ကျွန်မခံစားချက်

Khaing KhaingJune 14, 20131min27139

ကျွန်မက မန်းလေးမှာနေတာပါ ……..

ငါဒီနေရာကနေ တစ်ခြားနေရာတစ်ခုကို သွားချင်လိုက်တာ …..

ဟော … ဟိုမှာ ငါလိုက်လို့ရမယ့် သူတစ်ယောက် ငါသူနဲ့လိုက်သွားမယ် ….

ဟင် …. အသံတွေကို ငါကြားနေတယ် နေရာသစ်ပဲ ဒါပေမယ့် ငါဘာမှ မမြင်ရဘူး ….

ငါကြားနေတဲ့ အသံရှင်တွေကို မြင်ဖူးချင်လိုက်တာ …. မရတော့ ဘူးကွာ … ငါသူတို့ကို အရမ်းတွေ့ချင်တယ် … ငါအတင်းရုန်းထွက်လိုက်မယ် … ဟော … ငါအသံတွေရော … လူတွေရောမြင်ရပီ … ဒါပေမယ့် ဒီအသံရှင်တွေကို ငါမရင်းနှီးဘူး ငါရင်းနှီးတဲ့ အသံရှင်တွေ ဘယ်ရောက်ကုန်ပီလဲ ….

အာ …. ငါဗိုက်ဆာတယ်ကွာ … ငါ့ကို ဘယ်သူမှလည်း ဘာမှ မကျွေးကြပါလား ….

ဟာ … ငါကြားနေကြအသံရှင်တစ်ယောက်တော့ တွေ့ပီ …

အံမယ် သူက ငါ့ကို အစာတွေကြွေးတယ်ဟ ….

ငါ သိပ်မျှော်လင့်နေတဲ့အသံရှင်နောက်တစ်ယောက်ကျန်သေးတယ် …. သူက ငါ့ကိုဆို အမြဲစကားလာလာပြောနေတာ ခုသူဘယ်ရောက်နေလဲ မိုးလည်းချုပ်ပီ သူ့ကိုငါဘယ်လို ရှာရမလဲ ဘယ်အချိန်မှ သူနဲ့တွေ့မလဲ …. သိပ်မကြာပါ … ညနေစောင်မှာ ကျွန်မ သိပ်ကြားချင်တဲ့ အသံရှင်ရောက်လာပါတယ် … ကျွန်မအရမ်းဝမ်းသာသွားမိတယ် …. သူလည်း ကျွန်မကို တွေ့တော့ သိပ်ဝမ်းသာတယ် …

ဒီလိုနဲ့ကျွန်မကို အစာကျွေးတဲ့အသံရှင်ရယ် အမြဲတမ်းစကားလာပြောနေတဲ့ အသံရှင်ရယ် ပျော်ရွှင်စွာနေနေကြတယ် … ကျွန်မစိတ်ထဲ လိုနေတာတစ်ခုရှိတယ် …

ကျွန်မကို ဒီလောကထဲရောက်အောင် ပို့ဆောင်ပေးသူနောက်တစ်ယောက် သူ … သူကကော ….

ဒီလိုမျှော်လင့်ရင် တစ်နေ့မှာတော့ ကျွန်မကို အစာကျွေးတဲ့ အသံရှင်ရုတ်တရက်ပျောက်သွားတယ် … ကျွန်မအရမ်းဝမ်းနည်းတယ် … စိတ်လည်းတိုမိတယ် … အဲဒီအသံရှင်ဘယ်ရောက်သွားလဲ … သူက ကျွန်မနဲ့တကယ့်အရင်းနှီးဆုံးသူ အရင်ကဆို သူနဲ့ကျွန်မပိုပြီးအနီးကပ်နေရတယ် … သူဘယ်သွားသွား ကျွန်မပါတယ် ….. ခုတော့ ကျွန်မတစ်ယောက်တည်း ကျွန်မကို လာကျွေးတဲ့အစာတွေက မနူးညံ့တော့ဘူး … အရသာကလည်း မကောင်းဘူး … ကျွန်မအရမ်းမုန်းတယ် …. ကျွန်မနဲ့အရင်းနှီးဆုံးအသံရှင် ကျွန်မမျှော်နေတယ် ….. သိပ်မကြာပါဘူး … ညနေစောင်းတော့ နူးညံ့တဲ့ အစားအသောက်တွေကျွေးရင် သူကျွန်မဆီရောက်လာတယ် … အဲဒါ ကျွန်မ မေမေ ပေ့ါ ………

 

သမီးငယ်လေးကို သတိရလို့ သူ့ဘက်ကခံစားချက်ကို ပို့စ်အဖြစ်တင်လိုက်တာပါ …….

