Dr.ခင်လတ်နှင့် သူ၏ဖခင်

တခါတုန်းက ဟိုးမြန်မာပြည်၏အထက်ပိုင်း

မြို့ကြီးနှစ်မြို့ကိုဆက်သွယ်ထားသော ဟိုင်းဝေး

ခေါ် အဝေးပြေးလမ်းမကြီး ၏ အနီးတွင်ရွာကြီး

တရွာရှိလေသည်။ အနှီးထိုရွာကြီးတွင် ဦးဝတုတ်ဆိုသူ

ရွာသားကြီးတယောက်ရှိလေ၏။တဖန်အနှီးရွာသားကြီး

ဦးဝတုတ်၌ မောင်ခင်လတ်ဆိုသော သားတစ်ဦးရှိလေသည်။

(ဤသိုဆိုရသော် မန်းကဇာတ်ထဲမှ မဟုတ်ကြောင်းထင်ရှားလေသည်။)

ဆိုရသော်အနှီးဦးဝတုတ်သည် စိုက်ပျိုးရေးတွင်ဆိတ်ဝင်စား၍ (အရင်းပြုတ်၍)

ဝါဿနာပါသောစားသောက်ဆိုင်ကိုရှိသမျှသောမြေယာများကို အရင်းပြု၍

အထက်တွင်ဆိုခဲ့သော အဝေးပြေးလမ်းမကြီးနှင့်မနီးမဝေးတွင်ဆိုင်ကို

ဆောက်လုပ်လျက် မိမိတတ်ကျွမ်းသော အစားအစား(ရိုးရာအစားအစာ)

