အဖေဆိုတာ.

ムラカミJune 16, 20131min28119

အဖေတွေကို အမှန်တကယ် နားလည်တဲ့ သူဆိုတာ ရှားပါးပါတယ်။
အမေတွေနဲ့ယှဉ်ရင် အဖေတွေအတွက် ကျမတို့တတွေ ဂုဏ်ပြုတေးသီဖို့ ကြိမ်ဖန်များစွာ
ပျက်ကွက်ခဲ့ကြဖူးတယ်မဟုတ်လား။
၂။
အလွယ်တမ်းပြောကြကြေးဆိုရင် အဖေတွေဆိုတာ မိသားစုအတွက် ငွေရှာပေးနေကြသူတွေပေါ့။
တကယ်တမ်းက အဲ့သည့်ထက် အများကြီး ပိုပါတယ်။ ဘာကြောင့်လဲဆိုတော့
အဖေတွေဟာ ကျမတို့ရဲ့ ဖျားနာမှု အားလုံးအတွက် ကြင်ကြင်နာနာပြုစုယုယပေးတဲ့ သူနာပြုတွေမို့လို့ပါ။
၃။
အဖေဆိုတာ မိသားစုက သူ့ကိုမြင်ယောင်မယ့် သူ့ရဲ့ ပုံရိပ်အတွက် သူ့တဘဝလုံးကိုပေးဆပ်ရင်း
နေ့စဉ်ရုန်းကန် တိုက်ခိုက်နေရသူတွေပါ။ ဒဏ္ဍာရီလာ သူရဲကောင်းအလား ကျမတို့အပေါ်ကျရောက်လာမယ့်
အန္တရာယ်တွေကို ရင်ဆိုင်တိုက်ခိုက်သူအလားပါပဲ။
အဖေတွေဟာ ကျမတို့အတွက် တချိန်တည်းမှာ ကာကွယ်သူနဲ့ရော ဖြည့်ဆည်းသူအဖြစ်နဲ့ပါ စောင့်ရှောက်လေ့ရှိသူပါ။
၄။
အဖေတွေဆိုတာ ကျမတို့ ရင်ခုန်ခံစားမှုတွေရဲ့ နံပါတ်တစ် ဇာတ်လိုက်ကျော်တွေမဟုတ်တတ်ကြပါဘူး
ဒါဟာ ကျမတို့ တခါတလေကျမှ သဘောပေါက်သလိုရှိကောင်းရှိမယ့် အကြောင်းတခု ပါ။

၅။
ကျမတို့တွေ အဖေတွေရဲ့ အသည်းနှလုံးတွေကို ထွင်းဖောက်ပြီးကြည့်ရင်
အပေါ်ယံကတော့ သံယောစဉ်ပြတ်သားပြီး အသည်းမာသူလို့ ထင်ရပေမယ့် အတွင်းမှာတော့ သူတို့ဟာ
တတ်နိုင်စွမ်းရှိသမျှ ပျော့ပြောင်းသူတွေ ဖြစ်နေပြန်ပါတယ်။
၆။
ရုန်းကန်လှုပ်ရှားရတဲ့ အပြေးပြိုင်ပွဲလို ဘဝအတွင်းမှာ နေ့စဉ်နဲ့အမျှ အလုပ်ရှုပ်နေပေမယ့်
သူ့ မိသားစု သူ့ ပတ်ဝန်းကျင်နဲ့ သူ့ဘဝလက်တွဲဖော်ဇနီးသည်အတွက် ယောက်ျားတို့ရဲ့
အေးစက်မာကျောမှု ၊သံယောဇဉ်ပြတ်မှုကို စွန့်ပယ်ထားသူတွေဟာ အဖေတွေ လို့ ခေါ်ပါတယ်။
၇။
အဖေတွေဟာ သန်းနဲ့ချီမယ့် နည်းလမ်းမြောက်များစွာနဲ့အလွန်အမင်း အံ့ချီးစရာ ပုဂ္ဂိုလ်တွေပါ
ချီးကျူးမှုတွေနဲ့ အမှန်တကယ် ထိုက်တန်သူတွေ ဖြစ်ပြီး
တန်ဖိုးမဖြတ်နိုင်စရာကောင်းလောက်တဲ့ ဂုဏ်ပြုမှုတွေနဲ့ ထိုက်တန်သူတွေပါ
၈။ အဖေတွေရဲ့ မမှိတ်မသုံ ဆန္ဒပြင်းပြမှုဆိုတာ ကံကြမ္မာနဲ့ ဘဝ အောင်မြင်မှု အတွက် သာ ဖြစ်လေ့ရှိပါတယ်။
တကယ်တော့ အဲ့ဒါဟာ သူ့မိသားစု အနေနဲ့ သူ့အတွက် ဂုဏ်ယူရစေဖို့ ဖြစ်သလို သူ့မိသားစုကို ပျော်စေဖို့ပဲ မဟုတ်ပါလား။
၈။
သူဟာ ကောင်းကင်ဘုံက ဘုရားသခင် လိုပဲ ကျမတို့ကို အကာအကွယ်ပေးသူ လမ်းညွှန်သူ ပါ။
ကျမတို့ဘက်မှာ အမြဲရပ်တည်ဖို့ အတွက် အမြဲတစေ မျှော်လင့် အားကိုးအားထားရာ တစုံတယောက် သော
ယောက်ျား တစ်ဦးကို အဖေလို့ ခေါ်ပါတယ် ရှင်။ — with Tiger Lily.

