“ပိုစ့်အိမ်တွေမှာ ခရမ်းရောင်မီးလေးတွေ စီကာရီကာထွန်းထားတဲ့ရွာဟာ´´

ခင္ခJune 18, 20131min12111

“ပိုစ့်အိမ်တွေမှာ ခရမ်းရောင်မီးလေးတွေ စီကာရီကာထွန်းထားတဲ့ရွာဟာ´´

 

ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းက P3 Restaurant ဆိုင်မှာ လူငယ် လူရွယ် လူကြီး အမျိုးသား အမျိုးသမီး စုံလင်စွာ ဝင်လာမစဲတသဲသဲဖြစ်ကာ စုရုံးစုရုံးဖြစ်နေကြပါတယ်။ ဆန္ဒပြဖို့ သပိတ်မှောက်ဖို့ လူစုလူဝေးလုပ်နေ ကြတယ်လို့မထင်ပါနဲ့ အင်တာနက်ဝက်ဆိုဒ်လောကမှာ ကျော်ကြားမော်ကြွားလောက်တဲ့ မန္တလေးဂဇက်၏ ရွာသူရွာသားတွေ ဒုတိယအကြိမ် စာပေဆုပေးပွဲနဲ့ တွေ့ဆုံပွဲအတွက် မန်ဘာဝင်တွေရောက်ရှိ စုရုံးနေကြတာပါ။

အဲဒီထဲမှာ ခင်ခ တစ်ယောက်လည်း အပါအဝင် ဒီတခေါက်တော့တက်ရောက်ခဲ့တာပေါ့။ အဲလိုနဲ့ အခမ်းအနား အစီအစဉ်တွေစခဲ့ပြီး စင်ပေါ်ကိုတစ်ယောက်ပြီးတစ်ယောက် မန်ဘာတွေ မိမိကိုယ် မိမိ မိတ်ဆက် ပြောချင်တဲ့ နုတ်ခွန်းဆက်စကားပြောကြရတာပေါ့၊

ခင်ခ အလှည့်ရောက်ပြီမို့ ခင်ခလည်း မိုက်ကလေးကိုင် မိမိကိုယ်မိမိ ဘယ်လိုမိတ်ဆက်ကာနုတ်ခွန်းဆက် စကား ဘယ်လိုပြောရမလဲ စဉ်းစားမရတာနဲ့ အခုလိုဘဲ ပြောဖြစ်လိုက်တယ်။ ခင်ခ ပြောလိုက်တာက –

ကျွန်တော် ဂဇက်ရွာပြင်ဇနပုဒ်တဲလေးကနေ ညနေစောင်း နေအေးအေးမှာ ဟိုဘက်ရွာကိုသွားဖို့ရှိတာနဲ့ လမ်းလျောက်လာစဉ် လမ်းခုလပ်မှာ ခရီးသွားဧည့်သည်တစ်ဦး ကျောပိုးအိတ်လေးလွယ်ပြီး လမ်းလျှောက် လာတာနဲ့ ဆုံလေတော ခရီးသွားက

“ ဗျို့နောင်ကြီး ဂဇက်ရွာကို ဒီကနေဘယ်လောက်ကြာသွားရအုံးမလဲ ဒီအတိုင်းရှေ့ဆက်သွားရင်ရပြီလားဗျ´´

“ခရီးသွားကြီး ဒီကနေဆို တစ်နာရီကျော်လောက်သွားရင် လမ်းဆုံ လေးတွေ့လိမ့်မယ် အဲဒီကျရင် လှမ်းမျှော်ကြည့်လိုက် ရွာစဉ်တန်းတွေ့တဲ့ဘက်သာ ချိုးသွားဗျာ အဲဒါဂဇက်ရွာဘဲ ဘာရွာစဉ်တန်းမှ မတွေ့တဲ့ ဘက်က တောဘဲဗျို့´´

“ဟာ နောင်ကြီးကလဲ အခုဘဲ မှောင်ရီပျိုးနေပြီ နောက်တစ် နာရီလောက်မှ ခုနလမ်းဆုံရောက်မှာဆိုတော့ ဘယ်လိုလုပ်ရွာစဉ်တန်းလှမ်းမြင်တော့မှာလဲ မှောင်ရောပေါ့ဗျာ´´

