မန်းဂဇက် ကဗျာချစ်သူများ၏ ကဗျာပြခန်း (အမှတ် သုံး)

Mr. MarGaJune 17, 20121min106

အင်း…………….

တစ်လှမ်းချင်းစီ ရှေ့ဆက်လာခဲ့တာ ပြခန်း သုံးတောင် ရောက်လာပါပြီဗျာ

ဒါကတော့ ပြခန်း သုံးက ကဗျာလေးတွေပါ။

စာသားနဲ့ပါ တွဲတင်ထားပါတယ်။

ကြည့်ရှု ခံစားကြပါကုန်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အာဇာနည် ဗိမာန် (အများပြည်သူအတွက်လဲ ဖွင့်နေပြီနော့ )

အာဇာနည်ဗိမာန်

ဪ…အဆောင်ဆောင်နန်းတွေ ကြငှန်းတွေနှင့်နှော
အခေါင်မမြန်းခင်က
အောင်စာတန်းချို့စေဘို့၊ အောင်ပန်းညှို့ရရှာတဲ့
တောင်တမန်း တို့ဗမာမှာ အဟောင်းသံသရာအငုတ်တွေနှင့်
အောင်ဆန်းတို့ မသာမယာဟာ ၎င်းကံကြမ္မာ အလုပ်ပေထင့်
သောင်းမြန်မရဏာ စမုတ်မှာတော့ ချုပ်သနဲ့ယင်းအလိုတွင်
ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့်သင်္ဂြိုလ်ချင်။

ဪ…တပည့်အရင်းတွေမို့
ကဝိမကင်းနိုင်ဘူးကွဲ့
သတိကင်းကာ မျက်ရည်ကျကျပြီး
ခက်ကပြီ လက်ဆည်လို့မရနိုင်ဘူ့
သောက ဗလောင်ဆူတော့
တောင်ဇမ္ဗူ ပုဂံခေတ်ဆီက
ယခေါင်မူ ယမန်သနစ်တွေပေါ့
ရန်အဖြစ်မကွဲ့ မနှေးသနော် တသောင်းဒီဇမ္ဗူ ရမ်းနေကြ
ကျန်ရစ်ကဲ့မြေးတော် အလောင်းစည်သူရဲ့နန်းကိုဖြင့်
လူကြမ်းဒမြတွေ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မှ
ဘေးအပေါင်းကြီးစွာ ဝေဒနာအစုံနဲ့
သွေးချောင်းစီးကာ သေပုံရှာရဲ့ပြင်
ရွှေမြန်မာဘုံမှာ အမင်းမင်းသမ္မတတွေနဲ့
သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ
သားရင်း ရှင်တရုတ်ကယ်က
ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွင်ဖြင့်
ဒဝယ်သားတွေ ဗိုလ်ဝင်ခံလို့မို့
ဟိုအယင်ယမန် နန်းတော်စီးစဉ်က
အပျက်ကြီးပျက်ကာ အသက်ခန္ဓာတွေဆုံးပုံနဲ့
တထုံး နောက်တနဲမှာတော့
မင်းရဲ ရ န္တမိတ်ခမျာမှာ ညီသနင်းပေပေါ့
ပြည်မင်း ဂုဏ်ခံလို့
မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့အတိုင်းရဲ့ပြင်
မွန်တိုင်းနယ် ရွှေပြည်တခွင်မတော့
ဓမ္မစေတီဘုရင် လက်ထက်တုန်းဆီက
လက်ရုံးရည် တသိန်လျှမ်းပေတဲ့
သမိန်ပရမ်းဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်
မဟုတ်တရုတ်အကောင် တေလေတစ္ဆေကိုက်တာနဲ့
ဪ..ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော
မရေမရာ သေရွာဆိုက်သလိုပါ့
အခိုက် အခါတူလို့မို့
ဆရာတမူ မကြာမကြာလွမ်းရပါတဲ့
ဘမရာအဆူဆူ ကြာကြငှန်းတွေနှင့်
မြန်မာဇမ္ဗူ အညာမန်းတွင်ဖြင့်
ငါတလူ ငါသရမ်းရော့မဟဲ့လို့
သာခန်း ပလ္လင်ညွှန်းပြီး
မြင်ကွန်းပိုင် သူပုန်ထစဉ်က
ကြုံရသူ မသာတော်နှင့်
ပမာသော် တူတယ်လို့နှိုင်းမိတယ်
ရိုင်းသနဲ့ အတိတ်ယခင်လိုနော်ကွယ်
စစ်ကိုင်းတပဲ့ ဂိုဏ်းအဖွဲ့တွေနဲ့
မှိုင်းရဲ့စိတ်ထင်။

