ပြခန်း (၁)    http://myanmargazette.net/176843

ကဗျာ ပြခန်းအမှတ် နှစ်

~~~~~~~~~~~~~~~~~~~~~~

၃  ဇွန် ၁၃

ကေဇီ – ဟင်း:::::::::

သဂျား – ဂျီးဒေါ် ဘာဖြစ်နေတာတုန်း။

ကေဇီ – စိတ်ပူနေတာလေ။  :(

သဂျား – ဘာကိုတုန်း။

ကေဇီ – ပြခန်းကိစ္စပေါ့ဟ။

သဂျား – သိပ်စိတ်ပူမနေပါနဲ့ဗျာ။ အလက်ဆင်း နိုင်နိုင်နင်းနင်းနဲ့ ဖွင့်နိုင်မှာပါ။

ဤကား အလက်ဆင်းတစ်ယောက် ပြခန်း (၂) အတွက် သွားစီစဉ်နေချိန်တွေ ကေဇီနဲ့ သဂျားတို့ ပြောဆိုနေရခြင်းဖြစ်၏။

ကေဇီ – ဟမ်။ အလက်ဆင်းအတွက် စိတ်ပူတယ်လို့ ဘယ်သူပြောတုန်း။ မပူပါဘူး။ ကျုပ် အတွက် ကျုပ် စိတ်ပူနေတာ။

သဂျား – ဖစ်ရလေ ဂျီးဒေါ်ရယ်။

ကေဇီ – ဟုတ်တယ် လေ။ နင်တို့၂ ယောက်က ပြခန်း (၁) နဲ့ (၂) ကို စိတ်ဝင်စားအောင်ကောင်း ကောင်းဖန်တီးသွားနိုင်တော့ ကျုပ် ရေးရမဲ့ ပြခန်း (၃) အတွက် စိတ်ပူတာပေါ့လို့။ အင့် အင့် (ရှိုက်သံ ခရက်ဒစ်တူ ကိုကမ်း)။  :(

အလက်ဆင်း – ဟင်။ မမခိုင် ဘာလို့ ငို တုန်း၊ သဂျား နင် သွား ဆူ ထားပြန်ပြီလား။

သဂျား – ဟာ။ မဆူပါဘူး။ သူ့ဟာသူ ဂေါက်ပြီး ငိုချင်နေတာရယ်။ ကဲ၊ ခု သိပြီမဟုတ်လား ဂျီးဒေါ်။ ကျနော် ပထမဆုံး ပြခန်း အတွက် မအိပ်နိုင် မစားနိုင်ဖြစ်ခဲ့တာကို။

ကေဇီ – သိပါပြီကွယ်။ ခုလည်း ကျုပ် မအိပ်နိုင်မစားနိုင်နဲ့ အရမ်းများ ပိန်သွားသလားမသိဘူး။ မဖြစ်ဘူး။ ခုချိန်က စ ပြီး ပြခန်း (၃) အတွက် ကြိုးစားရမယ်။

အလက်ဆင်း – ကြိုးစားမယ် ပြောတာ အနော့ အမှတ် (၂) မစခင်ကတည်းက မဟုတ်ဘူးလား။ ဟို ကဗျာ လာလု လိုက် ဒီ ကဗျာ လာ ဓားမြတိုက်လိုက်နဲ့။

ကေဇီ – အွန်။ အဲ ။ ဟီးဟီး။ :mrgreen:  ခွင့်လွှတ်ကြပါ။ အသက်ကြီးတဲ့ ငါလေး တစ်ယောက်တည်းဟာကို။ အလိုလိုက်ကြပါ။ ဒါနဲ့ အလက်ဆင်းရဲ့ ကဗျာ တစ်ပုဒ်ကို စာရင်းထဲ ထည့်ထားလိုက်ပြီနော်။ (၁) ပုဒ်ပဲ ရသေးတယ်။ အင်း:::: ရှေး ကဗျာ နဲ့ ဆိုမှ (၂) ပုဒ် ပေါ့။ ကျုပ်က  ကျုပ်ရေးတဲ့ ပို့(စ) မှာ ကဗျာ ရော ဓာတ်ပုံရော စိတ်ကြိုက်ရွေးချင်တာ။

သဂျား+ အလင်းဆက် – (ခါချဉ်ကောင်မာန်ကြီးနေပြန်ပြီ။ ပြီးရင် အလုပ်များလို့ဆိုပြီးအရပ် ကယ်ပါ လူဝိုင်းပါ နဲ့။ ပထမဆုံး ပြခန်းကတည်းက ခံရတာ အံတိုနေပြီ။)

ကေဇီ – ဘာ! နေကြပေါ့။ ကြည့်ထား။ ကဗျာရော၊ ဓာတ်ပုံရော နင် တို့ အပြောမခံရအောင် တစ်ယောက်တည်း လုပ်မဟဲ့။   :evil:

ဤသို့ ကျိန်းဝါးပြီး သကာလ ကေဇီ တစ်ယောက် ကဗျာ ရှာပုံတော်ဖွင့်ရပြီပေါ့။ ။ လက်ထဲမှာက အလင်းဆက် ရဲ့ ကဗျာတစ်ပုဒ်ပဲ ရှိသေးတာ၊။ ဓာတ်ပုံ စပယ်ရှယ် ရှာပြီး တွဲပေးမယ် လို့ မက်လုံးပေးပြီး သူ့ ပြခန်း (၂) မှ ချန်ခိုင်းထားသော ကဗျာတစ်ပုဒ် ပေါ့။ ဟိဟိ…

ကိုယ်တိုင်က နည်းပညာရော အနုပညာပါ အားနည်းသော်လည်း မည်သို့ မည်ပုံရောက်လာမိသည်မသိသော အလက်ဆင်းတို့ရဲ့  “”ကဗျာချစ်သူများ”” ရုံးခန်းတွင်း မှာ ထိုင်ပြီး ခေါင်းပူအောင် စဉ်းစားရတော့တာပေါ့လေ။  :roll:

ကိုယ်တိုင်စီစဉ်ရတဲ့ ဒီ ပြခန်း အတွက်နောက် နောက်ခေါက်ပြခန်းတွေမှာ ကဗျာ ပေးဖို့ မသေချာသောသူများဆီက ဓားမြတိုက်ဖို့ စိတ်ကူး အရင်ရ ပါတယ်။

 

“ဟဲ့ ရှူး ရှူး။ ဒီ ကြောင် ဖက်တီးဟာ ငါ့ ငါးခြောက်ပြား ဆွဲသွားပြန်ပြီ” 

ကြားလိုက်ရသော ဘေးအိမ်မှ ထို အသံကြောင့် အကြံတစ်ချက်လင်းလက်….!!!!

ဟုတ်ပြီ။ ကိုဂျီး ဖက်ကက် ဆီ ဖုန်းခေါ်ရမယ်။

တစ်ဆက်တည်း သတိရသွားတာ ကိုဂျီး အမတ်မင်း

ဒီ ၂ ယောက် ကို အရင် အနိုင်ကျင့်ရမယ်။ ဟေးဟေးဟေး။

………………..

ဖက်ကက် – ဟယ်လို

ကေဇီ – ကိုဖက် ကဗျာ တစ်ပုဒ် ပေး။

ဖက်ကက် – ဟဲ့ ပလုတ်တုတ်၊ ခုပြောနေတာ ဘယ်သူတုန်း။

ကေဇီ – အယ်၊ ဟုတ်သား၊ ကိုဖက် … အနော် ပါ … ကေဇီ ရယ်။ ကဗျာပေးပါ (ဤသို့ လိုရာ ဇွတ်တောင်းရ၏)

ဖက်ကက် – ဘာကဗျာ လို ချင်တာတုန်း။ အချစ်လား.. ဘဝ လား… ဒသန လား။

ကေဇီ – (အလဲ့) ဘာဖြစ်ဖြစ် ခု ခံစားနေရတာကို ရေးထားတဲ့ ကဗျာ ပေးဗျာ။

ဖက်ကက် – ဟယ်! အခု လောလောဆယ် အချစ်လည်း မရှိ ဘဝလည်း မရှိ ဘာကိုမှ မခံစားနိုင်ဘူး။

ကေဇီ – အင်း။ အဲဒီလို ဘာမှ မခံစားနိုင်တာကို ကဗျာရေးပါ။ ဒါပဲ။

ဖက်ကက် – အန်။ အေးပါ။ ပို့လိုက်မယ်။

ကေဇီ – ကိုဂျီးမတ်ရှိရင် ဖုန်းပေးလိုက်။

…………………….

အမတ်မင်း – ပြော။ ဒေါ်ဆွိ။

ကေဇီ – ကိုဂျီးမတ် ကဗျာပေးပါ။

အမတ်မင်း – ဟင်၊ ပြခန်းက ဘယ်တော့တုန်းရယ်။

ကေဇီ – ၁ရ ရက်နေ့မှပါ။ ဒါမဲ့ ကြိုပေးကြပါ။

အမတ်မင်း – အေးပါ။ ဖြည်းဖြည်းပေါ့။

ကေဇီ – ဘာမှ နှေးနှေးကွေးကွေးလုပ်မနေနဲ့။ လူပျိုကြီးဖြစ်သွားမယ် (အဲလေ ဟုတ်ပေါင်၊ ကဗျာမပေးပဲနေလိမ့်မယ်) ဟိုဟာ။ ပြခန်းမမှီပဲ နေမယ်လို့ ပြောတာပါ။ ဟီး။

အမတ်မင်း – အင်း။ ပေးမယ်။ ပေးမယ်။

ဟိ။ ဒီ လူဂျီး ၂ ယောက်တော့ နားပူပြီးပြီ။

……………………………………………….

