ကန္နားစီးမိဂီသို့ … ငါးစိမ်းသည် ဗားရှင်း

 

လေပါတယ်အေ။ ရွာထဲမှာ မိဂီတစ်ယောက်သောင်းကျန်းနေပြီ။ လစ်ဗင်းတူဂဲသားရေး မဂဲသား ရေးကို အင်္ဂလန်က တစ်တစ်ရယ်၊ မြန်မာပြည်က လစ်လစ်ရယ် သူများပို့စ်ထဲ ဝင်နှောက်ပြီး သကာလ ဘာမှမကြာခင်ပဲ မိဂီရဲ့ပို့စ်တွေ ဆက်တိုက်ဆိုသလိုတက်လာတယ်။ ပထမ သူမတွင် ရှိသောအကျင့်တစ်ခုလေးများ၊ နောက်တော့ သူ့တွင်ရှိသောအကျင့်တစ်ခုလေးများ၊ အဲဒီလုို ပဏာမခြေဆင်းလေးတွေ ရေးပြီးတော့ကာ ကြိုကြိုတင်တင် မေတ္တာမိုးတွေစွေထားဖို့ ယောက္ခဖ ဆိုတဲ့ စကားလုံးအသစ်ကို အံ့ဘနန်းတီထွင်လိုက်တယ်။ (ဤကမာ္ဘပေါ်တွင် မြန်မာစာလုံး ယောက္ခဖ ဆိုသောစကားလုံးကို ဂီဂီတီထွင်သည်)။ ပြီးတော့မှ ထမင်းစားပို့စ်၊ ခြေသည်းညှပ် ပို့စ်တွေ တက်လာတာကိုး။ ခုတော့ မောလို့မွမ်းတောင်နေပြီ။

ဒီပို့စ်တွေနဲ့ စောစောက လစ်လစ်နဲ့တစ်တစ်ရဲ့ လစ်ဗင်းတူဂဲသားရေး မဂဲသားရေးကိစ္စ မဆိုင်ပါ ဘူးလို့ ငြင်းချင်လည်းငြင်းပေါ့အေ။ မျှစ်ကြော်ပြုံးဆိုတဲ့ ဓားမ လက်ကမချတဲ့ ငါးစိမ်းသည်ကလည်း ပြောရဦးမှာပဲ။ ဆင်ခြေပေးမယ်ဆိုရင် လက်ထဲက ဓားမ ကြည့်ထား။ (မှတ်ချက်။ ဓားဖ မဟုတ်၊ ဓမ္မလည်း မဟုတ်)

ပထမဆုံး လစ်ဗင်းတူဂဲသားဆိုတဲ့ စကားလုံးကောက်ယူပုံ မြန်မာပြည်မှာမှားနေတဲ့အကြောင်း တစ်တစ်က ပြောခဲ့တယ်။ ဟိုအနောက်နိုင်ငံတွေမှာက လက်ထပ်တာ ပြဿနာများလွန်းလို့ ကျားရော မရော မိဘအိမ်ကခွဲထွက်လာပြီး ကိုယ့်ဖာသာကိုယ် အိမ်ထောင်ပြုသလို တူတူနေ တာကို ပြောတာ။ မြန်မာပြည်မှာကတော့ လစ်ဗင်းတူဂဲသား ဆိုတာ ကျားနဲ့မ မိဘတွေအိမ်က ခွဲမထွက်ဘဲ အဆိပ်ပန်းသီးစားကြတာကိုပြောတာ။ အဲဒီလိုရှင်းသွားပြီဆိုတော့ လစ်ဗင်းစပရိတ် လို့ စကားလုံးပြောင်းသင့်လား မသိဘူး။ ထားပါတော့၊ လိုရင်းကတော့ အပျိုရည်ထိန်းသိမ်း သင့်-မသင့်ခေါင်းစဉ်အောက်မှာ ရှိနေပြီ။ ဒီ့ထက် နက်နက်ရှိုင်းရှိုင်းတွေးလိုက်မယ်ဆိုရင် မိန်း ကလေးများအတွက် လူ့အခွင့်အရေးခေါင်းစဉ်အောက်ကို ရောက်သွားပြီ။
ဒီတော့ကာ လစ်ဗင်းတူဂဲသား သဘောတရားတစ်ခုလုံးက မိန်းကလေးလည်းလူပဲ၊ ဒီတော့ သူ့ sex  သူပိုင်တဲ့အတွက် စောင့်ထိန်းစရာမလိုဆိုတဲ့ သဘောသွားဆီရောက်သွားတဲ့ အဖြေကိုပဲ လစ်လစ်က ဖြေခဲ့မိတယ်။ ဒီကိစ္စသိမ်မွေ့လို့ လိပ်ပတ်လည်အောင် ဖြေရှင်းဖို့ လစ်လစ်မှာ အချိန်မရှိခဲ့ဘူး။

———
ပထမအချက်အနေနဲ့ လူဆင်းရဲတွေများတဲ့ မြန်မာပြည်မှာ မိဘအိမ်ကခွဲထွက်ပြီး တစ်အိုး တစ်အိမ်ထူထောင်ဖို့ မလွယ်ဘူး။ နှစ်ပေါင်းမနည်းအောင် ချစ်သူနှစ်ဦးကြိုးစားပမ်းစား ရုန်း ကန်ရတယ်။ မိဘအိမ်ကသာခွဲထွက်ပြီးနေနိုင်မယ်ဆိုရင် အနောက်နိုင်ငံလစ်ဗင်းတူဂဲသားလိုမျိုး ဘယ်နေတော့မလဲ။ မိန်းကလေးတွေအတွက် တရားဥပဒေအားကောင်းခိုင်မာတဲ့ တိုင်းပြည်မှာ တရားဝင်ပဲ ယူကြတော့မှာပေါ့။ မယူနိုင်သေးလို့ကို စောင့်ဆိုင်းနေရတဲ့ကာလမှာ မိန်းကလေးက စောင့်ထိန်းလွန်းရင် ယောက်ျားလေးက ချစ်သူရှိရက်နဲ့ တခြားမှာ ငှက်ကလေးတွေရှာရသေးတာ။ ဒီတော့ ငွေကုန်တာကစပြီး အေအိုင်ဒီအက်စ်လို၊ ကာလသားရောဂါလို ရောဂါတွေ ထိန်းချုပ်ဖို့ ခက်ခဲတယ်။
တကယ်တော့ လစ်လစ် ချပြတဲ့သဘောသွားဟာ (ချစ်သူချင်းနားလည်မှုလို့ ခေါင်းစဉ်တပ်မယ်) မိန်းကလေးတွေရဲ့လိင်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်ကို အရေးတကြီးတောင်းဆိုတာမဟုတ်၊ ယောက်ျား လေးတွေကို သနားလို့ မျက်နှသာပေးရကောင်းမလားလို့ ဆိုလိုတာပါ။ ဒါကို ကနားစီးမိဂီတို့ အကောက်လွဲပြီး ထမင်းစားယဉ်ကျေးမှုကို တင်ဆက်လာတယ်။ (တေမယ်နော် … သတိထား။)

———

ချစ်သူချင်းနားလည်မှု (တနည်း) လစ်ဗင်းတူဂဲသား အကြောင်းဆက်ရေးပါမယ်။ ဒီ ဒုတိယ အချက်က ပိုအရေးကြီးတော့ ကိုယ်တွေ့နဲ့ယှဉ်ပြီးရေးရမယ်။ မျှစ်ကြော်ပြုံးတို့မိဘတွေဟာ သားသမီးကို လိုလေသေးမရှိထားခဲ့ပေမယ့် အရေးကြီးဆုံး တစ်ချက်ကိုတော့ မပေးနိုင်ခဲ့ဘူး။ အဲဒါက စိတ်ချမ်းသာမှုပါ။ မိဘတွေရဲ့ အိမ်ထောင်ရေး အဆင်မပြေမှုဟာ သားသမီးတွေအတွက် အင်မတန်စိတ်ဆင်းရဲစရာကောင်းတယ်။ ဘယ်လောက်အထိလဲဆိုရင် မျှစ်ကြော်ပြုံး ကျန်းမာရေးချုံးချုံးကျသွားပြီး နောက်ဆုံးတစ်ကြိမ် မိဘတွေ ပေါက်အကွဲမှာ မျှစ်ကြော်ပြုံးလည်း အကြားအာရုံရပ်သွားခဲ့တယ်။ ရက်ပိုင်းအတွင်းဖြစ်ခဲ့တာနော်။ ရင့်ကျက်လာတဲ့အချိန်မှာ အခြေအနေတစ်ရပ်လုံးကို ပြန်သုံးသပ်ကြည့်တော့ ဟိုခေတ်က ချစ်သူချင်းနားလည်မှု(လစ်ဗင်းတူဂဲသား) မရှိဘူး။ ရှိများရှိခဲ့ရင် မိဘတွေလည်း ဒီစနစ်ကို ကျင့်သုံးခဲ့မယ်ဆိုရင် သူတို့ယူဖြစ်ကြမှာ မဟုတ်ဘူး။ နောက်ဆက်တွဲ ခါးသီးစရာ အိမ်ထောင် ရေးအကွဲအပြဲတွေ ပေါ်ပေါက်လာမှာမဟုတ်ဘူး။ ချားလ်စ်နဲ့ ဒိုင်ယာနာတို့ကြားမှာတောင် ဒီလို အကွဲအပြဲတွေ ပေါ်ပေါက်လာမှာ မဟုတ်ဘူး။

ချစ်သူချင်းနားလည်မှုဟာ လက်ထပ်တော့မယ့်စုံတွဲတွေကြားထဲက ပုံရိပ်ယောင်အလွှာပါးတစ်ချပ် ကို ခွာချပေးလိုက်တယ်။ အချစ်တွေအချိုပေါ့သွား မပေါ့သွားကို ရှင်းလင်းစွာသိနိုင်စေတယ်။ (ကာမဆက်ဆံလို့ကောင်းမကောင်းကို ဆိုလိုတာမဟုတ်) အနည်းဆုံးတော့ ယောက်ျားတစ်ယောက် ကိုယ့်အပေါ်သစ္စာရှိမရှိကို သိနိုင်တယ်။ ဒီအခါ တန်ဖိုးရှိတဲ့လူ့ဘဝတိုတိုလေးကို ပျော်ရွှင်စွာ ဖြတ်သန်းသွားနိုင်ဖို့ တခြားရွေးချယ်စရာရှာခွင့် ရှိသွားစေတယ်။
အိမ်ထောင်ပြုမယ့် မိန်းကလေးတိုင်း လစ်ဗင်းတူဂဲသားနေသင့်တယ်လို့ ဆိုလိုတာမဟုတ်။ လစ်ဗင်းတူဂဲသား(ချစ်သူချင်းနားလည်မှု) ရဲ့ အားသာချက်ကောင်းကွက်ကို ထောက်ပြတာပါ။

———

 တတိယအချက် ကတော့ မြန်မာပြည်ဟာ ပုံစံတစ်မျိုးနဲ့ ဂွကျတဲ့တိုင်းပြည်ဖြစ်ပါတယ်။ အမျိုး သမီးတွေအတွက် ဥစ္စာဓနပိုင်းမှာ ဥပဒေကြောင်းအားကောင်းခိုင်မာပေမယ့် လူမှုရေးပိုင်းမှာ ဖိနှိပ်ထားတယ်။ စကားလုံးသုံးတာကအစ မိန်းကလေးဆိုရင် ရွတယ်တို့၊ ထတယ်တို့၊ သူရို့ ယောက်ျားတွေကျတော့ ယောက်ျားကောင်းမောင်းမတစ်ထောင်တဲ့။ ယောက်ျားအများစုကလည်း သူတို့သာ ဘယ်လောက်ရှုပ်ရှုပ် သူတို့တကယ်ယူမယ့်မိန်းကလေးကျတော့ အပျိုစစ်စစ်မှတဲ့။ ဒီတော့ အဲဒီလိုယောက်ျားကိုယူမယ့်အစား ကိုယ့်ထမင်းကိုယ်ရှာစားတာ မကောင်းဘူးလား။ ကိုယ် စောင့်ထိန်းထားတဲ့ တန်ဖိုးတစ်ခု (virginity ကိုဆိုလိုတာပါ) ဟာ ဒီလိုလူစားတွေနဲ့ တန်ပါ့မလား။
လူနှစ်ဦး တကယ်မေတ္တာစစ်နဲ့ချစ်ကြပြီဆိုရင် ဒီ  virginity ကိစ္စဟာ ဘာမှအရေးမပါပါ။ တကယ့်မေတ္တာစစ်နဲ့တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးကသာလျှင် ပကတိဘဝတန်ဖိုး   ဖြစ်လာနိုင်တယ်။ မျှစ်ကြော်ပြုံး လစ်ဗင်းတူဂဲသား မနေခဲ့၊ သို့သော် ဘဝမှာကံကောင်းမှုတစ်ခု ဆိုတာသာရှိခဲ့ရင် အဲဒါ အိမ်ထောင်ရေးပဲဖြစ်ပါလိမ့်မယ်။ ဆိုလိုတာက ခါးသီးစရာအိမ်ထောင် ရေးအကွဲအပြဲတွေကို ရှောင်နိုင်ဖို့ လစ်ဗင်းတူဂဲသားနေကိုနေရမယ်လို့ ဆိုခြင်းမဟုတ်ဘဲ အိမ်ထောင် ရေးမှာ virginity အဖြစ်ဟာ ဘာမှအရေးမကြီးတဲ့အတွက် မိန်းကလေးတွေကို ဒီကိစ္စနဲ့ နိုင်ပေါက်ကိုင်မထားဖို့ကို ဆိုချင်တာပါ။

——–

မျှစ်ကြော်ပြုံး ယုံကြည်တဲ့အချက်ကတော့ လူတစ်ယောက်ကို သူ့အသိဉာဏ်ကသာလျှင် ထိန်း ကျောင်းနိုင်တယ်။ မိန်းကလေးတွေ ပညာတတ်လာရင်၊ လူမှုဘဝဖွံ့ဖြိုးလာရင် အွန်လိုင်းမင်းသမီး လုပ်ကြတော့မှာမဟုတ်ဘူး။ အချစ်ရဲ ့ ခမ်းနားကြီးကျယ်မှုတွေ အငွေ့ပျံသွားတဲ့အထိ၊ လူသား ဂုဏ်သိက္ခာတွေ မြောင်းထဲရောက်သွားတဲ့အထိ ကာမဂုဏ်ကိုအောက်တန်းကျစွာ ခံစားကြတော့ မှာမဟုတ်ဘူး။ ချွင်းချက်တချို့ရှိနိုင်ပေမယ့် ယောက်ျားတွေအဆင့်မြင့်လာရင် မိန်းမတွေလည်း အဆင့်မြင့်လာမှာပါ။
တကယ့်လူ့အခွင့်အရေးကို ပြောပါမယ်။ စောင့်ထိန်းခြင်းမထိန်းခြင်းဟာ ကာယကံရှင်မိန်းကလေး ရဲ့ ကိုယ်ပိုင်အခွင့်အရေးသာဖြစ်ပြီး ဘေးပတ်ဝန်းကျင်ရဲ့ တန်ဖိုးဖြတ်ခံရမှု မဖြစ်သင့်။

““မိဘကျေးဇူး မြင့်မိုရ်တောင်ဦး မကကျူးသား”” လို့ပြောတတ်တဲ့တိုင်းပြည်မှာပဲ တာဝန်မကျေဆုံး မိဘတွေရှိနေတယ်။

““မိန်းမကောင်းမှန် တစ်ပွင့်တန်၊ မိန်းမတို့အိန္ဒြေ ရွှေပေးလို့မရ၊ ဗိုင်းကောင်း ကျောက်ဖိ ””  စတဲ့စကားတွေပြောတတ်တဲ့ တိုင်းပြည်မှာပဲ အဆိုးရွားဆုံးယောက္ခမတွေ ရှိနေတယ်။ အဲဒီလို ယောက္ခမတွေထဲက တစ်ဝက်တိတိကို  ယောက္ခတီး လို့ခေါ်ရမှာ အားနာပြီး ယောက္ခဖ ဆိုတဲ့ စပါယ်ရှယ်စကားလုံးကိုတောင် တီထွင်နိုင်ခဲ့ပြီဆိုတော့  …  ကဲ၊ အပေးအယူစပြီ။  ယောက္ခဖတွေထက်  ပုခက်လွှဲမယ့်လက်ပိုင်ရှင်တွေကို ပိုအားနာစရာကောင်းတဲ့အတွက် မိန်းကလေးများကို နှိပ်ကွပ်သည့်သဘောသွားများအပါအဝင် ကာမ၊ ရာဂ၊ တဏှာ၊ ရမ္မက်စသော စကားလုံးများကို မိန်းကလေးများနှင့်ယှဉ်တွဲပြီး မသုံးရ။ သုံးလျှင် ကျုပ်တို့ဘက်မှ  slogan  နှစ်ခုလက်ကိုင်ထားမည်။ အဆိုပါ  slogan  များမှာ
၁။ ဗမာယောက်ျားများ virginity  နှင့်မတန်။
၂။ ယောက်ျားများအဆင့်မြင့်လာလျှင် မိန်းမများအဆင့်မြင့်လာမည်။

ပုံ

ငါးစိမ်းသည်၏ ဓားမ အမိန့် (ဓားဖ မဟုတ်)

 

 

70 comments

  • အရီးခင်လတ်

    June 16, 2013 at 2:11 am

    ချစ်သော မှော်လက်ရှင် လစ်လစ်

    တစ်တစ် စာရေးလိုက်သည်။
    ဒီတစ်ခါ ရှင်းပြချက် ကို နားလည် သဘောပေါက် ထောက်ခံ ပါသည်။
    စာရေးဆရာမ လို့မပြောရ။
    ရေးတတ်လိုက်တာ။

    အဓိက နောက်ဆုံး အပိတ်လေး
    {
    ၁။ ဗမာယောက်ျားများ virginity နှင့်မတန်။
    ၂။ ယောက်ျားများအဆင့်မြင့်လာလျှင် မိန်းမများအဆင့်မြင့်လာမည်။
    }
    ဒါကို လက်သီးလက်မောင်း တန်းပြီး အားပါးတရ ပိုပြီး ထောက်ခံ ပါသည်။
    (မှတ်ချက် – ထို ဗမာယောက်ျားများထဲ ဘေးက သူငယ်ချင်း မပါ) 😉

    ပြီးတော့ လစ်လစ် ကို တိုးတိုးလေးတော့ဆက်မေးမယ်။
    ဒင်းတို့ အဆင့်မြင့် ဖို့ ကိုယ်တို့ မှာရော တာဝန်မရှိပေဘူးလား။
    တိုးတိုးနော်။ သကောင့်သားတွေ မကြားစေနဲ့။
    😆

    ချစ်တဲ့
    တစ်တစ်

    • ဝင့်ပြုံးမြင့်

      June 16, 2013 at 11:34 pm

      ဒင်းတို့ အဆင့်မြင့်အောင် ဓားကြိမ်း ကြိမ်းပေးရတယ် ဟိဟိ။

  • အရီးခင်လတ်

    June 16, 2013 at 2:21 am

    စကားမစပ်
    ချားလ်စ်နဲ့ ဒိုင်ယာနာ ကတော့
    မင်းသားကြီးက ဒီလောက် ငယ်ငယ်ချောချော လေး အနားထားပြီး ဘယ်လိုမှ စတိုင် မကျ မလှပ တဲ့ (ကိုယ့်အမြင်) သူ့ငယ်ချစ် မိန်းမကြီး ကို မှ တန်းတန်းစွဲ နေတာ အကြောင်းဘဲ။
    ဒါကို နားမလည်နိုင်ဘူး။
    အဲဒီ ကနေ ဒိုင်ယာနာ က စပြီး ရွဲ့ရင်း ဖောက်တော့တာ ကနေ ဝမ်းနည်းစရာ ဇာတ်သိမ်းမကောင်းခဲ့ဘူး။
    ဒါကြောင့်
    အိမ်ထောင်ပြိုကွဲ ကြတာရဲ့ ရာနှုန်းအများစု က တတိယလူ ဝင်လာ/ပါလာ တာက စသလားဘဲ လို့ တောင် ထင်မိသား။
    Research တွေ တော့ ရှိမှာဘဲ။

    • ကြက်အူလှည့်

      June 16, 2013 at 8:44 am

      သော့ခလောက်တိုင်းကို ဖွင့်နိုင်သောသော့အား မာစတာကီးဟုခေါ်ပီး
      သော့တံတိုင်းနှင့်ဖွင့်နိုင်သော သော့ခလောက်အား ၆၃ မကျသော သော့ခလောက်ဟု
      ရှေးလူကြီးများ မိုက်မဲစွာ ကင်ပွန်းတပ်ခဲ့ကြလေသတည်း.

