အခုတလော ဖေ့ဘွက်မှာရော ဂဇက်မှာပါ ဖတ်ရတာတွေ စိတ်ကို မချမ်းသာဖူး……

ရပ်ကွက်ထဲမှာလည်း အမျိုးမျိုးကြားရတယ်…..

ဝက်သားပေါက်စီမှာ ပါတဲ့ ပိုးဟပ်ချေးနဲ့ …… ကော်ဖီမစ်ကို မလုပ်သင့်တာတွေနဲ့  လုပ်ထားတာနဲ့  (မသောက်သင့်ဖူးလို့ သာကြေငြာတာ ဘယ် ဘရန်းလဲဆိုတာ ထည့်မပြောဖူး….) ဆီဆိုတာလည်း ဟိုရော ဒီရောနဲ့  ရောင်းတဲ့သူတွေကလည်း အဲ့လို မှ မရောင်းရင် သူတို့  ပဲ မွဲတော့မလိုလို မျက်ရည်ခံလေးထိုးပြောတော့ ကို ကပဲ ရောဂါအရခံပီး ၀ယ်စားရမလိုလို… အသီးအရွက်တွေ ကြည့်တော့လည်း စိမ်းစိုလို့ … တအားကြည့်ကောင်းနေရင် ပြုပြင်ထားတဲ့ အသီးများလို့  စိုးရိမ်ရတာ တမျိုး… ပိုးသတ်ဆေးတွေကလည်း ဆေးရင်ပြောင်ပါ့မလားဆိုတာကတမျိုး… တချို့ အရပ်ဆို ရေရှားလို့  ကောင်းကောင်းတောင် မဆေးနိုင်ကြဖူး…. အခုတလော ဈေးထဲမှာလည်း ကြက်သားတွေ နဲနဲပေါလာသလားလို့ …. စိုးရိမ်စိတ် က ၀င်မိတယ်… ဒီကြက်တွေ ရိုးမှ ရိုးရဲ့လားလို့ …. မဆလာ ငရုတ်သီးမှုန်တွေ့ လည်း ဆိုးဆေး တွေနဲ့ တဲ့…. ကိုယ့်ဘာသာ ကြိတ်ရအောင် လည်း အချိန်ကမရှိ…. အချိုရေတွေကလည်း သဘာဝမဟုတ် အားလုံး ကယ်မီကယ်တွေတဲ့… သောက်ရမှာလည်း ခပ်လန့် လန့် ရယ်… ရေသန့် ဆိုလည်း တမျိုးပီး တမျိုးပေါ်နေတယ်… ကို ကအယ်လပိုင်းသောက်နေကြဆိုတော့ ကျန်တာတွေ ကို သိပ်မသောက်ဖြစ်ဖူး… အခုတလော ဆိုင်တွေကလည်း တခြား ဘရန်းရေသန့် တွေ တင်လာတယ်… သောက်ကြည့်တော့ ရေက တွင်းရေ ကြနေတာပဲ… ကျွန်တော်ကပဲ ဇီဇာကြောင်လာလို့ လားမသိ သိပ်သန့် တယ်လို့  မထင်… တချို့ ကတော့ ပြောပါတယ်… ရေသန့်  သောက်လွန်း အားကြီးရင်လည်း ခုခံအားနဲတက်တယ်တဲ့… ဘယ်လို သက်ဆိုင်လည်းတော့ မသိတာအ မှန်… တီးဆိုင်မှာလည်း အသင့်ဖျော် ကော်ဖီမစ်တွေ မသောက်ဖို့ ပြောလို့ … လက်ဘက်ရည်လေး သောက်မလား မှတ်ပါတယ်… ဆိုးဆေးတွေ ပါတယ်တဲ့…. သေသေချာချာ စဉ်းစားကြည့်ရင် ဘာမှကို စားစရာ မကျန်လောက်အောင် ဖြစ်နေတယ်ဗျာ….. ကိုယ်က ပဲ ဇီဇာ ကြောင်သွားတာလား… တခုခုပဲ မှားနေသလား… သေသေချာချာ ဆက်တွေးရင် မြန်မာပြည်မှာ ကင်ဆာ သမားတွေ များလာတာ မဆန်းပါဖူးလို့ ………………..

 

ခင်လျက်

တိမ်မည်း

About တိမ်မည်း

Black Cloud has written 28 post in this Website..

မည်းနေတဲ့တိမ်ဟာ ကောင်းကင်ရဲ့မျက်ရည်ပါ..... ဒီမျက်ရည်ဟာ စိုက်ပျိုးရေးတွေ ဖြစ်ထွန်းစေသလို....... ရေကြီးပီး လူတွေကိုလည်း အတိဒုက္ခရောက်စေပါတယ်........ တိမ်မည်းဆိုတဲ့ ကျွန်တော်ကကော....... ကောင်းသော တိမ်မည်းဖြစ်အောင် ကြိုးစားလျှက်ပါလို့ ..........