ထို အချိန်တွင် သဂျားမှ “ဂျီးဒေါ်၊ ဖားသားကြော် နဲ့ ထမင်း စားမလား” ဟု လာခေါ်ရာမှ ……

ကေဇီ – “ဟာ။ ဟုတ်ပြီ။ ဟုတ်ပြီ”

သဂျား – စားဖို့များဆို ဝမ်းသာအားရပဲ။

ကေဇီ – ဟာ မဟုတ်ပါဘူး။ ဟို ဖားသက်ပြင်း ဆီ ကို ဖုန်းခေါ်ပေးပါ သဂျားရေ။

………………………………………..

ဖားသက်ပြင်း – ဘာဒုန်း မဇာယိ။ ဒမာ ရန်နီ ကြည့်နေတယ်၊ မနှောက်ရှက်နဲ့။

ကေဇီ – (ဟမ်၊ လာကတည်းက……။ သည်းခံ၊ သည်းခံ) ဟဲ့။ နိ ကဗျာ တစ်ပုဒ် လိုချင်တယ်။

ဖားသက်ပြင်း – သများ ကဗျာ ရေးတတ်ဘု။ ကဗျောင်ပဲ ရေးတတ်တယ်။

ကေဇီ – သိတယ်။ ဒါမဲ့ ရသစုံအောင် တောင်းရတာ။ ဟို ကဗျာ ယူလိုက်မယ်။

ဖားသက်ပြင်း – အင်း! ယူလိုက်။ ဒါပဲ။

ကေဇီ – ဒါမဲ့ ….. အဲ့ ဒီ က ဗျာ ကြီးက………………….။

ဖားသက်ပြင်း – ဘာဖြစ်တုန်း၊ အဲဒါလည်း ရသမဟုတ်ဘူးလား။ ရသစုံချင်တယ်ဆို……။ ပြောစမ်းဘာ…….။

ကေဇီ – (ဟိုက်။ ဆက်ပြောရင် အဆူခံရဦးမယ်) အေး။ ပြီးရော၊ အဲဒါ လှမ်းပြောတာ။ ဒါပဲ။

…………………………………..

ပြီးတော့ သူတို့မသိအောင် ပိတ်သတ်ကြီးကို တိုးတိုးလေးပြောဦးမှ။

ဟိ။ ဆရာ ထက်ဝေးကဗျာတစ်ပုဒ် .. ဟို ကလေး ၂ ယောက် မသိအောင် ခိုးထားတာ ရှိတယ်။  :wink:

 

နောက် နှိပ်စက် စရာ ပစ်မှတ် က  …….. အံစာတုံး

ကေဇီ – အံစာရေ၊ အမ, နင့် ဆီမှာ ရှိတဲ့ ကဗျာ တစ်ပုဒ် နင်မသိအောင် ယူထားလိုက်ပြီ။ အဲဒါ ပြခန်း အတွက် ပေးသုံးပါ။

အံစာ – ဟိုက်၊ မြန်ချက်။ ဘယ်တုန်းကဟင်၊ ဘယ် ကဗျာတုန်း ဟင်။

ကေဇီ – မပြောဘူး။ ပြခန်းမှ ကြည့်တော့။ ခွင့်မတောင်းရင် မကောင်းလို့ တောင်းရတာ၊ ဒါပဲ။

အံစာ က နားအေးပြီး ရော သဘောထားသူပီပီ ……

အံစာ – အိုစကေ ပါ။ ဒို့မဂျီး စိတ်ချမ်းသာ ပြီး:::: ရော။

 

အင်း:::: ဘယ်သူ့ ကို တောင်းရဦးမတုန်း ဆိုတော့….. လုံမလေး

ကေဇီ – မွန်မွန် ရေ။ အမအတွက် ချန်ထားခိုင်းတဲ့ ကဗျာလေးပေးတော့လေ။

မွန်မွန် – ဟုတ် အမ။ အလင်းဆက်က မေးနေသေးတယ်။ သူ့ကို ပေးမဲ့ ကဗျာရောတဲ့။

ကေဇီ – တခြားကဗျာပေးလိုက်နော်။ ဒါလေးကိုတော့ အမ ပြခန်း အတွက်ပေးလိုက်။ သူ့ကို ကြည့်ကောင်းအောင် ပြောလိုက်နော်။ ခွိခွိ။

မွန်မွန် – ဟုတ်ကဲ့ အမ။

တွေ့လား၊ ညီမလေးက အဲလို လိမ္မာတာ။   :lol:

 

 

 

နောက်တစ်ယောက်…….  ရွှေကြည်

ကေဇီ – ကြည်၊ ပြခန်း အတွက် အကောင်းဆုံး ကဗျာ ရရင် လိုချင်တယ်။

