ကေဇီ ရေနွေးဖြစ်

ဇီဇီJune 18, 20131min29538

မင်းနဲ့ ဝေးနေရပေမဲ့…
မင်းအကြောင်း တွေးပြီး …..
ဆွေးနေတဲ့ ကိုယ့် အဖြစ်ကို ..
မေးကြည့်လှည့်ပါ။   :mrgreen:

မင်းကို မထိရလည်း …..
ကိုယ့်ဘဝထဲ မင်းရှိနေတယ်ဆိုတဲ့ ..
အသိလေး …
မိနေချင်ပါတယ်။   :mrgreen:

မင်းကို ကြင်နာချင်ပေမဲ့ ….
မမြင်သာတဲ့ ကိုယ့်အချစ်တွေကို …
ထင်ရာတော့ မတွေးလိုက်စေချင်ပါဘူး။   :mrgreen:

မင်းကို ချစ်နေရတဲ့ ..
ကိုယ့် အဖြစ်ကို စာနာပြီး….
ပစ် မထားခဲ့ပါနဲ့နော်။   :mrgreen:

မင်း အနားမှာ မနေရဲတဲ့ …
ကိုယ့် အမှားတွေကြောင့်…
ကိုယ့်ကို အလကားပါကွာဆိုပြီး …..
မစိမ်းကားစေချင်ဘူး။   :mrgreen:

မတူညီတဲ့ ဘဝတွေမို့ …
မကူညီနိုင်တာကို …
ဂျပန်မူလီလို မရစ်နဲ့ကွယ်။   :mrgreen:

မပိုင်သော်လည်း …
ဆိုင်နေတယ် ဆိုပြီး …
မနိုင်ချင်ပါနဲ့လားကွယ်။
ယိုင်သွားမှာ စိုးလို့ပါ။    :mrgreen:

ဘဝင်မှာမတော်လို့
တင်ဇာမော် အသံနဲ့
ဝင်ကာ မအော်လိုက်ပါနဲ့
_င်ပါပေါ် မှာ စိုးရိမ်လို့ပါ အချစ်ရယ်။    :mrgreen:

~~~~~~~~~~~~~~~~~~~~~~~~

ဟီး:::::
ခု ချင်ကြားပုမှာ အင်ဒိုက တောမီးရှို့လို့ လေထုကြီးတစ်ခုလုံး ညစ်ညမ်းပြီး ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေကို အပြင်မထွက်ရပြောထားရတယ်။
ကိုယ်တွေမတော့ ဝတ္တရားမကင်းတဲ့ ဖွတ်ကျားမင်း ဆိုတော့ကာ အလုပ်ကို လာရပါတယ်။
အမြင်အရ နှင်းမြူတွေ ဆိုင်းနေတဲ့ ဆောင်းရာသီလိုဖြစ်နေသော်လည်း မတူတာဆိုလို အရမ်းပူနေတာလေးတစ်ခုပဲ။
အဲလာနဲ့ စိတ်ပေါက်ပြီး အလုပ်မလုပ်ပဲ ရေးချင်တာတွေရေးပလိုက်တာ။   :mrgreen:
အဟွတ်။ 
ရွာမှာ လူနည်းတုန်း ညက်နာပြောင်တယ်မှတ်ကြပါ။  :mrgreen:

ဒါပဲနော်။
ရမ်းရမ်းကြိုက်တယ်ဆိုပြီး ပြခန်းအတွက်မတောင်းကြနဲ့!
မပေးနိုင်ဘူး။ ငိငိငိ   :mrgreen:

38 comments

  • ဦး ကျောက်ခဲ

    June 18, 2013 at 9:08 am

    ဝင်ကာအော်လို့ _င်ပါပေါ်ရင်…
    မြင်တာဗျင်းတဲ့ KZဝင်း ရှိသတဲ့ကွယ်… ဟိ အရိုက်ခံရမယ်လို့ပေါတာ…
    ညည်းတို့… ခြင်သေ့ကျွန်းက နှစ်တိုင်း အခုအချိန်ဆို အားကြီးစိတ်လေဖို့ကောင်းတယ်…
    လည်ချောင်းနာ မျက်စေ့စပ်၊ ပူချက်ကတော့ _ ကို မီးဟပ်သလို ခံစားရသကွဲ့…
    “_” ဆိုတာ ကြိုက်သလို သဘောထား ကွဲနိုင်ပါကြောင်း… ဟီ ဟိ

    • KZ

      June 18, 2013 at 9:11 am

      အဟုတ်ပဲ။
      အဲ။
      အဟုတ်ပဲ ဆိုတာ ဒီ အချိန် မီးတိုက်ခံရရင် မျက်စိ ပူ/စပ်/ညောင်း/မကြည်လင်/မရွှင်ပြ/ရာသီပူ ခံစားရတာတွေ ပြောတာ။ :mrgreen:

      ကျန်တာတော့ ဘာမှ မပြောဘူး::
      ကြိုက်သလိုသာ သဘောထားကွဲလွဲနိုင်ပါ၏၊ :mrgreen:

  • ဦးကြောင်ကြီး

    June 18, 2013 at 9:35 am

    ရေနွေးဖြစ်
    အေဗေးညစ်
    ဖြေဆေးသစ်
    ငွေပေးခြစ်
    မြေဈေးခေတ်
    နေအေးလစ်
    ဗွေလေးရစ်
    ခြေပြေးဝှစ်..။

  • Foreign Resident

    June 18, 2013 at 9:36 am

    ကောင်လေးက ငယ်တယ် ထင်တယ် ။

    • KZ

      June 18, 2013 at 9:41 am

      ဟမ်။ ဟမ်။
      ဘဖော။
      ရှင်းပြပါရစေ။ :mrgreen:
      မဟုတ်ပါဘူး ရယ်။
      ဂလိုပဲ စိတ်ပေါက်တိုင်း ရေးတာမို့ပါ။ :mrgreen:

  • တိန်…ပြခန်းအတွက်မတောင်းနဲ့တဲ့.. ကြိုပိတ်ထားသဟ…

    သိဝူး..ရေနွေးဖြစ်ဆိုရင် ကော်ဖီဖျော်တိုက်…ဒါဗျဲ… :harr:

    • KZ

      June 18, 2013 at 10:07 am

      သကြားနဲ့ အစေးမကပ်လို့။
      ကော်ဖီလည်း မသောက်နိုင်ဘူး::: :mrgreen:

      • Mr. MarGa

        June 18, 2013 at 6:49 pm

        အယ်
        ဂလောက် ချစ်ချာကောင်းတဲ့ မောင်ငယ်လေးကို
        အစေးမကပ်ဖူး ဆိုပါလား
        မှတ်ထား ဂျီးဒေါ်ရဲ့
        အစေးမကပ်တာ သိကြား စစ်လို့ဗျ
        :mrgreen: :mrgreen:

        • KZ

          June 18, 2013 at 8:04 pm

          စောဒီး:::::
          မောင်ငယ်လေးက ချိရှာလေးပါ။
          ဟုတ်တယ်။ :mrgreen:

          ခု နေမကောင်းတုန်း မဆူသေးပါဘူး။
          စုထားတယ်။ :mrgreen:
          နေကောင်းမှ ဆက်ဆူမယ်။ ရေနွေးဖြစ်ပါဆို။ :mrgreen:

  • Mon Kit

    June 18, 2013 at 10:07 am

