ကဖတ်ကတ်
        ကိုစိုင်းအောင်တင့်က သူ့ကိုပြောင်ရမလား ဆိုပြီး ဖြည်ချင်လို့
        ခညားကို လိုက်ရှာနေဒယ် ကဖတ်ကတ်ရေ…

        :mrgreen:

  • Wow

    June 13, 2013 at 2:58 pm

    အော်.. ဟန်းနီးမူးမှာ ခြေစွယ်ငုတ်ရှာတဲ့ဆွိ… ဟီးးးးးးးး
    အူးကျောက် အတော်ရင်ခုန်သွားပုံရတယ်… :harr:

  • Mon Kit

    June 13, 2013 at 3:06 pm

    ဟစ်.. ဟစ်..
    ဒီ ဗားရှင်း ကတော့ တစ်မျိုး..
    ခိုး ခိုး ခွစ် ခွစ် အသံ မထွက်အောင် ကျိတ်ရယ်ရတယ်.. အူနာတယ်အေ…
    :harr:

  • ဦး ကျောက်ခဲ

    June 13, 2013 at 3:15 pm

    တောက်စ်… ကျောက်ဂေါ်လီတစ်ရောက် ခပ်ပြင်းပြင်း တောက်ခေါက်လိုက်သည်…
    ဘယ့်နဲ့ဗျာ… ဒီတစ်ခါတော့ ညှီပြီဆိုပြီး ရင်တုန်ပန်းတုန်ဖတ်လာတာ…
    နောက်ဆုံးမှ မိဇာဂျီး ခြေစွယ်ငုပ်တာဖြစ်ရသတဲ့လား…
    ဟီ ဟိ… ဟားနီးမူးမှာ ကံကောင်းပါစေ မိဇာဂျီးရယ်…
    :harr:

    • ဇဂါး လွတ်

      June 13, 2013 at 3:28 pm

      ကတောက်!
      မနေ့ညက ကနားဇီးရယ် စကားအကောင်းတွေ လာပြောနေလို့ ထူးခြားပါတယ်လို့မှတ်တာ။

      အိပ်မက်တွေလည်း မကောင်းဘူးလို့။
      ခုတော့ …..
      ကျန်း:::::::::::::::::::::::::::::::
      ကိုယ့် အမ ၂ ယောက်လုံး ကို တစ်ရက်ထဲ အဟွာဖြစ် အောင်လုပ်ပလိုက်တာပဲ။

      အဟွာ = မင်းသမီး

      :mrgreen:

      • ဦး ကျောက်ခဲ

        June 13, 2013 at 3:38 pm

        ကနေ့ မင်္ဂလာရှိတယ်…
        မင်္ဂလာစကားလည်းကြားရ ရယ်စရာ ရင်သိမ့်တုန်လည်းဖတ်ရ…
        မန့်ချင်ရင် လူဟုတ်မဟုတ် သချာင်္တွက်ရတာလေး တစ်ခုပဲ…
        ဟီ ဟိ… “အဟွာ = မင်းသမီး” ဖြစ်သွားပြီဆိုတော့…
        ဂုဏ်ယူလိုက်ပါအေရယ်…
        :harr:

      • Wow

        June 13, 2013 at 5:51 pm

        ဒီနေ့က အဟွာလဲဖစ်ရ သင်ချာတွေလဲပေါင်းရနဲ့ ဘာဒွေမှန်းသိပါဝူးအေ… :mrgreen:

  • kyeemite

    June 13, 2013 at 3:39 pm

    တောက်စ်….ဒီကန္နားစီး စကူဒလိုင်ဘာ လူလည်လုပ်တာနှစ်ခါချိပီ 😆
    အရေးထဲ သချာင်္မတွက်လိုက်လို့ နှစ်ခါပြန်ခဲ့ရတယ်… 👿

  • lele kyi

    June 13, 2013 at 3:42 pm

    ၂ဝ ပါရှင့်။ ဂီဂီ က ဦးကျောက်ကို တော်တော် မကျေမချမ်းဖြစ်နေပါတယ်- ဦးကျောက်ကော်မန့်ဖတ်ပြီးထဲက။ အမှန်တော့ ဦးကျောက်နေရာ သူလူစားဝင်မလို့ ။ ဒေဝေါကြောက်လို့။

  • Mr. MarGa

    June 13, 2013 at 6:54 pm

    အဟိ အဟိ
    ခွိ ခွိ
    ဟီဟီဟိ
    ကနေ့ ရွာဂေါက်လို့ စိတ်ညစ်နေတာ အခုမှ ရယ်နိုင်တော့သကွယ်
    ပျော်ရွှင်ဖွယ် ဟန်းနီးမူး ဖြစ်ပါစေကွယ်
    :kwi:

  • uncle gyi

    June 13, 2013 at 10:34 pm

    အလျှောက်ကောင်းအထောင်းသက်သာ
    ခြေစွယ်ကယ်ပေလို့
    အထောင်းသက်သာသွားတယ်ဥူဥူ

  • အရီးခင်လတ်

    June 14, 2013 at 1:26 am

    That’s not a writing from inz@ghi the one who I knew well before.
    Just my thinking.