      အာဟိ. ကွိကွိ

    • ဝင့်ပြုံးမြင့်

      June 16, 2013 at 11:52 pm

      ချားလ်စ်နဲ့ ဒိုင် တို့တုန်းက နန်းတွင်းစည်းကမ်းတွေ များတယ်။ ဒိုင်က ချားလ်စ်နဲ့ လက်မထပ်ခင် အပျိုစစ်စစ်ဖြစ်ကြောင်း ဆေးစစ်ခံရသေးတယ်။ ဒိုင်ကတော့ ချားလ်စ်ကို တကယ်ချစ်ခဲ့ပုံပဲ။ မင်းသားမို့ယူတာ မဟုတ်ဘူး။ ချားလ်စ်ကတော့ နန်းတွင်းစည်းကမ်းတွေကို မလွန်ဆန်နိုင်၊ ကိုယ့်ကိုယ်ကိုယ်လည်း မလွန်ဆန်နိုင်တဲ့ လူလို့ ထင်တာပါပဲ။ သူတို့သာ လစ်ဗင်းတူဂဲသား အရင်နေဖြစ်ကြရင် ဒိုင်က ချားလ်စ်ကို ယူမယ်မထင်ဘူး။
      အိမ်ထောင်ကွဲတာမှာ တတိယလူထက် ကာယကံရှင်တွေကိုယ်တိုင်ရဲ့
      ကာရိုက်တာ မတူတာကအဆိုးဆုံး။ ပြုံးမိဘတွေလည်း ဒီအတိုင်းပဲ ။ တစ်ယောက်နဲ့တစ်ယောက် စရိုက်မတူဘူး။ တစ်ယောက်က အရှေ့၊ တစ်ယောက်က အနောက်။ တစ်အိမ်ထဲ အတူနေရင်း ဘယ်တတိယလူမှ မပါဘဲကို ကွဲနေတာ။ အဲဒါကမှ တကယ့်အတွင်းကြေ။

  • Foreign Resident

    June 16, 2013 at 5:52 am

    ရွာထဲက နာမည်ကျော် ကန္နားစီး တော့ ၊
    အခု ငါးစိမ်းသည် နှင့် တွေ့ပြီ ။ ဟီ ဟိ ။
    ပြေး နိုင်မှ လွတ်မဟေ့နော် ။

    မ ဝင့်ပြုံးမြင့် ရဲ့ အဆိုကို ထောက်ခံပါတယ် ။

    ၁ ။ ချစ်သူ ရည်းစား ဘဝ ဟာ တစ်ယောက်နှင့် တစ်ယောက် ဟန်ဆောင်နေကြတာပါ ။
    ၂ ။ Living Together တစ်နှစ်လောက် နေလိုက်ရင် ၊
    အားနည်းချက်တွေက ဖုံးမရပဲ ဗူးပေါ်သလို ပေါ်လာပါလိမ့်မယ် ။
    ၃ ။ Living Together တစ်နှစ်လောက် နေကြည့်ပြီးမှ ၊
    လက်ထပ်သင့်တယ်လို့ ယူဆပြီး လက်ထပ်ကြတဲ့ အိမ်ထောင်တွေဟာ ၊
    ကွဲနိုင်ခြေ အရမ်း နည်းသွားပါပြီ ။
    ၄ ။ ဘာဖြစ်လို့လဲဆိုတော့ ၊ တယောက် ရဲ့ အားနည်းချက် ကို ၊
    နောက် တယောက် က သေချာသိနေပြီး ၊ လက်ခံနိုင်လို့သာ ၊
    ရှေ့ဆက် လက်ထပ်ခဲ့တာကိုး ။

    ဒါကြောင့် ၊ အဘ ကတော့ ။

    ၁ ။ Living Together စံနစ်ကို ကန့်ကွက်ရန် မရှိပါ ( ကန့်ကွက်ရန် မရှိပါ ) ။

    ၂ ။ လက်မထပ်ခင် အမျိုးသမီး ဟာ အပျိုဖြစ်ရမယ် ဆိုတဲ့ စံနစ် ၊
    ( အမျိုးသမီး ရဲ့ လွတ်လပ်စွာ ကာမဂုဏ် ခံစားခွင့်ကို သွယ်ဝိုက် ဟန့်တားတဲ့ စံနစ် )
    ကိုလည်း ကန့်ကွက်ပါတယ် ။

    ၃ ။ အဘ အမြင်မှာ တော့ အမျိုးသမီး လဲ လူ ၊ အမျိုးသား လဲ လူ ဖြစ်တဲ့အတွက် ၊
    ( ကာမဂုဏ် ခံစားခွင့် အပါအဝင် အားလုံး ) တန်းတူ အခွင့်အရေး ပေးရပါမယ် ။
    ( တန်းတူ အခွင့်အရေး တောင်းတဲ့ အမျိုးသမီး တွေကလည်း သတ္တိ တော့ ရှိဖို့လိုပါတယ် )

    ၄ ။ အဘဟာ အမျိုးသမီး တန်းတူ အခွင့်အရေး ကို ကာကွယ်စောင့်ရှောက်မှု ၊
    ( Feminism ) စံနစ် ကို ထောက်ခံသူ တစ်ဦးဖြစ်ပါတယ် ။

    • ကြက်အူလှည့်

      June 16, 2013 at 9:37 am

      အစ ကိုထောက်ခံပါတယ်.
      ဖီမီနဇနင်မ် ကိုလည်း ကန့်ကွက်ရန်မရှိပါ. သို့သော်လည်းပေါ့နော်.
      ဖီမီနဇင်မ် ဘက် ဇောင်းပေးလွန်းတာကိုတော့ အားမပေးပါ.
      တခါက ဆွီဒင်မှာ ဖြစ်ပါသည်. ယောကျာ်းအိမ်သာတွေရဲ့ မတ်တပ်သေးပေါက်ခွက်တွေကို ဖယ်ရှားရမယ်လို့
      နာမည်ကျော် နိုင်ငံရေးသမားတယောက်က အဆိုတင်သွင်းပါသတဲ့. မိန်းမတွေလိုက်လုပ်လို့မရမယ့်
      လူ့အခွင့်အရေးကို အသားယူသလို ဖြစ်နေလို့ပါတဲ့.

      နောက်တခု လူဝင်မှုဥပဒေ. ဂျပန်မှာ. ကျနော့်မိတ်ဆွေယောကျာ်းတယောက် ဂျပန်မနဲ့ယူကလေးရ
      အိမ်ထောင်ရေးအဆင်မပြေဖြစ် ကွဲ. ချက်ခြင်း သူ မြန်မာပြည်ပြန်လာရ.
      အလားတူပဲ မိတ်ဆွေ မြန်မာမတယောက် ဂျပန်နဲ့ယူ ကလေးရ ကွဲကြပြဲကြ
      သို့သော် သူမသည် ခုချိန်ထိ ဂျပန်နိုင်ငံသား. အော် ရယ်. ပြောပါတယ်.
      ဥပဒေရေးရာပိုင်းအရ. အားနွဲ့သူပါရှင်တွေကို အသာပေးထားတဲ့ အပိုင်းလေးတွေ ရှိနေတာပြောပါတယ်.
      ဖီမီနဇင်မ် အင်မတန်အားကောင်းလာပြီး ဘာမဆို တန်းတူ ရင်ဘောင်တန်းချင်ရင်တော့
      တခုတောင်းဆိုပရဇီ. ကျနော့်ဗိုက်လာခွဲပြီး သားအိမ်တလုံး ထည့်ပေးပါ.

      နို့မို့ ထွက်ကျလာတဲ့ အချိုရည်ဗူး. သူ့အကြွေစိကြောင့်မှန်းမသိ ကိုယ့်အကြွေစိကြောင့်မှန်းမသိ.
      အခြေအနေတွေကနေ ကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေကိုပါ တို့ထိချင်ကြပီ ဆိုရင်တော့
      ယောကျာ်းတိုင်းလည်း ကိုယ်ဝန်ဆောင်ခွင့် လူ့အခွင့်အရေးကို ယဲယဲကြီး တောင်းဆိုပလိုက်မှာ ဖြစ်ကြောင်း ရယ်ပါ.

    • Foreign Resident

      June 16, 2013 at 10:34 am

      မေါင် ဂီ ရဲ့ ။

      အဲဒီ ဂျပန် လူဝင်မှု ဥပဒေ ကိုကြားဖူးတယ် ။ သိပ် မတရားဘူးလို့ မြင်တယ် ။
      ( Asian ရဲ့ Conservative အတွေးအခေါ်တွေဟာ ၊
      Caucasian ရဲ့ Liberal အတွေးအခေါ်တွေကို လိုက်မှီလာဖို့ ၊
      အဆင့် နဲနဲ / အချိန် နဲနဲ လိုနေသေးတယ် ပြောရမယ် )

      အဘ က Feminism ကို လက်ခံပေမယ့် ၊
      မိန်းမ တွေကို သိပ် ပစား ပေးထားတဲ့ ဥပဒေ တွေကိုလည်း မကြိုက်ဘူး ။
      ဘာလဲ ၊ တန်းတူ လိုချင်ရင် ၊ တန်းတူ နေရဲ ရမှာပေါ့ ။

      ဟိုတစ်ခါတုန်းက ၊ Feminists တွေ တောင်းဆိုတဲ့ ၊
      ” ( Beach တွေမှာ ) ယောက်ျားတွေ ဘရာဇီယာ မ ဝတ်ရင် ၊
      မိန်းမတွေ လည်း ဘရာဇီယာ မ ဝတ်ပဲနေခွင့် ရှိရမယ် ”
      ဆိုတဲ့ တောင်းဆိုချက်မျိုးကိုတော့ လှိုက်လှိုက်လှဲလှဲ ထောက်ခံတယ် ။
      တရားမျှတမှု ဆိုတာ ဒါမျိုးကိုမှ ခေါ်တာ ။ ဟီ ဟိ ။

      ” ထွက်ကျလာတဲ့ အချိုရည်ဗူး သူ့အကြွေစိကြောင့်မှန်းမသိ ကိုယ့်အကြွေစိကြောင့်မှန်းမသိ ”

      နောက်ပိုင်း ၊ အဲဒီကိစ္စ ပြဿနာ နဲ နဲ ပြီး သွားမယ် ထင်ပါတယ် ။
      ( ဘယ်သူ့ အကြွေစိကြောင့်ဘဲ ဖြစ်ဖြစ် လူ ဟာ လူ ပါပဲ ပုံစံ ကို သွားနေကြတယ် )

      အခု ဩဇီ မှာ ၊ တချို့ မိဘ တွေ သားသမီး ကို အမွေ မပေးတော့ဘူး ။
      ကျန်သမျှ ပိုက်ဆံ ၊ တိုင်းပြည်ကို လှူပြစ်လိုက်တာတွေ များလာပြီ ။

      ကလေး မွေးလာရင် ၊ ပြုစု ပျိုးထောင်ပေးတယ် ။
      High School အထိ ထားပေးတယ် ၊ တော်ပြီ ။
      တက္ကသိုလ် စရိတ်တော့ ၊ ကိုယ့်ဖာသာ ရှာ ။
      နင့်လမ်း နင်လျှောက် ၊ သွားတော့ ပဲ ။

      သားသမီး ကလည်း ( ငယ်စဉ် အခါမှာ ) မိဘ ကို အားကိုးနေစရာ မလိုဘူး ။
      ( မိဘ က ကျောင်း ထားမပေးနိုင်လည်း ၊ အစိုးရ က ထားပေးလိမ့်မယ် )

      မိဘ ကလည်း ( အိုတဲ့ အခါမှာ ) သားသမီး ကို အားကိုးနေစရာ မလိုဘူး ။
      ( အို တဲ့သူတွေကို Nursing Home တွေမှာ အစိုးရ က ထားပေးလိမ့်မယ် ။
      အဲဒီမှာ လူအိုတွေကို ရေချိုးတာက အစ အစစ အရာရာ Nurse တွေက လုပ်ပေးမယ် )

      မိဘ လဲ လူ ၊ ဩဇီ နိုင်ငံသား ။ သားသမီး လဲ လူ ၊ ဩဇီ နိုင်ငံသား ။
      ဩဇီ နိုင်ငံသား အားလုံး ကို ၊ မွေး မှသည် သေသည် အထိ ဩဇီ နိုင်ငံ က တာဝန်ယူတယ် ။
      ပုံစံက ဩဇီ နိုင်ငံသား အားလုံးရဲ့ မိဘ က ဩဇီ နိုင်ငံ ဆိုတဲ့ သဘောကို သွားနေပြီ ။

      • ကြက်အူလှည့်

        June 16, 2013 at 11:24 am

        ကယွဲစီ တော်ကီ ယူသုံးရမယ်ဗျာ.
        ဖန်ဇင်းရှင်ကိုတော့ ဒီနေရာမှာ နည်းနည်းတင်းဒယ်.
        ဒင်းတို့ကျ တလမှ တဥ ဥတာ. ကျော်တို့ကျ သန်းနဲ့ချီပေးဆပ်နေရတာ. အဟောသိကံ ဖြစ်ကုန်တာတွေလည်မနည်း.
        အချုပ်ပြောချင်တာ ဂလိုပါ မမပြုံးနဲ့လည်း ရှေးမဆွက ပြောဖူးမန့်ဖူး ရှိသပေါ့ဗျာ.
        အမွေစားအမွေခံဥပဒေတို့. ကလေးမွေးစားတဲ့ ဥပဒေတို့. ကျကျနန မဖြစ်သမျှတော့.
        တန်းတူညီမျှရေး က အလှမ်းဝေးနေဦးမယ် ဆိုတာပါပဲ. ဟို. အဝဇ္ဇာအတုံးအခဲ ဖန်ဇင်းရှင်ဆိုသူယီးက. ကျော်တို့ဗိုက်ထဲ
        သားအိမ်ထည့်မပေးသွားတာကလည်း အကြောင်းရင်းခံတရပ်မဟုတ်လားဗျာ.

