မိုးသည်းထဲမှာ….

Mr. MarGaJune 14, 20131min33930

 

အပြင်မှာ မိုးတွေက သည်းသည်းမည်းမည်း ရွာနေသည်။
အိမ်ရှေ့ ဝရန်တာမှာ ကော်ဖီတစ်ခွက်ချပြီး ထိုင် ငေးနေသည်မှာလဲ မိုး စ ရွာကတည်းကပင်။
မိုးက တဖြည်းဖြည်း ပိုလို့ပိုလို့ သည်းလာ၏။
မိုးရွာတိုင်း တစ်စုံတစ်ယောက်ကို သတိရမိတာ ဟိုအရင်ကတည်းက။
မိုးနဲ့ပဲ စတွေ့ပြီး မိုးနဲ့သာ လမ်းခွဲခဲ့ရတာမို့ မိုးရွာတိုင်း သတိရတာ မဆန်းလို့ပင် ဆိုနိုင်သေးသည်။
အခုထိ မမေ့နိုင်သေးတဲ့ ကိုယ့်ကိုယ်ကိုလဲ မချင့်မရဲ ဖြစ်နေကျ။
တကယ်ဆိုရင် မေ့သင့်တာ ကြာပြီကိုး။
ထိုင်နေရင်း အတွေးတွေက ထိန်းမနိုင် သိမ်းမရ အတိတ်ကို ပြန်သွားပြန်ချေပြီ။
ဟိုး……………..လွန်ခဲ့တဲ့ မိုးသည်းနေ့လေး တစ်နေ့မှာပေါ့……………..
ညကတည်းက သည်းသည်းမည်းမည်း ရွာနေသည့်မိုးက မနက်လင်းသည့်တိုင် တိတ်ဖို့ အစီအစဉ် ရှိဟန်မတူသေး။
သူ့ကို ရက်ဆက် ကျိန်ဆဲထားလို့ အငြိုးနဲ့ ရွာနေသလားတောင် အောက်မေ့ရသည်။
မန်းသားတွေကလဲ မိုး မရွာရင်သာ ပူတယ်အိုက်တယ် ညည်းတတ်ပေမင့် မိုး သည်းပြန်တော့လဲ အိမ်မှာသာ ကုပ်လို့ နေတတ်သူတွေကိုး…။
အခု မိုးက ညကတည်းက မတိတ်သည်မို့ မနက်ခင်းသာ ရောက်လာသည် လမ်းပေါ်ထွက်သူ နည်းနေဆဲ။
ကိုယ်တိုင်လဲ အိပ်ယာထဲမှာ အေးအေးဆေးဆေး နှပ်ချင်ပေမယ့် ကျောင်းမှာ စာမေးပွဲရှိသည်မို့ မဖြစ်မနေ သွားမှ ဖြစ်မယ့် အခြေအနေ။
မိုးကလဲ တိတ်မယ့်ပုံက မပေါ်သေး။
မသွားလို့လဲ မဖြစ်သည်မို့ မထချင်ထချင် ထကာ ကျောင်းသွားရန် ပြင်ဆင်ရတော့သည်။
စိတ်ကတော့ သိပ်မပါတာအမှန်။
ကံကောင်းစွာနဲ့ အဲဒီအချိန်မှာ မိုးက စဲသွားသည်။
မိုးစဲတုန်း ကျောင်းကို အပြေးအလွှား ရောက်အောင်သွားရတော့သည်။
ကျောင်းကို ရောက်လို့ စာမေးပွဲဖြေပြီးသောအခါ လူက အပျင်းဓာတ်ကလေး နည်းနည်းဝင်လာသည်။
စ ကတည်းက ကျောင်းကို လာချင်တာမဟုတ်သောကြောင့် ကျောင်းချိန်မပြီးခင် လစ်လေတော့သည်။
မိုးသည်းထဲမှာ အေးအေးဆေးဆေး လမ်းလျှောက်ချင်သောကြောင့် ရှိသမျှ စာအုပ်အားလုံးကို ကျောင်းမှာထားခဲ့ကာ ထီးကလေး လက်မှာဆွဲလို့ လမ်းလျှောက်ပြန်ခဲ့သည်။
အချိန်ကလဲ ရနေသည်မို့ ခြေရှည်ကာ ပိုဝေးသောလမ်းကို ရွေးလို့ အိမ်ပြန်ခဲ့လေသည်။
အဲဒီ အချိန်မှာပဲ………….
သူ့ကို စ တွေ့ခဲ့လေသည်။
လမ်းဘေးက အိမ်တစ်အိမ်မှာ ခုံကလေးကို ဘေးချကာ အေးအေးဆေးဆေး စာဖတ်နေသော မိန်းကလေးကို လမ်းပေါ်မှာ ဟိုကြည့်သည်ကြည့်နှင့် လျှောက်လာသောသူတစ်ယောက် မြင်မိတာ မဆန်းပါ။
ဆန်းသည်က ထို အသား မဖြူမညို ဆံပင် ဂုတ်ဝဲ နှင့် မိန်းကလေးသည် ကျွန်တော့်မျက်စိထဲမှာ ချက်ချင်း စွဲသွားခြင်း ဖြစ်ပေသည်။
သူကတော့ သိဟန်မတူ စာသာ ငုံ့ကာ ဖတ်နေ၏။