“ဒီလိုဆိုလည်း စိုးရိမ်တော်မမူပါနဲ့ ခရီးသွားရယ် ကျုပ်တို့ဂဇက်ရွာက အခြားရွာတွေလိုဟုတ်ဘူး ထူးပါပေ့ ဗျ´´

“ဘယ်လိုထူးတာလဲ လင်းစမ်းပါအုံး နောင်ကြီးရဲ့´´ အခြားရွာတွေက မိုးချုပ်လို့ အိမ်တွေရဲ့ ရှေ့မှာ မီးလုံး မီးချောင်းလေးတွေထွန်းရင် အဖြူတို့၊ အဝါတို့ဘဲထွန်းကြတာ၊ ကျုပ်တို့ရွာက ပိုစ့်အိမ်တွေမှာ မီးထွန်း လို့ရှိရင် ခရမ်းရောင်လိုလို အပြာရောင်လိုလို မီးလေးတွေထွန်းတာဗျို့ အဲဒီတော့ ခရီးသွားကြီး လမ်းဆုံရောက် လို့လှမ်း မျှော်ကြည့်လိုက် ပိုစ့်အိမ်တွေမှာ ခရမ်းရောင်မီးလေးတွေ စီကာရီကာထွန်းထားတဲ့ရွာဟာ ဂဇက်ရွာဘဲ မမှားနိုင် ဘူးဗျို့´´

“ကျေးဇူးဘဲ နောင်ကြီးရေ ဒါနဲ့ နောင်ကြီးကရောအဲဒီရွာသားလားဗျ အမည်နာမလေး သိပါရစေ´´

“ဟုတ်ပ ဂဇက်ရွာသားပါ ကျုပ်အမည်နာမက ခင်ခ ပါဗျ´´

လို့…….. အဲလိုနုတ်ခွန်းဆက် စကားနဲ့ အမည်နာမ ကိုတစ်ခါတည်း ခင်ခ ပြောပြီးတဲ့အဆုံးမှာတော့ ကြွရောက် လာတဲ့ရွာသားတွေက လက်ခုပ်ဩဘာ ဆူညံစွာ ပြုတယ်လို့ထင်သလား မဟုတ်ဘူးဗျ နိုင်ငံခြားမှာ မိန့်ခွန်း/စကားပြောတာ မကျေနပ်ရင် ခရမ်းချဉ်သီးနဲ့ ပေါက်ကြသလို အခုလည်းဂဇက်ရွာသားတွေက ခရမ်း ပါရင်ပြီးရော ခရမ်းသီးနဲ့ လှမ်းကာပေါက်အားပေး ကြလို့စင်ပေါ်က ခင်ခ အပြေးတပိုင်းဆင်းကာပြေးရင် ခလုပ် တိုက်ကာ ချောလဲပေတော့ “ဘုန်း ဘုန်း´´ ဆိုပြီး ကုတင်ပေါ်က ပြုတ်ကာကျသမို့ မက်နေတဲ့အိမ်မက်က လန့်ကာနိုးလေသတည်း။

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

(အပျော်သက်သက်မျှသာ ရေးတာပါ။)

11 comments

  • KZ

    June 18, 2013 at 12:36 pm

    မန်ဘာတွေပဲ မြင်ရတဲ့ ပို့(စ) မျိုးမှာ တော့ ခရမ်းရောင်တွေ့ရခဲ တယ်။
    ဒါနဲ့ ဒီရွာသား သင်္ဘောသီးတစ်ယောက်က ခရမ်းရောင် အကြိုက်ဆုံး ဆိုပဲ။
    သူ ကြိုက်တဲ့ အရောင်မြင်ချင်လို့ သူလုပ်နေလားမသိ၊.
    :mrgreen:

    • ခင် ခ

      June 18, 2013 at 12:48 pm

      အစတုန်းကတော့ ခရမ်းရောင်အနုတ် ကိုယ့်ကွန်မန့် အပေးခံရရင် စိတ်မကောင်းဖြစ်ခဲ့မိတယ်လေ၊
      အခုတော့ ပေါင်းနုတ် တွေကို လစ်လျုရှုထားနိုင်ခဲ့ပါပြီ ကိုယ်လည်းရေးချင်ရာရေး သူလည်းပေးချင်ရာပေး ဆိုပြီးထားလိုက်တယ်။
      သီအိုရီအရ ပေါင်းနုတ်မြောက်စား အဲလိုမို့ အခုပေါင်းနုတ်ပြီးရင် “မြောက်စား´´ လာတာမို့ ဘယ်လိုလူတွေ မြောက်စား ခံရမလဲလို့……။

  • ဦး ကျောက်ခဲ

    June 18, 2013 at 12:45 pm

    မောင်ကျောက်စ်လည်း အပျော်ရေးတာဆိုပေမည့် စိတ်အနှောက်ယှက်ဖြစ်လွန်းလို့…
    နောက်ပိုင်းတော့ ပို့စ်တင်ရင် မန်ဘာအုံးသီး လုပ်ပစ်လိုက်တယ်ခင်ဗျ…
    အဓိပ္ပာယ်မရှိ… ဘုရားဖူးပို့စ် အလှုပို့စ်တွေကိုတောင် လိုက် ခရမ်းရောင်ပေးနေတာ…
    အင်း… ကိုယ်တန်ရာ တန်ရာကိုပဲရမယ်… ဆိုသလို

    • ခင် ခ

      June 18, 2013 at 12:58 pm

      ဥပမာလေးတစ်ခုပြောမယ်ဗျာ
      ရပ်ကွက်က မီးထွန်းပွဲမှာ စင်ထိုးပြီးအဆိုဝါသနာပါတဲ့ သူတွေက သီချင်းတက်ဆိုဖော်ဖြေပေးတယ်၊
      လာကြည့်တဲ့သူတွေကလည်း ရုံဝင်ခတို့ ဘာတို့ မပေးရပါဘူး လူတိုင်းလွတ်လပ်စွာ ကြည့်ခွင့်ရတာပေါ့၊ အဲဒီမှာ သီချင်းတက်ဆိုတဲ့တစ်ယောက် သီချင်းတောင်မဆုံးသေးဘူး“ဟေ့ကောင် မင်းဆင်းတော့´´ “တော်ပါတော့ဗျို့´´ “မြန်မြန်ရပ်ပါ´´ လို့ အော်ပြောတဲ့အသံတွေဟာ ခုနသီချင်းဆိုသူအတွက် အနုတ်အပေးခံနေရတာဘဲလေ။
      အဲဒီမှာ စဉ်းစားစေချင်တာ“ ထို အဆိုတော်နေရာမှာ သင်သာဖြစ်ခဲ့မယ်ဆိုရင် ဆက်ဆိုဖြစ်အုံးမလား´´
      အဲဒီအဖြေဟာ အနုတ်ပေးခံရသူတွေအတွက် လုပ်သွားကြမယ့် အဖြေတစ်ခုပါဘဲလို့…….။

  • ဗုံ ဗုံ

    June 18, 2013 at 12:50 pm

    ဟယ် ..လေးခကြီးက အအိပ်ကြီးလိုက်တာ..ခုတင်ပေါ်ကတောင်ပြုတ်ကျသတဲ့…. :mrgreen:
    ခရမ်းရောင်မီးမို့တော်သေးတာပေါ့ လေးခရယ်.. အစိမ်းရောင်မီးဆိုရင် အုန်းသီးနဲ့ပေါက်ကြမှာ… :mrgreen:

    • ခင် ခ

      June 18, 2013 at 1:00 pm

      မဗုံရယ် အုန်းသီးနဲ့တောင် ပေါက်မတဲ့လား?
      ပန်းနဲ့ပေါက်တာများနာစရာလားဆိုလို့ ဘာပန်းနဲ့ပေါက်တာလဲမေးတော့ “ ဂေါ်ဖီပန်းပွင့်´´ နဲ့ပါ ဆိုသလို ပါဘဲကွယ်။