  • မင်းမင်း

    June 16, 2013 at 8:20 am

    အဘရယ်

    ဘယ်နိုင်ငံအတွက်များ

    ထောက်ခံပေးနေတာလဲဗျာ။

    မြန်မာ ပြည်မှာတော့

    ဒူးနေရာဒူး တော်နေရာတော်

    ဆိုရိုးအတိုင်း

    ဖို မ ကိစ္စ နေရာမှာတော့

    တန်းမတူနေပါနဲ့ဗျာ။

    • Foreign Resident

      June 16, 2013 at 9:16 am

      အင် ၊ ကိုရင်တို့ မြန်မာ နိုင်ငံသားတွေ ပဲ ၊
      ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု ကို ၊
      လိုချင်တယ်ဆို ၊ အလေးထားတယ်ဆို ၊ လိုက်နာချင်တယ်ဆို ။

      ကိုရင် တို့က ၊ ကိုယ် သာ တဲ့ ဟာတွေကိုတော့ ယူချင်ပြီး ၊
      ကိုယ် နာ မယ့်ဟာတွေကိုတော့ မလိုချင်ကြဘူးပေါ့ ။

      ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု ကို ၊
      ယောက်ျားလေး အတွက်ဆို တစ်မျိုး ၊ မိန်းကလေး အတွက်ဆို တစ်မျိုး ၊
      မြန်မာ အတွက်ဆို တစ်မျိုး ၊ ဘင်္ဂါလီ အတွက်ဆို တစ်မျိုး ၊
      ဗုဒ္ဓ ဘာသာ အတွက်ဆို တစ်မျိုး ၊ မွတ်ဆလင် ဘာသာ အတွက်ဆို တစ်မျိုး ၊
      အဲလို အဓိပ္ပါယ် ဖွင့်ဆို ၊ လိုရာ ဆွဲလို့ မရဘူးလေ ။
      အဲဒါ တရားမျှတမှု မှ မဟုတ်တာ ။

      ပြတ်ပြတ်သားသား ပြောချင်ရင်လည်း ၊ ပြောထည့်လိုက်စမ်းပါ ။
      ကျနော် ( လူလူချင်း တန်းတူ အခွင့်အရေးပေးတဲ့ ) ၊
      လူ့ အခွင့်အရေး စံနစ် ကို မ ကြိုက်ပါဘူး လို့ ။

      ဒါမှ မဟုတ်လည်း ၊ တစ်မျိုး ပြောင်းပြောချည် ၊
      မိန်းမ ဆိုတာ လူ မဟုတ်တဲ့ အတွက် / စံ မမှီတဲ့ အတွက် ၊
      လူ့ အခွင့်အရေး / တန်းတူ အခွင့်အရေး ပေးရန် မလို လို့ ။

  • ကြက်အူလှည့်

    June 16, 2013 at 9:04 am

    ဟိုက်
    အစာရှာ ထွက်ကာနီးမှ ဒီပိုစ့် တွေ့လာတယ်.
    ထမင်းကိုက်ပြီးမှ ပြန်မန့်ပါ့မယ် ချင့်.
    ခင်တဲ့

  • ကြက်အူလှည့်

    June 16, 2013 at 10:19 am

    ဂလိုစိလယ် မမပြုံး

    ကနေ့မြန်မာချစ်တပ်မှာ တော့ပ်တန်းဝင်သူတယောက် ချစ်တက္ကသိုလ် ကျောင်းအုပ်ဖစ်တုန်းကပေါ့ဗျာ.
    စာသင်နှစ်ကို အထက်ကနေ ၄ နှစ်ကနေ ၃နှစ် လျှော့ချလိုက်ပါသတဲ့.
    အဲ့သည့်မှာ ကျောင်းသားတွေထဲ ဗလိပ်ဓါးမျိုသူတွေ လှေကားက ဘေးမှာ ရှိတာတောင် ဟိုမီးသတ်တိုင်လုံး တွယ်ဆင်းပီး
    ခေါင်းကွဲတာတွေ ဖြစ်. အဲ့သည်မှာ. ပညာရှင်တွေခေါ် စုံစမ်း စစ်ဆေးပါသတဲ့
    ချာတိတ်တွေ ဆေးကြောင့်လား ဘာလားပေါ့.
    အံ့ဩစရာ အဖြေ ရီဇာတ် ထွက်လေရဲ့.
    အဲ့ ဒါကတော့. ကျနော်တို့လူမျိုးဟာ စိတ်ဒါတ်ရေးရာ ဖွံ့ဖြိုးတိုးတက်ရင့်ကျက်တာ
    နောက်ကျပါသတဲ့လေ.

    ပြန်လာမယ်. ချင့် ကျိကျိဆီက ဖုန်းလာနေလို့.

    • ကြက်အူလှည့်

      June 16, 2013 at 11:33 am

      မမပြုံး.
      ကျော့် အကျင့်တခုရှိသည်တို့ ယောက္ခဖ တို့က ခြေဆင်းတွေမှုတ်ပါဝူးဗျာ.
      ခြားနားတဲ့ ပိုစ့်တွေ. ပါ.

      ထမင်းစားပိုစ့်နဲ့. ခြေစွယ်ငုတ်ပိုစ့်ကလည်း ငယ်ငယ်က မစ္စတာဂီတာ အိမ်သာထဲက စာစုတခုကို
      ပြန်လွမ်းတာရယ် မနွေးသီးရဲ့ ကိုယ့်အတွေးနဲ့ကိုယ် သံတူကြောင်းကွဲတခုကို ဖန်တီးချင်တာရယ်ကြောင့်
      ရေးဖြစ်သွားရုံ သက်သက်ပါ. တခါတလေတော့လည်း ပြောရခက်သားဗျ.
      တချို့ အရာတွေက တချို့လူတွေဆီမှာသာရှိတယ်. အဲ့သည့်တချို့ထဲ ကျနော်ပါချင်လို့ကြိုးစားကြည့်တယ်
      လို့ပဲ လက်တလော မှတ်ပေးပါဗျ. ပြန်လာပါ့မယ်.
      ကျနော့်မှာ အကြွေးဆပ်စရာ ၂ခု ရှိတယ် မှတ်ထားပေးပါ.
      ၁ အပေါ်က ပြောခဲ့တဲ့ ရင့်ကျက်တာနောက်ကျတဲ့ကိစ္စ
      ၂ အညှီအဟောက်စာပေကိစ္စ.
      ပေါ့.

      အမျိုးသမီးရေးရာ တို့ လူ့အခွင့်အရေးတို့ လစ်ဗင်းတူဂဲသားတို့ကတော့ ကျော်ရေးခဲ့တဲ့ စာတွေနဲ့
      မဆိုင်ကြောင်း ငြင်းချက်ထုတ်ခဲ့ပယဇီ. ထမင်းစားပိုစ့်ကို ညှီတယ် ဆိုရင်တောင်
      ကျနော်တနေရာမှာ လူရိုင်းလင်မယားလို့ ထည့်သွင်းရေးထားတယ်ဆိုတာ အသိပေးပယဇီ ခင်ညား.

      ခင်တဲ့

      ပုံ
      စည်းနဲ့ကမ်းနဲ့ ဆေ့ဖတီးဖာ့စ် လစ်ဘရယ် နှူးဘာ
      အင်ဇာဂီ

  • ကိုရင်စည်သူ

    June 16, 2013 at 11:20 am

    မမပြုံးရဲ့ အဆိုကို အလေးအနက်ထောက်ခံသွားပါတယ်ခင်ည..။ ။
    စင်ဂယ်မားသားဆိုတာမျိုးတောင် ခေတ်စားနေပီဟာ..
    ထန်တာချင်းရှဲတာပဲ မိန်းမ၊ ယောက်ျား ခွဲနေချာလိုပါဖူးနော့.. :mrgreen:
    ယောက်ျားကောင်း မောင်းမထောင် တစ်ထောင် စကားရှိသလို…
    ရည်းစားတစ်ထောင် လင်ကောင်းတစ်ယောက်တဲ့… ။ ။ 😳

  • အလင်း ဆက်

    June 16, 2013 at 11:29 am

    ဓါးမ အမိန့် ( ဓါးကို မ ထားတဲ့ အမ်ိန် ့ ) ကို ဖတ် အပြီးမှာ အလက်ဆင်း တော့
    ကြက်သီး တဂွမ်းဂွမ်း ထ သွားတယ်။

    ၁ အချက် ကို သိပ် ဘဝင် မကျ
    ၂ အချက် ကိုတော့ သဘူတော မိအိ

    သို့သော်
    အီနေရာ မှာ ထူးထူးထွေထွေ ဘာမှ ဝင် မ ပြော လို. . . .

    တူညား ဒွေ ပြောတာကို သာ
    စောင့် ဖတ် အံ့

    😆

  • lele kyi

    June 16, 2013 at 11:46 am

    အစ်မပြုံးရေ–တော်တော်များများက လစ်ဗင်းတူဂဲသားဆိုတာကို-ဟော်တယ်မှာ။တည်းခိုခန်းမှာဖြေရှင်းလို့ရတဲ့အရာလို့သတ်မှတ်နေကြတာစိတ်မကောင်းစရာပဲ။ သူ့ထက်ပိုတဲ့ရည်ရွယ်ချက်ကိုလစ်လျူရှထားကြတယ်။ လစ်ဗင်းတူဂဲသားနေကြတဲ့သူအများစုမှာ အနာဂါတ်အတွက် planning ရှိပြီးသားပါ။ အခက်အခဲတွေကိုုအတူတူရင်ဆိုင်ဖြေရှင်းကြတယ်။ ကိုယ့်အားကိုယ်ကိုးကြတယ်။ တစ်ချိန်မှာ မိသားစုဘဝကိုလျောက်လှမ်းကြတယ်။အဲလိုရည်ရွယ်ချက်တွေထားသင့်တယ်။ တွေ့တဲ့သူနဲ့တွေ့တဲ့ဟော်တည်လိုက်အိပ်တာကို လစ်ဗင်းတူဂဲသားလို့ ကျမလည်းအဓိပါယ်မဖွင့်စေချင်ဘူး။

  • အရီးခင်လတ်

    June 16, 2013 at 3:33 pm

    လစ်လစ် ရေ့

    လိင် ကိစ္စ နဲ့ ကလေးတွေ ရဲ့ ပညာရေး အကြောင်း ဆွေးနွေးချင်တာတွေ အများကြီးဘဲ။
    နောက်ကြုံရင် ဆက်ချင်သေးတယ်။ (ရှေ့ အပါတ်လောက်ပေါ့)
    လစ်လစ် လဲ အားရင်ပေါ့။
    တို့ နှစ်ယောက် အတွင်း အပြင် က နေ ညှိ ကြည့် ရင် အဖြေကောင်း တစ်ခု ရကောင်းပါရဲ့။

    အခု တော့ အချက်အလက် ပါ တဲ့ အချက်လေး တစ်ချက် ပြချင်တယ်။
    သဘောလဲ ဖြစ်တော့ ထင်ရာစွဲ တဲ့ အကြောင်း နဲ သွားအောင်ပါ။

    ကျန်တဲ့ နိုင်ငံကြီး တွေမတော့ မသိဘူး။
    ယူကေ မှာတော့ တက္ကသိုလ် ကြီးတွေ ဝင်ဖို့ တပြည်လုံး စာမေးပွဲ စစ်ပါတယ်။
    ကလေးတွေ အသက် ၁၈နှစ် မှာပေါ့။ A Level ခေါ်ကြတာဘဲ။
    အဲဒီစာမေးပွဲ ရဲ့ မနှစ်က Result ပါ။
    http://www.best-schools.co.uk/league-tables/a-level-passes.aspx
    Top ကျောင်း ၅ဝ မှာ ၁ဝ ကျောင်းလောက် က ကျား နဲ့ မ ရော ထား တဲ့ ကျောင်းတွေ ပါ။
    ကျန်တဲ့ ကျောင်း တွေက ကျား နဲ့ မ သီးခြားခွဲ ထား တဲ့ ကျောင်းတွေ ပေါ့။
    သဘော ကတော့ ထိပ်တန်း ၈၀% က မိန်းကလေး နဲ့ ယောကျာင်္းလေး ကို သီးခြားခွဲ ထားတဲ့ ကျောင်း တွေ ဖြစ်ပြီး ၂၀% ကဘဲ အရောကျောင်း။
    အဲဒီ အရောကျောင်း မှာလဲ ကက်သလစ် စည်းကမ်းကြီး တဲ့ ကျောင်း တွေ ပါပါသေးတယ်။
    ယူကေ နိုင်ငံရေး လောက က ဆရာ့ ဆရာကြီးတွေ က လန်ဒန် အီသန် ဆို တဲ့ နာမည်ကြီး ယောကျာင်္းလေး ကျောင်းထွက်တွေ များသတဲ့။
    ကလေးတွေမှာ လောကကြီးရဲ့ လေ့လာစရာ သင်ကြားစရာ တွေ အများကြီး မို့ ဒီအရွယ် လိင်မှု ရေးရာက ရှေ့ရောက်ချိန်တောင် ရှိမယ် မထင်ပါဘူး။

    မြန်မာပြည် က လက်ရှိ ပညာတတ် မိန်းမ ရာနှုန်း အများ စု မှာလဲ ငယ်တုန်းက လိင်မှုရေးရာ မှာ စိတ်မဝင်စားဘဲ ပညာရေး ကို ဖိကြိုးစားလို့ အောင်မြင် ရတဲ့သူ တွေ များမှာပါ။
    ကိုယ့် မြန်မာ မိန်းကလေး တွေ ကို ပညာမြင့် တဲ့ နေရာလေး တစ်ခု မှာ အရင် တင့်တင့်တယ်တယ် ဖြစ်သွားစေချင်တယ်။
    အခုတော့ ဆယ်ကျော်သက်မှာတင် ဒါမျိုး စမ်းချင်နေကြတော့ ပညာရေးဆိုတာ နောက်ရောက်သွားမှာ အမှန်ဘဲ။
    ၂ဝ အောက်မှာတော့ ဒီ ကိစ္စတွေ ကို ဝေးဝေးနေ တာ ပိုကောင်း မယ်။
    ဒီတော့ ၂ဝကျော်ရင် သူတို့ သဘောပေါ့။
    အဲဒီချိန်မှာ ကိုယ် နဲ့ စိတ်တူရာ ချင့်ချိန်နိုင်အား၊ ရွေးချယ်နိုင်အား များနေပြီ။
    အထင်။ 😆

    ချစ်တဲ့
    တစ်တစ်

    PS –
    ကလေးတွေ ကို ဒီ ကိစ္စတွေ စိတ်မရောက်အောင် ထားဖို့ က မိဘ၊ ဆရာ တွေ တာဝန်ဘဲ။
    သူတို့ တာဝန်မကျေတာကြောင့် ကလေး တွေ ဒီလို ဖြစ်နေတာလို့ အတတ် စွပ်စွဲ ပါတယ်။

    • ကြက်အူလှည့်

      June 16, 2013 at 4:25 pm

      အင်ဂလိကန်ရဲ့ ထိပ်တန်း ကျောင်း ၅ဝ တော့မသိဘူးအရီး.
      ကျနော်သိတာတော့ လူတွေရဲ့ အရွယ်ရောက်မှု (လူပျို အပျိုဖြစ်မှု) အသက်အပိုင်းအခြား နဲ့ပဲ ဆိုင်မယ်မြင်တယ်.
      ရင့်ကျက်မှုသာ နောက်ကျတာနော. ပျမ်းမျှ အရွယ်ရောက်မှု က အေးရှန်းတွေက ၁၃-၁၄ ပါတဲ့
      ယူရိုပီယံတွေကိ ၁၄-၁၅ ပါတဲ့. ဆိုတော့ ပြောချင်တာက ပုံတူကူးချ လို့မရစကောင်းဘူးဆိုတာ.
      ဆိုပါစို့ဗျာ အင်ဂလိကန်မှာ ရှစ်တန်းရောက်မှ လိင်ပညာပေးကို အသေးစတိပြောတယ်.
      ကျော်တို့ဆီမှာ ရ တန်းမှာ စဖြည့်ဖို့ အဆိုတက်လာတယ်. ဆိုပါစို့.
      အထက်ကအချက်ကို မသိမယ့်ကွန်ဇာဗေးတစ်ပေါင်း သူမြတ်လောင်းတွေ ဆဲလို့ကောင်းလိုက်မယ့်ဖြစ်ခြင်း.
      ကလေးတွေကို တတ်နိုင်သလောက်ခပ်စောစော မဟုတ်တာတွေ သင်ပေးတယ်ဆိုပြီး.
      ခက်တာက မဟုတ်တာတွေကို ရင်မဆိုင်ရဲတဲ့ ပြဿနာ.
      အနှီ အရွယ်မှာ လူပျိုအပျိုဖြစ်လာကြတယ် ဟော်မုန်း တွေ အပြောင်းအလဲရှိတယ်
      ဆန့်ကျင်ဘက်ကို စိတ်ဝင်စားမှုမြင့်တက်လာမယ် အစဉ်အလာတွေကို မုန်းမယ် လူကြီးတွေခံပြောတတ်လာမယ်
      ဂျစ်တိုက်တတ်လာမယ်ပေါ့လေ အလွယ်ပြောရင်.
      ဆိုတော့ လက်တကမ်းမှာရှိရင် စမ်းမယ့်အနေအထားဗျ.
      အိုက်ဒလို
      ကြုံရင်ဆင်ပြောပြပါအူးမယ်ဗျာ.

      ရွာထဲ ကလေးရှိသူချင်းချင်း ဆြာလုပ်တယ်မမှတ်စေလိုပါဘု.
      အနည်းဆုံးတော့ ကျနော်က အငယ်ဆုံး့လေးအဖေဖြစ်နိုင်တာမို့ အတွေ့အကြုံ ပိုင်း ရင့်ကျက်မှုပိုင်း
      အားလုံး ထက် အားနည်းမှာ လိုအပ်နေမှာဖြစ်ပေမယ့်
      ခေတ်ကာလဖြတ်သန်းပုံအရ. မမေ့ပါနဲ့လေ. ဒီချာတိတ်တွေရဲ့ အနီးကပ်ဆုံး မျိုုးဆက်ကလူ ဆိုတာ

      တော်သေးပီ
      ခင်တဲ့
      ဂီ

  • Shwe Ei

    June 16, 2013 at 6:04 pm

    ဗရာကြော်ဘာ အန်တီပြုံး..

    ၁။ ဗမာယောက်ျားများ virginity နှင့်မတန်။
    ၂။ ယောက်ျားများအဆင့်မြင့်လာလျှင် မိန်းမများအဆင့်မြင့်လာမည်။

    အများစုသော ဗမာယောင်္ကျားတွေရဲ့ ကိုယ်ယူမဲ့မိန်းမတျောက်အပေါ် ထားတဲ့စံသတ်မှတ်ချက်က ကိုယ့်ဘက်ကိုယ်ယက်လွန်းတဲ့ ကိစ္စတွေ အများရီး အများရီး ရှိနေသေးပါကြောင်း..

    ပြီးတော့ အိုက်ဒီယာတခုထပ်ရလာတယ်…. လူပျိုစစ်စစ်(virgin) သာလျှင် အပျိုစစ်စစ် (virgin) နှင့်ထိုက်တန်သည်လို့……အာ..ဟိ

    • nigimi77

      June 19, 2013 at 4:11 pm

      ၁။ ဗမာယောက်ျားများ virginity နှင့်မတန်။

      ======================

      ဟေး…ဟေးး…….

      ဗမာ မဟုတ်တဲ့ ကျုပ်လို တမတ် ၅ မူး

      တွေ လွတ်လကွာ

      • Shwe Ei

        June 19, 2013 at 5:23 pm

        အကိုဂျီးက ဘာနဲ့ရောဒါယဲ ငင် ….. ?????