သမီးကြီးတုံးကလည်း သူဒီလိုပဲ ခံစားခဲ့ရတာပါ …..

 

ခင်မင်စွာဖြင့်

Khiang Khaing

39 comments

  • မင်းမင်း

    June 14, 2013 at 2:28 pm

    ကျနုပ်တွင် သားနှစ်ယောက်ရှိ၏။

    တမျိုးမထင်နဲ့နော် ဟီး

    ကြုံတုန်း ဝင်ကြွားတာ ဟီးး

    • Khaing Khaing

      June 17, 2013 at 12:27 pm

      အမ် …. ဘာလုပ်ရမှာဒုန်း …… သားရှင်တွေနှင့် အရောတဝင်မနေပါ ….

      • ကြက်အူလှည့်

        June 17, 2013 at 12:29 pm

        ကျေးဇူးကြီးပေ ဒို့မေမေ
        :mrgreen:

  • kai

    June 14, 2013 at 2:33 pm

    ကလေးပိပိကဘယ်အရွယ်ရောက်ပြီလဲ…
    အဲ.. လသားပဲပေါ့နော…။

    နေကောင်းကျမ်းမာရဲ့မဟုတ်လား..
    မတွေ့တာကြာလို့.. နှုတ်ဆက်တာပါ..။ :mrgreen:

    • Khaing Khaing

      June 17, 2013 at 12:29 pm

      သမီးငယ်လေးကို (05.04.2013) ရက်နေ့က မွေးဖွားပါသည် … ကလေးရောမိခင်ပါ ကျန်းမာပါသည် … 03.06.2013 မှစတင်ရုံးတက်ပြီး ဂေဇက်ကိုပြန်ဝင်ပါသည် … ယခုအချိန်တွင် ဦးနှောက်က သားရေးသမီးရေးတွေ အရမ်းရှုပ်ထွေးနေပါသောကြောင့် …….. စာတွေတော့ များများမဖတ်ဖြစ်သေးပါ ….

  • Ma Ma

    June 14, 2013 at 2:50 pm

    မွေးကင်းစ သမီးလေးနေရာက ခံစားပြီး ရေးထားတယ်ထင်ပါ့။
    ရွာပွဲမှာ နောက်တိုးမန်ဘာသစ်လေးလို့ စာရင်းမှတ်ထားလိုက်မယ်နောာာာာာာာာ :hee:

    • Khaing Khaing

      June 17, 2013 at 12:38 pm

      ဟုတ်ပါတယ် … မမ … သမီးငယ်လေးနေရာက ခံစားရေးထားတာပါ …. သူက နို့ဘူးမစို့ဘူး … အမေ့ကိုပဲ စောင့်နေတာ … သူမွေးပြီးကတည်းက သူ့အမကို သိတယ် … သူ့အမအသံကြားရင် သူက လိုက်ကြည့်တယ် … ဒါတွေကို ပို့စ်လုပ်တင်ထားတာပါ ……

  • Mon Kit

    June 14, 2013 at 3:36 pm

    ခိုင်ခိုင်ရေ…
    ပြန်လည်တွေ့ရတာ ဝမ်းသာတယ်နော်..
    မိသာစုအားလုံး ကိုယ်ကျမ်းမာ စိတ်ချမ်းသာကြပါစေလို့ ဆုတောင်းလိုက်တယ်နော်။။

    • Khaing Khaing

      June 17, 2013 at 12:45 pm

      ကျေးဇူးပါ …မမမွန်ကစ် …. မမရော နေကောင်းတယ်မှတ်လား ……

  • may july

    June 14, 2013 at 3:53 pm

    မတွေ့တာကြာပီ …. သမီးလေးပဲပေါ့နော် ..
    သမီးဆိုတော့ အမေ ရဲ့ အရိပ်လေးတွေပေါ့ ..
    ကလေးရော လူကြီးပါ ကျမ်းမာပါစေလို့ ဆုတောင်းလိုက်ပါတယ် .. 😆

    • Khaing Khaing

      June 17, 2013 at 12:47 pm

      အမေရဲ့အရိပ်ဆိုဒါထက် … အမေလိုပဲ တစ်နေ့မိခင်နေရာရောက်ရင် အမေလို ဒုက္ခခံရမှာ … အဲဒါတွေတွေး ပူနေမိတယ် …….

