ဘာစားရမှာလဲဟင်….

တိမ္မည္းJune 17, 20131min25724

အခုတလော ဖေ့ဘွက်မှာရော ဂဇက်မှာပါ ဖတ်ရတာတွေ စိတ်ကို မချမ်းသာဖူး……

ရပ်ကွက်ထဲမှာလည်း အမျိုးမျိုးကြားရတယ်…..

ဝက်သားပေါက်စီမှာ ပါတဲ့ ပိုးဟပ်ချေးနဲ ့…… ကော်ဖီမစ်ကို မလုပ်သင့်တာတွေနဲ ့ လုပ်ထားတာနဲ ့ (မသောက်သင့်ဖူးလို ့သာကြေငြာတာ ဘယ် ဘရန်းလဲဆိုတာ ထည့်မပြောဖူး….) ဆီဆိုတာလည်း ဟိုရော ဒီရောနဲ ့ ရောင်းတဲ့သူတွေကလည်း အဲ့လို မှ မရောင်းရင် သူတို ့ ပဲ မွဲတော့မလိုလို မျက်ရည်ခံလေးထိုးပြောတော့ ကို ကပဲ ရောဂါအရခံပီး ဝယ်စားရမလိုလို… အသီးအရွက်တွေ ကြည့်တော့လည်း စိမ်းစိုလို ့… တအားကြည့်ကောင်းနေရင် ပြုပြင်ထားတဲ့ အသီးများလို ့ စိုးရိမ်ရတာ တမျိုး… ပိုးသတ်ဆေးတွေကလည်း ဆေးရင်ပြောင်ပါ့မလားဆိုတာကတမျိုး… တချို ့အရပ်ဆို ရေရှားလို ့ ကောင်းကောင်းတောင် မဆေးနိုင်ကြဖူး…. အခုတလော ဈေးထဲမှာလည်း ကြက်သားတွေ နဲနဲပေါလာသလားလို ့…. စိုးရိမ်စိတ် က ဝင်မိတယ်… ဒီကြက်တွေ ရိုးမှ ရိုးရဲ့လားလို ့…. မဆလာ ငရုတ်သီးမှုန်တွေ ့လည်း ဆိုးဆေး တွေနဲ ့တဲ့…. ကိုယ့်ဘာသာ ကြိတ်ရအောင် လည်း အချိန်ကမရှိ…. အချိုရေတွေကလည်း သဘာဝမဟုတ် အားလုံး ကယ်မီကယ်တွေတဲ့… သောက်ရမှာလည်း ခပ်လန် ့လန် ့ရယ်… ရေသန် ့ဆိုလည်း တမျိုးပီး တမျိုးပေါ်နေတယ်… ကို ကအယ်လပိုင်းသောက်နေကြဆိုတော့ ကျန်တာတွေ ကို သိပ်မသောက်ဖြစ်ဖူး… အခုတလော ဆိုင်တွေကလည်း တခြား ဘရန်းရေသန် ့တွေ တင်လာတယ်… သောက်ကြည့်တော့ ရေက တွင်းရေ ကြနေတာပဲ… ကျွန်တော်ကပဲ ဇီဇာကြောင်လာလို ့လားမသိ သိပ်သန် ့တယ်လို ့ မထင်… တချို ့ကတော့ ပြောပါတယ်… ရေသန် ့ သောက်လွန်း အားကြီးရင်လည်း ခုခံအားနဲတက်တယ်တဲ့… ဘယ်လို သက်ဆိုင်လည်းတော့ မသိတာအ မှန်… တီးဆိုင်မှာလည်း အသင့်ဖျော် ကော်ဖီမစ်တွေ မသောက်ဖို ့ပြောလို ့… လက်ဘက်ရည်လေး သောက်မလား မှတ်ပါတယ်… ဆိုးဆေးတွေ ပါတယ်တဲ့…. သေသေချာချာ စဉ်းစားကြည့်ရင် ဘာမှကို စားစရာ မကျန်လောက်အောင် ဖြစ်နေတယ်ဗျာ….. ကိုယ်က ပဲ ဇီဇာ ကြောင်သွားတာလား… တခုခုပဲ မှားနေသလား… သေသေချာချာ ဆက်တွေးရင် မြန်မာပြည်မှာ ကင်ဆာ သမားတွေ များလာတာ မဆန်းပါဖူးလို ့………………..

