ကဗျာပြခန်းအကြောင်း သောင်းပြောင်းထွေလာ

Mr. MarGaJune 21, 20131min28727

မင်္ဂလာပါ ရွာသူားတို့ရေ
ကဗျာပြခန်းကြီး ပျော်ပျော်ရွှင်ရွှင် အင်တိုက်အားတိုက် ချီတက်လာတာ ပြခန်း သုံး တောင် ရောက်ပါပေါ့။
နောက်ထပ်နောက်ထပ် လာမယ့် ပြခန်းတွေအတွက်လဲ ကဗျာတွေက စုပြီးဆောင်းပြီး အခြေအနေမှာ ရှိနေတယ်။
ဒီလောက်အထိ အောင်မြင်တဲ့အတွက်လဲ စီစဉ်သူများက အထူး ဂုဏ်ယူ ဝမ်းမြောက်မိပါသဗျ။
အခုပို့စ်ကတော့
ကျွန်တော်တို့ ပြခန်း ဘယ်လို ဆက်သွားဖို့ စီစဉ်ထားတယ်
ဘာတွေ ဆက် လုပ်သွားဖို့ ရှိတယ် ဆိုတာကို အသိပေးဖို့ တင်ရခြင်း ဖြစ်ပါတယ်။
တင်ရမှာစိုးလို့ ပတ် ပြေးပေမင့် ကဗျာမရေးတဲ့ ဒီ သိကြားကို အားလုံးက တစ်ညီတစ်ညွတ်တည်း ပို့စ်တင်ဖို့ အတင်းအကျပ် တောင်းဆိုတာကြောင့် လာမယ့်ဘေး ပြေးတွေ့ ဆိုသလို တင်ရတာပါဗျို့။
ပြခန်း တာဝန်ခံ ဖြစ်နေတော့လဲ ဒီတာဝန်က ကိုယ့်ခေါင်းပေါ်မှာပဲ ပုံကျလာသကိုး။
ဆိုတော့ ကျွန်တော်တို့အနေနဲ့ ကဗျာပြခန်းကို တစ်လမှာ နှစ်ကြိမ် တင်ဖို့ စီစဉ်ထားပါတယ်။
တစ်ကြိမ်နဲ့တစ်ကြိမ်ကို ဆယ့်ငါးရက် ဝန်းကျင် ခွာလို့ တင်ပြသွားမှာ ဖြစ်ပါတယ်။
အဲဒီ ပြခန်း တွေမှာလဲ
ကဗျာချစ်သူများက တစ်ကြိမ်နဲ့တစ်ကြိမ် မရိုးရအောင် ဘယ်လို အခင်းအကျင်းတွေနဲ့ တင်ပြမလဲ ဆိုတာကိုတော့ ရင်ခုန်စွာ စောင့်မျှော်ကြည့်ရှုကြပါကုန်။
ပြခန်းတစ်ခုမှာ ကဗျာအပုဒ်ရေကိုတော့ ဆယ့်ငါးပုဒ် ဝန်းကျင်လို့ လောလောဆယ် သတ်မှတ်ထားပါတယ်။
ဆိုလိုတာကတော့ တစ်ရက်ကို ကဗျာတစ်ပုဒ်နှုန်းနဲ့ ခံစားနိုင်တာပေါ့
ဒါပေမင့် တိုးတက်ရောက်ရှိလာတဲ့ ကဗျာအရေအတွက်ကြောင့်
ဆယ့်ခြောက်ပုဒ်၊ ဆယ့်ခုနှစ်ပုဒ်လောက်အထိ ပါဝင်သွားလိမ့်မယ်လို့လဲ ခန့်မှန်းမိထားပါသဗျ။
သေချာတာကတော့ ပြခန်းတစ်ခုကို အပုဒ်နှစ်ဆယ် မကျော်ဘူး ဆိုတာပါပဲ။
ပြခန်းမှာ ပုံတွေလဲ ပါတာကြောင့် အပုဒ်နှစ်ဆယ် ကျော်သွားရင် လာကြည့်တဲ့သူတွေ အဆင်မပြေမှာ စိုးတာကြောင့်ပါ။
အခု လက်ရှိ တင်သမျှကိုလဲ တတ်နိုင်သမျှ အဆင်ပြေပြေ ကြည့်ရှုနိုင်အောင် ကြိုးစားထားပါတယ်နော်။
ကဗျာနဲ့ ပတ်သက်တဲ့ မှတ်စုတိုထွာများကိုလဲ လက်လှမ်းမီသလောက် ရှာဖွေတင်ပြသွားမယ်လို့ ရည်ရွယ်ထားပါတယ်။
(ဥပမာ မြန်မာကဗျာသမိုင်းလိုမျိုးလေးပေါ့ဗျာ)
ရွာသူား မဟုတ်သူများရဲ့ ကဗျာများကိုလဲ အလျဉ်းသင့်သလို ထည့်သွင်း ပြသသွားဖို့လဲ ရည်ရွယ်ထားပါတယ်။ (ဒါကတော့ ပြခန်းနဲ့ ပြခန်းတင်ပြသူအပေါ် မူတည်လို့ အနည်းအများ ကွာခြားနိုင်ပါတယ်။ )
ပြခန်းနဲ့ တစ်ပါတည်း ထည့်ထားတဲ့ မဲပေးစနစ်ကိုတော့ နောက်ပြခန်း မတင်ခင် နှစ်ရက်ခန့် အလိုအထိ ထားရှိဖို့ ဆုံးဖြတ်ထားပါတယ်။
ဒါကြောင့် ကဗျာတွေကို မဲပေး ရွေးချယ်ရင် လက်နှေးမနေဘဲ အမြန်မဲပေးထားကြဖို့ ဆော်ဩပါရစေနော်။
နောက်ထပ် ပြခန်း တင်မလာခင် ပိတ်မှာ ဆိုတော့ ကိုယ်ပေးချင်တဲ့အချိန်မှာ မဲပိတ်တာနဲ့ ကြုံသွားရင် တစ်မဲ နစ်နာသွားနိုင်လို့ပါ။
ဆိုတော့ မဲပေးစနစ်ဟာ ဆယ့်သုံးရက်လောက်တော့ ရှိနေမှာ အမှန်ပါပဲ။
မဲပေး ရွေးချယ်တဲ့ နေရာမှာတော့ အပတ်စဉ် တင်ပြနေကျ ဖြစ်တဲ့ ရှေးကဗျာနဲ့ ရွာသူား မဟုတ်သူများရဲ့ ကဗျာတွေကို ဖယ်ပြီးတော့ ရွာသူားများရဲ့ ကဗျာများကိုသာ ရွေးချယ်ဖို့ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

