ကျွန်မ၏ လယ် (သို ့) အမေပေးတဲ့လယ်တစ်ကွက်

ရာမညJune 16, 20131min30736

တစ်ခုသောမိုးစွေသည့်နေ ့၌………
ကျွန်ုပ်တာဝန်ကျရာ မြု ့ိနယ်၏ အစွန်အဖျားဆင်ခြေဖုံးတွင်နေထိုင်သော လက်လုပ်လက်စားလူတစ်စုသည်
ဆူညံစွာပြောဆိုအော်ဟစ်၍ ကျွန်ုပ်၏ ရုံးခန်းရှိရာသို ့ဦးတည်ပြီး လာနေသည်ကိုတွေ့ရလေသည် ။
ထို ့နောက် ရုံးခန်းထဲသု ့ိ ဝင်ရောက်ပြီးလျှင် သူ ့ထက်ငါ အလုအယက် တိုင်တန်းလေတော ့၏ ။ထိုသူတို ့၏
တိုင်ချက်မှာ လင်မယားရန်ဖြစ်သောကြောင့်ပြောဆိုမှုများအား ဖြေရှင်းပေးရန်ဖြစ်လေတော ့သည်။
ကျွန်ုပ်မှာ လွန်စွာ စိတ်ညစ်သွားလေရာ ဂတ်စာရေးကြီးအား လွှဲပေးလိုက်ရလေ၏ ။

ထိုသုတို ့၏ အပြန်အလှန်စွပ်စွဲသော တိုင်ချက်များကို မူရင်းအမှုတွဲအတိုင်းတင်ပြလေသော် ပျင်းရိငြီးငွေ့ဖွယ်
ဖြစ်သဖြင့် ထိုသူတို ့၏လေယူလေသိမ်းအတိုင်း ခန့်မှန်းရေးသားတင်ပြလိုက်ပါရစေ …..
မည်သူ ့ကိုမျှ ရည်ရွယ်သည်မဟုတ် ဟုလည်းနားလည်သဘောပေါက်စေချင်ပါသည် ။

###################################################

” ဟေ ့.. ဒီမှာ ….မင်းတို ့မိန်းမတွေက ဒီမိုကရေစီဖြင့် ရလားမရလားမသိသေးဘူး … အိမ်မှာ အခွင့်အရေးယူ
လွန်းနေတာတော ့ မျက်စိနောက်လာပြီကွ ။ဘယ့်နယ်ကွာ … နေရာတကာ လူ ့အခွင့်ရေး လူ ့အခွင့်ရေးနဲ့ ခွါတွေ
လျှာတွေ လာတိုင်းနေတယ် … မြဲမြဲမှတ်ထားကွ သုံးတောင် ဝတ်မိန်းမနဲ့ အတောင်နှစ်ဆယ်ဝတ်ယောက်ကျား
ဆိုတာ ဘယ်နားမှ မတူဘူးကွ …လာမလုပ်နဲ ့…ဟင်းးးးးး ”
” အော် .. အဟော် ဟော် … ဖြစ်ရလေကိုမောင်တုတ်ရယ် …ဟောဒိမှာ သေသေချာချာကြည့် ..!!
လက်ပွတ်တာ (လပွတ္တာ) တင်တင်ဂျီး ဆိုဒဲ့ မုန်ဟင်းခါးဆိုင် ဖြစ်လာတာ ဘယ်သူလုပ်လို ့လဲ … ဒီအိမ်မှာ ….
နေ ့နေ ့ညည တော်တို ့သားအဖတွေ မြိုဖို ့ဆို ့ဖို ့ ရှာကျွေးနေရတာ ဘယ်သူလဲ.. အိမ်အလုပ်လေး နဲနဲ လောက်
ခိုင်းလိုက်တာနဲ့ အသံကြားရပြီ …အံ့ပါ့တော်…”

“အောင်မာ…ဘာပြောတယ်မိတင်ဂျီး … နင့်လက်ပွတ်တာ ဖြစ်လာအောင် ဘယ်သူက အရင်းအနှီးထုတ်ပေး
ခဲ့ရတာလဲ …. ငါတစ်သက်လုံးရှာကျွေးနေတာကို ဇိမ်ခံနေပြီး အခုမှအလုပ်လေး ဘာလေးဖြစ်လာတော ့ မာန်
တက်နေသေးတယ် !! ပြောစမ်းဘာဦး … နင့်အရင်းအနှီးက ဘယ်နှပြားပါလို ့လဲ ကောင်မရဲ ့”

” ဟဲ ့! !! သောက်ကောင်စုတ် ရဲ့ … ငါ့မှာ အမေ ပေးတဲ့ လယ်တစ်ကွက် အမွေရပြီးသား ဟဲ့ … မသုံးချင်လို ့ ဟင့်!!
ဒီမှာ … ကျုပ်တို ့မိန်းမတွေလာမနှိမ်နဲ့ မွေးကတည်းကအရင်းအနှီးပါပြီးသား ဟဲ့ .. နင်တို ့လို သူများကျွေးမှပေးမှ
စားရတဲ့ ကောင်တွေမဟုတ်ဘူးးးးးး ဟဲ့ ့! !!!! ”