    ကေဇီ ရေနွေးဖြစ် က မိုင်လိုဖျော်သောက်လိုက်ရသလို ကောင်းလိုက်တာနော်..
    ဘာဘဲဖစ်ဖစ် ဒါကိုဖတ်ပီး ကောင်ငယ်လေးရော.. ကောင်ငယ်ဂျီးရော ပစ်ကျသွားနိုင်တယ်..
    😛

    • KZ

      June 18, 2013 at 10:19 am

      အဟွတ်။
      မွန်ကစ်လေးက အားပေးတယ်လား::::::::: 🙂

      ဘာတွေ ပစ်ကြမှာဒုန်းဟင်။
      လက်ပစ်ဗုံးတွေလား::::::::: :mrgreen:

      • Mon Kit

        June 18, 2013 at 10:34 am

        ဟိ !!! လက်ပစ်ဗုံးတွေ ဟုတ်ပါဝူးးးး..
        ဒိုင်ဗင်.. ဒိုင်ဗင် ပစ်ကျမှာရို့ ကျောဒါ….. 😀

  • ကိုရင်စည်သူ

    June 18, 2013 at 10:24 am

    စာကြောင်းတိုင်းမှာ သွားဖြဲပြနေတာဆိုတော့..
    အပျိုဂျီးး စိတ်ကြည်နေတယ်ထင်ဒယ်….
    ငယ်ရင်တော့ ရေးနွေးလေးနဲ့ နွေးနွေးချားပေါ့.. :mrgreen:

    • KZ

      June 18, 2013 at 10:32 am

      လာဗျန်ဘီ။
      ပြောဘူး:::၊
      ဘာမှ မဖြေရှင်းဒေါ့ဘူး:::
      ပေါ်ကုန်မှာစိုးလို့။ :mrgreen:
      မငယ်ဘာဘူးဆို။
      ဟွန့်နော်။
      တူ့လို လူသိရှင်ကြား နေနေနဲ့ ကိစ္စလိုမှတ်လို… :mrgreen:

  • ဗုံ ဗုံ

    June 18, 2013 at 10:43 am

    ငွင်း..ငွင်း..နာ့မမဂျီး ဂလိုဘဲ ဖစ်နေရမယ်လေ
    အချိန်တိုင်း အသဲကွဲပြီး လွမ်းနေလို့ ဘယ်ဖစ်မလဲ
    ဒက်ဒီကြောင့်ကို လက်တို့လိုက်တော့မယ်.
    ကေဇီ..စွံသွားခြင်း ဆိုပြီးတော့….. စလိုက်တော့မယ်နော်…ရယ်ဒီ..ဝမ်း ..တူး..သရီး.. :mrgreen: :mrgreen:

    • KZ

      June 18, 2013 at 11:22 am

      တော်ဘီ။
      ဒက်ဒီ အောင်ကြူး သီတင်းထဲတော့ အပါမခံဘူး:::။
      ကိုယ့် သီတင်း ကွကိုယ်ပဲ ဖွမယ်။ :mrgreen:

  • ကြက်အူလှည့်

    June 18, 2013 at 10:49 am

    လက်ယားနေဒါနဲ့ အတော်ပဲ ကွိကွိ..

    • KZ

      June 18, 2013 at 11:24 am

      ဘာမှ လက်ယားမနေနဲ့။
      နာ ရေးတာ ကဗျောင်လို့ ပြောပီးသား::::၊
      ထပ် ဖျက် စရာ ရှိတော့ဘူး::::: :mrgreen:

  • ခင် ခ

    June 18, 2013 at 12:50 pm

    တစ်ပုဒ်လုံး စ ဆုံး ၃ ခေါက်လောက် ဖတ်တာတောင် ဘယ်သွားတိုက်ဆေးကြော်ငြာတာလဲဆိုတာ မတွေ့ဘူးဗျာ၊ ကျွန်တော် ညံ့ချက်ကတော့ပြောပါတယ်။

    • KZ

      June 18, 2013 at 12:54 pm

      ဟွန်း:::::

      ခက်တယ်။
      ဒီလူဂျီးဒွေနဲ့ဒေါ့။
      :mrgreen:
      :mrgreen:
      :mrgreen:
      :mrgreen:
      :mrgreen:

      • ခင် ခ

        June 18, 2013 at 1:09 pm

        မင်းကို ခင်မင်စွာနဲ့
        ရယ်စရာဖွဲ့
        ရေးကာသွဲ့လို့
        စိတ်ဆိုးမနေနဲ့
        ကလေးမရယ်။

  • နွယ်ပင်

    June 18, 2013 at 2:26 pm

    မင်းကို မထိရလည်း …..
    ကိုယ့်ဘဝထဲ မင်းရှိနေတယ်ဆိုတဲ့ ..
    အသိလေး …
    မိနေချင်ပါတယ်။ ” ဒီစာသားလေး အကြိုက်ဆုံးပဲ မမခိုင်ဇာ …

    • KZ

      June 18, 2013 at 2:30 pm

      ခွိခွိခွိ။
      ခံစားချက်တွေ တူသွားလို့လား ဟမ်?? :mrgreen:

  • Shwe Ei

    June 18, 2013 at 3:05 pm

    ~ ~ ~ စိတ်ကောက်တတ်တဲ့ ယဲဇားလေးများ ခညားမာချိလား….စိတ်ကောက်တတ်တဲ့ ယဲဇားလေးများ အနားမာချိလား…… ~ ~ ~