ရွှေကြည် – ဟိုက်။ ငါ့ အမကတော့ လုပ်ပြီ။ ပေးပြီးပြီလေ။ ၃ ပုဒ်။

ကေဇီ – အင်း။ ဟုတ်တယ်။ ကြည့် ကဗျာထဲ က အကြိုက်ဆုံး ကဗျာလေး အမ ပြခန်း အတွက် ကျန်ဖို့ အရေး ဟိုပြော ဒီ ပြော ပြောလိုက်ရတာ            မောလိုက်တာကွယ်။

ရွှေကြည် – ဘာပဲ ပြောပြော ခု ကျန်တယ် ဟုတ်။

ကေဇီ – ဟီးဟီး။ ကျန်တယ်၊ ကျန်တယ်။ ပျော်စရာကြီး။  :harr:

 

နောက် တစ်ယောက်ကတော့ ဒီ ရွာထဲမှာ မမ်ဘာ ဝင်ထားပြီး ကဗျာကို လူကြိုက်မများဘူး ဆိုကာ ပို့(စ) မတင်ဖြစ်ပဲ ဖတ်ပဲ ဖတ်သူ ၁ ဦး။

နေခြည် ပါ…

ကေဇီ – အမ၊ ဒသန ကဗျာ တစ်ပုဒ်လောက် ပေးပါ။

နေခြည် –  ဟင်။ ဆွိက နားလည်လို့လား။

ကေဇီ – (ဟိုက်! သေပြီ။) အဲ။. ဒီလိုလေ။ပြခန်းအတွက်ပါ အမရယ်။ ကူညီပါဦး။   :oops:

နေခြည် –  ဟိုတခါ အလက်ဆင်းကို ပေးထားသေးတယ်လေ။

ကေဇီ – အာ၊ အဲဒါနဲ့ မတူတဲ့ ဟာမျိုး လိုချင်တာ။

နေခြည် –  အွန်း။ အွန်း။ ပို့ လိုက်မယ်။ ဆွိ ကြည့်ပြီး ကြိုက်ရာ ရွေးလိုက်တော့။

ကေဇီ –  ဟုတ်။ (ခွိ။ ဟုတ်ပြီ)   :mrgreen:

 

နောက်ခါ အပြင် ကဗျာ ထဲက ဘယ်သူ့ကို အပူကပ်ရမတုန်း စဉ်းစားကြည့်တော့…….

ကိုကမ်းရဲ့ မိတ်ဆွေလည်းဖြစ်သူ၊ ကိုယ်နဲ့ လည်း ရင်းနှီးတဲ့ မိဆု ကို သွားသတိရတယ်။

 

ကေဇီ – ချစ်ဆု ရေ၊ ကဗျာလေးတစ်ပုဒ်လောက် ပေးသုံးပါ ကွယ်။

မိဆု – ရတယ် ချစ်ခိုင်၊ ရေးထားတာ အများကြီးပဲ ကြိုက်ရာ “မ” သွားချည် ။

အဟုတ်ပဲ။ ကြိုက်တာများ၍ ဘာ “မ” ရမှန်းတောင်မသိ။ နောက်မှ ရှိထားတဲ့ ဓာတ်ပုံနဲ့ တွဲလို့ ရမဲ့ ကဗျာလေး “မ” လာခဲ့ရတယ်။

 

နောက်တစ်ယောက်က သူ့ အတွေးလေးတွေကို ကြိုက်လို့ သူ့ စာတွေ လိုက်လိုက်ဖတ်ရတဲ့ ကလေးမ, မေယွန်းအိမ် တဲ့။

သူ့ကို တစ်ခါတည်း စိတ်ကြိုက်ရွေးခိုင်းပြီး ကိုယ့် ကို ပေးခိုင်းရတယ်။

ဘယ်လို ရွေးရမလည်း လာပြန်မေးနေလို့ စိတ်ထဲ လောလောဆယ် ထိတဲ့ ကဗျာ တစ်ပုဒ်ပေးပါ ပြောလိုက်တယ်။

 

နောက်တစ်ယောက်က ဘလော့ကာ မိုးကုတ်သား

သူ့ နုတ်(ထ) တွေထဲ အရင် မွှေလိုက်ပြီးမှ ကြိုက်ရာတောင်းရတယ်။

ပြောမနိုင်တာ အစကတည်းကသိတာမို့ “သဘော၊ သဘော” တဲ့။ ဘေးမဲ့ ပေးသံကြီးနဲ့။ ဘာပဲဖြစ်ဖြစ် တစ်ပုဒ်တိုးပေါ့။

 

ဓာတ်ပုံကိုလည်း တတ်နိုင်သလောက် အင်တာနက်ထဲက မလိုချင်တော့ ဖဘအကောင့်ထဲက ဖတိုဂရပ်ဖာတွေကို ချဉ်းကပ်ရသေးတယ်။