        • ကိုရင်စည်သူ

          June 19, 2013 at 5:59 pm

          ၁။ ဗမာယောက်ျားများ virginity နှင့်မတန်။
          ၂။ ယောက်ျားများအဆင့်မြင့်လာလျှင် မိန်းမများအဆင့်မြင့်လာမည်။

          ွှအဖြေ ၁။ ကိုယ့်အိုးနဲ့ ကိုယ့်ဆန်တော်တာ တန်တာပဲရပါမယ်။
          အဖြေ ၂။ သင်ကောင်းလျှင် ကျွန်ုပ်တို့မဆိုးပါ… ဒစ်ဂလောက်.. ဒစ်ဂလောက်.. :mrgreen:

  • cobra

    June 16, 2013 at 6:09 pm

    ိဟိုုက်…..
    ပို့စ် နဲ ့ မန်းထားတာတွေကိုဖတ်လိုက်တာ
    တော်တော်ကိုတွေးလိုက်ရတယ်
    အသက်အရွယ် နဲ ့ဆိုင်တာလား
    ပညာရးနဲ့ ဆိုင်တာလား
    ခေတ်ကြောင့်လား
    ကျွန်တော်လည်း အသက်၁၈နှစ်မပြည့်သေးတဲ့ကောင်မလေးတွေနဲ့တွေ ့ဖူးပါတယ်(ခင်ဖူးတာကိုပြောတာပါ)
    သူတို့တွေကိုယ်တိုင်က မိန်းကလေး သူငယ်ချင်း အချင်းချင်း ပြောရင်တောင်
    ငါက ငါ့ဘဲကိုဘယ်လိုချစ်တာ “သူအတွက်ဆို မတောင်းခင်ကတည်းကပေးပြီးသား”
    အဲ့လိုတွေ ပြောကြတယ် ပညာကတော့ ၁ဝ တန်းအောင်ပီးသားလေးတွေပါ
    ဟိုတနေ့ကတောင် ဖုန်းပြောတာ ကြားလိုက်သေးတယ် “ကိုမလာဘူးလား မလာရင်ဘီယာဆိုင်သွားမှာနော် မူးနေအောင်သောက်ပီး ဖြစ်ချင်ရာဖြစ် လုပ်မှာနော်တဲ့”
    ကောင်လေးကမလာလို့နဲ့တူတယ် တကယ်ပဲ ဝင်းဘီယာဆိုင်မှာ တွေ ့လိုက်ရတယ် ABC ၂ခွက်နဲ ့တော်တော် ခရီးရောက်နေပုံပဲအရမ်းမူးသွားတော့မှ ဆိုင်က ဝိတ်တာအကိုက ဖုန်းဆက်ပေးလို့သူဘဲကလာခေါ်ရတယ် အဲ့ကောင်မလေး လည်း ငယ်ငယ်လေး
    ကျွန်တော် တို့နေတဲ့နေရာ ဆိုတည်းခိုခန်း ရှိနေတော့တွေ ့နေရတယ်
    ကွန်ပျူတာ ဝတ်ဆုံနဲ ့အတွဲ၊ GTC ဝတ်ဆုံနဲ ့အတွဲ၊အင်ယားမှာ ကလေးအတွဲလေးတွေ ၁ဝ တန်းလို့တော့ထင်ရတယ်နေ့လည်ဘက် အရက်တွေသောက်ကြ မူးသွားတော့ အိမ်ပြန်လို့မရ အဲ့တော့
    တည်းခိုခန်း ကိုလာကြ ပြီးတော့ ဘာတွေဖြစ်လဲတော့မသိဘူး
    အဲ့လိုတွေ ဖြစ်နေတာ ပျက်စီးနေတဲ့ စိတ်ဓာတ်တွေလား
    မိဖတွေရဲ ့ ဆုံးမမှု ညံ့ဖျင်းလို့လား
    ကို့ရဲ ့တန်ဖိုးထားသင့်တာကို တန်ဖိုးမထားတာလား
    ယောက်ျားလေးတွေကရော ရရင် ရသလို လုပ်တတ်နေတာလား
    ပိုဆိုးလာတာက
    ၇၂ နာရီအတွင်းဆိုတဲ့အရေးပေါ်သန္ဓေတားဆေး တွေကဝယ်ချင်တဲ့နေရာမှဝယ်ချင်သလို ဝယ်လို့ရနေတာပဲ အသုံးတွင်ကျယ်တာကတော့ Ecee 2 ဆိုတဲ့တံဆိပ်ပါ
    အဲ့ဒါတွေကြောင့်လဲ ပါတယ်လို့ထင်ပါတယ်
    ဒီပို့စ်က အမှန်ဆို လူငယ်တွေအတွက် ဖြစ်သင့့်ပါတယ်
    ဒါကြောင့် အိမ်က ညီမငယ် ဖတ်ဖို့ ပရင့်စ် ထုတ်သွားချင်ပါတယ် မန်းထားတာတွေပါ ယူသွားချင်ပါတယ်
    ပို့စ် ပိုင်ရှင် ခွင့်ပြုမှပါ
    အားလုံးကိုချစ်တဲ့
    မြွေဟောက်

    • ဝင့်ပြုံးမြင့်

      June 17, 2013 at 12:04 am

      အခု cobra ရေးပြသွားတာ တကယ့်ကို ဖျစ်ဖျစ်မြည်တဲ့အမှန်တွေ။ လွယ်လွယ်ကလေး အီးဇီးတူး ဆိုရင် ခုနစ်တန်းကျောင်းသူကအစ သိတယ်။
      ပို့စ်ကနည်းနည်းကြီးတဲ့လူမှ သင့်တော်မယ်ထင်တယ် ကိုမြွေဟောက်ရေ။ ကျောင်းသူလေးတွေ ဖတ်ဖို့ မသင့်ပါ။ ခွင့်ကတော့ ပြုပါတယ်။ ငယ်သူအတွက် မကောင်းဘူးထင်လို့ပါ။

  • padonmar

    June 16, 2013 at 6:38 pm

    Living together ကို မြန်မာပြည်မှာ သဘောပေါက်လွဲနေတယ်ဆိုတာ အမှန်ပါပဲ။
    ကိုယ့်မိဘအိမ်ကိုယ်နေပြီး ခိုးကြောင်ခိုးဝှက် စရံယူနေကြတာထက်
    သားသမီး မယူသေးပဲ အတူနေ အတူစား (sex ကိစ္စအပါအဝင်) ရတဲ့ ဝင်ငွေ မျှဝေသုံး ဆိုတဲ့ စနစ် ဆိုရင်တော့ သဘောကျတယ်လို့ ပြောချင်ပါတယ်။
    (မြန်မာ့ ယဉ်ကျေးမှုအရတော့ အဲဒါလည်း ပုဆိုးတန်းတင် အကြင်လင်မယားပါပဲ)
    ဒါပေမယ့် သားသမီး မယူတဲ့ အတွက် စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ ကွဲကြပြီဆိုရင်
    ထိခိုက်နစ်နာမှုက မဆိုင်တဲ့ ကလေးတွေဆီ မရောက်တော့ပါဘူး။
    အဲသလို သားသမီးမယူသေးဖို့က မျိုးဆက်ပွား ကျန်းမာရေး၊သားဆက်ခြားပညာပေး ဆိုတာတွေကို အရွယ်ရောက်သူတိုင်း (၁၂-၁၃ နှစ် အရွယ်ကစပြီး) သိထားဖို့လိုပါတယ်။
    ………..
    တရားဝင် အိမ်ထောင်မပြုမီ ရလာတဲ့ ကလေး(ကလေးတစ်ယောက်မှာ အဖေတစ်ယောက်ကတော့ ကျိန်းသေရှိတာပါပဲ) ကို အဖေလုပ်သူက တာဝန်မယူလည်း ပတ်ဝန်းကျင်က Single mother အပေါ် စာနာစောင့်ရှောက် နားလည်ပေးဖို့ သင့်ပါတယ်။
    (ဆရာငြိမ်းကျော်ရဲ့ အပြာရောင် သစ်ခွပွင့်ရဲ့ သမိုင်းအစ-ရှက်ရမှာက တာဝန်မယူတတ်တဲ့ အဖေပါ)
    မြန်မာ့ လူ့ဘောင်မှာ Single mother ကို ကာကွယ်ပေးတဲ့ ထောက်ပံ့ပေးတဲ့ ဥပဒေရှိသင့်ပါတယ်။
    ဒီကလေး အနည်းဆုံး မူလတန်းလောက် အောင်တဲ့ အထိ အစိုးရဆီက ထောက်ပံ့ကြေးရမယ်ဆိုရင် အမြင်တွေ ပြောင်းသွားမှာပါ။
    ကလေးဖျက်ချမှု အားမပေးသင့်ပါဘူး
    (ဒီကိစ္စ ဆရာဝန်တွေလည်း ငြင်းခုန်နေကြဆဲ)
    …………….
    အကြောင်းမတိုက်ဆိုင်လို့ ကွဲကြပြီဆိုရင် မိန်းကလေးတွေကိုမှ နှိမ့်ချတာကို ကန့်ကွက်ပါတယ်။
    (စိုင်းထီးဆိုင်ရဲ့ ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းတိုင်း ဖြစ်စေမယ်)
    အကြွေပန်းလို့ တောင် မသတ်မှတ်စေချင်ပါဘူး။
    ………..
    တစ်တစ် မလတ်ရဲ့ ၊Top 50 က ကျားမခွဲသင်လို့ ရှေ့တန်းရောက်တာလို့ ကျမတော့ မထင်ဘူး။
    မိန်းကလေး သီးသန့် ယောကျင်္ားလေး သီးသန့်ကျောင်းက ကလေးတွေလည်း လိင်မှုကိစ္စ စိတ်ဝင်စားကြပြီး အချင်းချင်း လက်တဲ့စမ်းတတ်ကြတယ်လို့ သိဖူးပါတယ်။
    ……
    လစ်လစ် ရဲ့ slogan တွေကိုလည်း အားရပါးရ ထောက်ခံလိုက်ပါဂျောင်း။

    • အရီးခင်လတ်

      June 16, 2013 at 7:27 pm

      အစ်မဒုံ ရေ
      ကျား မ ခွဲ တဲ့ ကျောင်းက ဆယ်ကျော်သက်ကလေးတွေ လိင်မှု ကိစ္စ ကို စိတ်မဝင်စား ဘူးလို့ မဆိုလိုပါဘူး။
      အပေါ် က မောင်ဂီ ပြောခဲ့တဲ့ “လက်တစ်ကမ်း” မှာ လက်တဲ့ စမ်းစရာ မရှိတော့ တော်ရုံ သမီးရည်းစား ထားဖို့ စိတ်ထဲ အလွယ်မရောက်ဘူးပေါ့။
      ဒါက သိပ်တော့ နည်းမကျပေမဲ့ လောလောဆယ်မတော့ အလုပ်ဖြစ်နေသလိုဘဲ။
      အဲဒီ ကျောင်းတွေထဲမလဲ စုံးပြူး တွေရှိတာပါဘဲ။
      (ကျွန်မက မိန်းကလေးကျောင်းထွက်၊ ကျွန်မ အစ်ကို/မောင် တွေက စိန်ဂျွန်း
      ကျားကျောင်း ထွက်။ 😉 )
      ဒါပေမဲ့ ပညာရေးကို ငွေကုန်ခံ တွန်းတဲ့ ဂရုစိုက်တဲ့ မိဘတွေ ကြောင့် ဆိုတဲ့ အချက် ကလဲ ကလေးတွေ ပညာရေး၊ လူမှူရေး ထိပ်တန်း ရောက်တာ ဖြစ်နိုင်ပါတယ်။
      အမှန်ကတော့ ကျောင်းမှာ ဆရာ က သွန်သင်ပြီးထိန်း၊ အပြင်မှာ မိဘက သွန်သင်ပြီး ထိန်း နိုင်ရင် ကလေးတွေ စိတ် လွတ်မထွက်နိုင်ပါဘူး။
      အခု က မိဘ၊ ဆရာ သွန်သင် မှုအားနည်း နေတာလို့ ထင်တာပါဘဲ။
      လိင်ပညာ ပေးကတော့ ရှိသင့်ပါတယ်။ ဒါပေမဲ့ Presentation က တော့အရေးကြီး သပေါ့။
      အထင်။ :-))))

      • ကြက်အူလှည့်

        June 16, 2013 at 8:21 pm

        အရီး က reverse sense of psychology ကို မေ့သွားသကိုး

        • ကြက်အူလှည့်

          June 16, 2013 at 8:37 pm

          ဂလိုဗျ. ယောကျာ်းလေး မိန်းကလေး ခွဲထားတဲ့ကျောင်းတွေကို အခြေခံသဘောအားဖြင့်
          မထောက်ခံဘူး coexistence ဆိုတဲ့ကိစ္စရပ်ကို ရှောင်ပြေးကွယ်ပုန်းတဲ့ ခပ်ညံ့ညံ့စနစ်လို့မြင်မိလို့
          (ပါဆင်နယ် အမြင်ဖြစ်၏) ကျားသပ်သပ် မသပ်သပ် ကျောင်းကထွက်လာတဲ့ ကလေးတိုင်း
          တသက်လုံး ကျားသပ်သပ် မသပ်သပ် နေနေမှာလားးး မနေနိုင်ဘူးဟုတ်.
          တက္ကသီလာသွားကြပါပီတဲ့ ၁၆-၁၇.
          ဟီးဟီး. မိန်းကလေးကျောင်းတွေက လာတဲ့ စကီလေးတွေက ပိုလိုက်ရလွယ်သဗျ.
          ဒင်းကလေးတွေက ယောက်ျားမြင်ဖူးတာမှုတ်ဖူးရယ်. တပါတ်လောက်လှည့်ရင်ကို ချာလပတ်ရမ်းတော့တာ
          အရောကျောင်းတွေက ငတိမတွေကတော့ ဘော်ဒါဘော်ကျွတ် သူမြတ်လောင်းတွေ အကျင့်တန်တာ
          မြင်တွေ့ကြားသိမို့ အတော်အားထုတ်ရတာကလားးး

          ပြောချင်တာအဲ့လာပါ. အရောကပြဿနာမရှိ. အထက်တန်းလောက်မှာ ရဲဇားထားတယ်
          ဆိုရင်တော့ အရေးယူ မိဘခေါ် ပေါ့ဗျာ. မဖြစ်သင့်တာ မဖြစ်အောင်. သို့သော်.
          တဖက်ကပြောရရင် ကျားနဲ့ မ တသက်လုံး ခွဲမထားနိုင်မယ့်တူတူ ငယ်ဘွ မှာ ခွဲထားတာက
          ပိုပြီး ကျားစာ ဖြစ်လွယ်အောင် လုပ်ပေးထားသလိုပါပဲ. နောက်တချက် အဲ့လိုခွဲလေလေ.
          တဖက်မှာ အချော်တကောက်နဲ့ ယောက်ကျမိန်း အဖြစ် ထွက်ပေါက် ရှာဖို့ တွန်းပို့ စေသလို
          လုပ်ရာရောက်လေလေပါပဲ ( လိုအပ်ရင် အချက်အလက်နဲ့ ပြန်လာပါ့မယ်)

          အဲ့လိုလေးတွေ ရှော်တကိ ပါကြောင်း. အန်တီ လော်တကတ်ရေ.

        • အရီးခင်လတ်

          June 16, 2013 at 8:45 pm

          နိုင်ဂလံခြား မှာ တော့ အဲဒီ ကျားမ ကျောင်း အချင်းချင်း မောင်နှမ ကျောင်း တွေ လုပ်ထားပေးတယ်။
          မကြာခဏ ပါတီပွဲ တွေ (စည်းကမ်းများစွာ နဲ့ ) လုပ်ပေးတယ်။
          စကားရည်လုပွဲ တွေ၊ အားကစားပွဲ တွေ လုပ်ပေးတယ်။
          ရှာချင်သူတွေ လဲ ဒီမှာ ရှာနိုင်သပေါ့။
          ဒီက ပညာရေးတွေ၊ လူမှုရေးတွေ အတိုင်း လိုက်ရမယ် မဟုတ်ပါဘူး။
          ကောင်းတာရွေးယူလို့ ရနိုင်အောင် အားလုံး ကို မသိပေမဲ့ လက်လှမ်းမှီရာ မျှတာပါ။
          😛

        • ကြက်အူလှည့်

          June 16, 2013 at 9:24 pm

          possono fare quegli eventi, come tutti i giorni?

          ၁ဝ နှစ် timeframe ထားပါတော့. တလတခါ ဝက်သားစားသူနဲ့
          နေ့စဉ် ဝက်သားဟင်းစားသူ အဲ့သည့်မှာ ကွာသွားသဗျ.

        • အရီးခင်လတ်

          June 16, 2013 at 8:49 pm

          Well .. Well.. Well
          {{ မိန်းကလေးကျောင်းတွေက လာတဲ့ စကီလေးတွေက ပိုလိုက်ရလွယ်သဗျ.}}
          ဒီရွာထဲ က မိန်းကလေးကျောင်းထွက်တွေ ကတော့ ဒီလို ဟုတ်ပေါင်။
          စာရင်းထုတ်ပြရမလား။ 😆

        • ကြက်အူလှည့်

          June 16, 2013 at 9:18 pm

          マジ?

