စု-တု-ပြု

ムラカミJune 14, 20131min1779

၁၃ ရက်နေ့အတွက် လစ်မစ်ပြည့်နေသလို

၁၄ ရက်နေ့ မနက်မှာလည်း.

၁ မောနေ.    (ညက ဘိုးလင်း ပွဲရှိခဲ့တာရယ် )

၂) မူးနေ.  (ဘိုးလင်းပစ်ခဲ့ပီးတော့ သောက်ပွဲ ရှိတာကိုးဗျ)

၃) မွမ်းနေ ( အသက်ရှူ မဝဘူးခံစားရသဗျ ခုတလော ).

ထားပါဗျာ.  နက်ဖန်မနက်တော့ ကြိုးစားခြယ်မှုန်း ကြည့်ပါ့မယ်.

 

တော်သေးဘီ.

ခင်တဲ့

ဂီ

 

9 comments

  • lele kyi

    June 14, 2013 at 5:55 am

    ကျမ အကြိုက်ဆုံး ဂီဂီ ပို့စ်ခေါင်းစဉ်အတိုင်းပြောရမယ်ဆိုရင် CHANGE
    တစ်ခါတလေတော့လည်း မွမ်းကျပ်မှုတွေကရှောင်ချင်တော့ စနောက်ကြတာပါပဲလေ။

  • ကြက်အူလှည့်

    June 14, 2013 at 7:46 am

    ဘာရယ်မဟုတ် ကိုကေအေတီ ဆုံးတော့ …ဖဘပေါ်က အမျိုးတွေ တင်ပေးတဲ့ သူတခါ သေမလိုဖြစ်ပြီး
    ပြန်ကောင်းလာတုန်းက ရိုက်ထားတဲ့ ဖြစ်စေခဲ့သော လို့ အမည်ရတဲ့ အင်တာဗျူးနဲ့ သီချင်း တွေ
    ပြန်ကြည့်မိတယ် အဲ့ဒိမူဗီနဲ့ ဆက်စပ်လို့ပေါ့လေ Related links တွေ နှိပ်ကြည့်မိတာ ကိုငှက်ရဲ့
    အမှတ်တရ အစီအစဉ်ထွက်ကျလာပါရော.. ဘာတဲ့ ..မြို့ပြလရောင်တမ်းချင်း ဆိုတဲ့ သီချင်း..
    ငယ်တုန်းက ကျော်ကျော်ပြီးနားထောင်ဖြစ်ခဲ့တဲ့ သီချင်းဆိုပါတော့
    ဒီပိုစ့်ရေးရတာ အဲ့သည့် သီချင်းကြောင့် ဆိုပါတော့။

    အဲ.. ဒီပိုစ့် ကို ကျနော် ပိုစ့်အနေနဲ့ မဟုတ်ဘဲ Comment အနေနဲ့ ရေးဖြစ်မယ်ဗျ…
    ပိုစ့်ဆိုတာ အဆုံးသတ် မျဉ်းရှိတယ်မဟုတ်လား … ကောမန့်က ကျနော် အချိန်တိုင်း ဆက်ဖြည့်ရေးနေလို့ရတာရယ်
    ဘာကြောင့်လဲဆိုတော့ ကိုငှက် ဆိုတာက ကျနော့်အတွက်
    မဆုံးတဲ့သီချင်း

  • ကြက်အူလှည့်

    June 14, 2013 at 7:56 am

    “derivato” o “emulativo”
    တဲ့… ထွမ်…
    ဟောဒါ Wiki ကနေ ကူးလာတဲ့စာသား

    Some critics complained that his sound was still too “derivative” or “emulative”, comparing his compositions and arrangements to those of the Bee Gees or the Beatles.

    http://en.wikipedia.org/wiki/Htoo_Eain_Thin

    မြို့ပြ လရောင်တမ်းချင်း မူဗီထဲမှာလည်း ပရဲဇင်တာ က ပြောသွားတဲ့အထဲမှာပါရဲ့။
    ဘာတဲ့ ..တချို့ဝေဖန်ရေးဆြာတွေက ပြောတယ် ပေါ့နော.. ခင်ဗျားအသံက ပါးပါးလေး ဒါမျိုးတွေ
    ခင်ဗျားနဲ့ မလိုက်ဘူး ဘာညာ..
    ကျုပ်တော့ တခြားမပြောလိုဘူး နားထောင်ကြည့်ပါဗျာ သူရေးတဲ့ မြို့ပြ လရောင်တမ်းချင်း ကို