ပရော်ဖက်ရှင်နယ်ရိုက်ကြတာဆိုတော့ ကိုယ်သုံးမဲ့ ဓာတ်ပုံတွေမှာ ရေစာ ဖြုတ်စေလိုကြောင်း ဟိုလိုလေး ပြောလိုက် ဒီလိုလေးပြောလိုက်နဲ့ အောင်မြင်စွာကြိုက်ရာယူသုံးခွင့်ရပါတော့တယ်။   :mrgreen:

မင်းဇာနည်၊

ခွန်ချိုမောင်နဲ့

အောင်အောင်မျိုး တို့ဆီက။

ကျန်တဲ့ ပုံတွေကတော့ ကဗျာရေးတဲ့ အစ်မ နေခြည် ဆီက သူ စုထားတဲ့ ပုံတွေ ဗလ အားကိုးပြီး တောင်းထားတာပါ။

ဒီလို လိုက်တောင်းလိုက်၊

စာရင်းလေး ချ ရေးလိုက်၊

ဓာတ်ပုံလည်းရွေးလိုက် လုပ်နေရင်း အလက်ဆင်းက တစ်ရက် ဖုန်းဆက်ပါတယ်။

 

အလင်းဆက် – မမခိုင်၊ လေး ခင်ခ က ရာသီစာလေး ပို့လိုက်မတဲ့။

ကေဇီ – ဟယ်။ ဟုတ်လား။ ခု မိုးတွင်းဆိုတော့ အင်ဥချက်လား၊ မျှစ်ချဉ်ဟင်း လား။

အလင်းဆက် – ဗျာ။ မမခိုင်၊ အစားချည်း စဉ်းစားမနေနဲ့လေ။ ကဗျာကို ပြောတာ။ ရာသီစာ ကဗျာလေး ပို့လိုက်တာ။ ဒါကိုပြောတာ။

ကေဇီ – ဪ။ ဟီး။ မှားတဲ့ အခါလည်း မှားပေမပေါ့။ အေးပါ။ ပြခန်း (၃) အတွက် စာရင်းတို့လိုက်မယ်နော်။

ဒီလိုနဲ့ ကို ခင်ခ ကြီး ဆီက ကဗျာ တစ်ပုဒ်ရတယ်။

 

နောက် ကဗျာ တောင်းချင်တဲ့ ရွာသားကြီးတစ်ဦးရှိပါသေးတယ်။

အဲ့ဒါနဲ့ တွေ့တုန်းခဏ ကဗျာတောင်းတော့…….

ရွာသားကြီး – မဇာ၊ ကျနော်ကလည်း ကဗျာနဲ့ ဝေးလို့ပါဗျာ၊ တစ်ခြား အကူအညီပေးပါ့မယ်။

ကေဇီ – တခြား အကူအညီက ခုလည်း ပေးနေတာပဲလေ။ ကျနော်က ကဗျာလိုချင်တာ။ ပေးရင်ပေး။ မပေးရင် နာမည်တွေ ဖော်လိုက်မယ်။ လူသိမခံတဲ့ ကိစ္စတွေ ရှိတယ်ဟုတ်။ ဘလက်မေးလုပ်လိုက်မယ်။

ရွာသားကြီး – ဟာ ။ အဲလိုတော့ မလုပ်ပါနဲ့ မဇာရယ်။ ကြိုးစားရေးပေးပါ့မယ်။ ကလောင်နာမည်လေးသာ ပြောင်းပေးပါ။ ဈာန် ဆိုပြီး။

:mrgreen:  ခွိခွိ။ ဒီ တစ်ယောက်ကို ဤသို့ ဤနှယ် ချိန်းခြောက်ရယူခဲ့တော့ ကဗျာတစ်ပုဒ် ရပြီပေါ့.။။ ကလောင်နာမည် က ဈာန်တဲ့။

 

ကိုယ့် အတွေးနဲ့ ကိုယ် ပီတိ ဖြစ်နေချိန်မှာပဲ ……

သဂျား က “ဂျီးဒေါ်၊ လေး ဘလက်ချော က သူ့ကို မေးမယ် ဆိုလို့ မမေးခင် ကဗျာတစ်ပုဒ် လာပို့သွားတယ်”

ကေဇီ – ဟေ။ ဟုတ်လား။ ငါ ဈာန် ကို ဘလက်မေးလုပ်မယ် ဆိုတာ နားစွန်နားဖျား ကြား ပြီး လာပို့တာ ဖြစ်ရမယ်။ ဒီ လူဂျီး နားမကောင်းလို့ အကုန် နားစွန်နားဖျား လိုက်ကြား နေတယ်ဆိုပဲ။ ကျန်း:::::::။ သူငယ်မ ကုသိုလ် ငါ့ ကုသိုလ်။ ကဗျာ တစ်ပုဒ် ရပြန်ပြီ။   :-P