သည် သကောင့်သားကတော့ ထိုအိမ်ကို အသေအချာမှတ်ကာ နောက်ရက်မှစ၍ စုံစမ်းရေး ဆင်းလေတော့သည်။
ထို မိုးသည်းနေ့ကလေးသည်ကား ကဗျာမဆန်၊ ဘာမဆန်နှင့် သူ့ကို စတွေ့သောနေ့ရက်အဖြစ် မှတ်တမ်း ဝင်သွားလေတော့သည်။
ထိုသို့ဖြင့်
မိုးရာသီ တစ်လ ကုန်လေသောအခါ သူငယ်ချင်းအဆင့်သို့ ရောက်ရှိသွားလေသည်။ (တစ်လ ကြာတာတောင် သူငယ်ချင်းပဲ ရှိသေးတာတော့ ဒီအကောင် လက်နှေးတယ် ပြောရမယ်ထင့်)
သူ့အကြောင်းလေးတွေကိုလဲ တဖြည်းဖြည်း သိရှိ၊ မှတ်သားကာ စကားပြောဖက်၊ ငြင်းဖော်ငြင်းဖက် တစ်ယောက် တိုးလာလေတော့သည်။
တိုက်ဆိုင်စွာနဲ့
သူသည်လဲ စာအုပ်တွေကြား ခေါင်းထိုးကာ ပတ်ဝန်းကျင်ကို မေ့နေတတ်သူ၊ တစ်ခါတစ်ရံ အဖော်ကောင်းပါက အနည်းငယ် ပေါတောတောဆန်သည့် အပြုအမူများကို လုပ်တတ်သူ ဖြစ်နေလေသည်။
များမကြာမီ
စာအုပ်တွေ အလဲအလှယ်လုပ်ဖတ်ရင်း…………..စရင်း၊ နောက်ရင်းဖြင့်
နောက်တစ်ဆင့်သို့ အောင်မြင်စွာ တက်လှမ်းရောက်ရှိ သွားပါလေတော့သည်။
ထိုအဆင့်သို့ ရောက်ရှိရန် နည်းဗျူဟာ သုံးမျိုး အသုံးပြုလိုက်ရလေ၏။
ချစ်သူဘဝ ရောက်လာသည့်အခါဝယ် သူများတွေနှင့် မတူသည်ကတော့ ဆုံကြသည့်၊ သွားကြသည့် နေရာတွေက စာအုပ်ဆိုင်များနှင့် စာကြည့်တိုက်များ ဖြစ်နေခြင်းပင်။
မိုးစက်များကြားမှာ ချစ်သူဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းရင်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နှင့် တစ်နှစ်တင်းတင်း ပြည့်ခဲ့လေသည်။
ချစ်သူဘဝဝယ် ထပ်ကာ သိလာရသည်ကတော့ သူသည် အနည်းငယ် ကလေးဆန်သည် ဆိုသည့်အချက်ပင်။
ထိုအချက်ကပင် အလွမ်းများစွာကို ယူဆောင်လာမည် ဆိုသည်ကိုတော့ ထိုစဉ်က စိုးစဉ်းမျှ မသိခဲ့ပေ။
တကယ်တမ်း ကွဲကြတော့လဲ ဘာမှမဟုတ်သည့် အချက်ကလေးသာ…………..
အချစ်…ဆိုသည်ကို အဓိပ္ပာယ် ဖွင့်ကြရာမှ ကွဲလွဲလာသော အချက်ကလေး တစ်ချက်က နှစ်ယောက်လုံးအတွက် အဖုအထစ် ဖြစ်စေခဲ့လေသည်။
အဓိက အမှားကား…………………
ကလေးဆန်သူ သူ့ကို အလျှော့မပေးဘဲ ခေါင်းမာမာနှင့် ခံငြင်းမိခြင်းသာ ဖြစ်ပေတော့သည်။
ထိုအချက်ဖြင့်ပင် မည်သို့မှ ညှိမရဘဲ ညောင်ညိုပင်လမ်းမှာ ခွဲခွာရလေတော့သည်။
မှတ်မှတ်ရရ
ထိုနေ့က မိုးရွာသည်။
သည်းသည်းမည်းမည်း ရွာလေသည်။
ထို့အတွက်
ကျွန်ုပ် ဒုတိယအကြိမ် မိုးသည်းထဲ လမ်းလျှောက်မိပြန်လေတော့သည်…………………………………
“ဟဲ့ ဟိုအကောင် ဒါလောက် ညနက်နေပြီကို အဲဒီမှာ ဘာထိုင်လုပ်နေလဲဟင်၊ တစ်ညလုံး သွေးလှူချင်လို့လား”
ထိုအခါမှ ပတ်ဝန်းကျင်ကို သတိပြန်ဝင်လာမိတော့၏။
မိုးကား တိတ်လို့ နေချေပြီ
အချိန်လဲ လင့်နေပြီမို့ အိပ်ယာထဲဝင်ကာ အိပ်စက်ခြင်းအမှု စတင်ပြုလိုက်လေတော့သည်……………….
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)