ပြခန်းတစ်ခု ပြီးဆုံးတိုင်း နောက်တင်မယ့် ပြခန်းမှာ ရှေ့ပြခန်းရဲ့ မဲရလာဒ်ကို ပုံမှန် ကြေညာသွားပါမယ်။

မဲ အများဆုံး ရရှိတဲ့ ကဗျာကို ကဗျာပြခန်းရဲ့ အကြိုက်အများဆုံး ကဗျာအဖြစ် အမှတ်တရ လက်ဆောင် ပေးအပ်မှာ ဖြစ်ပါတယ်။
မဲရလာဒ် တူနေခဲ့ရင်လဲ တူတဲ့အတိုင်း ပေးအပ်သွားမှာပါ။

ဒါကတော့ ဆုလက်ဆောင် ပေးအပ်ရေးအတွက် ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းထားတဲ့ အချက်တွေပါ။
အဲဒီ အစီအစဉ်တွေကို လဲ တစ်ခါထက်တစ်ခါ ပိုလို့ပိုလို့ စိတ်ဝင်စားအောင် ဘယ်လိုလုပ်ကြမယ်ဆိုတာကိုတော့ ဆက်လက်စောင့်မျှော်ကြပါကုန်း
ရွာသူားများဆီကလဲ ပိုမိုကောင်းမွန်လာနိုင်မယ့် အကြံဉာဏ်လေးများ ရှိရင်လဲ ကြားသိပါရစေခင်ဗျ။
ပြခန်းရဲ့ ရှေ့ဆက်သွားမယ့် ပုံစံကို တင်ပြပြီးတဲ့ အခါမှာ တောင်းပန်စရာရှိတာကို တောင်းပန်ဖို့ လိုလာပြန်ရော
အဲဒါတွေကတော့ တခြား မဟုတ်ပါဘူးဗျာ။