  • ဝင့်ပြုံးမြင့်

    June 17, 2013 at 12:44 am

    အန်တီမာနဲ့ အရီးရေ
    ဇာတ်လမ်းတစ်ခု ရှိခဲ့ဖူးတယ်။ စိုက်ပျိုးရေးပညာရှင်တွေဟာ ဦးကြီးတွေကိုစုဝေးဆင့်ခေါ်လိုက်ပြီး သီးနှံဖျက်ပိုးတွေအကြောင်း၊ ဘယ်ပိုးဆိုရင် ဘာဆေးဖြန်း စသဖြင့် စေ့စေ့ငုငုပြောပြကြတယ်။ နာရီပေါင်းများစွာ ကြာအောင် ပညာလက်ဆင့်ကမ်းပြီးတဲ့အခါမှာ နားထောင်နေတဲ့ ဦးကြီးထဲက တစ်ယောက်ဟာ ရိုးရိုးကြီးပဲ ပြောလိုက်ပါတယ်။ “ကျုပ်တို့ ဆေးဝါးတွေအကြောင်း နားမလည်လို့ ပျိုးကြဲတဲ့အခါ ပြောင်းစေ့နည်းနည်းထည့်ပြီး ကြဲလိုက်တယ်။ သီးနှံပင်တွေနဲ့အတူ ပြောင်းပင်လည်းပေါက်လာတယ်။ ပြောင်းပင်က တခြားသီးနှံပင်တွေထက် ပိုနုတော့ ပိုးမှန်သမျှ အဲဒီပြောင်းပင်မှာပဲ တွယ်တော့တယ်။ တခြားသီးနှံပင်တွေကို ပိုးမကိုက်တော့ဘူး” တဲ့။
    ——–
    ပြုံးသမီးက အခု ပထမတန်းရောက်ပြီလေ။ သင်ရတာက ကိုးဘာသာ။ မြန်မာ၊ အင်္ဂလိပ်၊ သချင်္ာ၊ သဘာဝသိပ္ပံ၊ စာရိတ္တ၊ ဘဝတွက်တာ၊ ကဗျာဂီတ၊ သတ်ပုံ၊ စိုက်ပျိုးရေး – စုစုပေါင်း ကိုးမျိုး။ စနေနေ့မှာ ဘာသာရေးတက်ရသေးတယ်။ ဓမ္မစကူးလ် လို့ ကလေးကို ဆရာမတွေက သင်ပေးလိုက်တယ်။
    သမီးလေးကို စာရိတ္တ ဆိုတာသိလားလို့မေးတော့ သမီးက မသိဘူးတဲ့။ ဒါနဲ့ ဘဝ ဆိုတာကိုရော သိလားမေးတော့ မသိဘူးတဲ့။ ဖြစ်ပုံပြောပါတယ်။
    ထွေပြားများမြောင်လွန်းတဲ့အရာတွေဟာ အလုပ်မဖြစ်ပါဘူး။ သိပ်ခက်ခဲမယ် ထင်ရတဲ့ ကိစ္စတွေဟာ တစ်ခါတလေ လွယ်လွယ်လေးနဲ့ ဖြေရှင်းလို့ရနိုင်တယ်။ ဟင်းချက်ကောင်းတဲ့လူတွေ ပိုသိမှာပါ။ ရိုးရိုးလေးချက်တဲ့ဟင်းက ဆန်းဆန်းပြားပြားချက်တဲ့ဟင်းထက် ပိုစားကောင်းချင်ကောင်းနေတတ်တယ်။
    —–
    ကျောင်းသူကျောင်းသားတွေ ဘာတွေဖြစ်နေမှန်းမသိအောင်ကို နေရာအနှံ့မှာ ပုံစံမျိုးစုံနဲ့ ပျက်ချင်သလိုပျက် နေကြတယ်။ အန်တီမာ ပြောသလိုမျိုး သားဆက်ခြားပညာပေးကို ကျောင်းတွေမှာ သွားသင်ပေးကြည့်၊ ဂီဂီပြောသလို ဝိုင်းဘေကြဖို့ သေချာတယ်။ မြို့နေ ကလေးတွေနဲ့ တောနေ ကလေးတွေ မတူဘူး။ တောနေကျောင်းတွေအတွက် သားဆက်ခြားပညာပေးထက် လက်သည်းညှပ်တံ ဝယ်ပေးဖို့ ပိုအရေးကြီးတယ်။ အရီးလတ်ပြောသလို ကျားမခွဲသင်တာလည်း အလုပ်မဖြစ်နိုင်ပါဘူး။
    ပြုံးတစ်ဦးတည်းရဲ့ အမြင်ကိုပြောမယ်။
    မူလတန်းအထိသာ အတန်းတင်စနစ်ကို ထားပြီး အလယ်တန်းနဲ့ အထက်တန်းမှာ တကယ့်စာမေးပွဲစစ်စစ် ကိုဖြေခိုင်း၊ ညံ့တဲ့ကျောင်းသားကို သတ္တိရှိရှိ တကယ်ချပစ်လိုက်။ လက်ရှိပြဌာန်းစာအုပ်ကိုလည်းမြှင့်မယ်။ လွယ်လွယ်နဲ့လည်း မအောင်နိုင်ဘူးဆိုရင် ဒီကလေးတွေ စာတကယ်ကြိုးစားရတော့မယ်။ တခြားကိစ္စ ခေါင်းထဲမသွင်းအားတော့ဘူး။
    ပြီးတော့ ညံ့မယ့်ကျောင်းသားကိုထည့်တွက်ပြီး တော်မယ့်ကျောင်းသားရဲ့ အခွင့်အရေးကိုလည်း မချိုးဖောက်မိဖို့လိုတယ်။ ခပ်ညံ့ညံ့ ပညာရေး မလုပ်မိဖို့ကို ပြောတာပါ။
    နောက်တစ်ချက်က ညံ့တဲ့ကလေးဟာ ညံ့တဲ့နေရာမှာနေတာပဲကောင်းတယ်။ လူမှန်နေရာမှန် မဟုတ်ရင် ပြဿနာ အရမ်းကြီးတယ်။ မတတ်တတတ်က သာဆိုးသေးတယ်။ ညံ့တဲ့လူတွေမှာလည်း သူ့နေရာနဲ့သူ ပိုထိုက်တန်တဲ့နေရာတွေ ရှိနေပါတယ်။
    (ဘာမှအချောင်မရအောင် လုပ်ထားတဲ့စာမေးပွဲစစ်စစ်က အခုပြဿနာအများစုကို ဟန့်တားနိုင်မယ်လို့ ယူဆပါတယ်။ ပြောင်းပင်စိုက်သလို စရိတ်စကလည်း သိပ်မကြီးဘဲ ရိုးရိုးရှင်းရှင်းနဲ့ ပြီးတဲ့နည်းလို့ ထင်ပါတယ်)

    • ဝင့်ပြုံးမြင့်

      June 17, 2013 at 1:10 am

      ကနားစီး == ဟဲလို ဟဲလို အစ်မကြီး။
      ငါးစိမ်းသည် == ဆို
      ကနားစီး ==ကျနော်က စည်းနဲ့ကမ်းနဲ့ ဘစ်ဘရယ်။ အမြဲဆေ့ဖတီဖာ့စ် ပါဂျ။
      ငါးစိမ်းသည် == ဘယ်လို စည်နဲ့အပြည့် ဘီယာ ဟုတ်လား။
      ကနားစီး == ထားပါတော့ဂျာ။ အစ်မကြီးမှ ကောင်းကောင်းမကြားဘဲ။ ကျော့်ကို အကြွေးသာမှတ်ထားပေး။
      ငါးစိမ်းသည် == ကျုပ် ဘီယာ အကြွေးမရောင်းဘူးတော့။
      ကနားစီး == ဟာ … ဟုတ်ပါဘူးဂျာ။ ဂဇက်မှာပြောတာပါ။ ဂဇက်ထဲရေးတဲ့စာအတွက်။
      ငါးစိမ်းသည် == ဪ သိပြီ။ ဂဇက်ထဲမှာ
      ကနားစီး == ထမင်းစားပို့စ် ညှီတယ်လို့ အစ်မကြီးထင်တယ်မဟုတ်လား။
      ငါးစိမ်းသည် == ဘာ ကျုပ်ကိုညှီတယ်ပြောတာလား။ ငါးရောင်းနေတာတော့။ မညှီလို့ ဖြစ်မလား။
      ကနားစီး == အာ … အစ်မကြီးကို ပြောတာမဟုတ်ဘူး။ ဂဇက်ထဲကစာကိုပြောတာ။
      ငါးစိမ်းသည် == ဪ သိပြီ။ အစ်မကြီးကို ထမင်းကျွေးမှာမဟုတ်ဘူး။ ဂဇက်ရွာကို ကျွေးမှာ။
      ကနားစီး == ဘယ်သူ့မှ ထမင်းမကျွေးဘူးဂျ။ လစ်ဘရယ်မို့ လစ်ဘရယ်လိုရေးတာ။ ဘာဖြစ်တုန်း။
      ငါးစိမ်းသည် == ဪ ထမင်းမကျွေးဘူး။ ဘီယာတိုက်မှာကိုး။ တိုက်တော့ ဘာဖြစ်တုန်း ဟုတ်လား။ ကန့်ကွက်မယ့်လူမရှိရင် မင့်ဖာသာ တစ်ရွာလုံးတိုက်ပေါ့ကွ။ ရွာလုံးကျွတ်တိုက်ရင် မင့်း ကျုပ်အကြွေး ဆပ်စရာ မလိုဘူး။
      ကနားစီး == တေပြီ။
      ငါးစိမ်းသည် == သိရင်ပြီးရော။

      • အရီးခင်လတ်

        June 17, 2013 at 3:15 am

        မပြုံးရေ

        မိဘ နှစ်ပါးကြား မြေဇာပင် ဖြစ်ခဲ့ရတဲ့ ဘဝ ကို သိလိုက်ရတာ စိတ်မကောင်းဘူး။
        ဒီလို ကြားမှာ အောင်မြင်တဲ့ ဘဝ ရယူထားခဲ့နိုင်တဲ့ မပြုံး အတွက် တကယ်ဘဲ ဂုဏ်ယူမိတယ်။
        ကျွန်မ မသိဘဲ (တနည်း) အဲဒီလို အခြေအနေ ကနေ ဝင် မခံစားတတ်ဘဲ ဇွတ်ငြင်းခုံ နေတာဖြစ်ခဲ့တာ ကို တောင်းပန်ပါတယ်။
        တစ်ခါတစ်ခါ လူတွေရဲ့ နောက်ခံအကြောင်းတွေ ကို ထည့်မစဉ်းစား၊ အဲဒီနေရာက ဝင် ရပ်မကြည့်မိဘဲ ကိုယ့်အခြေအနေ နောက်ခံ ကို ဘဲ အမှန်ယူပြီး နေတာ တကယ်မှားတာပါ။
        ဒါပေမဲ့ အဲဒါ ကို Open Mind နဲ့ ဆွေးနွေး နိုင်ကြရင် ဖြစ်သင့်တဲ့ အဖြေမှန် ထွက်နိုင်ပါတယ်။
        ဆက်ပြောချင်တာတွေ လဲ အများကြီး။
        ကိုယ်က အားလုံးကို အရမ်း ကောင်းသွားအောင် လုပ် ချင်တာဘဲ သိနေတာ။
        လက်တွေ့အတွက် ဖြစ်နိုင်/မနိုင် မတွက်မိဘူး။
        နောက် ကြုံတိုင်း ဘက်စုံမျှအောင်ကြည့်ပြီး ဆွေးနွေးကြမယ်နော်။
        အခု တစ်ပါတ်လုံးတော့ အသံပျောက်နေဦးမယ် ထင်တယ်။

        မပြုံးရဲ့ မိသားစုလေး အေးချမ်းပျော်ရွှင်ပါစေ။
        အဲဒီလိုလဲ ဖြစ်မှာလို့ ကျွန်မ ယုံပါတယ်။
        သမီးလေး နဲ့ သားလေး ကို အရီးက နှုတ်ဆက်ကြောင်း ပြောပေးနော်။

        ချစ်တဲ့
        အရီး

  • KZ

    June 17, 2013 at 8:48 am

    ပြုံးရေ။

    ၃ ချက်လုံးကို ယေဘူယျ ထောက်ခံသလို နောက်ဆုံး က အထင်း ၂ ကြောင်းကိုလည်း ချွင်းချက်မရှိ ခေါင်းညိမ့်ကြောင်းပါ။ :mrgreen:

    ဒါမဲ့ မြန်မာပြည်ကြီးမှာတော့ ကိုယ့် အတွေးတွေကို အရှိအတိုင်း၊ အရင်းအတိုင်း ချမပြပါနဲ့ကွယ်။

    ခေါင်းစဉ်အကြီးကြီးတွေ အောက် ဝင်သွားမှာဆိုးလို့ပါ။

    ၁) ဒီ ပို့(စ) ကို ဖတ်ပြီး စာရေးသူ ရဲ့ သဘောထားကို အရင်းအတိုင်း နားမလည်နိုင်တာတွေ…
    ၂) ဘာကို ဆိုလိုသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း Open Heart နဲ့ မဖတ်နိုင်တာတွေ…
    ၃) မဟာ ယောင်္ကျားကြီး ဝါဒထွန်းကားသော် နိုင်ငံမှာ Closed-Heart တွေနဲ့ မျက်လုံးစိမ်းတွေ ကလည်း များပြားတာမို့ ပြောရခြင်းဖြစ်၏။

    ကျနော်တော့ မပြုံး ရဲ့ အရေးကိုရော ဆိုလိုရင်းကိုရော သဘောကျ၏။
    ဒီလို ပြောရင် ဒီလို လုပ်တတ်မှာပဲ လို့ မြင်သော မျက်လုံးတို့ ရှိနေသရွေ့ ဘာမှ မပြောချင်။ :mrgreen:
    လွန်တာရှိ ဝန္ဒာမိ..!
    :mrgreen: :mrgreen: :mrgreen:

  • ဦးကြောင်ကြီး

    June 17, 2013 at 10:37 am

    လက်မထပ်ခင် အတူမနေဖို့ လှုံ့ဆော်သူတဦး ရာဟူးမှာထင်တယ် ရေးထားတာဖတ်ဖူးတယ်.. အဲဒီအထဲမှာ တချက်က (အထူးသဖြင့် အရှေ့တိုင်းသားတွေနဲ့ ဆိုင်လို့) မင်္ဂလာဦးည အရသာ စိတ်ပိုင်းဆိုင်ရာ ခံစားမှု ဖြစ်ပါသတဲ့… ဖိုဂျီးဝါဒထွန်းကားရာ ဤကမာ္ဘဂျီးမှာ မယားလုပ်သူရဲ့ အပျိုစင်ဘဝကို ပိုင်ဆိုင်ခွင့်ရတဲ့ အမျိုးသားအဖို့ နွားစားမြုံ့ပြန်သလို (ဟီဟိ.. တတ်နိုင်ဘူး.. လောလောဆယ် ခေါင်းထဲရှိတဲ့ ဥပမာပေးဒါ) တသက်လုံး ပီတိဖြစ်နေမှာ။ ဒီခေတ်မှာဆို ကျေးဇူးတောင် တင်ကောင်းတင်နေပါလိမ့်မယ်.. အပြန်အလှန်အားဖြင့် မိန်းမဂရော သူ့သစ္စာရှိမှု တန်ဖိုးထား စောင့်ထိန်းမှုအတွက် ဂုဏ်ယူနေမည်ထင်အိ…

  • ကြက်အူလှည့်

    June 17, 2013 at 2:04 pm

    ဆြာမတို့ကသာ ဂဲသားရေး မဂဲသားရေး လေပေးဖြောင့်နေဒါ
    ဒို့ ဖုန်းဖုန်းဒွေကမှ အလုပ်နဲ့ သက်သေပြဒါ… အဟွာပုလိပ် လုပ်နေဘီလေ…ကွိကွိ..။
    အော်… ထွီဇာလေးရယ်.. ထွီဇာနဲ့ ဂီ ဒီတသက်ဝေးရဘီပေါ့…..
    (…………………………..ရှိုက်သံများ………………..)

    • အရီးခင်လတ်

      June 17, 2013 at 2:08 pm

      ထူးအိမ်သင် သီချင်း ညည်းလေ။
      “….. မတူ တာ ဘာအကြောင်းလဲ တို့တော့ ဒါတွေ နားမလည် …. ”
      ပါချင်တယ်။ ဒီရက် အချိန် (နာမည်မဟုတ် Time ) နဲ့ စစ်ထိုး နေလို့။

  • kai

    June 17, 2013 at 3:48 pm

    ဖတ်ရင်း..ဖတ်ရင်း… ကြိုက်လာလို့.. စတစ်ကီလိုက်ပါတယ်..
    ၂နာရီလည်း.. ကျော်ပြီမို့.. ဒီလောက်ပဲ..ပြောဦးမယ်..။ :mrgreen:

  • Myo Thant

    June 17, 2013 at 4:13 pm

    တကယ်ကောင်းတဲ့ ပို့စ်လေးပါ ၊
    သို့သော် သားသားက ငယ်သေးလို့ ယူ-၁၆ မို့ ဘာမှ ပြောတော့ဘူးနော် 🙂
    ဓားမ ကိုလည်း ကြောက်လို့ပါ ၊ 🙂 🙂 🙂

  • e tone

    June 17, 2013 at 4:58 pm

    ရေးထားတာလည်း အကွက်ကျပြီး အရမ်းသဘောကျတဲ့အခါ ၊ ဘာပြောရမှန်း မသိအောင်ပဲ ဖြစ်သွားပါတယ် ။ ဘာမှ ဝင်မပြောတတ်ပေမယ့် ၊ ဒီထက်ပိုပြီး လူဖတ်များစေချင်တဲ့ စိတ်နဲ့ … ဖွဘုတ်ထဲ ရှဲလိုက်မိပါတယ် ။ ဖတ်ပြီးတဲ့ လူတိုင်းမှာ စိတ်ထဲ တစ်စု တစ်ခု ထင်ကျန်နေရစ်မယ်လို့ ထင်ပါတယ် ။ စာကြောင်းတိုင်းရဲ့ ဆိုလိုရင်းကို 100 % သဘောကျမိပါတယ် ။

  • ဖျား..ဒီပို့စ်ကို အသေအချာကူးပြီး ဖတ်ရမယ် ထင်ပါ့… ကွန်မန့်တွေကို ဖတ်မနိုင်တော့လို့…

    ပြောချင်တာကို အရင်ပြောသွားရမယ် ဆိုရင်ဖြင့်… မရွှေအိပြောတာကို သဘောတူပါကြောင်း..