*************************************

ရေးတုန်းကတော့ drama ပဲ။ ရေးရင်းနဲ့ အဲသလို ဖြစ်သွားတယ်ဗျို့  :mrgreen:

30 comments

  • ဦး ကျောက်ခဲ

    June 14, 2013 at 7:35 pm

    အင်း… ဂျေညီညီရဲ့…
    “ဒီမိုး.. ဒီမိုး.. ဒီမိုးသည်းတဲ့ နေ့တွေ…ဒီမိုး.. ဒီမိုး.. ဒီမိုးသည်းတဲ့ ညတွေ” လို့ပဲ ဆိုရမလား…
    နာမည်ကျော် A-HA ရဲ့…
    “I’ll do my crying in the rain…” လို့ပဲ ညည်းရမလား…
    သေချာတာတော့ အဲသည် “မိုးသည်း” တွေက လွမ်းစေဖူးတယ် ဘဝတွေဖျက်ဖူးတယ်…

    • Mr. MarGa

      June 14, 2013 at 8:20 pm

      လွမ်းစေတာကတော့
      ပူပူနွေးနွေး မနေ့ညက အလွန် လွမ်းလိုက်ရတယ် (ဆိုင်ကယ်မောင်းရင်း ဟီဟိ)
      ဘဝတော့ ပျက်သေးဘူး ဦးကျောက်ရေ
      မိုးသည်းညတွေ၊ နေ့တွေကတော့ တကယ် လွမ်းစရာ ကောင်းလွန်းနေသဗျာ

