လတ်လတ်ဆတ်ဆတ် နှင်းသီးပွင့်ဖတ်

weiweiJune 18, 20132min1299

မိုးရာသီရောက်ပြီဆိုတော့ ခရီးမသွားဖြစ်တော့တာနဲ့ ဓါတ်ပုံအသစ်တွေလဲ မရိုက်ဖြစ်တော့ဘူး။ ရိုက်ပြီးသား အဟောင်းတွေကိုလဲ မတင်ချင်တာနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာတင်ပဲ ထူးခြားမယ်ထင်တာလေးတွေ လှမယ်ထင်တာလေးတွေတွေ့ရင် လျှောက်ရိုက်ပါတယ်။ ဒီအပါတ်မှာ နှင်းသီးပင်တွေ အသီးအပွင့် ဝေဆာနေတာ တွေ့တာနဲ့ နှင်းသီးကို အပွင့်ကနေ အသီးဖြစ်လာတဲ့အထိ မှတ်တမ်းတင်ရင်း မျှဝေပေးလိုက်ပါတယ် …
နှင်းသီးပင်တွေက စိုက်ရလွယ်ပါတယ်။ အကြမ်းလဲခံတယ်။ မိုးတွင်းမှာ ဒီအတိုင်းစိုက်ထားလိုက်ရင် နောက်တစ်နှစ်မိုးတွင်းမှာ အသီးစသီးပါပြီ။ ရေမြေပေါ်မူတည်ပြီး အပင်ကြီးထွားမှုကွာပါတယ်။ သေချာဂရုစိုက်ပြီး စိုက်မယ်ဆိုရင်တော့ တစ်နှစ်မှာ ပေ ၂ဝ လောက်အထိ အမြင့်ရှိပြီး လှပတဲ့အသီးလေးတွေသီးလာမှာဖြစ်ပါတယ်။

ပုံ (၁) အဖူးစထွက်ခါစ
ပုံ (၁) အဖူးစထွက်ခါစ
ပုံ (၂) အပွင့် စပွင့်လာပြီ
ပုံ (၂) အပွင့် စပွင့်လာပြီ
ပုံ (၃) အကုန်ပွင့်သွားပြီ
ပုံ (၃) အကုန်ပွင့်သွားပြီ
ပုံ (၄) အသီးသီးတော့မယ်
ပုံ (၄) အသီးသီးတော့မယ်
ပုံ (၅) ပွင့်ရာကနေ သီးပြီ
ပုံ (၅) ပွင့်ရာကနေ သီးပြီ
ပုံ (၆) လတ်လတ်ဆတ်ဆတ်
ပုံ (၆) လတ်လတ်ဆတ်ဆတ်
ပုံ (၇) စားချင်စရာ
ပုံ (၇) စားချင်စရာ
ပုံ (၈) မိုးစက်လေးတွေတင်လို့
ပုံ (၈) မိုးစက်လေးတွေတင်လို့
ပုံ (၉) ဒီလိုပဲ သီးနေကြတယ်
ပုံ (၉) ဒီလိုပဲ သီးနေကြတယ်
ပုံ (၁၀) ဝင်းမှည့်သွားပါပြီ
ပုံ (၁၀) ဝင်းမှည့်သွားပါပြီ

ဒီအတိုင်းစားရင် အရသာသိပ်မရှိပေမယ့် သရက်သီး၊ မာလကာသီးစားသလို ငရုတ်သီးမှုန့်နဲ့စားရင် စားလို့ကောင်းပါကြောင်း ………..

9 comments

  • ဦး ကျောက်ခဲ

    June 18, 2013 at 12:52 pm

    ကျောက်ခွဲတဲ့လက် မြေကြီးကိုဒုက္ခပေးတဲ့လက် မို့လို့လားမသိ…
    ဘာပင် ဘာသီး ဘာပန်းမှ စိုက်လို့မဖြစ်ထွန်းဘူးခင်ဗျ…
    အဲ… ဓာတ်သေကလည်း မရိုက်တတ်မို့ နှင်းသီးပုံတွေကို ကြည့်ပြီး…
    ဆား သကြား ငရုပ်သီးမှုန့်တွေနဲ့သုပ်စားချင်စိတ်သာပေါက်သွားပါကြောင်း…

  • KZ

    June 18, 2013 at 12:56 pm

    ကိုက်စားချင်စိတ်တွေ ပေါ်လာဘီ။ :mrgreen:

    ကြည့်ရတာကို လတ်ဆတ် အေးမြနေတာပဲ။,

    ခံစားချက်အပူတွေ ပျောက်သွားတယ်။ 🙂

  • ခင် ခ

    June 18, 2013 at 1:17 pm

    အဲ နှင်းသီးဘဲ စားဖူး မြင်ဖူးတာ၊
    အခုလို သီးတာကို အခုမှဘဲမြင်ဘူးတယ်ဗျ။

  • Ma Ma

    June 18, 2013 at 2:52 pm

    နှင်းသီးရဲ့ အသီးသီးပုံ အဆင့်ဆင့်ကို တထိုင်တည်း တွေ့လိုက်ရတယ်။
    နှင်းသီးပန်းပွင့်က ပန်းပွားလေးတွေနဲ့ တော်တော်လှတယ်နော်။
    မိုးစက်လေးတွေ တွဲရရွဲနဲ့ နှင်းသီးလေးကြည့်ရတာ လတ်ဆတ်စိမ်းမြနေတာပဲ။
    အကြိုက်ဆုံးးကတော့ အောက်ဆုံးက ဝင်းမှည့်နီရဲနေတဲ့အသီးလေးတွေပဲ။ :harr:

  • Ma Ei

    June 18, 2013 at 5:08 pm

    FMI City ထဲက အိမ်တစ်အိမ်မှာ နှင်းသီး ပွင့် သီးနေတာ
    ခတ်ဝေးဝေးကကို မွှေးနေတာပဲ…အပင် စိုက်ချင်ခဲ့တာ…
    တစ်ပင်ပေးရမယ်နော်…

    • Ma Ei

      June 20, 2013 at 12:44 pm

      နှင်းသီးပုံလေးတွေကြည့်ပြီး စားချင်လာတာမို့….
      မနေ့က ရုံးပြန်မှာ ဝယ်သွားပြီးရေခဲသေတ္တာထဲ ထည့်ထားလိုက်တယ်…
      ထမင်းစားပြီးမှ နှင်းသီးလေးတွေ ရေဆေး ပါးပါးလှီး၊
      ဆား၊သကြား၊ငရုတ်စိမ်းမှုန့်၊မဆလာလေး နဲ့နယ်လို့
      တီဗွီကြည့်ရင်း စားပလိုက်တယ်…
      :hee:

  • ဦးကြောင်ကြီး

    June 20, 2013 at 9:43 am

    နှင်းသီးပွင့်ဖတ်
    သင်းပြီးရှင်းမြတ်
    ဝင်းဖီးလင်းလက်
    ရင်းနှီးအင်းတက်..။

  • Shwe Ei

    June 20, 2013 at 11:49 am

    နှင်းသီးအရသာက စိမ့်စိမ့်လေးဆိုတော့ ဒီတိုင်းစားရတာ ပိုကြိုက်တယ်ဗျ။

    အမှုန့်နဲ့ တို့စားရင်လဲ တမျိုးကောင်းမယ်ထင်တယ်…..ဝယ်စားအုံးမီဖစ်ကြောင်းးးးး :mrgreen:

Leave a Reply