မင်းစိတ်မင်းမာန် အကြံအဖန်တင်းလိုက်ပုံက
အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့
ရန်ခပင်းကိုတဲ့ မောင်းကာနှင်
ဒေါင်းမြန်မာတခွင်မှာဖြင့် အထက်ယခင်သဘော
(အိုကွယ်) တတောင်းရာဇဝင်ကိုတဲ့ ဆက်ချင်သကော။

နန်းမြို့တည်ရန်
မှန်းလို့ ရည်ကာသန်တဲ့
ညီလာခံ ဗိုလ်ရှုပွဲတွင်မှ
ထိုထိုလူ့ခပဲကို မကြည်ညိုတဲ့
ဝသီအလို တဖြေးဖြေးရူးမဟဲ့လို့
တနွေးနွေးမူးမူးပြီး ခွေးဘီလူးလိုအကောင်မိုက်တွေက
ဪ…အမှောင်စရိုက်ကယ်နှင့်
ပြောင်ပြောင်ပဲ မိုက်မပေါ့လို့
ဗြောင်ကိုက်သဟာမှာ ယာယီယတြာအချိန်နဲ့ ဇာတာမှိန်လို့မို့
ဂနာမငြိမ် တာဝတိံယွန်းကြပေါ့
ဖြေမကြည် နေရီတော့လွမ်းစေဘို့
မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့
အစွမ်းကုန် သည်တစ်ခါဖြင့်
ပြည်ရွာ ညီညာဘို့အလုပ်ပေပေါ့
သုသာန် တံခွန်စောင်းရရှာတဲ့
ရုပ်အကျန် ခုနစ်လောင်းရယ်နှင့်
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်
အာဇာနည် ဗိမာန်ပုထိုးကိုဖြင့်
ပါရမီ အဓိဋ္ဌာန်တမျိုးရယ်နှင့်
ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့
မြန်မာမတော့ ပူစရာဘို့
တဗျူဟာ အောင်ခမန်းတွင်မှ
လူမသမာ အမှောင်သန်းချိန်မို့
သောင်ကမ်းမို့မို့ဆီက
ဖောင်နန်းကုတို့နှင့်
အကြေဒဂုံတည်းဟူသေ ရေစုန်မျောလေရဲ့
ဪ…တောင်နန်းမြောက်နန်း အဆောင်ဆောင်ကြငှန်းနဲ့
အခေါင်မမြန်းရခင်က အောင်ပန်းညှို့ရရှာတဲ့
အောင်ဆန်းတို့ သေပုံနှမြော။

++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဇွန်လ ရောက်ပြီမို့

“ဇွန်လ ရောက်ပြီမို့ ´´

မိုးလေးက
ဖွဲကာသည်းကာ ရွာနေပါလည်း
ပျော်ကာမောကာ သွားလာသူငှာ

အဖြူအစိမ်း အလှတွေထိန်းလို့
ဘေးကလွယ်အိတ် ကျောမှာပိုးတသွယ်

ဒီလို ဇွန်လ ထိုကာလမှာ
အမြဲမြင်ရ ဤမြင်ကွင်းက
မရိုးနိုင်စရာ ဟိုးရှေးထဲကပါ

နယုန်လအခါ စာပြန်ပွဲသဘင်နဲ့
စံပယ် မြတ်လေး ပွင့်လှရာသီ
ဇွန်လ အခါရောက်လေပြီ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပြောင်းအလဲ

 

အပြောင်းအလဲ

မနေ့က…
လူတချို့ တွေ နဲ့ ဆုံခဲ့တုန်းကပေါ့…

သူတို့ရဲ့ စစ်မှန် ချိုသာတဲ့ စကားတွေက ကိုယ့်ကို အားဖြစ်စေခဲ့…
သူတို့ရဲ့ စ