  • ဇဂါး လွတ်

    June 14, 2013 at 7:41 pm

    လူပျိုကြီးရဲ့ သီချင်းခေါင်းစဉ် ယူသုံးတဲ့ အတွက် အိုင့် ကို ကော်မရှင်ပေးပါ။ :mrgreen:
    တစ်စုံတစ်ယောက် အတွက် လည်း အိုင့် ကို မူပိုင်ခွင့်ပေးပါ။ :mrgreen:
    ဒါနဲ့ စကားမစပ် …….
    ဒါလေးက မိဗုံပြောတဲ့ ဘုရားကြီးနားက အအေးဆိုင်က ကောင်မလေးလား ဟင်)))))))))))))))))
    :kwi:

    • Mr. MarGa

      June 14, 2013 at 8:24 pm

      အင်
      တစ်စုံတစ်ယောက် ကိုလဲ မူပိုင်ခွင့်ပေး
      သီချင်းခေါင်းစဉ်လဲ ကော်မရှင်ပေး ဆိုမှတော့
      ကုန်ရောပေါ့
      ပေးဝူးဗျာ
      အောက်ဆုံးက စကားကိုတော့
      NO COMMENT :mrgreen:

  • မောင် ပေ

    June 14, 2013 at 8:08 pm

    ိမိုးသည်း
    ဖိုးဆွဲ
    ရိုးထဲ
    တိုးမြဲ
    ကျိုးလွဲ
    ဆိုးဘဲ
    ခိုးနဲ

    • Mr. MarGa

      June 14, 2013 at 8:25 pm

      ခိုးနဲ
      ဆိုးဘဲ
      သူခိုးကွဲ
      ဂျိုးပြဲ :mrgreen:

  • Shwe Ei

    June 14, 2013 at 8:58 pm

    ဟက်ပီး အန်းဒင်းလေး ဘာလေးများ ရေးပါတော့လားအေ :byae:

    မကျေနပ်သေးဝူး….နောက်တပုဒ် ကို နောက်ထပ်ကောင်မလေး တယောက်နဲ့ ဟက်ပီးအန်းဒင်း ဖြစ်အောင်ရေးအုံး… :mrgreen:

    • Mr. MarGa

      June 15, 2013 at 11:46 am

      လာမယ် လာမယ်
      နတ်သမီး တစ်ဖက်တစ်ထောင်ထဲက ရွေးလိုက်ဦးမယ်
      မျှော်စေသဒီး………… :mrgreen:

  • lele kyi

    June 15, 2013 at 5:43 am

    မိုးရာသီကိုချစ်တယ်။ မိုးရေထဲမှာလမ်းလျှောက်ရတာ။ မိုးစက်မိုးဖွားတွေအောက်မှာပြေးရတဲ့အရသာအရမ်းလွမ်းဖို့ကောင်းတယ်။ ငယ်ငယ်ကပုဇွန်လုံးဖမ်းဖူးတယ် လယ်ကွင်းထဲမှာ။ 🙂
    မိုးသည်းသည်းရွာရင်ကျောင်းမတတ်ရတော့ဘူး။ ရေတွေကြီးလို့။
    ပိုစ့် ရဲ့ ရသ ကိုလာဖျက်သွားပါသည်။ 🙂

    • Mr. MarGa

      June 15, 2013 at 1:46 pm

      ရှိသေးတယ်
      မိုးရွာရင် အိမ်နောက်မှာ ဖားတွေပေါတယ်
      မိုးရွာရင် တို့ မန်းမှာ လမ်းတွေ ပျောက်တယ်
      ိမိုးရွာရင် ကျောင်းက ဘောလုံးကွင်း ရေတွေဖွေးတယ်
      မိုးရွာရင် အိမ်မှာ နှပ်ရတာ အကောင်းဆုံး :mrgreen:

  • Myo Thant

    June 15, 2013 at 9:46 am

    ကျုပ်ကတော့ ဘာမိုးမှ မကြိုက်ဘူး ၊
    ရွာတဲ့မိုးကော လူဟုတ်တဲ့မိုးကော
    မိုး ဆိုတာနဲ့ ဆောရီးပဲ
    မိုးများရင် အမ်အိုင်စီတီမှာ ရေကြီးတတ်လွန်းလို့ 🙁