များကိုမိမိကိုယ်တိုင်သာမက ရွာရှိ အလုပ်အကိုင်မရှိသောလူငယ် ကျား+မ

များခေါ်ယူကာဖွင့်လှစ်ရောင်းချလေသည်။

ဆိုင် သို့လာရောက်စားသောက်သူများအလွယ်တကူလာရောက်စားသောက်

နိုင်ရန် နှင့်မိမိဆိုင်ရောင်းကောင်းရန်မိမိတတ်သမျှ စဉ်းစားတွေးခေါ်နိုင်စွမ်း

ရှိသမျှဖြင့် အားထုတ်၏။ အဝေးပြေးကားလမ်း၏ခပ်လှမ်းလှမ်းအတွင်းပိုင်ဆိုတော့

ကားဆရာများမသိလိုက်ဘဲကျော်မသွားစေရန် အသွားအပြန်လမ်းဘေး ဆိုင်နှင့်

တမိုင်သာသာလောက်ကပင် ဦးဝတုတ် ဆိုင်သို့ ဆိုသည့်လမ်းညွှန်ဆိုင်ဘုတ်ကို

ထောင်၏။တဖန်နှစ်ဖာလုံခန့်ဆက်သွားလျှင်အလားတူ ဆိုင်ဘုတ်မျိုးကိုထပ်ထောင်၏။

ဤသို့နှင့်လမ်းညွှန်ဆိုင်းဘုတ်များသည် ဦးဝတုတ်၏ဆိုင်ဘက်သို့ကွေ့ဝင်သည်ထိ

ထောင်ထားသောကြောင့် တွေ့မြင်ရသောကားဆရာများသတိပြုမိ၍ဆိုင်သစ်ကိုတော့

စမ်းစားကြည့်မယ် ဟုဆုံးဖြတ်လျက်ဝင်လာကြကုန်၏။

ဝင်လာကုန်သော ကားဟူသမျှကိုကြိုဆိုရေးအဖွဲ့ကကြိုဆိုနေရာပေးလျက်

ကားတစီးရပ်နားပါက ပြုလုပ်ပေးလေ့ရှိသော ရေချခြင်း လေပေါင်ချိန်ခြင်း

အစရှိသည်များကိုဆောင်ရွက်စေ၏။ ကားဆရာများကား သဘောကျလျက်

ဆိုင်တွင်းသို့ဝင်လာကြ၏။ ဆိုင်အဝရောက်သော်ပြုံးရွှင်သောအမူအရာဖြင့်

ဦးဝတုတ်ကိုယ်တိုင် ခါးညွှတ်လျက် လောကဝတ်ပြုကာကြိုဆိုနေရာချထားပေး၏။

အစားအသောက်စီမံဆောင်ရွက်ရာ၌လည်းအကောင်းတကာ့အကောင်းဆုံး ပစွည်းများ

နှက့်သာဆောင်ရွက်စေ၏။လတ်ဆက်သောပစွည်း အကောင်းဆုံးပစွည်းများကိုသာ

စီမံဆောင်ရွက်၍အစားအသောက်ဟူသမျှအကုန်ကောင်း၏ဟူလေသည်။

လာရောက်စားသောက်ပြီးပါက မိမိဆိုင်လိုအပ်ချက်များ အားနည်းချက်များအား

မေးမြန်းလျက်ပြုပြင်ဆောင်ရွက်ပေးပါမည်ကတိပြုလျက် ဆောင်ရွက်၏။

စားသောက်ဆိုင်အကြောင်းကိုလည်း မိမိအပေါင်းအသင်းများကိုလည်း

ပြောပေးပါဟု ဆိုလိုက်သေး၏။

သို့ဆိုရင်းနှင့်ဦးဝတုတ်၏ ဆိုင်မှာတဖြည်းဖြည်းလူသိများလျက် စားသူများ

စည်ကားလျက်ရှိနေတော့၏။မည်မျှလူသိများဆိုပါကအဝေးရှိမြို့ပေါ်ရှိလူများပင်

လျှင် အခါအားလျော်စွာ ဒင်နားပွဲသော်၎င်းဘက်ဒေးပွဲသော်၎င်းအမည်အမျိုးမျိုး

ပေးလျက်တကူးတကလာရောက်အားပေးကြကုန်လေ၏ ဟူသတည်း။

သို့ဆိုရပါလျှင်ကျန်ပ်တို့၏မောင်ခင်လတ်ကာအသို့ရှိသနည်းဟူမူကား

ဖခင်၏စိုက်ပျိုးရေးလုပ်ငန်းအဆင်မပြေစဉ်က ရွာရှိ ဇနပုဒ်ကျောင်း၌သာစာသင်ရ၏။

စီးပွားရေးအဆင်ပြေလာသောအခါ မြို့ကျောင်း ဘော်ဒါ ဟုဆိုအပ်သော

ကိုယ်ပိုင်ကျောင်း၌ဟန်ကျနေ၏။ နဂိုကလည်းဦးဝတုတ်ကဲ့သိုဉာဏ်ရည်သွေး

ပါလာသည်မို့ စာအလွန်တော်သည်ဟူ၏။

၁ဝတန်းအောင်၍ဆေးကျောင်းအမှတ်မှီသော်လည်း စီးပွားရေး သွေးပါလာသူ

သားအဖနှစ်ဦးသည် စီးပွားရေး ပညာသာပိုမိုသင်ကြားရန်သဘောညီလျက်

စီးပွားရေးတက္ကသိုလ်သို့တတ်လေသည်။

ဦးဝတုတ်မှာမောင်ခင်လတ်၏ြိုကိုးစားအားထုတ်မူ့ ပညာရည်ပြည့်ဝပါက

မိမိဆိုင်ထက်ပိုမိုကြီးကျယ်ခမ်းနားသောဆိုက်ကြီးများမြန်မာပြည်အနှံဖွင့်လှစ်စေလျက်

ဆောင်ရွက်စေမည်ဟုသဘောပိုက်လျက်ရှိ၏။ဦးဝတုတ်၏ဆိုင်လည်းတစတစတိုးတတ်

ကြီးပွားလျက်ရှိနေလျက်ရှိ၏။

မောင်ခင်လတ်သည်ဖခင်တတ်နိုင်သည်အလျောက် မိမိဘက်မှလည်းပိုမိုကြိုးစား

သင်ယူ၏။စာမေးပွဲတိုင်ဂုဏ်ထူးမှတ်ကိုကျော်လွန်ချည်းသာပင်။ ဖခင်ကလည်းအားပေး

မိမိကလည်းအဆုံးထိသင်ယူမည်ဆိုကာခရီးနှင်လေသည်မှာစီးပွားရေးပါရဂူဒေါက်တာခင်လတ်

ဘဝသို့ အရှင်မွေး နေ့ချင်းကြီးဖြစ်လာလေသတည်း။

မောင်ခင်လတ် (ဝါ)ဆဒါက်တာခင်လတ်သည်ကားစီးပွားရေးပညာရှင်တဦးအဖြစ် ထင်ပေါ်

ပေါ်ကျော်ကြားလျက် နိုင်ငံအသီးသီးမှပင်မိမိတို့ နိုင်ငံစီးပွားရေးအကျိုးအတွက်အလို့ဌာ

