Google Wave

manawphyulayJuly 29, 20101min540

Wave ဆိုတာ ဘာလဲမေးရင် လှိုင်းလုံးလို့ ဖြေကြမှာပါ။ အင်တာနက်ဝက်ဘ်ဆိုက်နယ်ပယ်မှာလည်း wave ဆိုတဲ့စာလုံးကို
အတော်သုံးကြပါတယ်။ Google က Google wave ကို ထုတ်လွှင့်မယ်ဆိုတော့ ဂူဂဲလ်လှိုင်းစီးရဦးမယ်ထင်ပါတယ်။ Google Wave သည်
open source web browser တစ်ခုဖြစ်ပါတယ်။ ၎င်းတွင် ဆက်သွယ်မှုအားသာချက်ရှိပြီး အချိန်နဲ့တပြေးညီ အလုပ်လုပ်ဆောင်နိုင်ပါတယ်။

ဆက်သွယ်ရေးစနစ် အမျိုးအစားများစွာနဲ့ အသုံးပြုနိုင်ပြီး လုပ်ငန်းတူချင်း၊ အဖွဲ့တူခြင်း ပူးတွဲပါဝင်လုပ်ကိုင်နိုင်တဲ့ tool တစ်ခုလည်း ဖြစ်ပါတယ်။

တကယ်သာ အသုံးတည့်ခဲ့ရင် အင်တာနက်အွန်လိုင်းမှာ wave တွေ တစ်လုံးပြီး တစ်လုံး တစ်လိမ့်လိမ့်စီးမျောနေတော့မှာပါ။
Google Wave သည် ကိုယ်ရေးကိုယ်တာ ဆက်သွယ်မှုများနဲ့အတူ သင်နဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်များ ပူးပေါင်းပါဝင်နိုင်တဲ့ tool တစ်ခုဖြစ်ပြီး ၎င်းကို
၂၀၀၉ ခုနှစ်  မေလ ၂ရ ရက်က Google I/O conference မှ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ၎င်းသည် ဝက်ဘ်အခြေခံ လုပ်ငန်းစဉ်ဖြစ်ပြီး e-mail, instant messaging, wikis, social networking တို့ကို ပေါင်းစပ်ကာ ဒီဇိုင်းထုတ်တည်ဆောက်ထားတဲ့ computing platform နဲ့
communications protocol လည်း ဖြစ်ပါတယ်။
ယခုအခါ Google Wave သည် အချောသတ် မထွက်ခင်ကတည်းက အများသိနေကြပြီဖြစ်ပါတယ်။ Google အနေနဲ့ အင်တာနက်သုံးသူများကို
စုစည်းပေးပြီး အဖွဲ့အစည်းချင်းတူသူ၊ လုပ်ငန်းတူသူ သို့မဟုတ် မိတ်ဆွေအပေါင်းအဖော်အချင်းချင်း လုပ်ငန်းကိစ္စရပ်များ၊ လူမှုရေးကိစ္စရပ်များ
စသည်တို့ကို ဖလှယ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ အသစ်ပြုလုပ်ပေးလိုက်တဲ့ tool လို့ ဆိုနိုင်ပါတယ်။
Google Wave(www.google.com) မှ ရိုးရှင်းတဲ့ interface ဆက်သွယ်မှုနဲ့အတူ သင့်ကိုယ်ရေးကိုယ်တာ အဖြစ်အပျက်တွေ၊
အကြံပြုချက်တွေကအစ အစည်းအဝေးမှ အချက်အလက်များ၊ ပြောဆိုဆွေးနွေးမှုများကို သိုလှောင်ထားဖို့နဲ့ လုပ်ငန်းတူချင်း ဖလှယ်နိုင်ကြမှာပါ။

ဒီလို လုပ်ဆောင်ရာမှာ လုံခြုံမှုရှိစေပြီး အဖွဲ့အစည်းတူ အချင်းချင်းပြင်နိုင်အောင်လည်း ဆောင်ရွက်ထားပါတယ်။

အဲဒီပြင်ဆင်ပြောင်းလဲချက်ကိုလည်း အချင်းချင်းသိအောင်၊ မြင်နိုင်အောင် အချိန်နဲ့ တစ်ပြေးညီပြသပေးပါမယ်။
Google အနေနဲ့ ကတိပေးနိုင်တာက Google Wave သည် ရိုးရှင်းတဲ့ ဖိုင်ဖလှယ်မှု၊ ဓာတ်ပုံကဲ့သို့ အရာများကို wave ထဲသို့ drag-and-drop
လုပ်ပြီး မြန်မြန်ထည့်လို့ရတယ်ဆိုတာပါ။ လက်ရှိအားဖြင့် Google Wave ကို ကန့်သတ်ချက်များနဲ့ ထုတ်လွှင့်ထားပေမယ့် မကြာမီ

အွန်လိုင်းသို့တင်မယ်လို့ သိရပါတယ်။
Google Wave မှာ ကောင်းမွန်ခိုင်မာတဲ့ စွမ်းရည်နဲ့အတူ အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်စွမ်းရှိပါတယ်။ နောက် spelling/grammar

checking လို လုပ်ဆောင်ချက်ပါသလို နိုင်ငံရပ်ခြား ဘာသာစကား ၄ဝ မျှကို အလိုလျောက်ပြန်ဆိုပေးနိုင်ပါတယ်။ နောက်ဆက်တွဲ

လုပ်ဆောင်ချက်တွေလည်း တစ်ခုပြီး တစ်ခု ထည့်ပေးမှာပါ။
Google Wave ကို ၂၀၀၉ ခုနှစ် စက်တင်ဘာလမှာ အသုံးပြုသူ တစ်သိန်းသို့ အကြိုထုတ်လုပ်ပြသခဲ့ပြီးဖြစ်ပါတယ်။ ၎င်းတို့ကို
ဖိတ်ခေါ်ပါဝင်စေပြီး စမ်းသပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလမှာ Google မှာ စမ်းသပ်အသုံးပြုသူများရဲ့ ဝေဖန်အကြံပြုချက်များကို
လက်ခံခဲ့ပြီး နည်းပညာအပြောင်းအလဲများ လုပ်ဆောင်ကာ အကောင်းဆုံး အင်တာနက် သုံး tool တစ်ခုဖြစ်အောင် လုပ်ဆောင်နေပါပြီ။
ref: computer journal