“အောင်မာ ..အောင်မာ … ဒီမိန်းမ လာ လာချည့်သေး… အဲဒါ နင့် လယ်ကွက်မဟုတ်တော ့ဘူး ဟဲ ့ … ငါပိုင်တဲ့
လယ်ဖြစ်သွားပြီ .. စိုက်ချင်သလိုစိုက် ပေးချင်တဲ့သူပေးလို ့ မရတော ့ဘူးဟဲ့ ကောင်မရဲ့ ့ ….! ငါပိုင်တဲ့လယ် ..
ငါ့သဘော …. အေးးး ဒါပေသိ တစ်ခုတော ့ပြောလိုက်ဦးမယ် …. နင့်လယ်က မိုးမမှန် မြေမပြင်နဲ့ သုံးထားတာ
ကြာလာတော ့ လယ်အိုလယ်ဟောင်းဖြစ်နေပြီ …သိတ်မာန်ထောင်မနေနဲ့ “”

“သေနာကျကြီးရဲ ့… အိုက်ဒါ နင့်ဂျောင့်လေ … ရေမသွင်း လယ်မထွန်ဘဲ ထင်းပဲရရ မြက်ပဲရရ ပစ်စလက်ခတ်
သုံးခဲ့တာကိုး ဟဲ့ !! မပြုပြင်ပဲ အခိုင်းကြမ်းရင်မြန်မြန်ပျက်တယ်ဆိုတာ နင်မသိဘူးလား ..နွား ရဲ ့ ..တောက် !!
ငါ ..လုပ်လိုက်ရ !!””

” အေးးး နင်အခုသိပြီမှတ်လား … ငါတို ့ယောက်ကျားတွေနဲ့ နင်တို ့မိန်းမတွေ ကွားခြားတာ …ဒါကိုခြေရာ
လာပြီးတိုင်းချင်သေးတယ် …. နင်မြဲမြဲ မှတ်ထားဖို ့က ငါတို ့က လှေခါးသုံးထစ်ဆင်းရင် လူပျိုပြန်ဖြစ်တယ် ကွ
တင်တင်ကြီး ရ …ဟင်းးဟင်းး”
” ဘာပြောတယ် .. ငမောင်တုတ် !! အေးး နင်တို ့က သုံးထစ်ဆင်းမှလူပျိုဖြစ်တာ ငါတို ့က ဆင်စရာမလိုပဲ
ဖြစ်အောင်လုပ်လို ့ ရဒယ်ဟဲ့ …သေနာကျရဲ ့ !!! ”

“အား ဟားးးးး သွားဇမ်းဘာ ကွာ…. မင်းတို ့အခုချိန်မှအပျိုပြန်ဖြစ်ချင်ရင် လှိုင်သာယာတံတားပေါ်က မြစ်ထဲခုန်
ချလိုက် ….. နောက်ဘဝရောက်ရင် ဖြစ်လိမ် ့မယ် ဟားဟား ဟား ဟား ”

“အမယ်လေး အမယ်လေး …ကျုပ်တို ့မိန်းမတွေများ လျော့တွက်နေလိုက်တာ … ဒီမှာ ငမောင်တုတ် ! …
နင်ကိုစေတနာမရှိလို ့ဟဲ့ … အပျိုပြန်ဖြစ်ချင်ရင် အလွယ်လေး … ကျောက်ချဉ် ၂၀ဝ ဖိုးလောက် ရေစိမ်ချိုး
လိုက် လို ့ကတော ့ ..ဟင်းဟင်းး …. သားရေကွင်းထက် ဘယ်ဟာပိုတင်းသလဲဖြစ်သွားမယ် … ”

“အော် …ကောင်မစုတ် ..ခုမှပြောရလား ….ငါပိုင်တဲ့လယ်ကို နင်က ဘယ်အငှါးချဦးမလို ့လဲ … ဒီနေ ့ကစပြီး
ငါ ့လယ်ကို ငါ့အတွက်သေချာ ထိမ်းသိမ်းဇမ်း ”

“အောင်မာ …ကောင်စုတ် !!အဲ့ ဒါ ငါ့လယ် ဟဲ ့ …ငါအမွေရတဲ့လယ် ..ငါလုပ်ချင်သလိုလုပ်မယ် …
နင်ဘာမှ လာမပြောနဲ့ ့နင်နဲ့မဆိုင်ဘူး ”
” အခု ငါ့လယ်ဖြစ်သွားပြီ … ငါပိုင်တယ် ..!!!”
“နင်မပိုင်ဘူး …ဒါ မွေးရာပါ ပိုင်ဆိုင်မှု !! ငါ ့လယ် … ငါ ့သဘော.!”
“မဟုတ်ဘူးးးးး ငါ့ လယ် !!!!!!!!!””””
” နင့် ဟာမဟုတ်ဘူးးးးးး ငါ့ ဟာ !!!!!!!!”