လာရောက်ဟောပြောစေရန်ဖိတ်ကြားခြင်းကိုပင်ခံရလေသည်။

ယူအက်စ် ယူရို ဂျပန် ကိုရီးယား အစရှိသည့်နိုင်ငံများမှအများဆုံးဖိတ်ကြားခံရသည်ကို

ကမ္ဘာပေါ်ရှိသတင်းမီဒီယာများကို တချက်မျှကြည့်ရုံ ဖြင့်သိရှိနိုင်ပေသည်။

စီးပွားရေးချိနဲ့သော အာဖရိက အာရှဒေသ နိုင်ငံများကမူ ဒေါက်တာခင်လတ်ကို

မဖိတ်ဝံ့ ။၎င်းတို့၏ပြည်သူများအနေဖြင့် အင်မတန်မြင့်မားလှသောပညာရပ်များကို

နားလည်နိုင်စွမ်းမရှိပဲ မိမိတို့သာလျှင်နှိမ့်ပါးလှသောနိုင်ငံများအဖြစ်ကိုယ့်ပေါင်ကိုယ်လှန်

ထောင်သလိုဖြစ်မည်ဟုယုံကြည်လျက် မဖိတ်ဝံ့ခြင်းဖြစ်မည်ဟု ကောလဟာလ သတင်း

သိုးသိုးသန့်သန့်ထွက်ဘူး၏။

ဦးဝတုတ်ကားဒုက္ခရောက်လေပြီ။ဤကားအခြားမဟုတ် ဆိုင်သိုလာရောက်စားသုံးသူနည်းသွား

ခြင်းပေတည်း။ဤသို့နည်းပါးပါကဝင်ငွေကျဆင်းသည်မှာ ကလေးပင်သိလောက်ပေသည်မဟုတ်

ပါလော။ဝင်ငွေကျဆင်း၍အမြတ်နည်းသည်မှာလည်း တိုက်ရိုက်အချိုးကျသည်မှာပြောဖွယ်ရာမရှိပေ။

ဦးဝတုတ်ကားမပူချေ။သူ၌ကမ္ဘာကျော်စီးပွားရေးပညာရှင်သားတစ်ဦးရှိလေသည် မဟုတ်ပါလော?

ဥရောပရောက်သားအားအမြန်ဆုံးလာရောက်လျက်မိမိဆိုင်အားလာရောက်ကြည့်ရှု့ပေးပါရန် သတင်း

ပါးလိုက်လေတော့သတည်း။

ဒေါက်တာခင်လတ်လည်း မိမိကိုကျွေးမွေးသုတ်သင်လျက်ပညာသင်ကြားပေးခဲ့သောဖခင်ကြီးအား

ပစ်ထားမိပါတကားဟု ဆင်ခြင်လျက် များစွာဝမ်းနည်းမိပြီး အဖရှိရာတိုင်ပြည်သို့ ဂျက်လေယဉ်ပျံ

စီးလျက်မြန်မာပြည်သို့ ပြန်လာခဲ့လေသည်။

ရောက်လျင်ရောက်ချင်းအခြေအနေရပ်ရပ်ကိုစနည်းနာသည်။ဆိုင်၏အခြေအနေကိုသုံးသပ်သည်။

အဖြေကားတွေ့လေပြီ။ချက်ချင်ဖခင်ကြီး ဦးဝတုတ်အားခေါ်သည်။ နောက်တွင်ကားမိမိတွေ့ရှိချက်အား