    • Mr. MarGa

      June 15, 2013 at 2:01 pm

      ဒါဆိုလဲ
      လှေကလေး……..ကို….လှော်….မည် ပေါ့ဗျာ
      ပျော်ပျော်ပါးပါး လှေလှော်ရင်း သွားကြစို့လား
      :mrgreen:

  • အလင်း ဆက်

    June 15, 2013 at 10:37 am

    မိုးသည်း ထဲ ဘာ များ ဖစ်သဒုံး ဆိုပြီး ဖတ် ရှုခံစား သွားပါ ကြောင်းး
    အများ နှင့် မတူ စာကြည့်တိုက် တွေ ဘာတွေ သွား ကြ သော ချစ်သူ တို ့အိ
    ဇာတ်လမ်း က လေး ကြောင့် ရသ ကို ခံစား ရရှိပါ ကြောင်းးး
    ထို မျှလောက် ရသ မြောက် အောင် ရေးသား နိုင် လျှင် ဖြင့်
    ကဗျာ ပြခန်း ထဲမှာ
    အူးမာဂ အိ ကဗျာ များ လည်း ပါ ဝင် လာဖို ့
    မျှော်လင့် ချက် ရှိ ပါ ကြောင်းးးးး

  • :byae:

    တဂျားရယ်..အိုက်လို ဇာတ်လမ်း ချိဂဲ့တာလား.. ချိတ်မကောင်းဝူးကွယ်…လာ… နိုနဲ့… နိဂို အအေးဝယ်တိုက်မယ်… အအေးဆိုင်တွားမယ်…. :mrgreen:

    • may july

      June 15, 2013 at 11:07 am

      မိုးများများရွာတော့မှ တွားနော် … အအေး သောက်ပီး ပို လွမ်းလို့ကောင်းအောင် .. 😆

      • Mr. MarGa

        June 15, 2013 at 2:13 pm

        နွေးနွေး ထွေးထွေးနဲ့ လွမ်းချင်လို့
        ကော်ဖီပဲ သောက်မယ်ကွယ်

    • Mr. MarGa

      June 15, 2013 at 2:04 pm

      မိုးအေးအေးမှာ အအေးဆိုင်သွားမှတော့ ဖီလင် ပို အောက်တာပေါ့
      ကော်ဖီဝယ်တိုက် ဒါဗျဲ
      😆

  • အဟမ်းး ဟမ်းး
    (ကဗျာ ရွတ်သံ) :mrgreen:

    မိုးစက်လေးတွေ
    တဖွဲဖွဲ ကျနေသည်။
    ဒီနေ့ သူ့ကို စတွေ့သည်။

    မိုးက တဖြည်းဖြည်းနဲ့
    ပိုလို့ သည်းလာသည်။
    သူ့ကို ချစ်ခွင့်ပန်ပါသည်။

    မိုးက လေနဲ့ ရောပြီး
    သည်းသည်းမဲမဲကို ရွာသည်။
    သူနဲ့အတူ အပျော်ကြီး ပျော်ဖြစ်သည်။

    အခုတော့ …
    မိုးလည်း စဲသွားပြီ …။
    သူနဲ့လည်း ကွဲသွားခဲ့ပါပြီ …။

    ဘာမွှ မီဟုတ်ဝူးးးး
    နင့် မိုးဆိုတာကို တွေ့လို့မို့ …
    ဒါဘာဗျဲစ် …။

    • Mr. MarGa

      June 15, 2013 at 2:06 pm

      ပထမဆုံး ပြောချင်တာက
      အဲဒီကဗျာကို ကြိုက်တယ်
      ကဗျာပြခန်းအတွက် မ ချင်တယ်
      တိုနေတယ် ထင်လို့
      နောက်တစ်ပိုဒ်လောက် ဆက်ရေးပေးဦး
      ဟီဟိ