ဤသို ့ဖြင့် …….ကြေးတိုင်နှင့်မြေစာရင်းရုံးသို ့ သွားရမည့်အစား ကျွန်ုပ်တို ့ထံသို ့ရောက်လာသော
လပွတ္တာသူ လင်မယားအား မနဲပင် ရှင်းပြ၍ပြန်လွှတ်လိုက်ရလေတော ့သည် ။

ဪ …….?. အမွေရသည့် လယ်တစ်ကွက် ….ခွဲဝေရ ခက်လှပါလားနော် …..

ကြိုးစားပါဦးမည်
ရာမည

36 comments

  • မင်းမင်း

    June 16, 2013 at 2:21 pm

    အမေပေးတဲ့ လယ်တကွက်

    ဟီးဟီးရီးလိုက်ရတာ ဖက်ဖက်မော

    ရင်ဘက်နောက်ကကျော။

    • ရာမည

      June 16, 2013 at 3:43 pm

      ရီ လိုက်တာပဲ ကောင်းပါတယ် ကိုမင်းမင်းခင်ဗျာ

  • ဆူး

    June 16, 2013 at 2:51 pm

    လူတကာ အထွန်အယက် များတော့ မြေနိမ့်ပြီး ရေအိုင် သောင်ထွန်း အဝင် အထွက် များတာနဲ့ အဲ့ဒီ မြေကြီး ခြေရာ ဗလပွ နဲ့ ဗွက်ပေါင်ကုန်တော့မှာပေါ့ကွယ်..

    မြေကြီးချင်းတူတာတောင် မြက်ကလေးစိမ်းပြီး ညီညီညာညာ ဖြစ်နေတဲ့ မြေပြင်ညီကလေး ဆိုရင်တော့ မြင်တာနဲ့ တန်ဖိုးမြင့်မှန်း သိသာပါတယ်။

    ဥပမာကွယ်.. သင်တို့ မိသားစု နေဖို့ မြေ တကွက် ရမယ် ဆိုရင် သင် ဘယ်နေရာ ကို ရွေးမလဲ..
    ဗွက်ပေါက် နေတဲ့ နေရာမှာ မြေဖို့မြေပြင် အပင်ပန်းခံပြီး မှ အိမ်ဆောက်မှာလား
    မြေပြင် မညီမညာမှာ ဆောက်ထားတဲ့ အိမ်ကလေး မှာ ကလေးတွေ ပြေးလွား လျှောက်ဆော့ရင် ချော်လဲ ဒူးပြဲလို့ သွေးသံ တရဲရဲ နဲ့ ဖြစ်မှာလည်း စိတ်ပူရပါအုန်းမယ်။

    မြေပြင်ညီညာ စိမ်းစိုစိုမှာ ကလေးတွေ လူကြီးတွေ သာသာယာယာ ဖြစ်နေတဲ့ အရပ်မှာ အိမ်ဆောက်နေမလား။
    မြေပြင်ညီညာတော့ ကလေးတွေ ပြေးလွှား ခုန်ပေါက် လို့ ချော်လဲ မယ် ဆိုလည်း ဒဏ်ရာ အနာတရ မဖြစ်နိုင်ဘူးပေါ့။

    မြေတကွက် အတွက် ရန်ကြတဲ့ လင်မယား အဆင်ပြေကြပါစေ။

    • ရာမည

      June 16, 2013 at 3:41 pm

      ပြောချင်တာ ဒီသဘောပါပဲ
      မြေမသန် ့ရင် ဈေးကွက်မဝင်သလို
      ဒီနေရာမျိုးမှာ …. ငါပိုင်တာ ငါလုပ်ချင်ရာလုပ်လို ့ မသင့်ဟု ထင်မိပါတယ်
      ကျေးဇူးပါ အစ်မဆူးခင်ဗျာ

  • Foreign Resident

    June 16, 2013 at 3:22 pm

    ဆရာ ကတော့ ၊ ဆရာ ပါပဲ ၊ ဆရာ ရယ် ။ 😛

    • ရာမည

      June 16, 2013 at 3:45 pm

      ဘဘကြီး ကလည်း ဘဘကြီးပါပဲ ခင်ဗျ :mrgreen:

  • cobra

    June 16, 2013 at 5:31 pm

    ဘာတဲ့
    “နင်ကိုစေတနာမရှိလို ့ဟဲ့ … အပျိုပြန်ဖြစ်ချင်ရင် အလွယ်လေး … ကျောက်ချဉ် ၂၀ဝ ဖိုးလောက် ရေစိမ်ချိုး
    လိုက် လို ့ကတော ့ ..ဟင်းဟင်းး …. သားရေကွင်းထက် ဘယ်ဟာပိုတင်းသလဲဖြစ်သွားမယ် … ”
    အဲ့ဂလို တဂလယ်ရလား…..
    ဟွင်း…ဟွင်း……