အောက်ပါအတိုင်းရှင်းပြနေလေတော့သည်။

“အဖေ ခုလို အဖေ့ဆိုင်ကိုလူဝင်နည်းတာ အခြေအနေအရပ်ရပ်ကြောင့်ပါ။ခုကြည့် ဒီဘက်တလွှား

မှာအခြေအနေမတည်ငြိမ်ဘူး။တိုက်ပွဲဖြစ်တယ်။လူတွေသွားလာရတာမလုံခြုံတော့မဖြစ်တဲ့ကိစ္စကလွဲပြီး

မသွားလားတော့ဘူး။ဒီလိုအသွားအလာနည်းလို့လဲလူတွေစီးပွားရေးမလုပ်နိုင်ဘူး။ဒီတော့အားလုံးကလဲ

ချွေတာလာကြတယ်။ဒီတော့အဖေ့ဆိုင်ရောင်းအားကျသွားရတာပေါ့။ဒါပေမဲ့အဖေ့စီးပွားရေးမပျက်အောင်

ထိန်းနိုင်မဲ့နည်းလမ်းသားတွေ့ထားပါတယ်။အဖေလုပ်ချင်မလုပ်ချင်ပေါ်မှာမူတည်တယ်”

“ဟာ ငါ့သားပညာရှင်ပြောတာအဖေလက်မခံလို့ရမလား။နိုင်ငံတကာမှာတောင်လကခံကြတာပဲ။

ငါလိုတောသားတယောက်က နားမထောင်ရင်ဘယ်ဖြစ်မလဲ။ပြောကွာ မင်းပြောတဲ့အတိုင်းငါ

လုပ်ပါ့မယ်ကွာ။ဒါမှငါ့ဆိုင်လေးကိုအဒွန့်ရှည်ရှည်နဲ့ဖွင့်နိုင်မှာမို့လား”

“နံပါတ် တစ် အဖေ့ရဲ့ဆိုင်ကိုလမ်းညွှန်တဲ့ဆိုင်းဘုတ်တွေအကုန်လုံးဖြုတ်ပစ်ရမယ်။

တခုပဲထားရင်လုံလောက်ပါတယ်။အဖေ့ဆိုင်ကိုလူတွေသိပြီးသားပဲ။ဆိုင်းဘုတ်ခွန်သက်သာ

သွားတာပေါ့။”

“နံပါတ်နှစ် အဖေကိုယ်တိုင်ဘာခရီးဦးကြိုစရာလိုမလဲ။အဖေကိုယ်တိုင်စဖိုဆောင်ကိုဝင် ချက်

ပေး။လက်ရှိစဖိုမှုးတွေကိုအနားပေးလိုက်။ဧည့်နည်းတော့အဖေတယောက်နဲ့လုံလောက်ပါတယ်။

အပြင်ကကြိုဆိုရေးတွေလဲအနားပေးလိုက်။ဒီဆိုင်ကိုလာတာစားဖို့လာတာပဲ။ဒီလောက်လုပ်ပေးစရာ

မလိုပါဘူး။ဒီတော့ဝန်ထမ်းလျော့ရင်လစာပေးရသက်သာသွားမယ်။”

“နံပါတ်သုံး အဖေသုံးတဲ့ပစ္စည်းတွေကအားလုံးပထမတန်းးစာချည်းပဲ။နဲနဲ ကွာလတီလျော့ရုံနဲ့

အရသာလျော့မသွားပါဘူး။ဒီတော့ဈေးဖိုးသက်သာမယ်”

“အဖေဒီသုံးချက်ကိုလိုက်နာယုံနဲ့ဆိုင်ကို ဒီလိုဆိုးရွားတဲ့အခြေအနေကနေကယ်တင်နိုင်မယ်”

“စိတ်ချ ငါ့သားအကြံပေးတဲ့အတိုင်းအဖေလုပ်မယ်ကွာ”

