ကျွန်ုပ်၏ အိမ်အတွက် လစ်လပ်လျက်ရှိသော ဇနီးမယားအိမ်ထောင်ရှင်မ ရာထူးအတွက် အောက်ဖော်ပြပါ အရည်အချင်းနှင့်
ကိုက်ညီသူတိုင်း ကိုယ်လုံးပေါ် အလှဓါတ်ပုံ၁ပုံနှင့်အတူ အီးမေးလ်အက်ဒွက်စ် ပေး၍ xernie17@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။

အသက် -(သွေးမဆုံးသေးသမျှ ဘောင်ဝင်သည်)
ပညာအရည်အချင်း – (ဘွဲ့ရရန်မလို ခေသူမဟုတ် ဆိုလျှင် ပိုကြိုက် ရေးတတ်ဖတ်တတ် အလွန်ကောင်း)
ရုပ်ရည်- (အကျဉ်းချုပ်)
မျက်နှာ- မေးရိုးကားကား မျက်ခုံးကောင်းကောင်း ပါးမို့မို့နှာခေါင်းချွန်ချွန် မျက်လုံးပြူးပြူး မေးချွန်းချွန်း လေးများ ဦးစားပေးမည်။
(စပါယ်တင်မှည့်နှင့် ပါးချိုင့်ရှိသူများ ပို၍ အားတက်ဖွယ်)
ရင် – ထွားလေကောင်းလေ
တင် – ကားလေကောင်းလေ
အရပ်အမောင်း ၅ပေမှ ၆ပေ အတွင်း (ဂျေပီလေးများ လျှောက်ထားရန်မလို)
မိဘ – ရှိရှိ မရှိရှိ
မောင်ဘွား – နည်းလေကောင်းလေ (မရှိလျင်ပိုကြိုက်)
အသား – ဖြူလျှင်ဖြူ မဖြူလျင်ဖွေး (ဘဲပုန်း- ဘဲဥပုန်းရည်ကြီးဆန်းထားသော သွင်ပြင်ရှိသူများ လျှောက်ထားရန်မလို)
အသံ- ပန်တာတောနစ်စကေးလ် ကို နှစ်သက်ရာကီးဖြင့် သရီးအော့ပ်တေ့ဗ် ပြည့်အောင် ဆိုနိုင်ရမည်။
ဟိုအန်တီများ(အေးချမ်းမွေ တင်ဈာမော် မဓီ တို့နှင့် ကာလာတူသူများ ဦးစားပေးမည်)
အစားအသောက်- ရှိတာစားတတ်ရမည်။
အချက်အပြုတ်- စားဖြစ်ရင် တော်ပြီ
အလျှော်ဖွတ် – ၀တ်စရာ မပြတ်သ၍ ကျန်တာအေးဆေး ။ မီးပူထိုးတတ်ရန်မလိုပါ။ (ကိုယ်ချင်းစာပါ၏)
အ၀တ်အစား – ရှိတာလေးနှင့် လှအောင် ၀တ်ရမည်။ (မောင့်အကြိုက် ဖက်ရှင်ဆိုတာ ဘာလဲဆိုတာကို တင်ကြိုလေ့လာထားစေလိုပါသည်)
အအိပ်အနေ – အခြေအနေအရ နှိုးတဲ့အချိန် ငေါက်ကနဲ ထရန်လိုအပ်သည်။ (ဟောက်တတ်သူများ အမှတ်လျှော့မည်)
အရက်- လုမသောက်သမျှ တခွက်တဖလား လောက်က အေးဆေး။
ဆေးလိပ် – ကိုယ်သောက်တာဖိုးကိုယ်ရှာရန်။(ဒီကျွန်းမှာ စိကလက် ဈေးကြီး၏)
ရဲဇားသနာ – ရှိရှိမရှိရှိ နောက်ကြောင်းရှင်း (အိမ်ပါမလာရင် ရပြီ)
ဟိုကိစ္စ – ၀ါသနာကြီးသူများ ဦးစားပေးမည် ။ (ဟိုကိစ္စ= ပေါင်းသင်းဆက်ဆံရေး ပြောပါဒယ် တလွဲမတွေးရ)
အထူးမှတ်ချက်။ နာမည်ကျော် ဆယ်လစ်ဗျစ်တီ တဦးဦးနှင့်ဆင်သူများ ဦးစားပေးမည်။
(ဒါမှ တွဲသွားတဲ့အခါ ဂုဏ်ရှိမှာ-ကွိကွိ)
အချုပ်။ ဧည့်ခန်းထဲမှာ သံတမာန် ဆန်ပြီး မီးဖိုချောင်၌ ကပ်စေးကုတ်ကာ အိပ်ယာပေါ်တွင် မိန်းမပျက်ကဲ့သို့
အရှက်ကင်းမဲ့မည့် အမျိုးသမီးတယောက် အလိုရှိသည်။(မှတ်ချက်၏ မှတ်ချက် ဗိုက်ထဲ သားအိမ်ရှိသူများသာ)

ပုံ
ကန္နားစီး
မိဂီ

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011