  • Mon Kit

    June 14, 2013 at 9:06 am

    ကိုငှက်ကြီး (ခ) ကို ထူးအိမ်သင် ရေးဖွဲ့ထားတဲ့တေးသီချင်း.. ကိုယ်တိုင်သီဆိုခဲ့တဲ့ သီချင်းအားလုံး မကြိုက်တာ မရှိသလောက်ဘဲ… အဲဒီထဲမှာမှ သူ့သမီးလေး မိကွန်ထောအတွက် ရေးဖွဲ့ထားတဲ့ ဖခင်မေတ္တာ ဖေါ်ကျူးတဲ့ သီချင်းလေး အရမ်းသဘောကျတယ်.. အကြိုက်ဆုံးဘဲ..
    ” ရင်မှာ စိမ့်စမ်းရေအလားxxx စီးဆင်းတဲ့ဒီမေတ္တာ xxxx ထာဝရ သမီးလေးအတွက်ပါ xxx တဲ့..
    :528:

  • lele kyi

    June 14, 2013 at 11:01 am

    ကိုငှက်သီချင်းတွေ လည်း ကျမရဲ့ငယ်ဘဝကိုတော်တော်စိုးမိုးဘူးတယ်။ အစ်ကိုအကြီးဆုံးက ကိုငှက် ခရေစီ
    အစ်ကိုလတ်ကတော့ဇော်ဝင်းထွဋ်ခရေစီ။ ပြီးတော့ ကျမတို့မောင်နှမတွေက အိမ်နဲ့ခွဲပြီးတနယ်တဝေးကျောင်းသွားတတ်ရတာဆိုတော့ ကိုငှက်ရဲ့အမေ့အိမ်ကတော့ ကျမတို့အတွက်လွမ်းစရာပဲ။ မြို့ပြလရောင်တမ်းခြင်းလည်း အတူတူပါပဲ။ ကျမတို့အတွက်မြို့ပြလူနေမှု အသိုင်းအဝိုင်းမှာ ဝန်းကျင်မှာတော်တော်နဲ့ နေသားမကျခဲ့ဘူး။ ဒါပေမဲ့ ကျမရဲ့ အိမ်မက်တွေ မပျောက်ခဲ့ဘူး။ ဒါပေမဲ့ ကျမအစ်ကိုနှစ်ယောက်ကတော့ အခုတော့ငြိမ်းချမ်းသောဘုံတနေရာမှာ။

  • Shwe Ei

    June 14, 2013 at 4:16 pm

    သေခြင်းရဲ့ တံခါးများ…ရှေ့မှာ…. သေခြင်းရဲ့ တံခါးများ…

    အနားမှာ…… သေခြင်းရဲ့ တံခါးများ……..

    တံခါးများ အသက်ရှင်ခွင့်ကိုပေး…..တံခါးများလဲ ပိတ်လိုက်ပါတော့….ဝူးးးးဟိုးးးး

    သများတော့ အိုက်သချင်းပိုကြိုက်နေတယ်…ခုတလော :mrgreen:

  • ကြက်အူလှည့်

    June 17, 2013 at 12:34 pm

    ကျုပ်ည က သက်ငြိမ် နားထောင်ပြီး အခု အူကြောင်ကြောင်ဖြစ်နေတယ်
    ကယ်ဂျဘာ…။

    • KZ

      June 17, 2013 at 12:40 pm

      အဲ့ သီချင်းကို ၄ တန်းမှာ စ နားထောင်ဖြစ်တယ်။
      နားမလည်ဘူး::::။
      နောက် နည်းနည်း နားလည်တော့ နားထောင်ရင်း မွန်းတယ်။ 🙁

      နာ့ အာရုံက သိပ်မကောင်းဘူး:::
      ကိုငှက် သီချင်းတွေကို တစ်ပုဒ်က ၂ ပုဒ် ဆက်တိုက် နားထောင်လို့မရဘူး::::::: 🙁

  • ကြက်အူလှည့်

    June 17, 2013 at 12:37 pm

    တခါက ဖြစ်ပါတယ်… ကိုဇာလျန်း နဲ့ ကိုငှက် စတူရီယိုမှာ အဝင်အထွက်တွေ့သတဲ့…
    ကိုငှက်ကပြောတယ် ..ကျနော် ဝင်ငိုလိုက်ဦးမယ်ဗျာ တဲ့..
    ကိုဇာလျန်းက (ဘေ့စ်လိုင်း ထပ်ပြီး ပြန်ထွက်လာတာ) သွားသွား ..
    တဲ့ ..နင့်အရင် ငါ ဘေ့စ်ဂီတာရီးနဲ့ ငိုထားနှင့်ပြီ တဲ့..။
    ကိုဇာလျန်း ဆိုတာ ဦးခိုင်ထူးရဲ့
    လိုရင်ယူသွားလေ မိန်းကလေးရေ ရှိတာတွေ အကုန်လုံးယူ…..။
    ရေးခဲ့တဲ့ အင်မတန် လူဂွစာ အနုပညာသမားစစ်စစ်ကြီးတယောက်ပေါ့ဗျာ။
    သမိုင်းမဝင်ပေမယ့် သမိုင်း တွင်နေမယ့် မြန်မာ့ အနုပညာကြယ် ၂ပွင့်ရဲ့
    ဖြတ်ကနဲ လက်သွားတဲ့ အခိုက်အတန့် ဆိုပါတော့..

    (ပြန်လာဦးမယ်)

Leave a Reply