သို့နှင့်စီးပွားရေးပညာရှင် ဒေါက်တာခင်လတ် လေယဉ်စီး၍ ဟောပြောရန်ကျန်နေသော

ဥရောပနိုင်ငံသို့ပြန်လည်ခရီးဆက်လေသည်။

ဦးဝတုတ်ကားသားဖြစ်သူ စီးပွာရးးပေညာရငှ်ကြီးပေးသည့်အကြံတိုင်း ပထမဆိုင်းဘုတ်များ

ဖြုတ်၏။ဝန်ထမ်းလျော့၏။မိမိကိုယ်တိုင်ဝင်ချက်၏။အသုံးပြုပစ္စည်းများကွာလတီ ကိုလျော့၏။

လမ်းမပေါ်၌ကား ကားဆရာများလမ်းညွှန်ကိုမမြင်၍ကျော်သွား၏။မြင်၍ဝင်လာသောသူများက

ဆိုင်သို့ရောက်သော်ယခင်ဝန်ဆောင်မူ့များမတွေ့ရ၍စိတ်တမျိုးဖြစ်သွား၏။စားစရာလာချ၍စား

သောက်မိသည်နှင့် ယခင်လက်ရာမျိုးမဟုတ်တော့ချေတကား။

ဥရောပရောက်သားဖြစ်သူက အဖေ၏ဆိုင်အခြေအနေကိုသိချင်၍ဖုန်းဆက်မေး၏။

“အဖေသားပြောတဲ့အတိုင်အဆင်ပြေလား”

“အေးသားပြောတာ တကယ်မှန်တယ်ဟေ့|သားပြောတဲ့အခြေအနေကဆိုးရွား လွန်း

လို့ အဖေတော့ဆိုင်ပိတ်လိုက်ရပြီ”

ဖတ်ဖူးတာလေးကိုသင့်လျော်အောင်ပြန်လည်စီကုံးပါသည်။

9 comments

  • ကြက်အူလှည့်

    June 18, 2013 at 1:52 pm

    အိုက်ဒါ ဆီးပွားရေးပညာရှင်နဲ့မဆိုင်ဘူး
    မမနှဲ ကိုမှ မ-ပသ ဒါ … နဲဒေါင်နဲသေး….

    ပုံ
    ကန္နားစီးမိဂီ

  • Ma Ma

    June 18, 2013 at 2:47 pm

    ကမာ္ဘမှာ ဘယ်သူနဲ့မှမတူ တမူထူးခြားတဲ့ မြန်မာ့နည်း မြန်မာ့ဟန် ကျုတ်ကျဲ့လိ ကိုမှ နားမလည်တာကိုးးးးး

  • e tone

    June 18, 2013 at 4:29 pm

    ဆိုင်ပိတ်လည်း ဘာဖြစ်လည်း အဖေရယ် … မက်လောက်စရာမှ မရှိတာ …. သားလည်း ပြန်မလာတော့ဘူး လေယာဉ်လက်မှတ်ဖိုးကုန်တယ် .. ။ ရှာကျွေးတာပဲ ထိုင်စားတော့လို့ … ဘာလို့ မပျော့စ်တာလဲကွီ … ။ :mrgreen:

  • မင်းမင်း

    June 18, 2013 at 4:40 pm

    “ကနားစီးခေါ်ပြီး

    ကျုတ်ကျက်လိလိုက်အဖေ

    ဒီကြားထဲသားပို့တဲ့ ပိုက်ပိုက်နဲ့

    ထိုင်စားနှင့်ပါဒယ်ဒီ”

  • TNA

    June 18, 2013 at 5:45 pm

    စီးပွားရေးပညာရှင်ဆိုတာ စာတွေ့ပဲရတာကိုး။ လက်တွေ့မှမသိတာ။ ဒီပိုစ့်ကလေးဖတ်ပြီး ဟိုနေ့က စီးပွားရေး ဟောပြောပွဲတခုသွားသတိရမိတယ်။ ပြောတာတွေကတော့ညွန့်လို့။ အင်္ဂလိပ်အသံထွက်တွေ မှားပြီး တချို့အချက်တွေက လိုက်လုပ်ဖို့ လက်ခံဖို့ခက်ခဲတာတွေ သွားတွေ့တယ်။ သီအိုရီအရမှန်ပေမဲ့ လက်တွေ့ဖေါ်ဆောင်ဖို့ခက်တာတွေ သူတို့မသိဘူး။

  • အရီးခင်လတ်

    June 18, 2013 at 5:52 pm

    တော်ပါသေးရဲ့ စီးပွါးရေးပညာရှင် မဟုတ်ခဲ့ပေလို့။ 😆

  • ကြက်အူလှည့်

    June 19, 2013 at 7:03 am

    အပေါ်မှာ စ-နောက်ပြီး မန့်နေတာ
    အခု အတည်မန့်ပါ့မယ်။
    နို့မို့ စီးပွားရေးပညာရှင် ဆိုရင် အားလုံးလေထဲ တိုက်အိမ်ဆောက်သူတွေချည်း
    မှတ်သွားမဆိုးကြောင့် ပါ။ ဂလို ..