19 comments

  • ဇဂါး လွတ်

    June 16, 2013 at 10:31 am

    Absolutely right..!
    Definitely correct..!
    Totally true..!
    :528:

    • ကြက်အူလှည့်

      June 16, 2013 at 10:36 am

      မေ ဂလုထဲမယ် ကျားကျားပူဆာလို့ရေးပေးထားတာလေး မ. လာတာပါဗျာ.
      ခရက်ဒစ်တူ.
      သူရဲ့ မေ.

      :mrgreen:

      • KZ

        June 16, 2013 at 5:06 pm

        မျက်နှာလိုုက်တယ်။
        အစ ကတော့ အဖေ ပိုု့(စ) တွေ မှာ မန့် ကိုု မမန့် ဘူး ဆိုု။။။။။။။။။
        သူ့ ဂါးဂါးကျတော့ အလိုုလိုုက်တာ။။။။
        မုုန်းဒယ်။။ :mrgreen:

        • ကြက်အူလှည့်

          June 16, 2013 at 9:29 pm

          ဖေဖေ့ကိုချစ်တယ် ဆိုတကလွဲရင် ကျမမပြောတတ်ဘူး တခွန်းတည်းကပဲ ဒီစာစုကိုရေးဖို့ တွန်းအားဖြစ်သွားတာပါကွယ်.
          :mrgreen:

        • အဘ ဖားသက်ပြင်း

          September 5, 2013 at 7:40 am

          ခုချိန်ဒါလေးပြန်ဖတ်မိတော့ တမျိုးလေး ခံစားရတယ်ဗျ…
          အဲ့တုန်းကတော့ နော်ရှီးက ကျော့်ကို ဦးဂီ လို့ ခေါ်ကောင်းတုန်းပေါ့…
          ခုတော့ …
          အာ..ဟိ

      • KZ

        September 5, 2013 at 8:24 am

        ဟွန့်။

        ဟုတ်ပါပြီ သားဂီရယ်။
        လိမ်လိမ်မာမာနဲ့ တစ်ယောက်တစ်ဘဝဆိုရင်ကို ဝမ်းသာလှပါပြီ။
        :mrgreen:

  • ကြက်အူလှည့်

    June 16, 2013 at 10:35 am

    သိုးဆောင်းလို ဖတ်လိုသူများ အတွက်

    Fathers are Wonderful People
    Fathers are wonderful people
    Too little understood,
    And we do not sing their praises
    As often as we should…

    For, somehow, Father seems to be
    The man who pays the bills,
    While Mother binds up little hurts
    And nurses all our ills…

    And Father struggles daily
    To live up to “HIS IMAGE”
    As protector and provider
    And “hero or the scrimmage”…

    And perhaps that is the reason
    We sometimes get the notion,
    That Fathers are not subject
    To the thing we call emotion,

