မလေးရှားတွင် ကျောင်းကြိုပို့ ကားမောင်းသူမှ ၁ဝ နှစ်သမီးအား အဓမ္မကျင့်ရန် ကြိုးစား

Zaw WonnaJuly 29, 20101min1307

ပြီးခဲ့သော တနင်္လာနေ့ 12.40pm က မလေးရှားနိုင်ငံ Jalan Othman, Petaling Jaya  တွင် အသက် ၅၁ နှစ်အရွယ် ကျောင်းကြိုပို့ကားမောင်းသူမှ ၁ဝ နှစ်အရွယ် ကလေးမလေးအား အခြားကလေးများရှေ့တွင်ပင် အဓမ္မကျင့်ရန် ကြိုးစားမှု ဖြစ်ပွားခဲ့သည်။

မူကြိုကျောင်းဆရာမတစ်ဦးက လမ်းဘေးတွင် ရပ်ထားသော ၎င်းကားအနီးမှ ဖြတ်သွားရာတွင် ကလေးမလေး၏ အော်ဟစ် အကူအညီတောင်းသံကိုကြားရ၍ ပတ်ဝန်းကျင်မှ လူများနှင့်အတူ မုဒိမ်းသမား၏လက်မှ ကယ်တင်ခဲ့ရသည်။

ကြိုပို့ကားမောင်းသူသည် ကျောင်းကားကို လမ်းဘေးတွင်ရပ်ကာ ကြောက်ရွံ့ ထိတ်လန့်နေကြသော အခြား ကလေးငယ်များ၏ ရှေ့တွင်ပင် ကလေးမလေး၏ အဝတ်အစားများကို ချွတ်ပစ်ကာ အဓမ္မကျင့်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ အနီးအနားမှ လူများရောက်လာသောအခါတွင် ကားသမားအား ရိုက်နှက်ကာ ရဲလက်သို့အပ်နိုင်ခဲ့သည်။ ကလေးမလေးအား University Malaya Medical Centre သို့ပို့ကာ ဆေးစစ်ဆေးမှု ပြုလုပ်ခဲ့သည်။

မလေးရှား ရဲဘက်ဆိုင်ရာမှလည်း ကျောင်းကြိုပို့ကား အသုံးပြုသူ ကျောင်းသားများအား အလားတူအဖြစ်မျိုး မဖြစ်စေရန် တပ်လှန့်နှိုးဆော်ထားသည်။ ကျောင်းကားဖြင့် နောက်ဆုံးပို့ခြင်း ခံရသော ကျောင်းသားသည် အဓမ္မသမား၏ သားကောင်ဖြစ်နိုင်ကြောင်း ရဲဘက်ဆိုင်ရာမှ ပြောကြားသည်။


Source: http://news.asiaone.com/News/

7 comments

  • etone

    July 29, 2010 at 10:08 am

    မိုက်ရိုင်းလိုက်တဲ့သူတောင်းစားပါလား ။ ကလေးကိုမှသူက … ။
    ဒီလောက်တောင်မနေနိုင်မထိုင်နိုင်ဖြစ်နေရင်လည်း တခြားနေရာသွားပါလား ။ ပိုက်ဆံပေးရင် အများကြီးရတဲ့နေရာတွေသူတို့ဆီမှာပိုပေါတယ် ။ ဒီအရူးကို သေဒဏ်ချသင့်တယ် ။ ဒါမှမဟုတ်ရင် ကုံးကုံး လုပ်ခိုင်းလိုက်ပါ ဗျို့ ။

  • Yin Nyine Nway

    July 29, 2010 at 10:11 am

    တော်တော် မိုက်ရိုင်းတယ်
    ဒါကြောင့် မလေး မှာ မနေချင်တာ

  • intro

    July 29, 2010 at 10:55 am

    မဖြစ်သင့်တာတွေပဲ… ကြားရတာ တော်တော်ဆိုးပါတယ်… ဒီလူ ဘဝတစ်လျှောက်လုံး ဘယ်လို အသိဉာဏ်တွေနဲ့ အသက်ရှင်ခဲ့တာလဲ… တော်တော့်ကို အံ့ဩဖို့ကောင်းတယ်…

  • maypearl

    July 29, 2010 at 11:14 am

    ကြောက်စရာကောင်းလိုက်တာနော်

  • kopauk mandalay

    July 29, 2010 at 12:34 pm

    သူများဖြစ်သွားတာကို သင်္ခန်းစာယူလိုက်ကြရအောင်နော်။
    ကိုယ်သားသမီးလေးတွေကို သည်လိုကျောင်းကားနဲ့ပို့ရမယ်ဆိုရင်
    ကိုယ့်ကလေးက နောက်ဆုံးမဖြစ်အောင် စီစဉ်ထားလိုက်ကြရအောင်နော်။

  • fatty

    July 29, 2010 at 3:39 pm

    စိတ်ရောဂါ တမျိုးပေါ့။

  • khinmintatthu

    July 29, 2010 at 7:12 pm

    လူမဆန်လိုက်တဲ့ လုပ်ရပ်ကို ကိုယ့်အသက်နဲ့မှ အားမနာ…..

Leave a Reply