    စာရေးသူဘယ်က ဖတ်လာတဲ့ စာဆိုတာတော့ မသိဘူး ။
    တကယ့်တကယ်တမ်းသာ စီးပွားရေးပညာရှင် စစ်ရင်

    ၁။နံပါတ် တစ် အဖေ့ရဲ့ဆိုင်ကိုလမ်းညွှန်တဲ့ဆိုင်းဘုတ်တွေအကုန်လုံးဖြုတ်ပစ်ရမယ်။
    တခုပဲထားရင်လုံလောက်ပါတယ်။အဖေ့ဆိုင်ကိုလူတွေသိပြီးသားပဲ။ဆိုင်းဘုတ်ခွန်သက်သာ
    သွားတာပေါ့။

    သည်စကားဘယ်တော့မှမပြောဘူး ။ ဒါမျိုးကို မားကတ္တင်းရဲ့ ဖခမည်းတော် ဖိလစ်ကော့တလာလိုပုဂ္ဂိုလ်မျိုးက
    ဘယ်တုန်းကမှ မထောက်ခံခဲ့လို့ပဲ။ လမ်းညွှန်တို့ ကြော်ငြာတို့ဆိုတာ တကယ်ထိရောက်အောင်လုပ်နိုင်ရင်
    smart way of money spending ပါပဲ။ သည်တော့ပြန်ကောက်ရရင် ဆိုင်းဘုတ်ဖြုတ်ဖို့ထက်
    ပိုထိရောက်မယ့် ဆိုင်းဘုတ်အသစ်သာ ရေးခိုင်းမယ်ဆိုတာပါ။

    ၂။ “နံပါတ်နှစ် အဖေကိုယ်တိုင်ဘာခရီးဦးကြိုစရာလိုမလဲ။အဖေကိုယ်တိုင်စဖိုဆောင်ကိုဝင် ချက်
    ပေး။လက်ရှိစဖိုမှုးတွေကိုအနားပေးလိုက်။ဧည့်နည်းတော့အဖေတယောက်နဲ့လုံလောက်ပါတယ်။
    အပြင်ကကြိုဆိုရေးတွေလဲအနားပေးလိုက်။ဒီဆိုင်ကိုလာတာစားဖို့လာတာပဲ။ဒီလောက်လုပ်ပေးစရာ
    မလိုပါဘူး။ဒီတော့ဝန်ထမ်းလျော့ရင်လစာပေးရသက်သာသွားမယ်။”

    ဂိုင် ကာဝါဆာကီက ပြောတယ် A players hire A+ players တဲ့ ။ HR ဆြာသမား အမ်းစတောင်း က ပြောတယ်
    continuous learning environment တဲ့ ။ ဒီလူ၂ယောက်ရဲ့ သဘောကိုတော့ အနှီကမာ္ဘကျော်တဲ့ စီးပွားရေးဆြာက ဆန့်ကျင်မယ်
    မထင်ဘူး။ နောက်တချက် Economy of scale and Economy of scope အထည်ချုပ်လောကကိုပဲကြည့် ။ လူတယောက်က
    ဖြတ်တာပဲတောက်လျောက်လုပ်နေရတယ် ဒါမှမဟုတ် ချုပ်တာပဲ တောက်လျောက်လုပ်နေရတယ်။ ဒါဆို ကြာလေလေ သူက
    မြန်လာလေလေ သေသပ်လာလေလေပဲ။ ဒီသဘောကြောင့် ကျွမ်းကျင်တဲ့ ဧည့်ကြို စားဖိုမှူး တွေကို ဖြုတ်ဖို့ အကြံပေးမှာမဟုတ်ဘူး။