    ချိရင် ပိသာလေး ဆောင်ထား…စိတ်ကောက်တာနဲ့ ထိပ်ပေါက်အောင် ထုပလိုက်…ေိေိ :mrgreen:

    • KZ

      June 18, 2013 at 3:23 pm

      ကျန်း:::::::::::

      နာကလည်း လက်မပါတတ်ဘူးဆိုတော့ လာမြှောက်ပေးနေတယ်။ :mrgreen:
      ချစ်စနိုးနဲ့ အနားမှာရှိတဲ့ ဒူးရင်းသီးနဲ့ ကောက်ထုလိုက်ရလို့။ :mrgreen:

  • Wow

    June 18, 2013 at 3:42 pm

    မင်းညက်နှာကျိလဲ ပူတာက ပူတာပဲ…
    ဒီလောက်ပူဒဲ့အချိန် ဘယ်လိုများ မင်ဂါဆောင်မှာပါလိမ့်… :mrgreen:

    • KZ

      June 18, 2013 at 3:46 pm

      ဒမာ အချိ ကို ခံဇားပီး ရေးထားဒါကို ဘာဒွေ လာပေါနေဒါဒုန်း::::: :mrgreen:
      ပူဒါဂ တတ်တတ် ချိဒါဂ တတ်တတ် :mrgreen:

  • nozomi

    June 18, 2013 at 3:52 pm

    မင်းနဲ့ ဝေးနေ…
    မင်းကို မထိရ …..
    မင်း အနားမှာ မနေရဲ ….

    ဆိုတော့……………….
    မင်း ဆိုတာ တရဲ ပဲ ဖြစ်ရမယ်

    အမလေး ကိုယ်ရင် ရေ လုပ်ပါဦး ဒီမှာ တရဲ တရဲ

    • KZ

      June 18, 2013 at 3:57 pm

      ဂါး:::::::::

      ဒီ လူဂျီးဒွေနဲ့တော့ ခက်ပီ။ :mrgreen:
      ဘယ်နဲ့ တူညား ကဗျောင်လေးထဲက ဟာက တရဲ ဖစ်မဒုန်း:::
      ဒီ ကိုနိုဂျီးတော့ ခုမှ ပေါ်လာပီး::::၊ :mrgreen:
      ဟီးဟီး။ :mrgreen:
      ဒါနဲ့ ဘယ် က ကိုရင် ကို တ တာတုန်း။ 🙂

  • TNA

    June 18, 2013 at 5:49 pm

    နှင်းတွေကြားထဲ သိုးမွေးအုပ်ထုပ်လေးဆောင်း။ လောင်းကုတ်လေးဝတ်။ မာဖလာလေးပါတ်သွားနော်ညီ မလေး။ အအေးမိမယ်။ လုံလုံခြုံခြုံလဲဝတ်သွား။ မတော် -င်ပေါ်ရင်ဖြင့် စင်တော်ပေါ် အဲလေ။ ဟိုထိုင်း မင်းတမီးလို့ဝိုင်းရိုက်နေကြအုံးမယ်။ ဒါ့ပုံပြောပါတယ်။

    • KZ

      June 18, 2013 at 8:02 pm

      မွသဲ။
      အနော့ ကို တေအောင်တတ်နေဒလား ဟမ်??? :mrgreen:

      __င် ပေါ်ရင် စင်ပေါ်က ကောက်မလားလို့။ 😛
      အဲလို အရိုက်ခံရမယ်ဆို ရင်တော့
      တော်………. ပြီ………………………… :mrgreen:

  • ဂန္ဓာရီ ဆြာအုပ်

    June 18, 2013 at 11:37 pm

    _င်ပါပေါ်
    လင်တရာကျော်
    ဝင်ကာ ဆော်
    အောင် မြတ်လေးလေးလို့ အော်

    • TNA

      June 19, 2013 at 12:44 pm

      တောက်ပီလုတ်တုတ် ကဗျာလားအေ။ ဆြာအုပ်ရေ။

  • Crystalline

    June 19, 2013 at 9:34 am

    တို့မမက ဒါမျိုးလဲရတာပဲ.. :mrgreen:

    • KZ

      June 19, 2013 at 9:39 am

      အဲ။ ဟီးဟီး။
      ဘာမျိုး ပြောတာတုန်း:::::
      :mrgreen:

  • အလင်း ဆက်

    July 2, 2013 at 12:52 pm

    ရေနွေးဖြစ်င်္ကြီးးးကို
    အခုမှ ဝင်ဖတ်မိတယ်ဗျို ့…
    နောက်ကျတယ်…

    နောက်ကျတဲ့လူကို ချစ်သုဝေနဲ့ ပေးစားကြေးဆိ်ု…
    ကျွန်တော်နဲ ့ ချစ်သုဝေ ညားပြီ…
    ဟီဟီ
    😆

    • KZ

      July 2, 2013 at 1:17 pm

      နိ ကို ချစ်တုဝေနဲ့ ပေးချားတဲ့ လူ စိုင်းစိုင်းနဲ့ ရ ဆို
      နာ အရင် ဆုံး မင်ဂါ ဆောင်ပေးပါ့မယ် အလက်ဆင်းလေးရယ်။ :mrgreen:

      • အလင်း ဆက်

        July 2, 2013 at 1:24 pm

        ကျန်းးးးး
        သိပ် ကောင်းတယ်ဟေ့ ။
        နှစ်ဦး နှစ်ဖက် အဆင်ပြေတာပေါ့ ။
        ဟိဟိ ။

        အကော်အထည်ဖော်ပေးပါ…ဂျီးဒေါ်…
        😆

Leave a Reply