ဤသို့ဖြင့် ကို ဘလက်ချောဆီမှ ကဗျာတစ်ပုဒ် စာရင်းထဲ ထည့်လိုက်ရပါတယ်။

လောဘတကြီး ကဗျာ စုဆောင်းနေတာ။ ကိုယ့် အလှည့်ကျ ၁၅ ပုဒ် မက ၁၆ ပုဒ် ဖြစ်ပြီ။   :)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 ၁ရ ဇွန် ၁၃

အထက်ပါ အတိုင်း ……..

၁) ခိုးဝှက်

၂) အလစ်သုတ်

၃) ပြန်မပေး

၄) ခြိမ်းခြောက် တောင်း

၅) ဓားမြတိုက်

၆) အနုကြမ်းစီး

၇) နား အဟွာကျင့်

၈) မက်လုံးပေး စသည့်နည်းမျိုးစုံ ဖြင့် ရယူထားသော ကဗျာများဖြင့် ပြခန်း (၃) ကို ဖွင့်လှစ်ကြောင်း ကျေညာအပ်ပါတယ် ။

တစ်ယောက်တည်း ထင်ရာကျဲပြီးမှ သူတို့ကို ပြတာမို့ အမှားအယွင်း ရှိပါက ကျနော် တစ်ယောက်တည်း ရဲ့ အပြစ်သာဖြစ်ကြောင်းလည်း အသိပေးအပ်ပါတယ်ဗျာ။

ပိတ်သတ်ကြီးဗျ။

ပြခန်းထဲမဝင်ခင် ပြခန်းစောင့် (ဟုတ်ပေါင်) ပြခန်း တာဝန်ခံ သဂျား ဆီ က လက်ဆင့်ကမ်း စာစောင်လေးတွေ ယူသွားစေချင်ပါတယ်။ အရင် ပြခန်းဖွင့်တုန်းက ဆက်ဖို့ ကျန်သွားတဲ့….

(ဆရာ မြဇင်ရဲ့ ခေတ်ပေါ် အင်္ဂလိပ် + မြန်မာ (မြန်မာကဗျာ) စာအုပ်မှာ ပါရှိတဲ့ မြဝတီပုံနှိပ်တိုက် အယ်ဒီတာချုပ်၏ အမှာစာကို ကိုးကားထားတဲ့ )

မြန်မာကဗျာ သမိုင်းကြောင်း အဆက်ကလေးကို အပျင်းကြီးပြီး မရွတ်ပြနိုင်တော့လို့ လက်ကမ်းစာစောင်အဖြစ်ပဲ ပေးလိုက်ပါ့မယ်။

ထိုခေတ် မြန်မာကဗျာဆရာများသည် အစဉ်အလာ တေးကဗျာများကို ဆက်လက်ဖွဲ့ဆိုခဲ့ကြသည်။ ထို့နောက် ၁၉၁၃ – ၁၉၁၄ ခု လောက်မှစ၍ နိုင်ငံချစ်စေတနာ၊ မေတ္တာ ကရုဏာ စေတနာတို့ကို နှိုးဆော်နိုင်သော သခင်ကိုယ်တော်မှိုင်း၏ ကဗျာများ ထင်ပေါ်လာကြပါသည်။ ထိုကဗျာတို့သည် အတိတ်ခေတ် မြန်မာ့သမိုင်း၌ လည်းကောင်း၊ လွတ်လပ်ရေးအတွက် မျက်မှောက်ခေတ် နိုင်ငံရေးလှုပ်ရှားမှုတို့၌ လည်းကောင်း အထူးအာရုံပြု ဖွဲ့ဆိုသော ကဗျာများဖြစ်သည်။ ထို့နောက် အထက်ပါစေတနာတို့ကိုပင် ခိုင်မာကျယ်ပြန့်လာအောင် နှိုးဆော်နိုင်သော ခေတ်စမ်းကဗျာခေါ် ကဗျာများသည် ၁၉၂၈ ခုလောက်မှစ၍ ဆက်တိုက်ပေါ်လာကြပြန်သည်။ ထိုကဗျာများသည် မြန်မာ့ကိုယ်နှုတ်နှလုံး အမူအရာတို့၌ လည်းကောင်း၊ ပတ်ဝန်းကျင် သက်ရှိသက်မဲ့ သဘာဝတို့၌ လည်းကောင်း အထူးအာရုံပြု၍ အမြင်သစ်ဖြင့် နားလည်လွယ်အောင် ဖွဲ့ဆိုသော ကဗျာများဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုတွင် လွတ်လပ်ရေးရခဲ့ရာ မြန်မာစာပေသည် တစ်ရှိန်ထိုး တိုးတက်ခဲ့သည်။ ထိုခေတ်ကဗျာဆရာများသည် များသောအားဖြင့် ခေတ်စမ်းကဗျာများမှ အရှိန်ယူလျက် ရေးဖွဲ့ကြသည်။ ထိုကဗျာဆရာများသည် ဒုတိယကမ္ဘာစစ်ဒဏ်ကို ခံခဲ့ရသဖြင့်လည်းကောင်း၊ နယ်ချဲ့အရင်းရှင်သာမက နယ်ချဲ့ဖက်ဆစ်များ၏ဒဏ်ကို ခံခဲ့ရသဖြင့်လည်းကောင်း၊ စစ်ကြိုခေတ် လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲများကို ကြုံတွေ့ခဲ့ရသဖြင့်လည်းကောင်း၊ လွတ်လပ်ရေးအမြင်အသိ၊ ပြည်ထောင်စု စည်းလုံးရေး အမြင်အသိ၊ ငြိမ်းချမ်းရေးအမြင်အသိ၊ လူတန်းစာအမြင်အသိတို့ ရှိလာသဖြင့်လည်းကောင်း၊ အကြောင်းအရာပိုမိုစုံလင်စွာ ဖွဲ့ဆိုလာ၍ သူတို့ခေတ် အတွေးအခေါ်များ၊ သူတို့ခေတ် ခံစားမှုအသိများကို တင်ပြနိုင်ရန် အားထုတ်လာကြသည်။

ဤကား မြန်မာကဗျာ အဆင့်ဆင့် ပြောင်းလဲတိုးတက်လာပုံကို အကျဉ်းချုပ် လေ့လာတင်ပြချက်ဖြစ်သည်။

ခေတ်ပေါ် အင်္ဂလိပ် + မြန်မာ (မြန်မာကဗျာ) စာအုပ်တွင် ပါရှိသော မြဝတီပုံနှိပ်တိုက် အယ်ဒီတာချုပ်၏ အမှာစာမှ..

ခေတ်ပေါ် အင်္ဂလိပ် + မြန်မာ (မြန်မာကဗျာ) စာအုပ်တွင် ကဗျာဆရာ (၄၂) ဦး၏ ကဗျာပေါင်း (၈၇) ပုဒ် ပါဝင်သည်။ ယင်းတို့မှာ ဗြိတိသျှကိုလိုနီခေတ်မှသည် ၁၉၇၈ ခုနှစ်အထိ ပေါ်ထွန်းခဲ့သော ကဗျာဆရာပေါင်းများစွာ၏ ကဗျာပေါင်းအမြောက်အများထဲမှ အချို့ကိုသာ ရွေးချယ်စုစည်းတင်ပြသော ကဗျာများဖြစ်ပါသည်။ ယင်းတို့ကို ဦးဝင်းဖေ က အင်္ဂလိပ်ဘာသာသို့ အစအဆုံး ပြန်ဆိုပါသည်။ ယင်းတို့အနက် အချို့ကို ဦးဝင်းဖေသည် အင်္ဂလိပ် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ (Working People’s Daily) နှင့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ရှေ့သို့ (Forward) စာစောင်တို့၌ ထည့်သွင်းဖော်ပြခဲ့ဖူးပါသည်။

ခေတ်ပေါ် အင်္ဂလိပ် + မြန်မာ (မြန်မာကဗျာ) စာအုပ်တွင် ပါရှိသော မြဝတီပုံနှိပ်တိုက် အယ်ဒီတာချုပ်၏ အမှာစာမှ ကောက်နုတ်ချက်

 

ထိုကဗျာများကို အမှတ်တရအဖြစ် ကဗျာပြခန်းတွင် လစဉ် ထည့်သွင်းဖော်ပြပေးသွားမည် ဖြစ်ပါသည်။

အဲ! နေပါဦးဗျ။

ပြခန်းထဲ မဝင်ခင် နောက်တစ်ခု ပြောပါရစေဦး။

ပထမပြခန်းက ဗုဒ် အများဆုံးသူနဲ့ …..

