မေမေရဲ့ Hand Make Wine

Yin Nyine NwayJune 18, 20131min25024

အနော့် မဲ့မဲ့က ဝိုင်လုပ်တာ ကျွမ်းတယ်ဗျ
ထွက်သမျှ အသီး သူဝိုင်မလုပ်ဖူးတာမချိဘူး
နံနတ်၊ သစ်တော်၊ စပျစ်၊ လိမ္မော်၊ စတာတွေအပြင်
ချဉ်စော်ခါးသီး ဇောင်းယားသီးတွေကိုလည်း ဝိုင်လုပ်တယ်
ဝိုင်လုပ်တယ်ဆိုလို့ စက်တွေဘာဒွေနဲ့တော့ မဟုတ်ဘူး
ဟမ်းမိတ် မှ ဟမ်းမိတ်အစစ်
သူလုပ်တဲ့ ဝိုင်တွေထဲမှာ ချဉ်စော်ခါးသီးဝိုင်ကိုတော့ အကြိုက်ဆုံးပဲ
ချဉ်စော်ခါးသီး ပေါ်ချိန်မှာ ပေါပေါသီသီ ရတဲ့ ခြံထဲကနေ
ရသမျှ ချဉ်စော်ခါးသီးကို ဝိုင်လုပ်တယ်
မဲ့မဲ့ ဝိုင်လုပ်နေချိန်
အမ ကလည်း မခံဘူး … သူကျွမ်းတဲ့ ချဉ်စော်ခါးသီး ချဉ်ပေါင်းလုပ်တယ်
သူတို့နှစ်ယောက်လုပ်လို့ ပိုတဲ့ ချဉ်စော်ခါးသီးတွေကို ညီမလေး က အခြောက်လှမ်းတယ်
(အနော်ကတော့ ဝိုင်လုပ်တဲ့ သူနား ဝိုင်ကပ်သောက်တယ် …. ချဉ်ပေါင်းလုပ်တဲ့ သူနား ချဉ်ပေါင်းကပ်စားဒယ် ….)

မဲ့မဲ့ ဝိုင်လုပ်ရင် အိမ်ဘေးက စဉ်းအိုးကြီးထဲ ထည့်ပြီး စဉ်းအိုးက မြေထဲ တဝက် မြုတ်ထားတယ်
အကိုနဲ့ အနော်နဲ့က ညချိန် မီးမလာတဲ့ ရက်တွေမှာ ခိုးခိုးသောက်တတ်လိုု့ တကယ်သောက်ကြမယ်ဆိုရင် မချိတော့ဘူး 😛

ချဉ်စော်ခါးသီးတွေကို အမည့်တွေ အရော်တွေက်ု ပါးပါးလှီးတယ်
ပြီးတော့ ချဉ်စော်ခါးသီး တထပ် ပြီးရင် သကြားတထပ် အဲလိုနဲ့ စဉ်းအိုးကြီး ပြည့်တဲ့အထိဖြည့်တယ်
ပြည့်ခါနီးမှာ တဆီးလို့ခေးတဲ့ yeast ကိုထည့်တယ်
ပြီးရင် အလုံပိတ်ပြီးပစ်ထားလိုက်တယ်
New Year လို ညမျိုး နှစ်ကူုးလို နေ့မျိုးမှာ အိမ်ကိုလာလည်တဲ့ သူတွေကို တိုက်လေ့ရှိတယ်
ငွေလေး ဘာလေးရှိတဲ့ နှစ်မျိုးဆိုရင်တော့
သကြားတစ်ထပ်ပြီးရင် ပျားရည်တစ်ထပ် လောင်းထည့်တတ်တယ်

ဒီလိုပဲ တခြား အသီးတွေကိုလည်း ဒီလိုပုံမျိုးလေး လုပ်တတ်တယ်
တောင်ကြီးလို မြို့မှာ အသီးပေါရင်
အလကားကောက်ပါဆိုတာတောင် မကောက်ချင်လောက်အောင် ပေါတတ်တယ်
တခါတလေ နံနတ်သီး တလုံးမှ 50 တရာဖိုး 3လုံးလောက်ရတတ်တဲ့အပြင် ရင့်ပြီးရော်နေတဲ့ အသီး(ဝိုင်လုပ်လို့ကောင်းတဲ့အသီး) တွေကိုပါ အလကားပေးတတ်တယ်