    လူပျိုစစ်စစ်(virgin) သာလျှင် အပျိုစစ်စစ် (virgin) နှင့်ထိုက်တန်သည်လို့……

    သူတို့လည်း အပျိုစစ်စစ်လိုချင်သလို..မိန်းကလေးတွေလည်း လူပျိုစစ်စစ် လိုချင်တာပေါ့တော်… အဲ.. အပျိုစစ်စစ် မိန်းကလေးတွေဘက်က ပြောပါတယ်… ပုလင်းတူဘူးဆို့ ကတော့ ဘာအရေးလဲ…

    ယောက်ျားဆိုတာမျိုးက သူတု့ိရှေ့မှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ခွင့်လွှတ်နိုင်ပါတယ်ပြောပြော… တစ်ချိန်ချိန်မှာတော့ ဒါကို နင်းကွက် လုပ်တတ်ကြတာမျိုးလား… မြန်မာအသိုင်းအဝိုင်းကတော့ တစ်တုန်းပါပဲတော်… အမည်းစက်ပါတဲ့ မိန်းကလေးဆိုတာ မိဘပတ်ဝန်းကျင်မှာကိုက အနှိမ်ခံရတဲ့အမျိုးမို့လား… မိန်းမကောင်းနဲ့ ရတာတောင်မှ အပြင်မှာကဲလို့ရနေတဲ့ အခြေအနေမှာ .. ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် တစ်ချိန်ချိန်မှာ ကွဲကြေးဆို တစ်ခုလပ်ဆိုတာပဲ အဖတ်တင်သေး… နာမည်ပျက်မှာစိုးလို့..သားသမီးမျက်နှာရှိလို့..သည်းခံပေါင်းပြန်တော့လည်း ..ဒင်းတို့က လုပ်ချင်တာ လုပ်တတ်သေး..

    ကွဲရတဲ့အကြောင်းရင်းနည်းအောင် အပြင်မှာ အတူတူနေပြီးမှ လက်ထပ်ရင်ကောင်းတယ်ဆိုပဲ…ဟဲ..အကြောင်းတစ်ခုခုကြောင့် လက်မထပ်ဖြစ်တော့ရင် တစ် နေဆဲ မြန်မာ့အသိုင်းအဝိုင်းမှာ နဂိုအတိုင်းနေလို့ရမယ်တဲ့လား… လစ် ဆိုပြီး ယဉ်ကျေးမှုကိုတော့ မချိုးဖောက်နိုင်ပေါင်… ဘယ်လောက်ပဲ လစ် ပါတယ် ပြောပြော မြန်မာနိုင်ငံက ယောက်ျားတွေက မိန်းမကောင်းကိုပဲ လိုချင်တာ… ပြောရရင်တော့ ယောက်ျားတွေက တစ် နေကြတုန်းပါပဲ.. :kwi:

    • ဂန္ဓာရီ ဆြာအုပ်

      June 17, 2013 at 6:18 pm

      နေပါအုံးဗျ အပျိုစစ်တော့ ဘာဖြစ်သဒုံး
      လူပျိုစစ်တော့ ဘာဖြစ်သဒုံး
      အပျိုစစ်တယ်ဆိုတာကြီးက အကြာကြီးစစ်နေလို့လား
      တစ်ခါလေးအတွက် စစ်တာတွေ တုတာတွေ ချေးများနေကြသေးတယ်
      ဘာပိုထူးလို့လဲ (ဂိန်– ပြန်ဖျက်လိုက်ပီနော်)

  • Wow

    June 17, 2013 at 7:31 pm

    ဟယ်… နာ တောပြန်နေတုံး အတော်ရွာဆူနေတာပဲ… :mrgreen:
    ပြုံးရဲ့ ဗားရှင်းက ဆိုလိုရင်းကို ကွက်တိထောက်ခံပါတယ်…
    ငယ်စဉ်တောင်ကျေးထဲက ဘရိန်းဝါ့ရှ် အလုပ်ခံခဲ့ရတဲ့ စိတ်ဓာတ်တွေ အခြေခံက စပြင်သင့်ပါပြီ….
    ” As you sow so shall you reap ” …” for whatsoever a man soweth, that shall he also reap ” Bible, Galatians 6:7

  • kyaw hteik

    June 17, 2013 at 10:37 pm

    ဒီပို့ပါအ​ကြောင်​းအရာအားလုံးကို ​ထောက်​ခံသ​ဘောတူ​ကြောင်​း ဦးစွာပထမ​ပြောပါရ​စေ။
    ​အောက်​ကကွန်​မန်​့ အားလုံးလည်​း​ ဖတ်​ပြီဗဟုသုတ တိုး​စေပါတယ်​။​​ပြောချင်​တာက
    ​ယောင်္ကျာ​လေးအများစုက အပျိုစစ်​တယ်​ မစစ်​ဘူးမသိကြပါဘူး။အဓိက ကမိန်​းက​လေး​တွေ
    ကိုယ့်​​ပေါင်​ကိုယ်​လှန်​မ​ထောင်​းမိကြဖို့ပါ။မိန်​းက​လေးဖြစ်​ဖြစ်​ ​ယောင်္ကျာ​လေးဖြစ်​ဖြစ်​
    အိမ်​​ထောင်​ကျပြီရင်​ အတိတ်​က ကိစ္စ​တွေကိုအတိတ်​မှာ ထားခဲ့ကြပြီး အနာဂတ်​မှာ
    နာလည်​မှုကိုအ​ခြေခံပြီး ဘဝကိုရင်​ဆိုင်​ ​ကျော်​ဖြတ်​ကြရမှာပါ။အရင်​ကဘာဖြစ်​ခဲ့ဖြစ်​ခဲ့
    အခုကိုယ်​အ​ပေါ်မှာ သစ္စာရှိဖို့က အဓိက ကျပါတယ်​။ တကယ်​့အိမ်​​ထောင်​​ရေးမှာ ကြာလာရင်​
    လိင်​ကိစ္စက အဓိကမကျ​တော့ပဲ မိသားစုအ​ရေးက ပိုအ​ရေးပါလာပြီဆိုတာ အိမ်​​ထောင်​ရှင်​
    ​ကောင်​း ​ယောင်္ကျာ၊မိန်​းမတိုင်​ သိလာကြပါတယ်​။ဒီလိုအသိ​တွေကို လူငယ်​​မောင်​မယ်​​တွေ
    ရဲ့စိတ်​ထဲ ​ရောက်​ရှိဖို့ကအ​ရေးကြီးတယ်​လို့ ထင်​ပါတယ်​။မိန်​းက​လေးများ သတိ အသိ
    ရှိကြ​အောင်​စာများများဖတ်​ကြပါ​စေလို့ ဆန္ဒပြုပါတယ်​။

  • ဝင့်ပြုံးမြင့်

    June 17, 2013 at 11:55 pm

    ဖတ်ရှုအားပေးကြလို့ ဝမ်းသာပါတယ်နော်။ ဒီ့ထက် ဝမ်းသာစရာကောင်းတာက အင်မတန်ဉာဏ်များ၊ (သော့ဥပမာအပေးကောင်းသူ) ကတ်သီးကတ်သတ်နိုင်( တစ်လတစ်ဥ နဲ့ သန်းချီပေးဆပ်ရသော အချိုး ဥပမာအပေးကောင်းသူ) ဂီဆရာက ကန့်ကွက်သူမရှိလျှင် တစ်ရွာလုံးကို ဘီယာအဝတိုက်ပါရစေတဲ့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 18, 2013 at 1:50 am

    အမှန်တာ့ ဒီပိုစ့်ကို ဝေဖန်လေကန်ရရင်တော့ အပိုင်းခြောက်ပိုင်းတွေ့ရတယ်
    အပေါ်က ကော်မန့်တွေမှာလည်း သူ့အပိုင်းနဲ့သူပါနေကြလေတော့
    အကျဉ်းချုပ်ပြီး မျက်စေ့ထဲမြင်အောင်ပြောရရင်တော့
    အပျိုစစ်တယ်မစစ်ဘူးဆိုတာက ပါစင်နယ်တက်မှု့နဲ့ဆိုင်သဗျ
    ထားပါတော့ အပျိုစစ်တယ်ပေါ့ ပထမ တိုက်ပွဲမှာ ကိုယ်ကတက်မက်တာကိုး
    ကောင်းမှကောင်းပေါ့ :mrgreen:
    ကဲ
    ဒင်းကို အဲ့ဒါတစ်ခုတည်းအတွက် ခေါင်းထဲထည့်ထားရမှာလား
    ရှင်းအောင်ပြေရရင်တော့ အပျိုတော့စစ်တယ်ဗျာ သောက်ချိုးမပြေဘူးဗျာ
    ဘာတတ်နိုင်မှာတုန်း
    အငယ်ခံတော့ ငါ့ချည်းဘဲ နေ့တိုင်းတက်ဆော်နရတာ တစ်ခါတစ်လေ ငါ့ကိုလည်း
    တက်ပွတ်ပါလားဟဲ့ ကောင်မရဲ့ဆို
    ဟင့်အင်း
    အောက်ကနေသစ်တုံးကြီးလို မသာကြီးလိုနေလို့ကတော့ ဘာလုပ်လို့ရမှာတုန်း 👿

    • အရီးခင်လတ်

      June 20, 2013 at 10:58 pm

      ဘပု
      တာဝန်ယူတတ်၊ တာဝန်သိတတ် တဲ့ မိန်းမကိုသာရှာယူ
      သူ့ဟာနဲ့ သူ အလှည့်ကျ တာဝန်ယူ ပြီး အားလုံး အဆင်ပြေလိမ့်မယ်။
      😆

  • kai

    June 18, 2013 at 4:18 am

    အပျိုစစ်တယ်မစစ်ဘူးဆိုတာက ပါစင်နယ်တက်မှု့နဲ့ဆိုင်သဗျ
    ထားပါတော့ အပျိုစစ်တယ်ပေါ့ ပထမ တိုက်ပွဲမှာ ကိုယ်ကတက်မက်တာကိုး
    ကောင်းမှကောင်းပေါ့

    တကယ်လားဟင်င်…။
    အငယ်တွေကြားထဲ.. မပြောချင်လို့ကြည့်နေတာ..
    ဟင်း..

    (လက်တွေ့ကျကျပြောရရင်) …
    ဘယ်အလုပ်ကိစ္စမဆို.. အတွေ့အကြုံရှိမှ.. ပိုအဆင်ပြေ.. ကောင်းမွန်သဗျ…။

    အနိစ္စ…။ mrgreen:

    • ဂန္ဓာရီ ဆြာအုပ်

      June 18, 2013 at 8:47 am

      ဟဲဟဲ ဒဂျီးက အတွေ့အာတွေ့အာကြုံများတာ ကို ပိုကြိုက်တာကိုး
      သရက်သီးများ …….
      ဟီဟိ
      ဂီဂီမြင်းငှားစီးလိုက်ဦးမှ
      ဒက်ဂယောက်..ဒက်ဂယောက်

    • Foreign Resident

      June 18, 2013 at 8:55 am

      မိုက်ကယ်ဂျော်နီအောင်ပု says:
      ” ထားပါတော့ အပျိုစစ်တယ်ပေါ့ ပထမ တိုက်ပွဲမှာ ကိုယ်ကတက်မက်တာကိုး
      ကောင်းမှကောင်းပေါ့ :mrgreen:

      kai says:
      ” တကယ်လားဟင်င်…။ အငယ်တွေကြားထဲ.. မပြောချင်လို့ကြည့်နေတာ.. ဟင်း..
      (လက်တွေ့ကျကျပြောရရင်) …
      ဘယ်အလုပ်ကိစ္စမဆို.. အတွေ့အကြုံရှိမှ.. ပိုအဆင်ပြေ.. ကောင်းမွန်သဗျ… ”

      အ ဟီး ဟီး ဟီး ။ အင်းးးး ။ သူကြီး ကိုဖားပြီး ထောက်ခံသလို ဖြစ်တော့မှာပဲ ။

      မြန်မာပြည်မှာလည်း အပျိုအစစ်လေးတွေ ရမယ် ၊ ရမယ် ဆိုပြီး ၊
      မကြာ ခဏ လာလာစပ်ကြပါတယ် ( ၃ / ၄ / ၅ သိန်း ပေါ့လေ ) ။
      အဘ ဘယ်တော့မှ စိတ်မဝင်စားပါဘူးကွယ် ။

      ဘာလုပ်မလဲ အပျိုစစ်စစ် Frigid တွေ ။ အဘ တို့က ဒါမျိုး စိတ်မဝင်စား ။
      ( မလုပ်တတ် လုပ်တတ် နှင့် လုပ်ရင် ၊ သွား နှင့်တောင် ရှမိသေး ၊ ဤကား စကားချပ် )

      ဟီ ဟိ ၊ သူညားတွေ အဘကို ပြောပြတာကို ၊ အဘ က ပြန်ပြောပြတာပါ ။

      • ကြက်အူလှည့်

        June 18, 2013 at 6:28 pm

        အကုန်လုံး ဆူပရာနိုတွေချည်းပါပဲလားဟရို့.
        လေးစားပါအိ.

        ဘာမှ မှုတ်တော့ဘာဘူးလေ
        :mrgreen:

  • တိမ်မည်း

    June 18, 2013 at 8:56 am

    အန်တီဝ့င်ပြုံးမြင့်ရေ….

    အမှန်အတိုင်း ဝန်ခံရရင် စစချင်းက ဝင့်ပြုံးမြင့်ဆိုတာ အထီးကြီးလို ့ထင်နေတာ……

    ဒီလို ဒီလို…. လူဆိုတာ လက်ငါးချောင်း ရှိတယ်…. လက်မကပြောတယ် ငါက အရပ်ပုတယ်…..
    လက်ခလယ် နင့်အရပ်ကို ဖြတ် ငါနဲ ့ညှိ…….. လူ ့အခွင့်အရေးသမားတွေက ပြောတယ်… ဒါဖြစ်သင့်တယ်…. ဖြတ်ချလိုက်တယ်… ရလဒ်က လက်တလော သုံးစားမရတဲ့ လက်ဖြစ်သွားတယ်….. သုံးစားရစေချင်ရင် နောက် နှစ်ပေါင်းများစွာ စောင့်ရမယ်… ဒါဆိုရင်တော့ သုံးစားလို ့ရချင်ရလာမှာပေါ့….

    လောကမှာ အထီးရယ် အမရယ်ပဲ ရှိတယ်…. လူပဲပြောပြော တိရစာ္ဆန်ပဲပြောပြော…. သဘာဝကြီးကိုက သာစေ နာစေရယ်လို ့ မဟုတ်ပဲ သာနေတဲ့ ကိစ္စတွေရှိတယ်…. ဥပမာ ဆင်ရိုင်းအုပ်ပဲ ပြောပြော ခြင်္သေတွေပဲ ပြောပြော နှစ်ပေါင်းကြာလာပီ ခြင်္သေမက ဦးဆောင်တယ် ဆင်မက ဦးဆောင်တယ်လို ့မကြားဖူးပေါင်….. အဲ့လိုပဲ ပုရွတ်ဆိတ်အုပ် ပျားအုပ်တို ့မှာလည်း ပုရွတ်ဆိတ် ဘုရင်မ ပျားဘုရင်မ ပဲရှိတယ်… ပုရွတ်ဆိတ် ဘုရင်ကြီး ပျားဘုရင်ကြီးလို ့ ကြားဖူးပေါင်…. ဒါက သဘာဝက ပေးထားတဲ့ အားသာချက်နဲ ့ အထီးအမတွေရဲ့ စိုးမိုးမှူ…… လူမှာလည်း ထိုးနည်းအတူပဲ…. ယောကျာင်္းလေးက အားသာတာ ရှိသလို မိန်းကလေးက အားသာတာလည်း ရှိတယ်…

    ဆိုလိုချင်တာကတော့ နေရာတိုင်းမှာ တပြေးညီတည်း ဖြစ်ရမယ်ဆိုတာ သဘာဝ အရ မဖြစ်သင့်ဖူးလို ့ပြောတာပါ…..

    စာရေးသူ ပြောသလိုဆို ယောကျာင်္းလေးကပဲ မိန်းကလေးကို အပျို မဖြစ်လို ့ နှိမ်တယ်ပေါ့လေ…..
    ယောကျာင်္းလေး လူပျို ဖြစ် မှ မိန်းကလေး အပျို နဲ ့ ညားသင့်တယ်ပေါ့….
    နဲနဲလေး ထက်ပီး ပြင်းထန်တဲ့ စကားလုံးများ သုံးပါရစေ…….
    မိန်းကလေး မှားတာကို လက်ခံနားလည်ပေးရမယ်ဆိုရင် ယောကျာင်္းလေး မှားတာကိုကော လက်ခံမပေးသင့်ဖူးလား…….
    မိန်းကလေးတွေကျတော့ ဘယ်ယောကျာင်္းလေးနဲ ့ပဲ တွဲတွဲ ဒါက အကိုမို ့လို ဒါက မောင်လို ့ ခင်လို ့ဆိုတဲ့ ဆင်ခြေဆင်လက် ဆင်နှာမောင်းတွေပေးပီး…..
    ယောကျာင်္းလေးတွေကျတော့ မိန်းကလေးတွေနဲ ့စကားသွားပြောမိရင်တောင် နှာဘူးလို ့ စွပ်စွဲတာက တရား တယ်တဲ့လား……..
    မိန်းကလေးတွေက မင်းသားတွေကို ငမ်းတာကျတော့ အနုပညာအရ အားပေးတာတဲ့…..
    ယောကျာင်္းလေးတွေက မင်းသမီးတွေကို အားပေးတာကျတော့ နှာဘူးထတာတဲ့…….

    မင်္ဂလာခန်း ကို ဝင်တဲ့အထဲမှာလည်း ယောကျာင်္လေး အအို မိန်းကလေး အပျိုတွေချည်းပဲလို ့ ထင်နေသလား…..
    ယောကျာင်္းလေး အပျို မိန်းကလေး အအိုတွေလည်း ရှိပါ့…..

    ဗမာယောကျာင်္းလေးများက virginity များနဲ ့မတန်ဖူး လို ့ပြောတာမှာလည်း နဲနဲလေးတော့ လူမျိုးရေး ခွဲခြားတယ်လို ့ ထင်တယ်… (ဗမာနဲ ့ မတန်ဖူးဆိုတော့ ဘာနဲ ့တန်တာလဲဟင်….)