ဒုတိယပြခန်းက ဗုဒ် အများဆုံးသူကို ကြေညာချင်သေးလို့ပါ။

 

ပထမပြခန်း ဗုဒ်အများဆုံးကဗျာက “မင်းကြောက်ရမှာ တစ်ခုပဲရှိတယ်” ဖြစ်ပြီး ရေးသူက “အလင်းဆက်” ပါ။

ဒုတိယပြခန်း ဗုဒ်အများဆုံးကဗျာက “ချစ်ခြင်းကဗျာ” ဖြစ်ပြီး ရေးသူက “ကိုရင်စည်သူ” ပါ။

 

ဒါတွေ က ပြခန်း (၂) က ကဗျာတွေနဲ့ ရေးသူတွေ တွဲပြီး အသိပေးထားတာပါ။
ပြခန်း (၂)မှာလည်း ဖော်ပြပြီးသားပါ။ ဒီမှာ ထပ်ဖော်ပြလိုက်ပါတယ်။

  • ချစ်ခြင်းကဗျာ- ကိုရင်စည်သူ
  • မိန်းမသားဘဝ- လုံမလေးမွန်မွန်
  • ဆက်လက်စီးဆင်းနေပေးပါ- နေခြည်
  • မှုန်ရီဝေဝေ မန္တလေး- ကိုပေါက်(မန္တလေး)
  • အငယ်အနှောင်းမြို့ – ကမ်းဝေး
  • သူ- ရေပုလင်း
  • အောင်နိုင်သူ- သဲနုအေး
  • အမျှ အမျှ- ရာမည
  • ရွှေသည်ငါနဲ့ မထိုက်လေပြီ – ခင်ခ
  • အိမ်လွမ်းသူ- BMTM Mdy
  • အဝေး…အဝေးကြီးပဲ – Nora
  • လဗျာကဗြွတ်- ဦးကြောင်ကြီး
  • ရင်ကွဲသူ- ရွှေကြည်
  • အရိပ်မဲ့ ခြေရာများ- ပိတောက်မိုး

 

ပြခန်း (၁) တုန်းက ဗုဒ် (၁၀၅) ခုမှာ အလင်းဆက်ကဗျာက ဗုဒ် (၁၅) ခုနဲ့ အများဆုံးအရေအတွက်ကို ရသွားတာဖြစ်ပြီး
ပြခန်း (၂) မှာ ဗုဒ် (၇၉) ခုမှာ ကိုရင်စည်သူ့ ကဗျာက ဗုဒ် (၂၆) ခုနဲ့ အများဆုံးအရေအတွက်ကို ရသွားတာဖြစ်ပါတယ်။

ကြေငြာခ အဖြစ် ဗုဒ် အများဆုံးရသူနှစ်ဦးမှ တိုက်ပါတယ်တဲ့ခင်ဗျာ။ (ရေ ခဲ ရေ)  :mrgreen:

ရွှီး:::::::

ဖြောင်း::: ဖြောင်း::: ဖြောင်း:::

 

ကဲ!

တတိယ အကြိမ် ဖွင့်လှစ်တဲ့ ကဗျာ ပြခန်းက ကြိုဆိုပါ၏။ ဒီ ပြခန်း (၃) က ကဗျာလေးတွေကိုလည်း ဗုဒ်ခဲ့ပေးပါဦးဗျ။

ကျနော့ ပြခန်း (၃) မှာတော့ ပြခန်း (၁)/(၂) ထက် ပိုဝင် ပြီး ဗုဒ် ပိုများချင်ပါတယ်နော်။ တဂျား နဲ့ အလက်ဆင်းကို နိုင်ချင်လို့ပါ။

သနားသော အားဖြင့် ဗုဒ်ပေးကြပါ။ ဟိဟိဟိ။

ကဗျာ ပြခန်း အမှတ် (၃)

ကဗျာ ပြခန်း အမှတ် (၃)

[polldaddy poll=”7171977″]

 

 အကြိုက်ဆုံး ကဗျာ (၃) ပုဒ် ကို ရွေးပြီး ဗုဒ်နိုင်ပါတယ်ဗျာ။ 

 

 

ကဗျာပြခန်းမှာ..  ကဗျာလေးများ..ပါဝင် ပြသ ချင်တယ်ဆိုရင်တော့…. alinsett.art@gmail.com ကို.ကဗျာလေးများ..ပေးပို့နိုင်ပါတယ်..လို ့။

About ဇီဇီ

ဇီဇီ has written 357 post in this Website..

CJ # 129120