အနော့် မမက တမျိုး
သူက ချဉ်စော်ခါးသီးကို ပါးပါးလေးလှီးတယ်
တကယ့် ပါးပါးလေးမှ ပါးပါးလေး
ပြီးရင် ဂျင်းနု ပါးပါးလေး လှီးထည့်တယ်
ငရုတ်သီးတွေကိုလည်း နှစ်ပိုင်းပိုင်းထည့်တယ်
ပြီးတော့မှ သကြားထည့်ပြီး တညလောက် သိပ်ထားလိုက်ရင်
မနက်ဆို အရသာချိလှတဲ့ ချဉ်စော်ခါးသီးချဉ်ပေါင်းလေး စားရပြီပေါ့

တခါတခါ မျက်စိအရမ်းကိုက်တဲ့အချိန်
မမက မုန်လာဥနီကြီးကို ပါးပါးလေးလွာပြီး သကြားရယ် သံပုရာသီးလေး ညစ်ထည့်ပြီး ကျွေးရင်
လူက လန်းပြီး မျက်စိတွေကြည်လာတယ်

တကယ့် တကယ် ဝိုင်ဆိုတာတော့
အနော့် မဲ့မဲ့ လုပ်တဲ့ ဟာမျိုးတော့မဟုတ်ဘူးပေါ့
အနော် Duty Free မှာလုပ်တုန်းက
Wine tasting တွေလုပ်ရတဲ့အခါ
ဝိုင်ထုတ်ပုံ ထုတ်နည်းတွေ သင်ရတဲ့အခါမျိုးမှာတော့
အနော့် မဲ့မဲ့ရဲ့ လက်ဖြစ်ဝိုင်က ဝိုင်လို့မခေါ်တော့ပြန်ဘူး
ဒါပေမဲ့ အနော်တို့ကတော့ ဘယ်ဝိုင်ဘယ်လောက်ကောင်းကောင်း
အနော့် မဲ့မဲ့ လုပ်ပေးတဲ့ ဝိုင်လောက်မကောင်းဘူးလို့ထင်တယ်ဗျ

ဝိုင်ကတော့ အများအားဖြင့် စပျစ်သီးကနေထုတ်ကြပါတယ်
ဝိုင်နီ ကိုတော့ အခွံနဲ့ ထုတ်ပြီး
ဝိုင်ဖြူ ကိုတော့ အခွံထုတ်ပြီးသား အသားနဲ့ ထုတ်ပါတယ်

ဝိုင်အမျိုးအစားများကို

~~ Red Wine
~~ White Wine
~~ Rose Wine
~~ Sparkling Wine
~~ Dessert Wine
~~Fortified Wine ဆိုပြီးခွဲထားပါသေးတယ်
ဝိုင်နီတွေကတော့ အရောင်ပါတဲ့ ဝိုင်တွေပါ … အများအားဖြင့် အနီရောင်စပျစ်သီးတွေကနေ ထုတ်လေ့ရှိပါတယ် … ဝိုင်ကာလာတွေကတော့ ဝိုင်ထုတ်တဲ့ ကာလတွေမှာ ပြောင်းလဲ နေတတ်ပါတယ် ဝိုင်နီတွေကလည်း တခုနဲ့ တခု အရသာမတူပဲ အမျိုးမျိုးသော အရသာကိုပေးလေ့ရှိပါတယ်
နာမည်ကြီးတဲ့ ဝိုင်နီတွေကတော့

Cabernet Sauvignon
Merlot
Pinot Noir
Sangiovese
Syrah/Shiraz
Tempranillo
Zinfandel

Cabernet Sauvignon
သူကတော့ ကမ္ဘာ့အကောင်းဆုံးဝိုင်ထဲမှာ ပါပါတယ် … သူကတော့ cabernet franc နဲ့ merlot ကိုပေါင်းစပ်ထားတာပါ
သူ့ကို အသားနီတွေနဲက တွဲဖတ်ပြီးသောက်လေ့ရှိပါတယ်