ပြခန်းကို စီစဉ် တင်ပြသူတွေဟာ လူငယ်တွေ ဖြစ်တာကြောင့် တစ်ခါတစ်ရံမှာ စိတ်လောပြီး အမှားအယွင်းတွေလဲ လုပ်မိတတ်ကြပါတယ်။
အတွေ့အကြုံ နုနယ်သေးတာမို့ အမှားများဦးမှာလဲ သေချာပါတယ်။
လူငယ်တွေ ဖြစ်တဲ့အတွက် ရှေ့နောက်မကြည့်ဘဲ လုပ်ချင်ရာ၊ ဖြစ်ချင်ရာကိုပဲ မဖြစ်မနေ အကောင်အထည်လဲ ဖော်တတ်ကြပါတယ်။

ဒါကြောင့် ရွာ လူကြီးသူမများက တတ်နိုင်သလောက် ချော့တန်ချော့ ခြောက်တန်ခြောက်လို့ ကျွန်တော်တို့ကို လမ်းညွှန်သင်ကြား ပေးစေလိုပါတယ်။
နောက် ကဗျာပြခန်းတိုင်းမှာ အားနည်းနေတဲ့ သတ်ပုံနဲ့ ပြခန်း အပြင်အဆင်အတွက်လဲ
ကျွန်တော်တို့တွေ အတတ်နိုင်ဆုံး အဆင်ပြေပြေ မှန်မှန်ကန်ကန် ဖြစ်အောင် ကြိုးပမ်းနေတယ်ဆိုတာ ပြောပါရစေ။
ကဗျာတွေကို ပြသခြင်း ဖြစ်တာကြောင့် တခါတလေမှာ ကဗျာဆရာတွေ သုံးလိုက်တဲ့ စကားလုံးဟာ ကျွန်တော်တို့အတွက် မှားယွင်းပြီးပဲ သုံးမိလိုက်သလား တမင်ပဲ သုံးသလား ဆိုတာကို ဒွိဟ ဖြစ်စေတတ်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ အတတ်နိုင်ဆုံး ကဗျာဆရာရဲ့ စကားလုံးအတိုင်း ယူလိုက်တာ များတာမို့ တခါတရံ ဒွိဟ ဖြစ်စရာလေးတွေ တွေ့လာရင်လဲ စေတနာရှေ့ထားလို့ ခွင့်လွှတ် နားလည်ပေးစေလိုပါတယ်။
ဒါ့အပြင် ကဗျာတွေကို ပြန်လည်ကူးယူရာမှာလဲ အခန့်မသင့်ရင် အမှားအယွင်းတွေ ပါတတ်တာမို့ အဲဒါမျိုးလေးတွေ တွေ့ရင်လဲ ထောက်ပြပြောဆို အသိပေးဖို့ တောင်းဆိုပါတယ်။
လူငယ်တွေ ဦးဆောင်လုပ်ကိုင်နေတာ မှန်ပေမင့် လူကြီးသူမများရဲ့ ထိန်းကျောင်းမှုဟာလဲ လိုအပ်တဲ့ အရာမို့ပါ။
ကဗျာပြခန်းကတော့ ဒီလိုဒီလိုတွေ ရှေ့ဆက် လုပ်ဆောင် လုပ်ကိုင်သွားဖို့ ရည်ရွယ်ထားပါတယ်။
အခု တင်ပြပြောဆိုဆွေးနွေးသွားတာတွေနဲ့ ပတ်သက်လို့ ရွာသူားတွေဆီကလဲ အမြင်လေးတွေ ထပ်လို့ ကြားချင်ပါသေးတယ်။
ကဗျာပြခန်းကို ပိုလို့ အသက်ဝင်လာစေနိုင်မယ့် အတွေးလေးတွေ ရှိရင်လဲ အောက်မှာ ပြောဆိုဆွေးနွေး သွားကြပါဦးနော်……

လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)

27 comments

  • အလင်း ဆက်

    June 21, 2013 at 11:55 am

    တာဝန် ကျေ ပါတယ်
    အ မောင် သဂျားးး

    ဒီတာဝန် ကျေပွန် စွာ ထမ်းဆောင် အပြီးမှာ
    ကဗျာ ပြခန်းအတွက်
    ကဗျာ တစ်ပုဒ် လောက် ရေးဖို ့တာဝန်လေး
    ပြန် ယူပါဦး။