  • Novy

    June 14, 2013 at 4:11 pm

    သမီးရှင် အချင်းချင်းမို့ဂုဏ်ယူစွာနဲ့
    ခိုင်ခိုင့်ပြန်အလာကို ကြိုဆိုလိုက်ပါတယ်နော်

    နူးညံ့တဲ့ အစားအသောက်တွေကို ခိုင်ခိုင်က ရေခဲသေတ္တာထဲမှာထားပေးခဲ့လို့ရတယ်လေ
    ခိုင်ခိုင်တော့ နည်းနည်းပင်ပမ်းမှာပေါ့

    • Khaing Khaing

      June 17, 2013 at 12:51 pm

      အဲဒီလိုထားဖို့ မရှိတော့ဘူး မမနိုဗီရဲ့ … သူကညဘက်ရော မနက်မိုးလင်းမှာပါ အဝစားထားတာလေ … မနည်းကို စုနေရတယ် … မိုးလင်ရင်ကုန်ပီ … ဟိုတစ်လောကထားခဲ့တယ် … သူက နေ့ခင်း (၁၂) နာရီမှာနိုးတော့ အမေက စိတ်မသန့်လို့ မတိုက်တော့ဘူးတဲ့ ……

  • မောင် ပေ

    June 14, 2013 at 7:47 pm

    မီးပုံးပျံ နောက်တစ်လုံး အောင်မြင်စွာ လွှတ်တင်လိုက်ပြီပေါ့လေ
    ဝမ်းသာပါတယ်ဗျား

    • Khaing Khaing

      June 17, 2013 at 12:54 pm

      ဝမ်းသာနေရုံနဲ့မပီးဘူး ကပေရေ … ကိုယ်တိုင်လည်း သူများလို မီးပုံးပျံ လုပ်နိုင်အောင် ကြိုးစားပါအုံးတော် ….

  • ဝင့်ပြုံးမြင့်

    June 14, 2013 at 11:57 pm

    ရွာထဲမှာ ပြန်တွေ့ရလို့ ဝမ်းသာပါတယ် ညီမရေ။
    ခုလောက်ဆို ခလေးဝေယျာဝိစ္စတွေနဲ့ မောနေပြီပေါ့နော်။

    • Khaing Khaing

      June 17, 2013 at 12:58 pm

      ဆရာမရေ …. နေကောင်းပါတယ် ….. ဆရာမကလေးရော ဘယ်နှစ်လရှိပီလဲ … နေကောင်းပါတယ်နော် ကလေးရော လူကြီးပါ …….

    • Khaing Khaing

      June 17, 2013 at 1:00 pm

      ဟဲ့ … အပုမ မာမာမဟုတ်ဘူး … ခိုင်ခိုင်အေ့ …ညည်းကောဘာလေးမွေးမှာဒုန်း …… သားလေးဆို ငါနဲ့လာခေါ်နဲ့ …… ဒါပဲ ……

  • ခင် ခ

    June 15, 2013 at 10:40 am

    သင်၏ခံစားချက်ဖြင့်ရေးဖွဲ့ခြင်းတွင် မေတ္တာအရိပ်များလွှမ်းလေသောအခါ အေးမြဖွယ်ရာမိသားစုအဖြစ် ရှိပါစေသောဝ်။

    • Khaing Khaing

      June 17, 2013 at 1:07 pm

      ပေးတဲ့ဆုနဲ့ပြည့်ပါစေသော် …. လေးလေးခ

  • မာမီ …
    မတွေ့ဒါတောင် ကျာဘီ …
    တားဂ လွမ်းနေဒါ …
    မာမီ .. နေကောင်းလား …
    တာမီးလေးဒွေရော နေကောင်းလားဟင်င် … :mrgreen:

    • Khaing Khaing

      June 17, 2013 at 1:13 pm

      မောင်မောင်အံ … မာမီ မာမီနဲ့ ဘာမှလည်း မသိတတ်ဘူး … ယောက္ခမရှိခိုး သွားမကျိုးဒဲ့ … မှတ်ထား ….

  • Miss Crystalline

    June 15, 2013 at 4:50 pm

    အလုပ်တောင်ပြန်တက်နေပြီပေါ့အစ်မ… အစ်မရဲ့သမီးလေးကို အစ်မထက်ပိုအတွေ့အကြုံများတဲ့အမေ ကြည့်ပေးနိုင်ကပဲအစ်မအရမ်းကံကောင်းပါတယ်… သမီးနှစ်ယောက်ဆိုတော့ အမေအားကိုးရမှာပါ.. 🙂

    • Khaing Khaing

      June 17, 2013 at 1:15 pm

      အခုလောလောဆယ်တော့ ပျာယာတွေခတ်နေတာပဲ …….. အကြီးမလေးကတော့ နည်းနည်းအားကိုးရတယ် ….