    But if you look inside Dad’s heart,
    Where no one else can see
    You’ll find he’s sentimental
    And as “soft” as he can be…

    But he’s so busy every day
    In the grueling race of life,
    He leaves the sentimental stuff
    To his partner and his wife…

    But Fathers are just WONDERFUL
    In a million different ways,
    And they merit loving compliments
    And accolade of praise,

    For the only reason Dad aspires
    To fortune and success
    Is to make the family proud of him
    And to bring them happiness…

    And like OUR HEAVENLY FATHER,
    He’s a guardian and a guide,
    Someone that we can count on
    To be ALWAYS ON OUR SIDE.
    Helen Steiner Rice

  • အလင်း ဆက်

    June 16, 2013 at 11:15 am

    အရသာ ရှိပါပေ့ ချစ်သော ဂီ

    ဝေမျှ တင်ပြ ပေးတာ ကျေးဇူးတင်တယ် ဗျ

  • lele kyi

    June 16, 2013 at 12:46 pm

    ဖေဖေ ဆိုတာ သမီးရဲ့ သူရဲကောင်း။ သားရဲ့ အကောင်းဆုံးသူငယ်ချင်း။ မေမေ့ရဲ့ သူရဲကောင်း & အကောင်းဆုံး သူငယ်ချင်း။

  • အရီးခင်လတ်

    June 16, 2013 at 3:36 pm

    ဝဲလ်ဒန်း မောင်ဂီ။
    Darth Vader ရဲ့ ဒီဘက် ကို ရောက်ပြန်ပြီပေါ့။ 😛

  • padonmar

    June 16, 2013 at 7:11 pm

    Fathers day special ပေါ့နော။
    မရှိတော့တဲ့ အဖေကို လွမ်းမိတမ်းတမိပါတယ်။

  • အရီးခင်လတ်

    June 16, 2013 at 8:37 pm

    Happy Father’s Day to all beloved Fathers!

    The Fathers Day Quote I like for this year ….

    My father gave me the greatest gift anyone could give another person, he believed in me.
    – Jim Valvano

  • kyaw hteik

    June 16, 2013 at 10:57 pm

    ကျ​နော်​အတွက်​က​တော့ ​နေ့တိုင်​ အ​ဖေ​နေ့ပါ။အများစု​သောအ​ဖေ​တွေက
    သူတို့ချစ်​ခြင်​း​မေတ္တာကို မ​ဖော်​ပြတတ်​ကြပါ။ဒါ​ကြောင်​့ အ​ဖေ​တွေဟာ မိခင်​​တွေ​လောက်​
    သားသမီးများရဲ့ ချစ်​ခင်​ခြင်​းကို မရကြ​တော့ပါ။သား သမီးတိုင်​ ဖခင်​​မေတ္တာကို
    နားလည်​ ခံစားနိုင်​ကြ​စေချင်ပါတယ်​။

  • kyeemite

    June 17, 2013 at 10:40 am

    အဖေများနေ့ နဲ့ ချိန်ကိုက်တင်လာတာ ကျေးကျေးပါဗျာ…
    ဒီနှစ်ဆန်းက ကွယ်လွန်သွားသူ အဖေ့ကိုလွမ်းသွားတယ်ဗျာ..
    အဖေဟာ ကျနော့အတွက် စံပြပါ…
    ဒီနေ့ထိ သူ့စိတ်ထားကို လိုက်မမီသေးဘူး.. :byae:

  • Myo Thant

    June 17, 2013 at 10:50 am

    ( ဘယ်သကောင့်သားက ဇွန် ၁၆ ကို
    အဖေများနေ့လို့ သတ်မှတ်လိုက်တာလဲ ?
    ၃ ယောက်ပေါင်း ဝိုင်းဆော် ၄ သောင်းကျော်ကုန်ရောဗျာ ၊
    အဖေဖြစ်ရတာ လွယ် မှတ်လို့ ။ )

    ဒါပေသည့်
    မမြင်ဘူးသော
    ဘယ်နေ့မှာ ကွယ်လွန်မှန်းမသိသော
    အဖေ လို့ မခေါ်ခဲ့ဘူးသော
    အဖေ့ကို သတိရမိပါ၏ ၊