 

ခင်လျက်

တိမ်မည်း

24 comments

  • KZ

    June 17, 2013 at 10:07 am

    အသက်ကို ဉာဏ်စောင့် ဆိုလားပဲ။
    နောက်တစ်မျိုးက ကံ၊စိတ်၊ဥတု၊အာဟာရ ဆိုလား ဘာဆိုလား::::

    ဆိုတော့ကာ..
    နာ့ မောင်ကလေး တိမ်မည်း ဘာမှ အုံးခြောက်မနေနဲ့။
    မိုးတွေ ရွာချနေလိမ့်မယ်။။ :mrgreen:

    စားချင်တာစား::
    စားချင်တဲ့ အချိန်စား:::

    သင့်သလောက် ပမာဏပဲ စား:::
    တရားလွန်တာပဲ ဘာမှ မကောင်းတာ။ :mrgreen:

    ရှောင်နေရင်လည်း ဘာမှ မလွတ်တာမို့။
    တွေးနေရရင်လည်း ဆံပင်ဖြူတာသာ အရှုံး:::::::: :mrgreen:

    • တိမ်မည်း

      June 17, 2013 at 10:34 am

      ဟုက်ကဲ့….
      ဟိုနေ ့က မတွေးပဲနဲ ့ ဝယ်နေကျဆိုင်က ဖားကျော် ဝယ်စားလိုက်တာလေ…
      သဲအဆုပ်လိုက်ဝါးမိတယ်…
      အစကတော့ တကောင်တလေ မစင်လို ့ ထင်ထားတာ… နောက် တကောင်လည်း အဲ့အတိုင်းပဲ…
      အိုက်ဒါနဲ ့ တထုပ်လုံး လွင့်ပစ်လိုက်ရပါ့…….
      အိမ်နားက နီးနီးနားနား ကုန်စုံဆိုင်လေး အားပေမယ်ဟဲ့ဆိုပီး ခေါင်ဆွဲခြောက်ထုပ်လေးသွားဝယ်ပါတဲ့…
      အိမ်ရောက်မှ ဖောက်ကြည့်တော့ ခေါင်ဆွဲခြောက်က ပွတတ မသင်္ကာလို ့ သေချာစစ်တော့မှ ဒိတ်လွန်…..
      တီးဆိုင်ထိုင်တော့လည်း ဗိုက်ဆာလို ့ ပေါက်မုန် ့တလုံး ဖွင့်စားလိုက်တယ်….
      ကျွန်တော်ကြည့်တုန်းကတော့ ဘာ မှို မှ မရှိပါဖူး….
      သူငယ်ချင်းပြလို ့ သေချာကြည့်တော့ မှ နောက် မုန် ့တခုမှ မှိုတွေနဲ ့….
      မုန် ့အမျိုးအစားကတော့ မတူပါဖူး…. ဟိုဟာက မတူလို ့ မှို တက်တာနေမှာပါလို ့ စိတ်ဖြေလိုက်တယ်….
      ရေနွေးတော့ အများကြီး လှိမ့်သောက်မိသား…….
      အခုတော့ စားသတိ စားသတိ စားသတိ ဖြစ်နေပါရဲ့…..

      အိုဘယ့် မြန်မာပြည်……

      ခင်လျက်
      တိမ်မည်း

  • မင်းမင်း

    June 17, 2013 at 10:46 am

    တခါဖတ်လိုက်ရသည်။

    ဘယ်မှာဘယ်လိုဖတ်လိုက်ရသည်မမှတ်မိ။

    ဒါကိုဂရုမစိုက်ဘူးကွားဆိုကာကြည့်နေရင်ဖုန်းပိတ်

    လိုက်၍ဖြစ်သည်။သေချာတာကအွန်လိုင်းထဲမှာပင်။

    ထမင်းကိုရေခမ်းချက်စားလျှင် စပါးစိုက်စဉ်က

    အသုံးပြုသောမြေဩဇာ၏ ဘေးထွက်ဆိုးကျိုး

    သည် စပါးစေ့အတွင်းပိုင်းစေ့ထိပ်တွင်ကျန်ရှိ

    နိုင်သောကြောင့် အန္တရယ်ရှိနိုင်သည်ဟု ဆို

    ထားလေ၏။

  • ဗုံ ဗုံ

    June 17, 2013 at 11:33 am

    ဘာမှစားနဲ့ အူးလေ ရေသောက် ဗိုက်မှောက် အိပ်လိုက်တော့….ပိုက်ဆံကုန်သက်သာတယ်..အန္တရယ်ကင်းတယ်. :mrgreen:

  • မောင် ပေ

    June 17, 2013 at 1:10 pm

    ကိုတိမ်မည်းရေ
    အော်ဂန်းနစ် ခေတ် ရောက်လာတော့မယ့် သဘောပေါ့ဗျာ
    အစားအသောက်အတွက်ကတော့ ၊ ကိုယ်တိုင် ဈေးသွားပြီး
    ကိုယ့်မျက်လုံးနဲ ့သေချာကြည့်စစ်ဝယ် ၊ ကိုယ်တိုင်ချက်ပြုတ်တာ အကောင်းဆုံး ဖြစ်မယ် ထင်ပါရဲ ့ဗျာ

  • တိမ်မည်း

    June 17, 2013 at 2:13 pm

    မင်းမင်း >> ထမင်းတော့ တခါမှ မကြားဖူးသေးဖူးကွယ်…. မှတ်ထားလိုက်ပါတယ်…..

    ဗုံဗုံး >> ဟုတ်ကဲ့…. ကင်ဆာကမှ ခြောက်လခံအုံးမယ်ကွယ်… အဲ့လိုနေရင် ခုနှစ်ရက်နဲ ့ ဂွိမှာ……

    မောင်ပေ >> သေသေချာချာ ကြည့်နေတာပဲ ဦးပေရယ်… ကော်ဖီမစ်ထုပ်လို ဟာမျိုးဆိုရင် လုံးလုံး မသောက် ရမလိုပဲ…. နောက်ဆုံးတော့လဲ သက်ဖေသတ်တာ ပေါ့ဂျာ…….

  • kai

    June 17, 2013 at 3:36 pm

    ပိုးထိုးလောက်ကိုက်တာလေးတွေရွေးစား.. တဲ့..
    ဆရာဝန်ကပြောတာ.. :mrgreen:

    • တိမ်မည်း

      June 17, 2013 at 3:47 pm

      သဂျီး အတွက် စပယ်ရှယ် ရွေးထားတယ်….
      ညန်ညန် လာစားချေ……

      :kwi:

      • Ma Ma

        June 18, 2013 at 7:35 am

        သဂျီးပြောတာ အမှန်ပဲ။
        အရင်တုန်းက အသီးအနှံတွေဆိုရင် ကြီးကြီးမားမား သန်သန်စွမ်းစွမ်းကို ရွေးဝယ်လေ့ရှိတယ်။
        နိုင်ငံခြားက ပြန်လာတဲ့ မိတ်ဆွေတစ်ယောက်က ပြောမှပဲ
        အပင်အားဆေးတွေ ပိုးသတ်ဆေးတွေ သုံးထားလို့ ကြီးမားသန်စွမ်းတာနေတာ။
        ပုံမှန်စို်က်ပျိုးကြီးထွားတာတွေက အပြစ်မကင်းတတ်ဘူးဆိုလို့ အရမ်းလှတဲ့ အသီးအရွက်တွေ မဝယ်ပဲ ပိုးကိုက်ထားတာ၊ အပိန်တွေပါတာကိုပဲ ဝယ်စားတော့တယ်။ 🙂

  • အိမ်မှာ အမေနဲ့ ရန်ဖြစ်ရတယ်ဗျာ….

