ဘဝဆိုတာ (၂/၂၀၀၈)

အာဂJune 17, 20131min875

ဘဝဆိုတာ စိတ်ကူးနဲ့ရေးလို့မရတဲ့
ပန်းချီကားတစ်ချပ်လိုပဲ….။

ကံဆရာ ဇာတ်ညွှန်းမှာ
ဘယ်သူမှန်းမသိတဲ့ ဒါရိုက်တာအောက်
အသက်ဝင်အောင် သရုပ်ဆောင်ရမယ့် …မင်းသား။

ငိုခန်းတွေ ပါမယ်
ရယ်ခန်းတွေ ပါမယ်
ချမ်းသာမှု၊ ပြည်စုံမှုတွေပါမယ်။
ဆင်းရဲမှု၊ လိုအပ်မှုတွေပါမယ်။

အခုသေချာတာက ဘဝဆိုတာ
ငယ်ငယ်ကလို
ကျောက်သင်ပုန်းပေါ်မှာ
ဆရာမ ချရေးပြသလို
ဘကုန်းနဲ့ ဝ ဟာ သိပ်မရိုးရှင်းတော့တာကတော့
သေချာတယ်။

သမိုင်းအဆက်ဆက်
ငါ့တို့ ဆိုငြီးတဲ့ တေးသွားက
ဘဝ ကလာတယ်။

5 comments

  • KZ

    June 17, 2013 at 4:41 pm

    ဒီ တစ်ပိုင်းကို ပိုကြိုက်သတော့။

    ကဗျာကိုပြောတာရယ်။

    🙂

    • အာဂ

      June 17, 2013 at 4:51 pm

      ပထမဆုံးကွန့်မန်အတွက် ကျေးဇူးပါပဲ..။ ဒီတစ်ပိုင်းကြိုက်တဲ့အတွက်လည်း ကျေးဇူးပါပဲ။

  • ဦး ကျောက်ခဲ

    June 17, 2013 at 5:00 pm

    သေချာတာတော့ ဘဝဆိုတာ “ကြိုတင် ပြဋ္ဌာန်းထား”တဲ့ ပြဇာတ်တစ်ပုဒ်ပါ…
    ဖြစ်ချင်တာ ဖြစ်နေတာ ဖြစ်လာမှာ အားလုံးအစီအစဉ် အတိုင်းပဲလေ…
    ဒါပေမည့် သရုပ်ဆောင်ရတဲ့ ကိုယ့်မှာသာ ဇာတ်ညွှန်းမသိရတာ…

  • ဦးကြောင်ကြီး

    June 18, 2013 at 10:29 am

    ဘဝဆိုတာ
    နှမပျိုရာ
    အဘမှိုရှာ
    ဗလခိုပါ..

  • Ma Ma

    June 19, 2013 at 8:25 am

    ငယ်ငယ်တုန်းက သင်ရတဲ့ ဘကုန်းနဲ့ ဝလုံးလို မရိုးရှင်းတာ အမှန်ပဲဆိုတဲ့ ဂဂ ရဲ့ ဒဿနကို ထောက်ခံပါတယ်။ 🙂

Leave a Reply