  • Shwe Ei

    June 16, 2013 at 5:51 pm

    မြဲမြဲမှတ်ထားကွ သုံးတောင် ဝတ်မိန်းမနဲ့ အတောင်နှစ်ဆယ်ဝတ်ယောက်ကျား
    ဆိုတာ ဘယ်နားမှ မတူဘူးကွ …လာမလုပ်နဲ ့…ဟင်းးးးးး

    ဒဂယ်ဘဲ အတောင်၂ဝ ဝတ်ထှာလားငင် ???? :bar:

  • မောင် ပေ

    June 16, 2013 at 6:57 pm

    အိမ်း
    ဂေဇက်က လူပျိုလေးတွေ လဲ
    ဟောဒီက ရဲကိုကို ပြောသလို
    သားရေကွင်းထက် ပိုတင်းတဲ့ ဟာမျိုးလေးတွေ (သိပ်ကောင်းတာနော်)
    ရအောင်ရှာယူကြပါကွဲ ့
    ဟီ ဟိ

  • Mr. MarGa

    June 16, 2013 at 7:16 pm

    ဟီဟိ ဟုတ်တော့ ဟုတ်နေတာပဲ
    အမေပေးတဲ့ လယ်တစ်ကွက် ရောင်းစားစား ပေါင်စားစား နင့်အပူမပါဘူး ပေါ့
    ဒီနေရာမတော့
    ဦးမာဃ အေးအေးဆေးဆေး ဘေးထိုင်ကြည့်လိုက်ဦးမယ်ဗျို့

  • lele kyi

    June 16, 2013 at 7:33 pm

    လူငယ်တွေက စပြီး အဲဒီအမြင်တွေကို ပြုပြင်ကြရင်ကောင်းမယ်။ အဲဒါဆိုကျမတို့ရဲ့နောက်မျိုးဆက်တွေအဲလိုပေါက်တတ်ကရာတွေတွေးမှာမဟုတ်တော့ပါဘူး။
    အဲဒီလယ်ကွက်ဆိုတဲ့ကိတ်စလေ။ အဲဒါနဲ့ငွေရှာဖို့ဆိုတဲ့ အတွေးတွေကိုလက်မခံချင်ဘူး။ ပြီးတော့ကျန်းမာရေးအသိရယ်။ ဟိုဘက်ပို့စ်မှာဂီဂီပြောသွားတဲ့ အရွယ်ကိတ်စကိုလည်းစဉ်းစားသင့်တယ်လို့ထင်တယ်။ အဲဒီအကြောင်းတွေကို ဆရာဆူဒိုနင်တော်တော်လေးရေးဖူးတယ်။ အဓိက ကျန်းမာရေးအသိပေးသင့်တယ်။ လူတိုင်းကျန်းမာရေးအသိရှိသင့်တယ်။ အမျိုးသမီး။အမျိုးသားနှိုင်းယှဉ်တာမှာ စဉ်းစားတွေးခေါ်တဲ့အပိုင်းတွေလို။ ပြသနာရင်ဆိုင်ဖြေရှင်းမှုမျိုးတွေဆိုကောင်းပါတယ်။ မတူညီတဲ့သဘာဝနှစ်ခုကိုတော့မနှိုင်းယှဉ်သင့်ဘူးထင်ပါတယ်။ မိသားစုမှာပြသနာဖြစ်ရင်အကြောင်းရင်းကိုရှာသင့်တယ်ထင်မိပါတယ်။ မဟုတ်တာတွေအနိုင်ယူလိုက်ပြောနေကြတယ်လို့ကောက်ချက်ချမိတယ်။ အဲဒီလိုအနိုင်ယူချင်နေကြရင်ပြသနာဖြေရှင်းရာမရောက်တဲ့အပြင် ကိုကိုယ်တိုင်ရယ် ကိုယ့်ဘေးနားကကိုယ်ချစ်ခင်ရတဲ့သူတွေကိုပါထိခိုက်စေတယ်။

  • KZ

    June 17, 2013 at 9:35 am

    ကျောက်ချဉ် ဆိုတာ ရေနောက် ကို အနည်ကျအောင် ထည့်ရတဲ့ ဟာမဟုတ်လား:::::
    နောက်တခါပြန်ရင် ကျောက်ချဉ် လေး ဝယ်ဦးမှပါ။ :mrgreen:

    အဟွတ်။
    ရေတွေ နောက်နေလို့။ :mrgreen:

    ရဲကိုကိုကြီးကလည်း အတော် စုံ။

    ကျန်တာတွေ ဘာမှမသိ။
    ဘယ်နေရာမဆို အစွန်းမရောက်ပဲ မျှမျှတတတွေးနိုင်ရင် အကောင်းဆုံး::
    အကြောင်းရှိလို့ အကျိုးဖြစ်.. :mrgreen:
    သူ့ အကြွေးရှိက ဆပ်ရပေမယ်။ :mrgreen:

    ဒါပဲနော်။
    မဆိုင်တာတွေ ပြောသွားတယ်ဆိုပြီး ရဲကိုကိုဂျီး စိတ်မဆိုးကြေး:::::
    🙂

    • ကြက်အူလှည့်

      June 17, 2013 at 3:04 pm

      တိန်
      ကျောက်ချဉ်ဝယ်တဲ့အဆင့် ရောက်နေပကိုး … ခေသူမဟုတ်..