Merlot:
ဒီဝိုင်နီကတော့ cabernet sauvignon အမျိုးထဲမှာလည်းပါပါတယ် … ဒီဝိုင်ကိုတော့ Bordeaux wines အဖြစ်အသုံးပြုကြပါတယ် ….အရသာကတော့ ချောကလက် အရသာပါ ..ဒါ့ကြောင့် ချောကလက် ကြိုက်တဲ့ သူတွေကတော့ ဒီဝိုင်မျိုးကို ကြိုက်ကြပါတယ် …. အများဆုံးစိုက်ပျိုးတဲ့ နေရာတွေကတော့ California, Washington, and long island တွေဖြစ်ပါတယ်

Pinot Noir

သူကတော့ ကြက်သား၊ ကဏန်းတွေနဲ့ ဆော်လမွန်ငါးတွေနဲ့ တွဲဖတ်ပြီး သောက်လေ့ရှိပါတယ် …
Pinot noir wines မှာ အက်ဆစ်နဲ့ အချိုမပါတဲ့ ကွဲပြားတဲ့ အရသာတွေ ပ ါဝင်ပါတယ် သူွှအရသာကတော့ ဆီးဖြူသီးလိုလို၊ ဘရက်ဘယ်ရီလိုလို၊ ချယ်ရီလိုလို၊ ဆီးသီးလိုလို အရသာဖြစ်နေတတ်ပါတယ် ဘာကြောင့်လဲဆိုရင် သူ့ကိုထည့်တဲ့ ဥသျှစ်စည်ပေါ်မူတည်လို့ပါလို့ ဆရာကပြောပါတယ် …..

Syrah or Shiraz
သူလည်း Pinot Noir လိုပဲ အချိုမဲ့တဲ့ အက်စစ် လို အရသာတွေပါပဲ …ဘရက်ဘယ်ရီလိုလို၊ ချယ်ရီလိုလို ဆီးသီးလိုလို အရသာဖြစ်ပါတယ် … တခါတလေ ကဏန်းလိုလို ၊ ချောကလက်လိုလို၊ ကော်ဖီလိုလို၊ အရသာရှိပါတယ် … အရက်ပျင်းအား များလို့ သူ့ကိုတော့ အမဲသား၊ ချိုတဲ့ အရသာရှိတဲ့ မုန်လာဥ၊ ကြက်သွန်နီ၊ ဂျင်း စတာတွေနဲ့ တွဲဖက်သောက်လေ့ရှိပါတယ် …

Zinfandel
သူကတော့ အနီရင့်ရောင်ရှိတဲ့ဝိုင်ပါ… သူ့ကိုတော့ ခရမ်းချဉ်သီးဆော့၊ ပီဇာ၊ ဒါမှမဟုတ် အသားနဲ့ တွဲဖတ်ပြီးသောက်လေ့ရှ်ပါတယ်….
သူွှ အနံ့ကတော့ သစ်ကြမ်းပ်ုးခေါက်လိုလို ငရုတ်ကောင်းလိုလို ဖြစ်ပါတယ်

(အချိန်ချိတော့ဘူး… မနက်ဖြန်မှ ဆက်ရေးမယ် …)
နွေးသီး
18-6-2013
ရုံးတွင် မအားတအား အချိန်

24 comments

  • Yin Nyine Nway

    June 18, 2013 at 5:41 pm

    အနော် သင်ရသလောက် ရေးထားတာဖြစ်လို့ လိုတာရှိရင် ထပ်ဖြည့်ပေးပါလို့
    သိသလောက်မှတ်မိသလောက် ရှာကြံရေးထားတာမလို့ပါ .. 🙂

  • ကြက်အူလှည့်

    June 18, 2013 at 6:40 pm

    အရက်အကြောင်းတော့ ကျော်သိပ်မသိပါပူးခင်ညာ.