  • Ma Ma

    September 5, 2013 at 8:08 am

    များသောအားဖြင့် သားသမီးတွေဆိုတာ အမေနဲ့ပဲ လက်ပွန်းတတီးနေပြီး အမေ့ကိုပဲ ပိုပြီခင်တွယ်တတ်ကြတယ်။

    ကျမတို့ မောင်နှမတွေ (သားသမီးအားလုံးကို အညီအမျှ ချစ်ခင်ခဲ့လို့) အတွက်ကတော့ ……
    အမေလိုရော (ချက်ပြုတ်ကျွေးမွေးတတ်တာရော)
    အဖေလိုပါ (ရှာဖွေကျွေးမွေးတာပါ) လိုလေသေးမရှိ ကျွေးမွေးစောင့်ရှောက်ခဲ့မှုပေးခဲ့တယ်။

    သားသမီးတွေလိုအပ်တာကို (ပညာရေး၊ ကျန်းမာရေးစသဖြင့်) အစစအရာရာ အလိုလိုက်တတ်သလို၊ လူမှုရေး စီးပွားရေးတွေမှာလည်း ကြပ်ကြပ်မတ်မတ် ဆုံးမသွန်သင်လေ့ရှိတဲ့ အဖေကို ချစ်ကြောက်ရိုသေခဲ့ကြရတာမို့…..

    အမေများနေ့ကို စာဖွဲ့ကြသလို
    အဖေများနေ့ကိုလည်း စာစီကြစေချင်တယ်။ 🙂

  • အဘရဟူဒီ

    January 31, 2014 at 2:58 pm

    အဲ့ စာစုလေးကို ကျားမေမေ မရေးခိုင်းခဲ့ဖူး ဆိုရင် …

    ကျနော် အခုအချိန် အလွမ်းနာ ကျမှာ မဟုတ်ဖူး …အဖေ….

    ဗြဲ …. ငိုပယဇီ….

  • ခင် ခ

    January 31, 2014 at 4:43 pm

    သားအဖ၂ယောက်စကားပြောဖြစ်လေသောအခါ
    အဖေ – သား အဖေနဲ့အမေ ဘယ်သူပိုချစ်လဲ
    သား – အမေကိုပိုချစ်တာပေါ့
    အဖေ – ဘာလို့လဲသား
    သား – အမေကအလိုလိုက်တယ်လေ အဖေက အဖေ့စကားနားမထောင်ရင် တစ်ခါတလေအော်ငေါက်သေးလို့ ဒါနဲ့ အဖေကရော သားနဲ့အမေ ဘယ်သူပိုချစ်လဲ။
    အဖေ – မင်းအမေကိုပိုချစ်တာပေါ့
    သား – ဘာဖြစ်လို့လဲဟင်
    အဖေ – မင်းအမေက အဖေဆူရင် ဘာမှပြန်မပြောဘူး ဟုတ်ကဲ့ဆိုပြီးနားထောင်တတ်တယ်၊ သားက တစ်ခါတလေ အဖေကိုတောင်ပြန်ခံပြောလို့လေ။
    သား – ဒါကတော့အဖေ ဘယ်တရားမလဲ ကိုယ့်သားသမီးဘဲ အတူချစ်ပေါ့
    အဖေ – သားလည်း ဒီအဖေနဲ့ဒီအမေ ၂ ယောက်ထဲရှိတာ အတူချစ်ပေါ့ မဟုတ်ဘူးလား
    သား – အဖေပြောတာလည်း ဟုတ်တာဘဲ အဖေနဲ့အမေကိုဒီနေ့ကစပြီး အတူတူချစ်တော့မယ်။
    အဖေ+အမေ – ဒါမှငါ့တို့သားလေး။

  • kyeemite

    February 1, 2014 at 11:24 am

    အင်း…မောင်ရင်ဂီ ရဲ့ ဒီပို့စ်လေးပြန်ပေါ်လာတော့
    အဖေ့ကိုသတိရမိပြန်ရော…ဘာလိုလိုနဲ့ တစ်နှစ်တင်းတင်းပြည့်လေပြီ… 😥

Leave a Reply