      :mrgreen:

      • KZ

        June 17, 2013 at 3:11 pm

        ရေနောက်လို့ပါလို့ ပြောနေတယ်။ :mrgreen:

        ညည်းဟာလေ။
        ရှေ့ကနေ ပြောပြောမနေနဲ့။
        ကိုယ်တွေက ပြောမနာဆိုမနာ စိတ်ဓာတ်သိပြီးသားမို့။
        ခု ကျုပ်ကို နောက်ကလိုက်ပြောချင်ဆိုချင်တွေက များသားကလား။
        နောက်ကွယ်က စိတ်ဓာတ်မကြိုက်လို့ ပြန်ပြောရင် လူရွေးအပြောခံတယ်ဖြစ်ဦးမယ်။
        ရန်မဖြစ်ချင်သေးဘူးဟဲ့။ :mrgreen:
        ငြိမ်ငြိမ်နေဇမ်းဘာ။ :mrgreen:

  • ဦး ကျောက်ခဲ

    June 17, 2013 at 9:50 am

    ဟီ ဟိ အမေပေးတဲ့လယ်တစ်ကွက်မဟုတ်တော့ဘူး…
    ဒီမှာတော့ မွေးရာပါ ATM ကဒ်တဲ့လေ…

  • ဦးကြောင်ကြီး

    June 17, 2013 at 9:51 am

    လယ်ကွက်
    ရှယ်ထွက်
    ဆယ်သက်
    တွက်ကပ်
    ဂယ်မှတ်
    ထယ်ခပ်
    ဝယ်ချက်
    နယ်ဖတ်..

  • မောင်ခိုင်မာ (စမ်းချောင်း)

    June 17, 2013 at 9:56 am

    ဟီး…တညိုးကြီးပဲ ဖတ်ရတာ။ 🙂 good pa

  • ခင် ခ

    June 17, 2013 at 11:30 am

    အစိုးရစီမံကိန်းအတွက် အသိမ်းခံလိုက်ရတဲ့ လယ်ကွက်ထဲတွင် အမေ ပေးတဲ့ထိုလယ်ကွက် ပါသွားရင်ကော ဘယ့်နဲ့လုပ်ကြမလဲလို့ …………… ပိုစ့်ဖတ်ပြီး တွေးမိလိုက်တယ်ဗျာ။

  • ဟာဂျာ …
    ကျမ၏ လယ် ဆိုလို့ ..
    အဟုတ်မှတ်နေဒါ …
    ဟီးး ခုမှ အထာပေါက်တွားဒယ် …
    ဟိုဒင်းကို ဆိုလိုဒါဂိုးးး :mrgreen:
    လူဇိုးးးး

  • kai

    June 17, 2013 at 2:57 pm

    ကမ္ဘာ့နို်င်ငံကြီးတွေအများစုရဲ့.. ဥပဒေအရတော့.. သူ့လယ်သူပိုင်တာပါ…
    စာချုပ်နဲ့တရားဝင်လင်ယောကျာ်းက.. ဆိုင်ပဲဆိုင်တာပါ..

    ပိုင်ခွင့်မရှိသင့်/မရှိရပါကြောင်း…။
    ဆိုတော့…
    လင်မယားမှာလည်း.. မိန်းမက.. ယောက်ျားကို.. မုဒိန်းမှုဖွင့်လို့ရပါကြောင်းရယ်..။
    =
    Partner, Marital or Spousal Rape

    In Pennsylvania, rape is rape, no matter what the relationship is between the victim and the perpetrator.

    While the legal definition varies within the United States, marital rape can be defined as any unwanted intercourse or penetration (vaginal, anal, or oral) obtained by force, threat of force, or when the wife is unable to consent (Bergen, 1996; Pagelow, 1984; Russell, 1990).

    Most studies of marital rape have included couples who are legally married, separated, divorced or cohabiting with the understanding that the dynamics of sexual violence in a long-term cohabiting relationship are similar to those of a married couple (Mahoney & Williams, 1998).

    Research suggests that marital rape accounts for 25% of all rapes.

    Bachman, Ronet, and Bruce M. Taylor. “The Measurement of Family Violence and Rape by the Redesigned National Crime Victimization Survey,” Justice Quarterly, Vol. 11, No. 3, September 1994.