      • ဗုံ ဗုံ

        June 18, 2013 at 1:22 pm

        ဟယ်..မိဗုံက ပေါက်ပါဘူး..ဘာလို့ကိုယ့်လေးခကို ပေါက်ရမှာလဲ..တူညားဒွေကိုပြောတာပါ…လေးခကို ခရမ်းသီးနဲ့ပေါက်တဲ့လူဒွေကို မိဗုံကအုန်းသီးနဲ့ ပြန်ပေါက်မှာလို့ပြောတာ.. ..ဒါနဲ့ ဝါးဟားဟား ရေခဲမုန့်က စားလို့ကောင်းတယ်ဆိုလား..စားချင်တာဟယ်.. :mrgreen: :mrgreen:

  • Wow

    June 18, 2013 at 5:30 pm

    ခရမ်းသီးနဲ့ပေါက်တာများ ပုဇွန်ခြောက်လေးနဲ့နှပ်စား ကောင်းမှကောင်း… :mrgreen:

  • ရွှေတိုက်စိုး

    June 19, 2013 at 4:15 pm

    အော်လေးခရယ်.. အခုများ ရွာထဲပို.စ်ဆို အဲဒီအရောင်လေးများမပါရင် ဆားမပါတဲ့ဟင်းလိုပဲ ပေါ့တိပေါ့ပျက်နဲ.ရယ်ဗျ..
    အဲဒီခရမ်းရောင်များလေလေ ကိုယ့်ပို.စ်ကို စိတ်ဝင်စားသူများလေလေပဲရယ်လို… ထင်မှတ်ယူထားပါတယ်ဗျာ…
    ဟိဟိဟိ..

    မိုင်းနပ် ပေးတာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ…. ဥပါဒ်ရန်ဘေး ကင်းစင်ဝေး… ဆက်ပေးနိုင်ပါစေ….
    :hee: :hee:

  • အာဂ

    June 19, 2013 at 4:54 pm

    ဘယ်သူတွေများ လက်အညောင်းခံပြီး ခရမ်းသီး ပင်စိုက်နေကြလဲ လို့ စဉ်းစားမိနေတာ တော်တော်ကြာပြီ..။

    ဟော..ပြောရင်ဆိုရင် အခုကွန်မန့်လည် း ခရမ်းသီး သီးတော့မယ်ကွ….ဘယ်နှစ်လုံးရမလဲ စောင့်ကြည့်ဦးမှ

  • အလင်း ဆက်

    June 19, 2013 at 8:55 pm

    အခုတလောတော့..
    ခရမ်းသီးတွေ နည်းသွားသလားလို ့..။

    ခရမ်းသီးစိုက်တဲ ့ သူတွေ…အချိန်မရလို့ ထင်ပါတယ် .။
    အချိန်ရရင် လာ စိုက်မှာပါပဲ ။
    အလှူ အကြောင်း.. သတင်းပေးထားတဲ ့ ပိုစ့်မှာ..
    သာဓုခေါ်တာတောင် ခရမ်းရောင် အခြယ် ခံရတာပဲ…။
    ခရမ်းရောင် မကြိုက်ရင်.. ကွန်မန့်မရေး မှ ပဲ..ရမယ် ။

    အဟိ ။
    ဒီ ကွန်မန့်တော့ ခရမ်းရောင် တောက်ပတော့မယ် ထင်ပါ့ ။

    သို ့သော်…..
    နှုတ်တာ.ပေါင်းတာ..
    စီမ်းတာ..နီ တာ… ခရမ်းရောင် ခြယ်တာက..
    သူတို ့အလုပ်….
    ပြောသင့်တာလေး..ပြောချင်တာလေး.ပြောသွားရမှာက..ကိုယ့် အလုပ်..
    သူ ့အလုပ် သူလုပ်..
    ကိုယ် ့အလုူပ် ကိုယ်လုပ်…

    ဒါပါပဲ..။

    အဲ..အဲ…
    အိပ်မက်ထဲမှာ..ဘာတွေ ပြောနေမိပါလိမ့်…။

    🙂

Leave a Reply