    ယောကျာင်္လေးများ အဆင့်မြင့်လာလျှင် မိန်းကလေးများ အဆင့်မြင့်လာမည်တဲ့….
    ပြောစရာတောင် မလိုဖူး…. မြင့်ပါ….. တခြားနေရာတာ မမြင့်ချင်နေမယ်… ဒါမျိုးမှာတော့ သင်ပေးစရာတောင် မလိုဖူး… မြင့်လွန်းလို ့ ဒုက္စရောက်နေတာတွေ အများကြီး…….. လစ်ဗင်းတူဂဲလ်သား လည်း မနေဖူးလို ့ မထင်နဲ ့…. နေတာမှ တွေ ့ဖူးတာကို ဆယ်တွဲကျော်နေပီ……… ဒါကို ဘာထပ် မြင့်ချင်သေးတာတုန်း…. လမ်းမပေါ်မှာ ကစ်စင်တွေဘာတွေဆွဲချင်သေးတာလား……..

    ခင်လျက်
    တိမ်မည်း

  • ရွှေတိုက်စိုး

    June 18, 2013 at 9:44 am

    အင်း သများကတော့ လစ်ပင်းတူဂဲသားတွေ… မတူဂဲသားတွေ နားတော့မလည်ပါဘူး..
    ဘာဘဲပြောပြော
    ၁။ ဗမာယောက်ျားများ virginity နှင့်မတန်။
    ဒီအချက်ကို ကန်.ကွက်ပါသည်… ဒါ တဘက်သက် ဆွဲအမြင်ပါ… လူပျိုများနှင့်မတန်သော ဗမာမိန်းမများလဲ ရှိပါသည်။…………
    ၂။ ယောက်ျားများအဆင့်မြင့်လာလျှင် မိန်းမများအဆင့်မြင့်လာမည်။
    ဒီအချက်ကိုတော့ ထောက်ခံပါသည်………… လုံးဝ ထောက်ခံပါသည်…

    အိမ်ထောင်တစ်ခု ထူထောင်ချင်တဲ့စိတ် ယောင်္ကျားတိုင်းတွင်ရှိပါသည်…. အဲလို ထူထောင်တဲ့အခါ ကိုယ်စီ အတ္တတွေကို စွန်.လွှတ်ပြီး သူ.အတ္တနဲ. ကိုယ့်အတ္တ ညှိယူရတာ လို.ထင်ပါသည်…
    အဲဒီတော့ BALANCE ညီဖို.လိုမယ်ထင်ပါကြောင်းးးးးးးးးးးးးးးး

    အင်းးးးးးးးးးးးး မပြောတော့ပါဘူး ခလေး ခလေးနေရာနေတာပဲကောင်းပါတယ်……… :kwi:

  • TNA

    June 18, 2013 at 6:12 pm

    ရည်းစားဘဝချစ်လှချည့်ကြိုက်လှချည့်နဲ့ ယူပြီးတော့မှပြသနာတွေတွေ့တော့တာပဲ။ နှစ်ဘက်ဆွေမျိုးအသိုင်း အဝိုင်းကပါအပါအဝင်ပေါ့။ အဲကျမှမထွေးနိုင် မအံ့နိုင်ဖြစ်ပြီးစိတ်ဆင်းရဲရတဲ့အိမ်ထောင်ဦးလင်မယားတွေ ထုနဲ့ဒေးပါ။ မကြာမကြာတွေ့မြင်ကြားနေရပါတယ်။ ရည်းစားဘဝချစ်လိုက်ကြသမှ ယူပြီးလဲပြီးရော မမြင်ချင်ဘူးကွဲမယ်ကွာမယ်နဲ့။

  • ကြက်အူလှည့်

    June 18, 2013 at 6:31 pm

    ယောက်ျားဒွေမကောင်းဘု.
    ဒါ့ကြောင့်မိန်းမပဲ ယော်တကူ မယ်.
    ဒါဗျဲစ့်.

  • ကိုရင်စည်သူ

    June 20, 2013 at 2:04 pm

    ဟိုနေ့ကမအားလို့ မန့်တာ အားမရလု့ိပြန်လာမန့်တာပါ။။ အခုအခြေအနေက
    လူငယ်တွေ သိုသပ်စွာနဲ့ အတွင်းပြောင်း ပြောင်းလဲနေကြတာပါ။ လူကြီးမိဘတွေက
    မသိလို့လွှတ်ထားတာလဲဖြစ်ရင်ဖြစ်မယ်.. ပြောမရလို့လွှတ်ထားတာလည်းဖြစ်ရင်ဖြစ်မယ်..
    ဒီလိုတွေဖြစ်နေတာ အုပ်ထိန်းသူမိဘရှိနေရင်တော့
    ခိုးစားရတဲ့အသီးကပိုချိုတယ်ဆိုပီး ခိုးစားကောင်းခိုးစားနေပေမဲ့ လူမိတဲ့အခါ ဂုံးထောက်တဲ့အခါ
    မဖြစ်သင့်တာတွေဖြစ်ကုန်တာ လူမသိသူမသိ ကျောင်းသူားဘဝတွေမှာများကြီးပါ (ထူးသဖြင့် တက္ကသိုလ်ကျောင်းသား)
    ကျနော်ကတော့ ပွင့်ပွင့်လင်းလင်းပြောရင် Living together စနစ်ကိုထောက်ခံပါတယ်။ ရာနှုန်းပြည့်တော့မဟုတ်ပါဘူး။ ဝင်ငွေထွက်ငွေ အချိုးကျ မျှခံရပါမယ်။
    တစ်နှစ်ဆိုတာ တကယ်တော့များပါတယ်။ မယူဖြစ်ရင် မိန်းကလေးတွေက အင်မတန် နစ်နာပါတယ်….
    မြန်မာရေခံမြေခံကယောက်ျား တော်တော်များများမှာလဲ အဲ့လိုနေခဲ့ပီးတဲ့ မိန်းမကို သဘောထားကြီးစွာနဲ့ ခွင့်လွှတ်နိုင်တဲ့
    စိတ်ဓါတ်ရင့်ကျက်မှုတွေ နားလည်မှုတွေမရှိကြသေးပါဘူး။ အဲ့လိုကြောင့် တစ်သက်လုံး ခွေးပြောဝက်ပြောအပြောခံနေရတဲ့
    မိန်းမတွေလဲ ရှိနေမယ်လို့ ထင်ပါတယ်။ မြန်မာအမျိုးသမီးတွေ မလိုအပ်ပဲ အရှက်ကြီးနေကြတာတွေကလည်း
    နစ်နာနေမှုတစ်ခုမှန်း မသိကြဘူးထင်တယ်။ နောက်ဆုံးတစ်ခုက အချိန်ကာလဘယ်လောက်တူနေနေ
    ကိုယ့်အိုးနဲ့သူ့ဆန်တော်တာပဲရကြတာများပါတယ်။ စကားမစပ်…။
    ဘရာဇီးကဆိပ်ကမ်းတစ်ခုမှာ ဘရာဇီးမတစ်ယောက်က လစ်ဗ်သူနေတယ်ပေါ့ဗျာ.. ဒါပေမဲ့ ကြက်ဆိုတော့
    သင်္ဘောသားတွေ အခန်းခေါ်လာပီး အခနဲ့ပျော်ပါးတယ်ပေါ့… သူ့လစ်ဗ်သူက အေးချေးပေါ့ဗျာ… တခါတခါ
    အပန်းလာဖြေတဲ့သင်္ဘောသားကို ဘီယာတိုက်ပီးဖော်ဖော်ရွေရွေစကားပြောသေးသဗျ…။
    အဲ့လိုမျိုးတွေတော့ ကိုယ့်ရွာမှာ မမြင်ချင်တာအမှန်ပါ 🙁

    • ဝင့်ပြုံးမြင့်

      June 20, 2013 at 11:06 pm

      ကရင်စည်သုံးတဲ့ စကားလုံး တအားကောင်းတယ်။ လူငယ်တွေ သိုသိပ်စွာနဲ့ အတွင်းပြောင်း ပြောင်းနေတာ။
      လစ်ဗင်းတူဂဲသားယဉ်ကျေးမှုရဲ့ အားသာချက် ကောင်းကွက်က တစ်ပိုင်း။ လူငယ်တွေ ပေါ့ပျက်ပျက်ဖြစ်ကုန်ကြပြီး လက်တည့်စမ်းနေကြတာ တစ်ပိုင်းဖြစ်နေတယ်။
      ကလေးတွေပျက်ကုန်ကြတာ မှန်မှန်အတန်းတင်စနစ် စလုပ်လိုက်ကတည်းကပဲ။ အဲဒီမှာ အာရုံကျမှားသွားကြတာ။
      ( မြန်မာအမျိုးသမီးတွေ မလိုအပ်ပဲ အရှက်ကြီးနေကြတာတွေကလည်း
      နစ်နာနေမှုတစ်ခုမှန်း မသိကြဘူးထင်တယ်။) အဲဒါလေးလည်းကြိုက်လို့ bc ပေးတာပါနော်။

      • အရီးခင်လတ်

        June 21, 2013 at 1:39 am

        ချစ်သော လစ် ပြောတဲ့ “ကလေးတွေပျက်ကုန်ကြတာ မှန်မှန်အတန်းတင်စနစ် စလုပ်လိုက်ကတည်းကပဲ။”
        အဲဒါအမှန်ဘဲ။
        ဒီမှာတောင် စာမေးပွဲစနစ် ကို ၂၀၁ရ ကစပြီး ပိုပြီး ခက်အောင် အဆင့် မြှင့်မတဲ့။
        အခုလောလောဆယ် အင်္ဂလိပ်ကျောင်း ကလေးတွေ ရဲ့ အရည်အချင်း တွေ ညံ့လာလို့ တဲ့။
        အဓိက တရုတ်ကလေးတွေ နဲ့ ယှဉ်နေတာနေမှာ။
        ဒါပေမဲ့ လဲ ထုံးစံ အတိုင်း ကျောင်းတစ်ခု နဲ့ တစ်ခု က ကွာတော့ သိပ်ဂရုမစိုက်တဲ့ ကျောင်းက ကလေး တွေ ပိုပြီး နိမ့်ကျသွား မှာလဲ စိုးမိတယ်။

  • အရီးခင်လတ်

    June 20, 2013 at 5:57 pm

    {{ မိန်းကလေးများကို နှိပ်ကွပ်သည့်သဘောသွားများအပါအဝင် ကာမ၊ ရာဂ၊ တဏှာ၊ ရမ္မက်စသော စကားလုံးများကို မိန်းကလေးများနှင့်ယှဉ်တွဲပြီး မသုံးရ။ }}
    ဆိုပြီး မပြုံး က အသေအချာရေးထား တဲ့ Post မှာမှ မဟာသူကြီးမင်း အပါအဝင် ရွာ့ထိပ်သီး အဘ တို့ အစစ် အတု နဲ့ အတွေ့အကြုံ အကြောင်း ဝင်အားပေးထားတာ တွေ့လို့ ပြန်ဝင်လာပါတယ်။
    ဒီ အမှု အတွက် ရွာသူ/သား များ စာရှည် ကြီး ကို မျက်စိညောင်းခံ ဖတ်ရတော့မှာ မို့ စိတ်တော့ မကောင်းပါဘူး။

    သူရို့ ပြောတာမှန်ပါတယ်။
    နေထိုင်မှု အတွက် အသက်မွေးဝမ်းကျောင်းလုပ်နေသူ မိန်းကလေး တွေ ကတော့ သာမာန် မိန်းမ တွေထက် ဒီကိစ္စမှာ အတွေ့အကြုံ များနေကြမှာပါ။
    ဒီနေရာမှာတော့ သူတို့ က Professional ကိုး။
    Professional ဆိုတဲ့ အဓိပ္ပါယ် သိကြမှာပါ။
    အလုပ်လုပ် တာ စိတ်ခံစားချက် ထက် အလုပ်ပြီးမြောက် ဖို့ကိုဘဲ ဦးတည်မှာပေါ့။
    သဘောကတော့ ချစ်ခြင်းမေတ္တာ မပါတဲ့ အပြုအစုပေါ့။
    ကိုယ့်ရဲ့ ကာမဆန္ဒကို ငွေကြေးအတွက် ဖြည့်ပေးနေတာ နဲ့ ချစ်ခြင်းမေတ္တာ နဲ့ ဖြည့်ပေးနေတာ အကွာကြီး ကွာတာ ကြတာလား ကိုယ့်ဆရာများ။

    သေချာတာ တစ်ခု ကတော့ ပုံမှန် စိတ်ရှိတဲ့ (လူမျိုး/ဘာသာ မရွေး) ယောကျာင်္းတိုင်း ဟာ လိင်ကိစ္စ အတွေ့အကြုံ ရှိဖို့ ကိုယ့်မိန်းမ ကို ကျားတကာနဲ့ လှည့်ပြီး မအိပ်ခိုင်းလောက်ပါဘူး။
    သတင်းမှာ တော့ ရူးနေတဲ့ လူတစ်ယောက် ကတော့ သူ့မိန်းမ ကို သူ့သူငယ်ချင်း နဲ့ ဆက်ဆံခိုင်းပြီး သူက ထိုင်ကြည့် သတဲ့။
    သူကိုယ်တိုင်လဲ မိန်းမမျိုးစုံ နဲ့ ရှုပ်ပါတယ်။
    ပြီးတော့ အဲဒီလို ဇာတ်ရှုပ်တွေ နောက်မှာ ကလေးတွေ အိပ်နေချိန် အိမ်ကို မီးရှို့ ပြီး ကလေးတွေ ကို သတ်ပါတယ်။
    နောက်ဆုံးရလာဒ် က ထောင်ဒဏ် တစ်သက် ပါ။

    ပြောရရင်တော့ လူ ဆိုတာ( ရဟန္တာလို အဆင့်အတန်း မရောက်ခင်) မှာတော့ လူတိုင်း က နည်းမျိုးစုံ ရူးတတ်ပါတယ်။
    တစ်ချို့ တဏှာရူး
    တစ်ချို့ ဥစ္စာရူး
    တစ်ချို့ ပညာရူး
    တစ်ချို့ အာဏာရူး
    တစ်ချို့ နာမည်ကျော်ကြားမှုရူး
    တစ်ချို့ အလှအပရူး

    လောကကြီးမှာ ခြောက်ပစ်ကင်း သဲလဲစင် အင်မတန်ရှားမှာပါ။
    ကိုယ့်စိတ် ကိုက တစ်နည်းမဟုတ်တစ်နည်း ပုံစံမျိုးစုံ နဲ့ ဖောက်ချင်သူတွေ ချည်းပါဘဲ။
    ဒါပေမဲ့ ဒီမှာတင် လူချင်း ကွာပါတယ်။
    တိရိစ္ဆာန်တွေ လိုဘဲ အိပ်၊စား၊ ကာမ အတွက် ဘဲ ခေါင်းထဲထားပြီး ကျန်တာ ကို မဆင်ခြင်၊ မထိန်းချုပ် နိုင်ဘဲ ကြုံသလို ကစ် သူ နဲ့
    ထိန်းသိမ်းဆင်ခြင် ဉာဏ်အား ကောင်းသူ တွေပါ။
    ဒါဟာ ပညာတတ်ခြင်း၊ ချမ်းသာကြွယ်ဝခြင်း နဲ့ မဆိုင်ပါဘူး။
    ဆင်ခြင်တုံတရား နဲ့ ပညာရှိခြင်း ပေါ်မှာ ဆိုင်သွားပါတယ်။
    ဒါက အသက်အရွယ် ရပြီး လူကြီးများ အတွက်ပေါ့။

    အသက်အရွယ် မရသေးတဲ့ ကလေး လူငယ် တွေ ကတော့ ဒီလို ဆင်ခြင်တုံတရား နဲ့ ပညာရှိဖို့ သူတို့ နဲ့ နီးစပ် တဲ့ လူကြီး တွေရဲ့ ပဲ့ပြင်မှု က ရသွားမှာပါ။
    ဒီတော့ ကလေးတွေ ရဲ့ မိဘ၊ ဆရာ ကိုယ်တိုင် က ဆင်ခြင်တုံတရား နဲ့ ပညာမရှိ ရင်တော့ ကိုယ့် မျိုးဆက်ကလေး တွေ အဆင့်မြင့်ဖို့ လမ်း မရှိပါ။
    ကလေးတွေတစ်ဦးချင်း အတွက် သက်ဆိုင်ရာ မိဘ၊ ဆရာသမားတွေ မှာ တာဝန် အပြည့်ရှိပါတယ်။
    မြန်မာပြည်မှာ ပြသနာ က ဒါပါဘဲ။

    ပြီးခဲ့တဲ့နှစ် အိမ်ပြန်တုန်း က ကျောင်းတုန်းက သူငယ်ချင်း တွေ နဲ့ တွေ့ပါတယ်။
    ဟိုအကြောင်း ဒီအကြောင်း ပြောတာ စုံလို့ ပေါ့။
    အဲဒီထဲ မှာ သူငယ်ချင်း တစ်ယောက်က သူတို့ မိဘ တွေလက်ထက် ထဲ က ချမ်းသာပါတယ်။
    ပိုပြီးလုပ်နိုင်ကိုင်နိုင် တဲ့ ယောကျာင်္း နဲ့ ရတော့ အတော်လေးကို ကြွယ်ဝတဲ့ ခရိုနီ တွေ ထဲ တစ်ယောက်ပေါ့။
    သမီး တွေ ကို မြန်မာပြည် ရဲ့ ထိပ်တန်း ဈေးအကြီးဆုံး ပရိုက်ဗိတ် ကျောင်း မှာ ထားတယ်။
    ကလေးတွေ က မြန်မာ လိုတတ် ရဲ့ နဲ့ မြန်မာပြည်မှာ နေပြီး မြန်မာစကားမပြောဘူး။
    သူညည်း တဲ့ အထဲ က အဆိုးဆုံးအချက် ကတော့ ယောကျာင်္းလေးသူငယ်ချင်း ကို အိမ်ခေါ်လာ ပြီး အခန်းထဲ မှာ နေတာဘဲ။
    “ဘာလုပ်နေကြမှန်း မသိပါဘူး၊ ငါလဲဘာလုပ်ရမှန်းမသိဘူး၊ သူ့အဖေကိုလဲ မပြောရဲဘူး” တဲ့။
    ပြောရင်လဲ “အမေ တို့ ခေတ်မဟုတ်ဘူး၊ အမေ တို့ ဒိတ်အောက် တွေ လာမပြောနဲ့” လို့ ဆိုသတဲ့။
    အသက် ၁၆နှစ် တောင် မရှိသေး တဲ့ သမီး ကို မနိုင်ဘဲ လွှတ်ထား နေရတဲ့ သူငယ်ချင်း ပြောတာ နားထောင်ရင်း စိတ်မကောင်းလဲ ဖြစ်၊ သူ့ကို ကြည့်ပြီး သနား တာက တစ်ပိုင်း အားမလိုအားမရ ဖြစ်တာ တစ်ပိုင်း ဖြစ်မိတယ်။