    အချိုမှုန့်မသုံးနဲ့နော်… ပုစွန်မှုန့်သုံး.. (အဲ့ထဲလည်း အချိုမှုန့်ပါတာပဲ…)
    ဆီတွေ လျှော့သုံးနော်..အမေ.. (ဆီမပါ.ပြားမပါ..ငါ မစားတတ်ဘူး..တစ်သက်လုံး ဒီလိုပဲ ချက်ကျွေးလာတာ..)
    ငရုတ်သီးတောင့်ကို လှမ်းပြီး ကြိတ်စက်လေးနဲ့ကြိတ်ပြီး ထောင်းမယ်လေ.. (နင် လုပ်နိုင်လားပြော… )
    အာ.. အပူကြီးကို ကော်ဘူးထဲ ထည့်ရင် ကင်ဆာ ဖြစ်နိုင်ချေများတယ်… (ဖြစ်ချင်ရင် ဖြစ်မှာပဲ..)

    ဒီလိုနဲ့…အနော်လည်း ပစီပစာ များတဲ့သူဖြစ်…. ဇီဇာကြောင်တဲ့သူဖြစ်..အပျိုကြီးလို့ နာမည်တပ်ခံရ…
    “ကိုယ်တိုင်ဝင်မလုပ်နိုင်ရင် ဂျေးမများနဲ့” ဆိုတဲ့ စကားအောက်… မသက်မသာ ငြိမ်နေရသူပါ…တစ်ခါတစ်ခါတော့ ရအောင် ပြန်ပြောလိုက်တယ်.. “အသက်ကို ဉာဏ်စောင့်တယ်” လို့.. :kwi:

    • တိမ်မည်း

      June 17, 2013 at 4:51 pm

      အိမ်က အမေကကျတော့ သူက အင်တာနက်တို ့ ဘာတို ့ သိပ်မကြည့်ဖူးရယ်…..
      ဂျာနယ်တွေ ဖတ်တယ်…. အဖေပြန်ပြောပြတာလောက်ပဲ နားထောင်တယ်……
      အိုက်ဒါတောင် ဟိုဟာက ဘာဖြစ်တယ် ဒီဟာက ဘာဖြစ်တယ်…..
      ကျွန်တော်လည်း ဆက်ပြောပြလိုက်တယ်…..
      ဟင်းခွက် တခုမကျန် အပြစ်ရှာပြလိုက်တယ်……
      ပီးတော့ အမေ့ကို ပြန်မေးလိုက်တယ်…..
      အမေ သား ဘာစားရမှာလဲလို ့……
      အမေက ပြောတယ်…. “တော်ပီ… ငါ မောဒယ်….. နင်စားချင်တာစားတဲ့….” :harr:

    • Mr. MarGa

      June 17, 2013 at 8:19 pm

      ဟီဟိ
      အိမ်က မွေးသမိခင်ကို ဒီလိုလေး ပြောထားတာ
      အချိုမှုန့်လဲ မသုံးပါနဲ့ ကြက်သားမှုန့် ဘာမှုန့် ညာမှုန့်လဲ မသုံးပါနဲ့
      ဆီတွေ ဘာညာကိုလဲ လျှော့ပါ လို့ ပြောတာ
      တစ်ခွန်းပဲ ပြန်ပြောသဗျ
      အဲဒါမပါတော့ နင်က စားသလားဟဲ့ တဲ့
      ပီးရော :mrgreen:

  • ညလေး

    June 17, 2013 at 6:00 pm

    မွေးတုန်းက တော့တစ်နေ့ထဲ ရယ်
    သေရင် လဲ တစ်ခါပဲသေမယ်
    ချားးးချင်ဒါချားးးးမယ် တစ်ပိုင်းချင်းးး တစ်ပိုင်းးချင်းးတော့ သေဂျင်ဝူးးးးးးး

  • ဦးကြောင်ကြီး

    June 18, 2013 at 9:50 am

    အဟာရသိဒ္ဓိပေါက်ရင် ဘာတခုမှ စားစရာ အလိုဗူး..။ သဂျီးတော့ အသိစေနဲ့.. သူမပေါက်တိုင်း ကဖျက်ယဖျက် လုပ်လိမ့်မယ်..။

    • တိမ်မည်း

      June 18, 2013 at 10:43 am

      သူက ဘယ်ပေါက်မလဲဂျာ… ကိုဘီး နွားကင်ကိုပဲ တသသ ဖြစ်နေတာ…….
      :mrgreen:

  • ဝင့်ပြုံးမြင့်

    June 18, 2013 at 12:16 pm

    သတင်းဆိုးလေး နောက်တစ်ခု ထပ်ပြောစရာရှိသေးတယ်။ အရင်က ချဉ်ပေါင်ရွက်နဲ့ ကန်စွန်းရွက် ပိုးသတ်ဆေး မသုံးဘူး။ အခုတော့ သုံးကြပါဘီတဲ့။ ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ဆလတ်၊ မုန်ညင်း၊ မုန်လာ အဲဒါတွေက ထားတော့၊ ပိုးသတ်ဆေး မသုံးမဖြစ်လို့သုံးတာ။ အခုလောလောဆယ်မှာ ပိုးသတ်ဆေး မသုံးတာက ကင်ပွန်းရွက်၊ ကင်းမုံရွက်၊ ဒန့်ဒလွန်ရွက်၊ ပဲညွန့်၊ ဖလံတောင်ဝှေး၊ အဲဒါတွေတော့ ကျန်သေးတယ်။ အဲဒါတွေကို ဦးစားပေးစားကြစေလိုပါတယ်။

  • ခင် ခ

    June 18, 2013 at 1:45 pm

    ဝဋ်ရှိသရွှေ့ခံရဖွယ်ရှိသလို
    ကံမကုန်သရွှေ့နေရဖွယ်ရှိသမို့
    ကိုယ့်ဆရာရေ
    “ကျောက်တတ်ရင်လွဲလို့ ရဲတဲ့သူမင်းဖြစ်´´ဆိုထုံး နှလုံးမူကာ
    လိမ္မာသလိုသာ စားသောက်ပေတော့လို့ ……။

  • TNA

    June 18, 2013 at 5:51 pm

    အောင်မယ်လေးတိမ်မည်းရယ်။ မစားရဲမသောက်ရဲဖြစ်နေဘာဒယ်ဆို အဆင်းဘီးတပ်နေပြန်ပြီ။ လေတောင် မရှုရဲဘူး။ လေထုညစ်ညမ်းနေတယ်ဆိုလားဘာလား။ အသက်တောင်အောင့်ထားရတော့မယ်ထင်ပါ့။

  • တိမ်မည်း

    June 19, 2013 at 10:36 am

    ဝင့်ပြုံးမြင် >> ချဉ်ပေါင်တို ့ ကန်စွန်းတို ့ပါ အကြီးစားစီးပွားဖြစ် စိုက်လာတဲ့ သဘောပေါ့နော်… ပိုးသတ်ဆေး မသုံးဖူးလို ့ ပြောတာတွေက သိပ်မကြိုက်ဖူးရယ်….. ကျွန်တော်က ကန်စွန်းရွက်ပဲ အများဆုံး စားတာ…. အခုတော့ 🙁
    ခင်ခ >> အိုက်ဒါကြောင့်ပြောတာပေါ့… ခေါင်းစားတယ်လို ့…..
    TNA >> ဟုတ်ကဲ့…. အခု ဘယ်သွားသွားထီးလည်းဆောင်းနေရတယ်…. ဦးဗီးကြောင့်ပေါ့… နေစရာနေရာ မရှိပါဖူး အမရယ်……

  • e tone

    June 19, 2013 at 3:44 pm

    ကိုတိမ်မည်းရေ …
    သများကိုက ကုသိုလ်ထူးတာပါတော် … ဘာတွေ အတိတ်မှာ လုပ်ခဲ့လည်း မသိဘူး … စားမယ့်အထဲ မစားသင့်တဲ့ အရာတွေပါပါနေတတ်တာ … ။

    ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း … Suki ဆိုတဲ့ ဆိုင်မှာ သွားစားပါတယ် … မှိုကို အောက်ခံထားပြီး ထုထောင်းတဲ့ အသားတွေနဲ့ လုံးထားတဲ့ အသားလုံးထဲ … ဆံပင်မွှေး 5မီလီလောက် အရှည်ပါနေပါရောလား … ။ လျှပ်တပြတ်မြင်လိုက်တုန်းကတော့ မျက်စိမှားသလားပေါ့ .. ပြူးပြဲရှာလည်း မတွေ့ပေမယ့် .. မပါပါဘူးဆိုတဲ့ စိတ်နဲ့ ဝါးဖို့လည်း စိတ်မသန့်ဘူး ။ ဒါနဲ့ … မစားတော့ဘူးလို့ တွေးပြီး ၊ မစားမယ့်အတူတူ စိတ်ရှင်းအောင် အသားလုံးကို တစစီဖဲ့ချွေတော့မှ .. ခုနက မြင်လိုက်မိတဲ့ ဆံပင် အပိုင်းပိစိလေး ထွက်လာတယ် … အိုက်ဂလိုကို ကုသိုလ်ထူးတယ် အစားသောက်နဲ့ ပတ်သတ်လျှင် … 👿