    • Yin Nyine Nway

      June 19, 2013 at 9:56 am

      သောက်တော့ သောက်တယ်မလား ကိုဂီ ….
      ဒီတခါ ပြန်လာရင် ဆာခူရာလေးနဲ့ လိုက်မဲ့ ဝိုင်လေး လက်ဆောင်ပေးလိုက်မယ် ….
      (မက်မွန်ဝိုင်)

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 18, 2013 at 6:57 pm

    ဟန်ကျဘီ
    ( တဆီးလို့ခေးတဲ့ yeast ကိုထည့်တယ် )
    အဲ့တာ ဇဝက်သာကိုခေါ်သလား ဘယ်လိုလုပ်တယ် ဘယ်လောက်ထားရတယ်
    နည်းနည်းအနုစိတ်ပေးပါလား
    တစ်ခါလောက်ကိုယ့်ဖါသာ လုပ်ကျိခြင်လို့
    ကျုပ်ကတောအရက်ဘဲချက်တတ်တော့ ဝိုင်ချက်ခြင်နေတာ
    ကျေးဇူးမမေ့ပါဘူး

    • Yin Nyine Nway

      June 19, 2013 at 10:19 am

      တဆေးလို့ပဲ တိတယ်
      yeast က အမျိုးမျိုးရှိတာကို
      အချဉ်ဖောက်တဲ့ ပစ္စည်းကို yeast တဆေးလို့ပဲ ခေါ်ကြတာပဲ
      အိမ်ပ အရဆေးဆို်င်ဆိုပေမဲ့ အနေုာ်မတိဘူး
      မြန်မာလို ဘယ်လိုခေါ်လဲဆိုတာ
      ပရဆေးဆိုင်တွေမှာမေးဝယ်လို့ရပါတယ်
      အနေ်ာတွေ့ဖူးတာတော့ အဖြူရောင်အခဲတွေ
      သူ့ကို ရေနဲ့မဖျော်မချင်း ထားလို့ရပါတယ်

      • TNA

        June 19, 2013 at 12:22 pm

        ဘယ်နှစ်လသိမ်းထားရမှာလဲ အမလုပ်ဖူးပေမဲ့မေ့နေလို့ ၆ လမှဖောက်ရတယ်မှတ်တယ် ဟုတ်လားနွေးတီး

        • Yin Nyine Nway

          June 19, 2013 at 2:09 pm

          အင်း… အဲဒါက အေးတဲ့ အပူချိ်န်ပေါ်မူတည်တာကြီး
          အရမ်းအေးရင်တော့ 6လလောက်ထားတယ်
          ပူရင်တော့ 3လလောက်ဆို သောက်လို့ရပြီ
          အမီးက မဲ့မဲ့လုပ်တုန်း ခပ်ခပ်သောက်တော့
          ဘယ်အချိန် ရလဲ ဆိုတာတော့မပြောတတ်ပေမဲ့
          6လလောက်က ပိုကောင်းမယ်ထင်တယ်
          (တခါမှတော့ 6လပြည့်အောင် မစောင့်ဘူး … သွားသွားခိုးသောက်လို့ 🙂

  • KZ

    June 18, 2013 at 8:16 pm

    အမယ်လေးလေး:::
    ဖတ်ရင်း သားရည်ယို မိပါတယ်။ (အချဉ်ပေါင်းကြောင့်မှတ်တာပဲ) :mrgreen:

    တကဲ့ လက်ဖြစ်ဝိုင် သောက်ပြီး ရင် ကျန်တဲ့ ဝိုင်က ပေါ့ပါသည်။ ဘယ်လောက်ကောင်းတဲ့ ဝိုင်ဖြစ်ဖြစ်။
    အီး:::::
    လွမ်းလိုက်တာ။ မသောက်ရတာ ဘယ်လောက်ကြာပြီလည်းမသိ။ 🙁

  • TNA

    June 18, 2013 at 10:50 pm

    သောက်ချင်တာအေ။ တကယ်တိုက်မှကောင်းတယ်လို့ယုံမယ်အေ။ နိုင်ငံခြားက ဝိုင်ဖြူဝိုင်နီတွေကို ကိုယ့်နိုင်ငံက ထုပ်တဲ့ hand made ဝိုင်လောက်တော့မကြိုက်တာအမှန်ပဲ။

    • Yin Nyine Nway

      June 19, 2013 at 10:27 am

      ဒီတခေါက် ဝိုင်ရရင် ပေးသောက်မယ် မသဲနုရေ
      အရင်နှစ်ကတော့ တီတီတုံလေးပဲ သောက်လိုက်ရတယ်
      အဆောင်ကကောင်မလေးတွေ လုသောက်ကြလို့
      ကုန်ရော