    ကျေးလက်က ပညာမတတ် တဲ့ အမေ မို့ အတန်းပညာတတ် ကလေး တွေ ပြောသမျှ ခံ နေရတာ ဆို ထားပါတော့။
    အခုတော့ သူကိုယ်တိုင် ပညာတတ် တစ်ယောက် ဖြစ်ပါရက် နဲ့ လောကကြီး မှာ ဘာဖြစ်နေတယ်၊ ကလေးတွေကို ဘယ်လို ထိန်းသင့်တယ် ဆိုတာ မသိတော့ အောင် ဖြစ်သွားတာ ကို အားမရမိဘူး။
    ပညာတတ် ဘွဲ့ရ ပေမဲ့ မျက်စိ ကိုမှိတ်၊ နားကိုပိတ် ပြီး ကိုယ်မွေး ထားတဲ့ ကလေးတွေ ရဲ့ နောက်မှာ ရောက်သွားတာ မဖြစ်သင့်ဘူး။
    ဒါဟာ မြန်မာပြည်က မိခင် တွေ ရဲ့ အားနည်းချက် ဖြစ်နေသလား တွေး မိတယ်။

    မပြုံး ပြောသလို ပခက်လွှဲနိုင်တဲ့၊ ဒီ သားသမီးလေး တွေ ကို ပြုစုပျိုးထောင် ခဲ့နိုင်တဲ့ မိခင် တိုင်း ဟာ ကလေး တွေ ကို လွှမ်းမိုးနိုင်တဲ့ ကောင်း တဲ့ အယူအဆ အတွေးအခေါ် တွေ ရှိသင့်တယ်။
    ဒါမှ သူတို့ ကို သင့်တော်တဲ့ အကြံဉာဏ် တွေ နဲ့ သူတို့ ကို ချုပ်ကိုင် နိုင်မှာ။
    လောင်းရိပ် အောက်မှာ ထား တာ ကို မဆိုလိုပါဘူး။
    ကိုယ့်လောင်းရိပ်အောက်မှာ မဟုတ် ဘဲ သူတို့ ဟာ သူတို့ ရှင်သန်ခွင့်ပေးရင်း ငယ်နုတဲ့ အပင်လေးတွေ ကို ကိုက်ဖို့ စောင့်နေတဲ့ ပိုးတွေ ရန် ကို ကာကွယ်ပေးဖို့၊ လက်သရမ်း တဲ့ သူတွေ အညွန့်ချိုးတာ မခံ ရအောင်လို့ အချိန်တစ်ခု ထိတော့ မပြတ်ကြည့် နေရမှာပါ။

    ကျွန်မ အမေ လဲ ဒိတ်ဒိတ်ကြဲပညာတတ်ကြီး မဟုတ်ပါဘူး။
    ဒါပေမဲ့ သူက ရှေးကထဲ က စာရေးဆရာကြီး/ ဆရာမကြီး တွေ ရဲ့ စာအုပ် တွေ နဲ့ ကြီးလာတာမို့ ကျွန်မ လဲ ငယ်ကထဲ က လူထုဒေါ်အမာ စာတွေ၊ ဒေါ်ခင်နှင်းယု စာတွေ ကြား မှာ နေခဲ့တာပါ။
    သူတို့လဲ အင်မတန် ထက်တဲ့ မိန်းမကြီး တွေ ပါ။
    သူတို့ စကား တွေ ထဲ မှာ အောင်မြင်ချင်တဲ့ မိန်းမ တစ်ယောက် အတုယူ လိုက်နာဖို့ ဆိုဆုံးမ နည်းလမ်းပြစကားတွေ အများကြီးပါပါတယ်။
    ဒီနေ့ မြန်မာမိန်းကလေး တွေ အများစုကို မြင်ရင် ဒီ ဆရာမကြီးတွေ မှာ ရင်ကျိုးပြီး ယူကျုံး မရ ဖြစ်ရှာကြမယ် လို့ တောင် တစ်ခါတစ်ခါ တွေးမိတယ်။
    ဒီ အမျိုးသမီးကြီးတွေ လဲ ကိုယ့်တိုင်းပြည် နဲ့ လူမျိုးအတွက် တိုက်ပွဲဝင်ခဲ့သူတွေဘဲ။
    မိန်းမ တွေရဲ့ စွမ်းအားတွေ ကို မြေတောင်မြှောက် ပေးခဲ့သူတွေပါ။

    ထားပါတော့။
    လောလောဆယ်မတော့ ကိုယ့်ရင်သွေးတွေ လမ်းမှား အလွယ် မသွားဖို့၊
    ကိုယ့်လင် တွေ ပြည့်တန်ဆာ အိမ် မှာ မပျော်ဖို့
    မိခင်၊ မယား လို့ အမည်ခံ မိန်းမ တွေ မှာ တာဝန် အများကြီး ရှိပါတယ်။
    ဒီလို တာဝန် ကို ကောင်းကောင်းထမ်း နိုင်ဖို့ နဂိုကထဲ က ပေါ့ဆဆ မနေမထိုင် ဘဲ ကိုယ့် ကိုယ်ကို ဘက်စုံ ထိန်းသိမ်းရင်း အဆင့်အတန်း မြင့်သထက်မြင့် အောင် ကြိုးစားရမှာပါ။
    ဘက်စုံ ဆိုတာမှာ အပြောအဆို ၊ အနေအထိုင် ၊ ဝတ်စားဆင်ယဉ် မှု ၊ ပညာယူ လိုမှု ၊ လူမှုရေးရာ အာလုံးပါပါတယ်။
    အဲဒီကမှ တဖြေးဖြေး ပိုပြီး စိတ်ဓာတ် အခံ ရင့်ကျက်လာမယ်။
    ဆင်ခြင်ဉာဏ် အားကောင်းလာမယ်။
    နောက်ဆုံး တာဝန် သိတတ်မှု၊ တာဝန်ယူတတ်မှု တွေ နဲ့ ပျော်ရွှင်စရာ မိသားစု အတွက် ပဲ့ကိုင် နိုင်တဲ့ မိန်းမ ဖြစ်မှာပါ။
    ကိုယ့်ရဲ့ နောက်မှာ ပိုပြီး စိတ်ဓာတ်အင်အား မြင့်မား တဲ့ မျိုးဆက်တွေ ရလာမှာပါ။

    ဒါထက်
    စကားမစပ် မဆိုင် တာ ကြုံတုန်း ထည့်ပြောရရင်ဖြင့်
    လွန်ခဲ့တဲ့ ၃လ လောက် က တိုင်းမဂ္ဂဇင်း ကာဗာ မှာ မိန်းမ တစ်ယောက် ပုံ နဲ့ သူ့ အင်တာဗျူး သတင်း ပါခဲ့တယ်။
    စာဖတ်သူ ထဲ က မိန်းမ အများ ရဲ့ ပြန်ဝေဖန် သံ တွေ ညံ သွားတယ်။
    အဲဒီမိန်းမ က Facebook ရဲ့ COO (Chief Operating Officer) နာမည်က Sheryl Sandberg တဲ့။
    http://ideas.time.com/2013/03/07/confidence-woman/
    အင်တာဗျူး ထဲ မှာ သူရေးတဲ့ စာအုပ်အကြောင်း လဲပါသပေါ့။
    အမည်က Lean In: Women, Work and the Will to Lead။

    အကြောင်း က မိန်းမ တွေ ယောကျာင်္းရပြီး လင် ကို မှီ မနေဘဲ အလုပ်လုပ် ဖို့ တိုက်တွန်း တာပါ။
    ဒါတင်မက နာမည်ကြီး TED ဟောပြောပွဲ တစ်ခု မှာလဲ “Why we have too few women leaders” ဆိုပြီး အလုပ်လုပ်ရုံတင်မဟုတ်ဘဲ အဖွဲ့အစည်းတွေ ရဲ့ ထိပ်ပိုင်း ဦးစီးသူ တွေ ဖြစ်ဖို့ ပါတဲ့။
    မပြီးသေးဘူး။
    မိန်းမ တွေ အလုပ်လုပ်ပြီး ယောကျာင်္းတွေ က အိမ်မှာ ကလေးထိန်းရင် အလုပ်မှာ ပိုပြီး ဖြစ်မှာတဲ့။
    ဒါတောင် သူက ပြောသေးတယ်။ ၅နာရီ ခွဲ ဆို အိမ်ပြန်ပြီး ကလေး တွေ အတွက် နေသတဲ့။
    သဘောက တော့ အလုပ်လုပ်လဲ မိသားစု ကို ကြည့်နိုင်သူပေါ့။
    http://www.ted.com/talks/sheryl_sandberg_why_we_have_too_few_women_leaders.html

    အဲဒီ အကြောင်း ကြား လိုက်တော့ ကိုယ့်ဟာကိုယ်တောင် အတော်လေး ပြန်သနားသွားတယ်။
    ကိုယ်လဲ တစ်ချိန်က တော့ အဖွဲ့အစည်း တစ်ခု မှာ ယောကျာင်္းတွေ ရဲ့ ရှေ့မှာ နေပြီး ကိုယ်မရှိရင် အဖွဲ့ ဘဲ ပျက်တော့မလို (တကယ်တော့ မရှိလဲ မပျက်ပါဘူး။ ပိုတောင် အောင်မြင်သေးတယ်) အလုပ်လုပ် ခဲ့တာပေမဲ့ ကလေး အမေ ဖြစ်လာချိန် အားလုံး က အိမ်မက်လို ဖြစ်သွားတာ။
    အားလုံးက ကလေး နောက်မှာ ရောက်သွားတာမို့ အလုပ်လုပ် ပေမဲ့လဲ လခမကောင်း တဲ့ ကိုယ်နိုင်ရာ Non-Profit အဖွဲ့လေးမှာ။
    ဒီတော့ ဘဏ္ဍာရေးအရ ယောကျာင်္း ကို အမှီကြီး ကို မှီရ သပေါ့။

    အဲဒီမှာတင် ကိုယ့် ထိသလို ဖြစ်လာတာမို့ ဒီမိန်းမ ကို အပြစ်ရှာ ပြီး ကိုယ်လုံ အောင် ဆင်ခြေတွေ မှ အများကြီး ပေါ့။
    အဖေ ၊ အမေ ပညာတတ်လဲ ဖြစ် ဟားဗတ်ကျောင်းထွက်၊ ယောကျာင်္းကလဲ သူဌေး ၊ ကလေး တွေ အတွက် အကောင်းဆုံး ကလေးထိန်း ကို ပိုက်ဆံပေးနိုင်သူ ဘဲ။
    သူ့လို မဟုတ်သူတွေ ကို နားမလည်ဘဲ လာပြီး ပြောတယ်ပေါ့။
    အတော်လေးခံပြင်းမိသွားတာ တော့ အမှန်ဘဲ။

    ဒါပေမဲ့ တဖြေးဖြေး ပြန်စဉ်းစားမိလာတယ်။
    ကိုယ်ကရော “ငါကလေး အမေ” ဘဲ ဆိုပြီး ကိုယ့်စွမ်းအားတွေ ရှိရက် နဲ့ အစွန်းကုန် အားမသုံး တာ တွေ့ လိုက်ရတယ်။
    ကလေး နဲ့ ဟာ မဖြစ်ပါဘူး လေ ဆိုပြီး အပျင်းခို သလို ဖြစ်နေတာ တွေ့လိုက်တယ်။
    ယောကျာင်္း ကို မှီ လို့ ရတာ ကို အရသာ တွေ့နေ သလိုရှိတာ တွေ့ လာတယ်။
    ပိုပြီးအောင်မြင်ဖို့ကို နဲနဲ လေးတောင် စမ်းမကြည့် မိသေးတာ တွေ့ လာတယ်။

    သူ တွန်း နေသလို (ကိုယ့်အရင် ဘဝ မျိုး) ကိုယ် လဲ ဒီ တစ်သက် ပြန်ရဖို့ လမ်းမရှိပါဘူး။
    ဒါပေမဲ့ စမ်းလုပ်ကြည့်ချင်စိတ် တနည်း အခုထက် ပိုမြင့်နိုင်မလား ကြိုးစားချင်စိတ် ပေါ်လာတယ်။
    အနည်းဆုံးတော့ မြန်မာပြည်က ဟိတ်ဟန်တစ်လုံး နဲ့ ယူ ခဲ့ပေမဲ့ ဒီမှာ သုံးမရဘဲ မှိုတက် နေတဲ့ ဘွဲ့လက်မှတ် ကို ပြန်အသက်သွင်း ဖို့ စိတ်ဝင်လာ တာ မို့
    အဲဒီ မိန်းမ ကို ကျေးဇူး တောင် တင်ရမလို။ 😆

    သခင်မျိုးဟေ့ တို့ မိန်းမ။ (စီအာ – မြို့ပျက် ရွာသူကြီး)
    Hayy …. Women/ Ladies …. We all can DO it.

    • KZ

      June 20, 2013 at 6:27 pm

      အရီး ကွ။
      ဘလာဘို ဗျ။
      ဝီ အော ကန် ဒူး အစ်။

      ကိုယ့် ခြေထောက်ပေါ် ကိုယ် ရပ်ရတဲ့ အရသာက ဘာနဲ့မှ မတူပါ။
      ကိုယ်ရှာနိုင်သလောက် ကိုယ်သုံး:::
      ကိုယ့် အသိနဲ့ ကိုယ့်နေ……….
      ကိုယ့် အချိန်ကို ပိုင် ………

      ငိငိ :mrgreen:
      ရလာတဲ့ ခေါင်းစဉ်တစ်ခုက “”မိန်းမ မပီသတဲ့ မိန်းမ””

      အဲဒီ ခေါင်းစဉ်လေးတော့ မြတ်နိုးသားကလား:::::: :mrgreen:

    • Foreign Resident

      June 20, 2013 at 6:46 pm

      အရီးခင်လတ် says:
      ” မဟာသူကြီးမင်း အပါအဝင် ၊ ရွာ့ထိပ်သီး အဘ တို့ အစစ် အတု နဲ့
      အတွေ့အကြုံ အကြောင်း ဝင်အားပေးထားတာ တွေ့လို့ ”

      အဟင့် ၊ အဟင့် ၊ အရီးလတ် ကလည်း ၊ သားသား ကလေ ၊
      ပျော်စေ ၊ ပျက်စေ ၊ ကလက်စေ ၊ ပြောတာရယ်ပါ ဆို ။
      နောက်ပြီး ၊ အဲ ဒဟာတွေဟာ ၊ သားသား ရဲ့ ကိုယ်တွေ့ မဟုတ်ပါဘူးလို့ ၊
      သေသေ ချာချာ ကို ပြောထားရက်နှင့် ၊ သိပ် ဇိုးတာပဲ ။
      တော်သေးတာပေါ့ ၊ Post တစ်ခု အသစ် ရေးမတင်လိုက်လို့ ။

      Foreign Resident says:
      ” ဟီ ဟိ ၊ သူညားတွေ အဘကို ပြောပြတာကို ၊ အဘ က ပြန်ပြောပြတာပါ “

      • အရီးခင်လတ်

        June 20, 2013 at 11:00 pm

        Really …… !!!!! 😆

    • ဝင့်ပြုံးမြင့်

      June 20, 2013 at 11:14 pm

      ကွန်မင့်အရှည်ကြီးအတွက် ကျေးဇူးပါ အရီးရေ။
      လူတစ်ယောက်ကို သူ့အသိဉာဏ်ကသာ ထိန်းကျောင်းနိုင်တာပါ။ အသိဉာဏ်ကိုသာ ပျိုးထောင်ထားရင် သူ့ကို်ယ်သူ ရေစုန်မျောတဲ့အလုပ် ဘယ်တော့မှ မလုပ်ဘူး။

  • myat pearl phyu

    January 30, 2014 at 4:52 pm

    အမလေး …အစမှသည် ကွန်မန့်များ အဆုံး အားလုံးကို ဖတ်လို့ပြီးသွားပါပြီ …

    ရုံးလည်းဆင်းတော့မည်မို့ …တော်သေးပြီ ..

    see ya later !!!

    thanks for all your participating discussions !!!

  • kai

    March 7, 2014 at 4:54 am

    ကဲ…ဖတ်ချင်သူများဖတ်နိုင်ရန်… ရှေ့ထွက်စေသတည်း..။
    ဆိုတော့(၁)..
    ခုတနှစ်ပိုင်း.. မြန်မာပြည်နိုင်ငံခြားသားတွေ.. အဝင်အထွက်များလာတယ်..။
    ကျုပ်ကသူတို့နဲ့ထိုက်သင့်သလောက်.. အဆက်အသွယ်အလုပ်ချိပ်ဆက်လုပ်ရပါတယ်.။

    ဆိုတော့(၂)သိတာလေးတွေရှိတယ်ပေါ့..
    အဲဒီအကောင်တွေ.. မြန်မာပြည်သွား.. တလရက်သီတင်းနေ..။
    ငါးပါးသီလလုံအောင်စောင့်နေတာတော့မဟုတ်..။
    သိပ်တော့မပြောချင်ပါဘူး..။
    အပျိုစင်..အပျိုစင်ကွ..ယဉ်ကျေးမှုကွ.. ဆိုပြီးအော်နေတဲ့.. ကွန်ဆာဗေးတစ်သကောင့်သားများကို သနားမိကြောင်း..။
    တောင်ပြိုကျလာတာကို.. လက်နဲ့ကာလို့မရတော့ပါကြောင်း…။ (CR အညဖော ) :mrgreen:

  • ကထူးဆန်း

    March 7, 2014 at 9:44 am

    ခုမှဘဲ ဖတ်မိတော့တယ် …
    အရီးလတ်လည်း မြို့ ကို စိမ်းကားသွားပြီလား မသိ … 😆

Leave a Reply