    An estimated 14% – 25% of women experienced forced sex at least once during their marriages.

    Resnick, H., Kilpatrick, D., Walsh C., & Veronen, L., (1991) “Marital Rape” Case Studies in Family Violence, pp 329-353, as cited in Bergen, Raquel Kennedy. Wife Rape: Understanding the Response of Survivors and Service Providers, 1996, Sage Publications, Inc.

    Research indicates that between 1/3 and 1/2 of battered women are raped by their partners and that sexual abuse is characteristic of the most violent relationships.

    Bergen, Raquel Kennedy. Wife Rape: Understanding the Response of Survivors and Service Providers, 1996, Sage Publications, Inc.

    It is a crime in all 50 states (and federal lands) for a husband to rape his wife. However, according to the National Clearinghouse on Marital and Date Rape, only 17 states and the District of Columbia have completely abolished the marital rape exemption (which precludes a husband from being charged with rape of his wife in certain situations, or limits the seriousness of the offense with which a husband could be charged).

    • အရီးခင်လတ်

      June 17, 2013 at 3:00 pm

      မြန်မာပြည်မှာ မဟုတ် ဆိုတာလေး။
      😛

      • kai

        June 17, 2013 at 3:04 pm

        မြန်မာပြည်မှာ..ကာမေသုမ ိစ္ဆာစာရကံဖွင့်ဆိုယူဆချက်.. ခေတ်မမှီ.. မှားနေကြတယ်ဆိုတာလေး.. :mrgreen:

        • ကာမေသုမိစ္ဆာစာရ ရဲ့ မူရင်း အဓိပ္ပာယ်က ကာမဂုဏ်ကို လွန်ကျူးစွာခံစားခြင်းပါ…
          ကိုယ့်ကာမဂုဏ်ကို တော်ရုံမခံစားဘဲ..သူများကာမဂုဏ်ကို သွားခံစားတော့လွန်ကျူးတာပေါ့ .. သဂျီးရဲ့.. :mrgreen:

        • kai

          June 18, 2013 at 4:54 am

          ကဲ..မှတ်ထား..အောက်ကဟာတွေကို… လေနဲ့..အဲ..အဲ.. စိတ်နဲ့တောင်မပစ်မှားကြနဲ့..။
          စိတ်နဲ့ဆိုလို့..
          .. ကြုံတွန်းလေးပြောရရင်.. ဘုရင့်မိဘုရားဝတ်ရုံလွှာကျွတ်တာမြင်လို့.. ဈာန်ပျံဘုန်းကြီး.. ဘုတ်ကနဲ့ပြုတ်ကျတယ်ဆိုလား. ဇတ်လမ်းရှိဖူးရဲ့..။
          သောက်တလွဲ..

          အာဟိ..
          ========

          ကာမနှင့် ပတ်သက်၍ လွဲမှားဖောက်ပြန် ယုတ်မာစွာ ကျင့်ခြင်းဆိုသည်မှာ မိမိမယားမှအပ အုပ်ထိန်းခြင်းမကင်းသော မိန်းမ(၂၀) ကို သဘောတူ၍ဖြစ်စေ၊မတူ၍ဖြစ်စေ ကာမဆက်ဆံခြင်းဖြစ်၏