      • TNA

        June 19, 2013 at 12:23 pm

        အေးရရင်လက်တို့လိုက်အေ။ သောက်ချင်တယ်။

  • kai

    June 19, 2013 at 3:24 am

    ကိုလက်စရောများလို့.. ဘီယာမသောက်ရ..အရက်မသောက်ရဆိုလို့… ဝိုင်နီတွေလှည့်ပါတ်သောက်နေတာ.. နှစ်ပေါက်တော့.. နည်းနည်းတော့.. မြည်းတတ်နေပြီ..။

    ကောင်းမကောင်းမြည်းကြည့်ချင်သား..။
    ဆိုတော့… ယူအက်စ်.. နပတောင်ကြားဒေသမှာဝိုင်ထွက်တယ်..။
    ရာသီဥတုအခြေအနေက.. ကမ္ဘာကျော်ဝိုင်တွေထွက်တဲ့.. ပြင်သစ်..အီတလီဒေသလိုပဲတဲ့..။
    အဲဒီဒေသကအလကားနေရင်းကို.. သစ်ပင်ကြီးတွေမှာ. ရေညှိနွယ်တွေတက်နေတာတော့.. သတိထားမိတယ်..။

    အဲဒါကို သွားလှည့်ကြည့်ပြီး.. အရသာမြည်းဖို့ကို.. တိုးရစ်ဇင်မ်ကဖွံ့ ့ဖြိုးနေတာ…။ အဲဒီအကြောင်းကျုပ်ရဲ့ မိုင်၁ထောင်ခရီးစဉ်မှာ တင်ဖူးတယ်မှတ်တယ်..။
    =
    Napa Wine Country Tours – Premium Napa Wineries‎
    http://www.winecountrytourshuttle.com/
    Picnic Lunch Ferry/Bay Cruise. 4 Wineries. $99.‎
    $99 Napa Tours
    $80 Sonoma Tours
    ======
    Private Tours
    Robert Mondavi Winery
    Daily Napa Limo Tour $125 – napa-wine-limo-tours.com‎
    http://www.napa-wine-limo-tours.com/
    Luxury Wine Tastng Tours: Boutique Wineries, Picnic Lunch and Fun!‎
    View this ad’s deal – valid as of May 21, 2013

    • Yin Nyine Nway

      June 19, 2013 at 11:03 am

      ဒီနေ့ညနေ ရေးမဲ့ထဲမှာ ကမ္ဘာအကောင်းဆုံးဆိုတဲ့ 707 တို့ Glanche တို့ပါမယ်
      သူတို့ ဘာကြောင့် နာမည်ကြီးတာလဲဆိုတာရယ်
      ဝိုင်အကောင်းဆုံးနှစ်ကို ဘယ်နှစ်သက်မှတ်လဲဆိုတာရေးဖို့ မနေ့က
      လက်ချာထဲမှာ ပြန်ဖတ်ထားတယ် 🙂

      • kai

        June 19, 2013 at 3:11 pm

        နပမှာ.. မြန်မာတယောက် ဒေါ်လာသန်းဂဏန်းလောက်မြုတ်နှံပြီး.. ဝိုင်လုပ်ရောင်းနေတယ်ဗျ…
        အောက်မှာသူဝက်ဘ်ဆိုက်…
        http://inapawine.com/

        အင်တာဗျုးလုပ်ပေးဦးမယ်..။

  • Mon Kit

    June 19, 2013 at 9:14 am

    နွေးသီးလေး…
    မဲ့မဲ့ ရဲ့ ဝိုင်ကို စိတ်ကူးလေးနဲ့ မြည်းကြည့်သွားပါတယ်..
    နွေးသီး မဲ့မဲ့ နဲ့ မ ရဲ့ ဒါလင်နဲ့ ဝါသနာတူ၊ ဝိုင် ပြုလုပ်ပုံ နည်းစနစ် တူတွေဆိုတော့ မ လည်း သူ့ရဲ့ ဟန်းမိတ် ဝိုင်ကို ဆေးဖြစ် ဝါးဖြစ် မှီဝဲ ရပါတယ်…. မဲ့မဲ့လို စဉ့်အိုးကြီးနဲ့တော့ ဝိုင်မဖောက်နိုင်ဘူးပေါ့ကွယ်…
    🙂