    • ကြက်အူလှည့်

      June 14, 2013 at 7:37 am

      il lato oscuro della Inz@ghi
      😛

  • Miss Crystalline

    June 14, 2013 at 9:57 am

    ဒီလောက်ခင်စရာကောင်းတဲ့ နာတို ့မမကြီးကို ဒီလိုနေရာမျိုးမှာမှ အဟွာတင်ရသလား ကမ်းနားဆီးရယ်.. ရက်စက်ပါ့ 🙁

    • ဇဂါး လွတ်

      June 14, 2013 at 10:25 am

      ဟုတ်ပါ့။
      ပြောလိုက်စမ်းဘာ ခရစ်(စ) လေးရယ်။
      ဒီ ရောက်ရင် ကမ်းနားမှာ ညစာလိုက်ကျွေးမယ်။ :mrgreen:
      ကနားဇီး လာတယ် ကြားရင် လေယာဉ်ကွင်းအထွက်ကနေ စောင့်ပြီး သရေကွင်းနဲ့ ပစ်မယ်။
      ခွိခွိခွိ။
      :mrgreen:

  • ခင် ခ

    June 14, 2013 at 10:55 am

    ကြက်အူလှည့်တို့ အခုတလော မပီကလာ ပီကလာ အရေးတွေနဲ့နော် ဒါဘဲပြောတော့မယ်။

  • Shwe Ei

    June 14, 2013 at 2:32 pm

    ဆွိ ဘက်က ချေပတဲ့ပို့စ် တပုဒ်လောက် ပြန်တင်ပါဗျို့…

    ဂလိုတော့ ဘာပြောပြော ငြိမ်ခံမနေဘာနဲ့… 😉

    မြှောက်ပေးခြင်းမဟုတ်…ကူကျပ်ပေးခြင်းသာဖစ်သည်…အဲလေ…မွှားကုန်ဘီ…ခိခိ

    • ဇဂါး လွတ်

      June 14, 2013 at 3:20 pm

      ခြေစွယ်ငုတ်နေလို့ မအားဘူး ပြာလေး။ :mrgreen:
      ကိုကို စိုင်းစိုင်းခမ်းလှိုင် လည်း ရှုတင်တွေနဲ့ မအားလို့။ :mrgreen:

      ပြန်မချေပရဲပါဘူး::::::::

      သူပြောကိုယ်ပြောနဲ့ သူ့ ကို နိုင်အောင် မရေးနိုင်ဘူး::: :mrgreen:

      မောင်ငယ်လေး ချစ်လွန်းလို့သာ ကိုယ့်ကို ဒီလို ရေးတာကို ကိုယ် က ဘာမှမဖြစ်သော်လည်း::::
      ကျုပ်ကို ဂလို ရေးလို့ရလား ဆိုပြီး ထင်ပြီး တခြားသူတွေကလည်း စော်တကား မော်တကား တွေ ရေးလာမှာတွေကို ကြောက်တယ်တော့။ 🙂 😉

  • cobra

    June 14, 2013 at 2:55 pm

    ဘာတွေ တင်နေမှန်းလည်း မသိဘူး
    သားက ကလေးပဲရှိသေးတယ်
    သိပ်ပြီးတော့ နားလည်တာမဟုတ်ဘူးရယ်
    နောက်ဆို ဒီထက်စိတ်ဝင်စားအောင်တင်ပါ
    ကနားစီး ရယ်…… 😛

  • kai

    June 14, 2013 at 3:02 pm

    ဒီစာတွေတော့.. အင်တာနက်ထဲ.. ကွက်ပျောက်ရိုက်… ခိုးခံရကိန်းမြင်တယ်..
    မြင်တယ်..

  • ရွှေတိုက်စိုး

    June 15, 2013 at 11:20 am

    အမလေး ကိုကိုအူ ရယ်…
    ပို.စ်ဖက်ရဒါ ရင်တုံ ပန်းးးးးးးတုံ ရှိလိုက်ထာအေ……………

    အဲဒါ ကိုကိုကျောက်ပြောပြထားတဲ့ ကမ်းခြေပုံပြင်လားဟင်…………ခွိခွိ…….
    ခြေသဲခွံညှပ်တာများ………. အဲလိုစကားဂျီးဒွေ ကျောရလားဟင်……. တစ်ခုခုတော့ တစ်ခုခုဘဲ……..

    • ဦး ကျောက်ခဲ

      June 15, 2013 at 11:34 am

      ဟီ ဟိ… ကိုရင်တိုက်
      စားရေရိက္ခာ စုံလင်စွာဖြင့် ပြုစုပါလျှင် ကမ်းခြေဇာတ်လမ်း ပြောပြပါမည်…
      စကားမြည်း…
      * မီးနီ…
      * ပွက်စိတ်…
      * ဆိုရေးရှိက…
      * လောကဓံ…
      * စောင်းကြိုး ရှိုက်သံ…
      :harr:

  • ဦးကြောင်ကြီး

    June 17, 2013 at 10:14 am

    အနာဆေးထည့်တာ ဂလောက် အော်ရသလား.. ဒီအတိုင်းဆို ခိုးစားဖို့ မလွယ်…..

Leave a Reply