          အဆိုပါ မိန်းမ(၂၀)တို့မှာ……။

          ၁။အမိအုပ်ထိန်းသော။

          ၂ ။အဘအုပ်ထိန်းသော။

          ၃ ။အမိအဘစုံ အုပ်ထိန်းသော

          ၄။မောင်ကြီး မောင်ငယ် အုပ်ထိန်းသော။

          ၅ ။အမကြီး အမငယ် အုပ်ထိန်းသော။

          ၆။ဆွေမျိုးတို့ အုပ်ထိန်းသော။

          ရ ။အမျိုးအနွယ်တို့ အုပ်ထိန်းသော။

          ၈။သီတင်းသုံးဖော်တို့ အုပ်ထိန်းသော။

          ၎င်းမိန်းမ(၈)ဦးတို့ကို ကျူးလွန်လျှင် ယောက်ျားတွေမှာသာ ကံထိုက်၏ ……………..။

          ၉။ထိန်းမြား (တစ်နည်း)လက်ထပ်ပြီးသော။

          ၁ဝ ။ဘုရင်ကောက်ယူရန် သတ်မှတ် ထားပြီးသော။

          ၁၁ ။ဥစ္စာဖြင့် ဝယ်ယူထားသော။

          ၁၂ ။အလိုတူ ပေါင်းသင်းသော

          ၁၃။ပုဆိုးတန်းတင်ပေါင်းသင်းနေသော။

          ၁၄။စည်းစိမ်ကိုပေး၍ပေါင်းသင်းနေသော

          ၁၅။ရေခွက်၌ လက်ဆုံချ၍ မိဘကပေးစားထားသော။

          ၁၆ ။ခေါင်းခုချ၍လင်မယားအဖြစ်နေသော။

          ၁ရ ။ကျွန်ကို မယားပြုထားသော။

          ၁၈ ။အမှုလုပ်ကိုမယားပြုထားသော။

          ၁၉ ။စစ်မြေပြင်မှ သုံးပန်းရခဲ့သော။

          ၂ဝ ။ခေတ္တမျှပေါင်းရန် ငှားယူထားသော။မိန်းမတို့ဖြစ်၏

          အမှတ်(၉)မှ(၂၀)ထိ။မိန်းမ(၁၂)ယောက်အနက် တစ်ယောက်ယောက်ကို လွန်ကျူးလျှင် ယောက်ျားရော မိန်းမပါ ကံထိုက်၏……

        • ကြက်အူလှည့်

          June 18, 2013 at 6:33 am

          အွန်
          ကုန်ဘီကုန်ဘီ…
          မပျောလော့ဘာဘု ..ပြောရင် ပိုစ့် ဒဘုတ်စာ ဖြစ်တော့မယ်…
          စကားမစပ်ခည ….အဲ့အပေါ်က အချက် တွေ ကို ဂေါတမ ဆိုတဲ့ဘုန်းကြီး ပြောသွားတာလား
          နောက်လူတွေ လက်သွေးတာလား သိချင်သား…

      • ဦးကြောင်ကြီး

        June 18, 2013 at 9:29 am

        ကာမေသုမ ိစ္ဆာစာရကံဆိုတာ ကာမကို အလွဲသုံးရင် ကံမြောက်တယ် ယူဆပါဒယ်..။ ဒီတော့ လိင်ကိစ္စ အရသာခံဖို့ တခုထဲအတွက်ဆိုရင် အပြစ်ရှိတယ်။ အဲလိုပြောလို့ ကာမကိစ္စကို ရှုံ့ချနေတာ မဟုတ်ဘူးနော်.. ကံမြောက်မှုကို ပြောတာ… အခြားကံတွေလည်း အတူတူပဲ.. ဥပမာ လိမ်တာ အပြစ်ရှိပေမဲ့ ဒီခေတ်မှာ လူတိုင်းလိုလို လိမ်နေဂျတာပဲ.. ကြာတော့ ရိုးသွားလို့ အပြစ်ရယ်လို့ ထင်ထင်ရှားရှား မဟုတ်တော့ဘူး..။ မူးယစ်သောက်စားခြင်းလဲ ဒီလိုပဲ…။ ဒီတော့ အရွယ်ရောက်လို့ လက်မထပ်ဘဲ အတူနေတောင် ဘဝတခုတည်ဆောက်ဖို့ ကြံရွယ်ထားရင် အပြစ်မမြောက်နိုင်ဘူး.. (တကယ်မြောက်မမြောက်ကတော့ ကာယကံရှင်များကိုယ်၌သာ သိနိုင်မယ်.. ဒါကြောင့်ပဲ ဘာမလုပ်ရ ညာမလုပ်ရ အတိအလင်း ပညတ်ထုတ်ထားရတာ ဖြစ်မယ်)။ ပိုင်ရှင်ရှိသူကိုတော့ မထိပါး စကောင်းဘူးပေါ့လေ..။ ဒါဆို လစ်ဗင်းတူဂဲသားတိုင်း အပြစ်မမြောက်သလို တလွဲသုံးပြန်ရင်လည်း အပြစ်ရှိတယ်။ ကိုယ်တိုင်အပါအဝင် ယောက်ျားလေး လူအများစုကတော့ ရရင် ဝါးမယ်ဆိုတာများတယ်။ မိန်းမတွေဘက်မှာလဲ သိသိနဲ့ဖြစ်စေ မသိလို့ဖြစ်စေ အတူလက်တွဲဖို့ လိုက်လျောမိရင် လွတ်လေမလားဘဲ သို့သော် ဝမ်းဂိုးတူးကမ်း အမေပေးတဲ့လယ်ကွက် စမ်းပေးထွန်တာမျိုး၊ အဌားချတာမျိုးဆိုရင်တော့ သူလည်း အပြစ်ရှိမှာပဲ…။ သုညသဘောမှာတော့ ဘာမှ မရှိဘူးဗျို့..။ ပြုသူမရှိ ဖြစ်သူမရှိ ဒါဆို လုပ်လုပ်မလုပ်လုပ် ဘာမှမဖြစ်ဆိုတာလဲ မရှိ… သတ်မှတ်ချက်တွေအားလုံးကနေ လွန်မြောက်တယ်ဗျို့..။

        • ရာမည

          March 9, 2014 at 9:14 am

          ဦးကြောင်ကြီးခင်ဗျာ
          ဝင်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျား

        • mgpoe zar

          March 9, 2014 at 10:44 pm

          ကြောင်ကြီးက သုညကို ခုပြီး သူလိုချင်တာဆွဲပြောနေတာ။
          အဲ့လူ သုညကို ဆွဲပြီး ပြောကတည်းက သုညရဲ့ ဝေဒနာကို
          ဒင်း မှတ်ပြီးပြောဒယ်ဆိုတာသိပီးသား။။ ။ ။ ။ ။
          တကယ်တော့ အညမည ပစ္စယော အကိုင်းအခက် အပင်အစည်က
          အပြန်အလှန်မှီခိုနေကျတာ တဏှာရာဂလည်း အဲ့လိုပ။
          လယ်ကွက်၊ ပင်စည်။ မြေဩဇာ အားလုံးအကြောင်းစုံပြီးဖြစ်တာ
          အဟမ်း 波止場 はとば ပြောတိုင်း မယုံလေနှင့်

        • ဦးကြောင်ကြီး

          March 10, 2014 at 12:01 pm

          ဒီမှာ တဏှာမရိုးတဲ့ ဆရာပိုးရဲ့.. သုညဆိုတာ မရှိ အရှိလုပ် ပညတ်တင်စား ပြောရလျင် အလယ်ဆုံမှတ်နဲ့ တူတယ်..။ သုညဝေးရာ အရပ်ဆယ်မျက်နှာ ကြိုက်တဲ့နေရာ အစက်ချကြည့် အဲဒီ ဆုံမှတ်ကို သွားထိတယ်။ လောကီလုပ်လုပ် လောကုတ်လုပ်လုပ် အဲသလိုပဲ သုညကို ကိုင်ထားလျင် အမှားကင်းတယ်..။ ဒါပေကလိ သုညစွဲထားသမို့ အမှန်တော့ မရဘူး..။ အမှန်ကင်းတဲ့ ဒွန္နယာဂျီးမှာ ဝစီပိတ် မနေနိုင်လျင် မမှားအောင် နေတာ အကောင်းဆုံး အဟုတ်ပေဗူးလား.. ပလို့ဂျိ..။

    • KZ

      June 17, 2013 at 3:17 pm

      အဲဒါ တဂျီးရေ။
      ကျနော်က ဒီ က အဲဒီရဲ့ ဥပဒေ ကို ပြောမို့။
      တကဘာလုံးအတိုင်းအတာ အပလိုင်း ဖြစ်မဖြစ်မသေချာလို့။
      :mrgreen:

  • ဂန္ဓာရီ ဆြာအုပ်

    June 17, 2013 at 3:36 pm

    မြေတွေ ပြင်ဒလယ်..ယာတွေပြင်ဒလယ်..
    လယ်ဟောင်းတွေ လယ်ပျက်တွေ ပြင်ဒလယ်..
    မြေရိုင်းလေးတွေ ယဉ်သွားအောင် တာဝန်ယူဒလယ်
    သုံးမရတဲ့ဖုန်းဆိုးလယ်ကွက်တွေ လှီူင်သာယာမှာ လက်မလယ်အောင် အငှားရဖို့ တာဝန်ယူဒလယ်

    • Myo Thant

      June 17, 2013 at 4:50 pm

      အနော့်ကို တစ်ကွက်လောက် 🙂

  • အလင်း ဆက်

    June 17, 2013 at 5:55 pm

    ယောကျာ်း ဆိုတာက တော့
    ယောကျာ်း ကိုး ဗျ

    မိန်းမ ဆိုတာက ကျတော့
    ဟို လေ
    မိန်းမ ကိုး ဗျ
    😆

    အလကား စ တာပါ
    ဖတ် ရှု ခံစား သွား ပါတယ်။

  • Wow

    June 17, 2013 at 7:17 pm

    ဒါမျိုးဒွေပေါ့ အရင်းကစင်းပြီး လက်စတုန်း အလုပ်ခံရတာ…. :mrgreen:
    ဦးဦးရဲကြီးရယ်.. ယောက်ကျားတွေကမှ လှေကားထစ် သုံးထစ်ဆင်းရတာ အရွယ်ကျသေးတယ်…
    မိန်းမတွေက ဝရံတာထွက်ပြီး ဒစ်စကောင့်ဟေ့ဆိုရင်… အို.. ဦးဦးရဲကြီးတောင် လူပိသွားနိုင်တယ်… :harr:
    အလှမပျက် ချွေးမထွက်.. ကျောက်ချဉ်လေးသာဆောင်ထား… :mrgreen:

  • Mon Kit

    June 18, 2013 at 9:30 am

    အော်.. ကျောက်ချဉ်က အဲ့သလောက်တောင် စွမ်းသလားအေ…
    😆

  • ရာမည

    March 6, 2014 at 2:21 pm

    LT တွေ အကြောင်းငြင်းနေကြတုန်း
    ခါတော်မှီလေးပြန်ရှယ်ပါဦးမယ် 🙂

Leave a Reply