  • padonmar

    June 15, 2013 at 8:33 pm

    ခိုင်ခိုင်ရေ
    ရွာထဲ မတွေ့ရတာ ၅လ ၆လဖြစ်ပြီနော်။ပြန်တွေ့ရတာ ဝမ်းသာလိုက်တာ။
    အူးလေးပင်လယ်ပျော့ ရော သမီးလေး ၂ယောက်ပါ ခေါ်ပြီး မိသားစုလိုက်လာပါနော်.
    ဗိုလ်တိုက်ပုတို့ မိသားစုနဲ့ ခုံလုရမယ်လေ။
    မိုးရွာရင်လည်း အမိုးအကာအောက်မို့ စိတ်မပူပဲ လာစေချင်ပါတယ်။

    • Khaing Khaing

      June 17, 2013 at 1:20 pm

      မမပဒုမ္မာရေ … မမပို့စ်ထဲမှာ ပြောပြီးပြီနော် …….

  • အလင်း ဆက်

    June 16, 2013 at 5:46 pm

    အဲ ခလေးငယ် သေးသေးလေးတစ်ယောက် ရဲ့
    ခံစားချက်

    ဖတ် ရတာ တမျိုး လေး
    ကျွန်တော် ငယ်ငယ်တုန်းက ရော
    ဒါမျိုး ပဲ လားးးးး

    ပြန်တွေး မယ်
    အင်းးးးးး
    ပြန် တွေးမယ်

    ကျွန်တော့် ခံစားချက် . . . . . . .

    😆

    • Khaing Khaing

      June 17, 2013 at 1:25 pm

      ပြန်မတွေးနဲ့ … ငယ်ငယ်က ရူးရူးတွေပေါက်ချ အီးအီးတွေ ဒီအတိုင်းပါချနဲ့ … တစ်ခါတစ်လေ အမေက မလုပ်နိုင်သေးရင် အီးအီးတွေကို လက်နဲ့ကောက်စား ဒါတွေလုပ်ခဲ့တယ် ……….

  • Ma Ei

    June 17, 2013 at 9:10 am

    ခိုင်ခိုင် ရေ…
    ရုံးပြန်တက်လို့ အိမ်မှာထားခဲ့ရတဲ့
    သမီးလေးဆီ စိတ်ရောက်နေတာကိုး…
    ဂဇက်မှာ မတွေ့တာကြာလို့ လွမ်းနေခဲ့တာ…
    နောက်ထပ်စာလေးတွေ မျှော်နေမယ်နော်….

    • Khaing Khaing

      June 17, 2013 at 1:26 pm

      စိတ်တွေကတော့ အခုလောလောဆယ် ကဆင့်ကလျားဖြစ်နေတာ …. ဘယ်လိုပြောရမလဲ …….

  • KZ

    June 17, 2013 at 9:38 am

    သမီးလေး ရဲ့ စိတ်ကို အငှါး ခံစားထားတာလေးပါလား:::: 🙂

    ခိုင်ခိုင်ရေ။
    အမေတစ်ယောက်က
    ကိုယ့်သမီးလေး အတွက် ထားတဲ့
    ခံစားချက်လေးတွေလည်း ဖတ်ချင်ပါတယ်။ 🙂

    • Khaing Khaing

      June 17, 2013 at 1:28 pm

      နောက်အလျင်းသင့်ရင်တင်ဦးမှာပါ … အခုတော့ သမီးငယ်ထက် သမီးကြီးလေးကို သနားမိတယ် ……

  • ဦးကြောင်ကြီး

    June 17, 2013 at 9:54 am

    ခံစားချက်
    နံပြားမှတ်
    ဖျံငါးတက်
    ဘဏ်နားရက်..

    • Khaing Khaing

      June 17, 2013 at 1:30 pm

      ဘဏ်နားရက် … ငွေထုတ်ဖို့ခက် …. ရေစုပ်စက် … ဝယ်ဖို့အတွက် … ဒါပေမယ့် … မီးမလာလို့ခက် ….

  • ယောင်းမ….နေကောင်းတယ်မို့လား..မတွေ့တာတောင်ကြာပီ… သမီးနှစ်ယောက်နဲ့ အလုပ်တွေ များနေတယ်ဟုတ်… :mrgreen:

    • Khaing Khaing

      June 17, 2013 at 1:31 pm

      ကောင်းပ … ယောင်းမရေ ………. တွေ့ကြမယ်လေ …..

  • ညလေး

    June 17, 2013 at 5:29 pm

    အဟီ မမခိုင် ပိုစ့်လေး ဖတ်ပြီးးး ဟိုဘက်က ငါးစိမ်းသည် ဗားးရှင်းးပိုစ့် မှာသွားပြီးးး သတိရမိတယ် တန်းတူအခွင့်အရေးနဲ့ပတ်သက်ပီးတော့ပေါ့ ့အတွေးးးများးးစွာာာဖြင့် ့

  • ko six

    April 10, 2016 at 1:17 am

    အမေ့ကို ပိုချစ်မိလာပါတယ်

Leave a Reply