  • သူကလေး

    June 15, 2013 at 11:18 am

    အောင်မလေး သကြားလေးရယ်
    နာ့မှ ရင်တထိတ်ထိတ်နဲ့ ဖတ်လာသမျှ ပီးတော့လည်းပီးသွားတာပါလားလို့
    နောက်တစ်ခါ နည်းနည်းရှည်ရှည်ရေးအေ …
    ဒီဇာတ်ကွက်မျိုးလဲမဆိုးပါပု 😀

    • Mr. MarGa

      June 15, 2013 at 2:10 pm

      ရှည်နိုင်ဘူး
      အဲသလောက် မဆွဲချင်ဘူး
      ရေးရမှာ ပျင်းတယ်
      ဒါဗျဲ :mrgreen:

      • သူကလေး

        June 15, 2013 at 2:42 pm

        ပြောချင်ဒဲ့ သဘောက ကျုပ်ကအတော့ အတင်းကာရောဆွဲနေသလိုဆိုပါဒေါ့
        ဟင်း မိသကြားနော် .. ပြောချင်ဘူး ဒါဘဲ

        • Mr. MarGa

          June 16, 2013 at 1:33 pm

          တစ်အချက် ရေးရမှာ ပျင်းသည်
          နှစ်အချက် မရေးနိုင်
          သုံးအချက် အဲသလောက် စိတ်ရှည်သူ မဟုတ်
          လေးအချက် အစသာဆွဲထုတ်တတ်ပြီး အဆုံးမသတ်တတ်သူ ဖြစ်သောကြောင့် :mrgreen:

  • ဗုံ ဗုံ

    June 15, 2013 at 11:21 am

    (ကလေးဆန်သူ သူ့ကို အလျှော့မပေးဘဲ ခေါင်းမာမာနှင့် ခံငြင်းမိခြင်းသာ ဖြစ်ပေတော့သည်။)
    နင်မှားတယ်သဂျား.. မိုးတွင်းကြီးကို နင်က ဒိန်ချဉ်ရောင်းချင်တာ…သူကဝမ်းပျက်ဝမ်းလျှောဖြစ်မှာစိုးလို့ မရောင်းချင်ဘူး…ပြီးဒေါ့နင်က အအေးခွက်ထဲကို မိုးရေကရောချင်သေးတာ.. နင်အကျင့်ပုတ်လို့ ပြတ်သွားတာ အခုမှလွမ်းမနေပါနဲ့ဟယ်…. နင်မရှိမှ ဆိုင်ကပိုရောင်းကောင်းတယ်ဆိုလား… သီချင်းသာဆိုနေလို်က်တော့ အတိတ်မှာလည်းမိုးသည်းဖူးတယ်..အတိတ်မှာလည်းမိုးသည်းဖူးပါတယ်…. :harr: :harr:

    • Mr. MarGa

      June 15, 2013 at 2:11 pm

      မှားမှား မှန်မှန်
      ပြီးတာက ပြီးပြီ
      ဘာမှ လာမပြောနဲ့တော့
      ဒါဗျဲ :mrgreen:

  • padonmar

    June 15, 2013 at 9:44 pm

    သိကြား
    ဒါ သူ့ကို စာနဲ့ ပြန်ချော့တာလား။

    • Mr. MarGa

      June 16, 2013 at 1:35 pm

      ဒေါ်လေးရေ
      နတ်သမီးတွေ ဒလောက်များနေတာ ချော့ပါဝူး 😆
      မိုးညတစ်ညမှာ မိုးသည်းထဲက ထွက်လာတဲ့ ဦးမာဃရဲ့ ကီးဘုတ်ပေါ်က စာသားများသာ ဖြစ်ပါကြောင်း :mrgreen:

  • ဦးကြောင်ကြီး

    June 17, 2013 at 10:48 am

    မိုးသည်းထဲမှာ
    သိုးမည်းဆွဲကာ
    ပျိုးကြဲပဲညှာ
    ဆိုးရဲဘဲနာ..

Leave a Reply