    ၃။“နံပါတ်သုံး အဖေသုံးတဲ့ပစ္စည်းတွေကအားလုံးပထမတန်းးစာချည်းပဲ။နဲနဲ ကွာလတီလျော့ရုံနဲ့
    အရသာလျော့မသွားပါဘူး။ဒီတော့ဈေးဖိုးသက်သာမယ်”
    “အဖေဒီသုံးချက်ကိုလိုက်နာယုံနဲ့ဆိုင်ကို ဒီလိုဆိုးရွားတဲ့အခြေအနေကနေကယ်တင်နိုင်မယ်”

    ဒါလည်း လက်သင့်မခံစရာ အချက်ပဲ ။ ဘာကြောင့်လဲဆိုတော့ QCD (Quality, Cost, Delivery or Time) မှာ
    ဘယ် ပညာတတ်စီးပွားပညာရှင်မှ Q ကို အရင်ကိုင်လေ့မရှိဘူး ။ (Q ကိုဇောင်းပေးလွန်းလို့သာ cost တွေတက် time တွေကြာ
    ဖြစ်တတ်ကြတာ) ဒီဆြာတွေက မိုက်ကယ်ပေါ်တာ တရားနာပြီးတော့ Competitive Edge ကိုရှာတတ်ကြတယ်။
    Competitive Strategies မှာ ကွာလတီလျှော့လို့ မပါဘူးခည။ ဈေးလျှော့လို့တော့ ပါမယ်။

    သည်တော့ အချုပ်ကိုပြောရရင် Mkt, HR ကိုဝိတ်လျှော့တဲ့အပြင် Quality ပါ တဆင့်ချမှတော့
    အရင်းပြုတ် Strategy ဖြစ်နေပြီလေဗျာ။ စီးပွားပညာရှင် မဟုတ်ဘူး လို့ အကြမ်းဖျင်း ကောက်ချက်ဆွဲနိုင်သပေါ့။

    စီးပွားပညာရှင်တွေ က လူသားတွေမိုု့ သူတို့လဲ လွဲတတ်ကြပါတယ်။ အမြဲမမှန်ပါ။ အမြဲမှန်ရင် ယနေ့ မိုက်ခရိုဆော့ဖ် ရှိမနေပါ။
    ကျနော်တို့ အိုင်ဘီအမ် အင်ပါယာမှာပဲ ဆက်နေကြရမှာ။ ထိုနည်းတူတိုယိုတာလည်း ဂျီအမ်ကို ကျော်နိုင်ခဲ့မယ်မဟုတ်ပါ။
    သူရို့ဟာ လူမို့ လူသားဆန်တဲ့ အလွဲမျိုး ကျူးလွန်တတ်ကြပေမယ့် အပေါ်က ၃ချက်လိုတော့ တက်တက်မဆင်ပါဘူးဗျာ။
    ဘာကြောင့်တုန်းဆိုတော့ သူရို့သင်ခဲ့ လေ့လာခဲ့တဲ့ Case studies တွေက အင်္ဂါဂြိုလ်ပေါ်မှာ ဖြစ်နေတာတွေ မဟုတ်ဘူးမလား။

    ဒါတွေက ကမာ္ဘ့နိုင်ငံကြီးတွေမှာသာ ဖြစ်နိုင်တာ ဒို့ဆီမရဘူးကွ အော်တဲ့ဆြာတွေ တွေ့ဖူးပါတယ်။
    ဟုတ်ကဲ့ ဝေးဝေးမကြည့်ပါနဲ့ အဲ့လိုပညာရှင်တွေကို ဟိုအဘတွေ နေရာမပေးခဲ့လို့ ကျွန်းသစ်ခုတ်ရောင်းပြီး ကြိတ်သားအင်ပို့လုပ်သုံး
    ဂက်စ်နဲ့ ရေနံထုတ်ရောင်းပြီး ဒတ်ဆီ ဝယ်သုံးရတဲ့ဘဝ ရောက်နေသေးတာရယ်။ သနပ်ခါးတောင် အင်ပို့လုပ်လိမ်းတဲ့ဘဝရောက်နေတာ
    ယိုးဒယားဆေးရုံကြီးတွေမှာလည်း ဗမာသာထိန်းတွေချည်းပဲ တဲ့… ကွိကွိ..