    • တိမ်မည်း

      June 19, 2013 at 4:05 pm

      အဲ့လောက်ကုသိုလ်ထူးနေလည်း အစားအသောက် စီစစ်ရေး လုပ်ပါလားဟင်……
      ဆိုက်လေး တဆိုက်ထောင်…. စားသောက်ဆိုင်တွေ ပတ်စား… တဆိုင်ချင်းစီရဲ့ အရသာတွေ အတွေ ့အကြုံတွေရေး…
      သန် ့ရှင်းရေးကအစပေါ့….
      တခုတော့ ရှိတာပေါ့နော်… ခုနလိုဟာမျိုးတော့ ပုံရအောင် ရိုက်ပေါ့….
      ကြာလာရင် ဆိုင်တွေက အမကို မြင်တာနဲ ့ သန် ့ရှင်းရေး ကို အထူးဂရုစိုက်ရင်စိုက် မစိုက်နိုင်ရင် ဆိုင်ပေါက်ဝကနေ တားမှာသေချာတယ်……..
      😀
      ပီးတော့ e tone certificate ဆိုပီး စတားတွေနဲ ့တောင် ဖြစ်လာနိုင်တယ်…. တအားနာမည်ကြီးရင်….

      • e tone

        June 19, 2013 at 4:13 pm

        ဟားဟားဟား .. ဖြစ်မှ ဖြစ်ရလေတော် …. 😆
        တမင်လုပ်ယူနေတာမဟုတ်ပဲ … အလျဉ်းသင့်လို မြင်ခဲ့တာချည်းပါပဲတော် ။ ဒါကြောင့် ပိတ်ရက်တွေမှာ ဘုန်းရီးကျောင်းသွားပြီး စပါးလုံးရွှေးကုသိုလ်ယူရမလားရယ်လို့ …. :mrgreen:

  • Shwe Ei

    June 19, 2013 at 4:48 pm

    ကိုတိမ်မည်းတို့ စင်းစားချက်ကလဲ အရွယ်မတိုင်ခင် ရုပ်ကျနေတဲ့ အခြေနေကနေ
    အရွယ်မတို်င်ခင် ဆံပင်ဖြူတဲ့အခြေဆိုက်တော့မယ်….အိုက်ဂလောက် မစင်းစားနဲ့..အခုတောင် ရှိရင်းစွဲထက် ဆယ်နှစ်လောက် အိုစာနေဘီ…ေိေိ

    အရဂါးနောက်ထာဘာအေ….နာလဲ အိုက်ဂလို မသိုးမသန့်စိတ်နဲ့
    အစားသောက်စားရတာ မခံစားနိုင်လွန်းလို့… ဥပဒ်ဒန် ကျောင့် ဥပဒ် ရောက်မယ်လေဆိုပီး…. :mrgreen: စားချင်ရင် စားပလိုက်တာဘဲ ဘာမှတွေးတော့ဝူး :mrgreen:

    • တိမ်မည်း

      June 19, 2013 at 5:26 pm

      အမငှီး…. မထင်နဲ ့ မရွေအိရေ…..
      ကျုပ်က ဆံပင်မဖြူသေးဖူး…. ကျုပ်တယ်ရင်းတွေထဲမှာ ဆံပင်ဖြူတာတွေ ရှိပါ့……
      ကျုပ်က သူတို ့နဲ ့နှိုင်းပီး ငယ်တယ်ထင်တာ……. အဟိ…….

      ကျုပ်လည်း အခု မရွေအိ ပေါသလို စားချင်သလို စားတာပါပဲဂျာ……
      သို ့ပေသိ စဉ်းစားကြည့်တာပါ……….

Leave a Reply