  • သျှားသက်မာန်

    June 19, 2013 at 9:45 am

    ချဉ်စော်ခါးသီးဖျော်ရည်တော့သောက်ဖူးတယ်..ကောင်းတယ်..အရမ်းမိုက်တယ်…….ဝိုင်တော့မသောက်ဖူးဘူး…………..သောက်ချင်လို်က်တာ….ကောင်းမယ်ထင်တယ်နော်

    • Yin Nyine Nway

      June 19, 2013 at 11:16 am

      ဟုတ်တယ်… သောက်ဖူးသမျှမှာတော့ ချဉ်စော်ခါးသီးဝိုင် အကြိုက်ဆုံးပဲ …..
      ဒါ့ပေမဲ့ အထားတော့မခံဘူး … အိမ်ကဟာက

  • Crystalline

    June 19, 2013 at 9:46 am

    ဝိုင်ဖြူလေးနဲ ့ငါးကင်လေးနဲ ့၊ ဝိုင်နီလေးနဲ ့အသားကင်လေးနဲ ့သိပ်လိုက်.. ဝိုင်နီကိုပိုကြိုက်တယ်.. မိန်းကလေးတွေနဲ ့လည်းတည့်တယ်ပြောလို ့ဒီလိုပဲကြိတ်မှိတ်သောက်ရင်းကြိုက်သွားတာ 🙂

    • ဦးကြောင်ကြီး

      June 20, 2013 at 9:19 am

      ခရစ်စတယ်လေးကို ဝိုင်ဖြူနဲ့ ဝိုင်နီလေးနဲ့ မြည်းချင်တယ် ရမား… 😳

      နွေတီးဝိုင်
      လေကြီးယိုင်
      ပေသီးကိုင်
      ငွေစီးပိုင်…။

  • kyeemite

    June 19, 2013 at 1:18 pm

    ဝိုင်ကိုတော့ ကြိုက်သဗျ..
    အနော့် မဲ့မဲ့ လုပ်ပေးတဲ့ ဝိုင်စဉ့်အိုးထဲက နဲနဲခပ်သောက်သွားတယ် :mrgreen:

  • ဆူး

    June 19, 2013 at 2:31 pm

    yeast ဆိုတာ မုန့်လုပ်ရင် သုံးတဲ့ ပွဆေး တမျိုး မဟုတ်ဘူးလား..

    • ဆူး

      June 19, 2013 at 2:32 pm

      အသီးတွေ အမြန်ပုတ်ရိသွားအောင် ထည့်တယ်လို့ ထင်တာပဲ

    • Yin Nyine Nway

      June 19, 2013 at 4:05 pm

      yeast က အမျိုးမျိုး ချိတယ် ဆူးရဲ့
      မုန့်ဖုတ်တဲ့ နေရာမှာ ပွဆေးအဖြစ်သုံးတဲ့ yeast
      ဝိုင် အရက်ဖောက်တဲ့နေရာမှ သုံးတဲ့ yeast (တဆေး)
      အလွန်ဆုံး မုန်ညင်းချဉ်လုပ်ရင်
      ထမင်းရည်ဖြစ်ဖြစ် .. ဆန်ဆေးရည်ဖြစ်ဖြစ် ထည့်တယ်
      အဲဒါလည်း yeast ပဲ …
      အမှန်တော့ အချဉ်ဖောက်တယ်လို့ခေါ်မယ်ထင်တယ်

  • ဦး ကျောက်ခဲ

    June 19, 2013 at 3:11 pm

    အဟွတ်… မနွေးသီးရဲ့ ဝိုင်ဖောက်နည်း ပို့စ်ကိုဖတ်ရမှ အတိတ်ကိုသတိရမိရဲ့…
    အာရပ်နိုင်ငံများမှာ နေခဲ့တုံးကပေါ့ဗျာ…
    သူရာရည်ဝယ်မရလို့ ဂေါ်ရခါးတွေ စွန်ပလွန်သီးကဖောက်ထားတဲ့ ဝိုင်ကိုသောက်လိုက်မိတာ…
    “ပန်းသလား ကျောက်စ်” ဇာတ်ကားမှာ ၂ရက်လောက် သရုပ်ဆောင်လိုက်ရတယ်…
    ဟီး ဟီး :mrgreen: :mrgreen: :mrgreen:

Leave a Reply