    viva il mercato

    :mrgreen:

  • မင်းမင်း

    June 19, 2013 at 9:51 am

    ဆိုလိုချင်တာက ဘာသာဗေဒ

    ကျွမ်းကျင်မူ့ထက် မြန်မာကို

    မြန်မာ့ (ပြည်ပ)ပညာရှင်များက

    ရှု့မြင် သုံးသပ်ပုံကို ဖော်ညွှန်းချင်တာပါ။

    ဆိုလိုရင်းမရောက်ဖြစ်သွားခြင်းသည်

    ကျနော်၏တင်ပြမူ့ အဘက်ဘက်က အား

    နည်းခြင်းသာဖြစ်ပါကြောင်း ။

    ပြည်တွင်းရှိ ပညာရှင်များကို မဆိုလိုပါကြောင်း ။

    သိုဖြင့် ပြည်ပ ပညာရှင်ကြီးများကိုလည်း

    မရည်ညွှန်းပါကြောင်း ။ ပြည်တွင်းဖြစ် ပြည်ပ

    ပညာရှင်အချို့တို့ကိုသာရည်ညွှန်းပါကြောင်း ။

    ၎င်းတို့သည် ပြည်ပတွင်ပညာရှင်ဖြစ်သော်လည်း

    ပြည်တွင်းသို့ရောက်ရှိလာပါက ကွာဟသောအခြေ

    အနေ အရပ်ရပ်ကို တခဏအတွင်းကောက်ချက်ချ

    တတ်ခြင်းကိုဆိုလိုပါကြောင်း ။

    စီးပွားရေးဆောင်ရွက်ရာ၌ တိကျသောစည်းမျဉ်း

    ပုံသေနည်းမရှိရကာ မည်သို့ပြုလုပ်ရမည်နည်းက

    အကျိုးပြုမည်ဖြစ်ပါကြောင်း ။

    နဲနဲကလေးအတွန့်တတ်လိုပါသည်။

    အဘ ဦး အကို ညီလေး ကြက်အူလည့်ပြောသည်

    ကို၌ကန့်ကွက်ရန် စိုးစဉ်းမျှ မတွေးမိပါကြောင်း

    ပညာရှင်ကိုနေရာမပေးခဲ့လို့ ဆိုသည့်စကား

    မှာမူ အလွန်စဉ်းစားစရာဖြစ်ပါကြောင်း ။

    ပညာရှင်ကိုနေရာပေးသည်လည်းဖြစ်နိုင်ပေသည်။

    မပေးနိုင်သည်လည်း ဖြစ်နိုင်ပေသည်။ သို့သော်

    ပညာရှင်များနေရာရသင့်သကဲ့သို့ ရရှိလာသောနေရာ

    ကိုတည်မြဲစေရန်သော်၎င်းသာ၍မြင်မားသောနေရာကို

    မျော်မှန်း၍သော်၎င်း ပညာရှင်ပီပီ ပညာဝါ ခြင်းအမူ့

    ကိုကားမပြုလုပ်သင့်ချေ။

    ကျွန်ပ်တိုမြန်မာပြည်ကြီး ယနေ့ကမ္ဘာ့ အလယ်၌ ဤကဲ့သို့

    သောအခြေအနေဆိုက်ရောက်နေရခြင်းမှာ ပညာရှင်များ

    နေရာမရခြင်း။ရရှိသောပညာရှင်များကလည်း မိမိနေရာအတွက်

    ပညာဝါနေခြင်း။ ဤကဲ့သို့ရှု့မြင်ခြင်းကို လွန်မည်ဟု ကျွန်ပ်မထင်

    မိချေ။

    သို့ဆိုရလျှင်လိုအပ်ချက်များအားထောက်ကူပေးနိုင်မည်ဟု

    အဆွေတော်များထံမှမျော်လင့်မိပေသည်။

  • ကောင်း ကို

    June 24, 2013 at 5:24 pm

    ပြောချင်တာကတော့ ကိုယ့်ကွာလတီ ကိုယ်ထိန်းပေါ့ဗျာ..။
    အပြင်မှာ လည်းဦးဝတုတ်လို လူများတယ်…။

Leave a Reply