    သဂျား ကဗျာ မ ရေးပဲ ပတ် ပြေးနေတာ ကြာပြီ

    😆

    • Mr. MarGa

      June 21, 2013 at 6:31 pm

      ဒီဘက်ကို မြှားဦး လှည့်လာပြန်ပလား
      I’ve NO COMMENT :mrgreen:

  • ကောင်းအိ .. ကောင်းအိ ..
    ဒါ့ထက် ..
    ခေါင်းပေါ် ပုံကျလာတဲ့ ထဲမှာ
    ဟိုဒင်းဒွေရော ပါဒလားဟင်င်င် ..
    ပါဒယ်ဆိုရင်ဒေါ့ ရွှံချရာဂျီးးးး :mrgreen:

    • Mr. MarGa

      June 23, 2013 at 12:38 pm

      အေး ပါသဟ
      ဒါပေမင့် အိုက်ဒါက မျက်နှာခြောက်ဖက် ရှိတဲ့သူဆီကို ကျသွားတာ
      ဆိုတော့
      သိကြားက သိကြားပါပဲ လေ :mrgreen:

  • KZ

    June 21, 2013 at 2:34 pm

    ကလေးတွေသင့်တော်သလို စီစဉ်တဲ့ ကိစ္စတွေ ဘာမှ မပြောလိုပါဘူး::: :mrgreen:

    • ခင် ခ

      June 21, 2013 at 3:34 pm

      ဟုတ်ကဲ့ပါ ဂျီးတော်ကြီး KZ ရေ။
      ကဗျာပြခန်းအမှုဆောင်များ ကျွန်တော်ပေးရန်ရှိ အကြွေးကဗျာလေးတွေလည်း
      အပြီးအပြတ်ပေးပို့ပါမယ်ဗျ။

      • အလင်း ဆက်

        June 22, 2013 at 5:36 pm

        လေး ခ ရေ
        ကဗျာ လေး တွေ အဆက် မပြတ် ပေးပို ့ ထား လို ့ကျေးဇူး တင်ပါတယ် ဗျ

    • Mr. MarGa

      June 23, 2013 at 12:40 pm

      လူကြီးတွေ ကလေးတွေကို ညာညာခိုင်းတာကိုလဲ ဘာမှ မပြောလိုပါဘူး :mrgreen:

  • သခင် mobile

    June 21, 2013 at 3:22 pm

    ကဗျာပြခန်းကို ဒီထက်ပိုပြီး အသက်ဝင်စေချင်ရင်တော့ဗျာ…………….
    သေပီးသားလူကို အသက်ပြန်သွင်းနိုင်တဲ့………
    အောက်လမ်း အလယ်လမ်း ကျွမ်းကျင်တဲ့ဆရာတစ်ယောက် ငှားပီး
    ဓါတ်ရိုက်ဓါတ်ဆင် လုပ်ရပေလိမ့်မည်…………….
    လဂါးစတာပါဗျာ………..
    ယခုလိုလုပ်ဆောင်နေကြတာကို အားပေးပါ၏…..
    (လေဖြင့်သာ အားပေးနေနိုင်တာကို ခွင့်လွှတ်ကြပါကုန်လော့ဋ်)

    • အလင်း ဆက်

      June 22, 2013 at 5:02 pm

      လေ နဲ ့ပဲ အား ပေး မ နေ နဲ့ ဦးဗျ

      တောင်း ထားတဲ ့ကဗျာ လေးးးး
      မ စ ပါ ဦီးးးး

      😆

    • Mr. MarGa

      June 23, 2013 at 12:42 pm

      ကိုရင်မိုဘိုင်း
      လေနဲ့တင်မက
      လက်နဲ့လဲ အားပေးနိုင်သလေ
      ကလစ်လေးနှိပ်ပြီး မဲလဲ ပေးလို့ရတယ်
      ပြခန်းကို ကဗျာတွေလဲ ပို့လို့ ရတယ်ဗျ
      သိလား

  • TNA

    June 21, 2013 at 6:05 pm

    ကဗျာဆုဂဘီလောက်လဲဟင် ရွှေလား စိန်လား အိမ်လား ဟင်။ တိချင်ဘာဘိ။ အာဟိဟိ

    • Mr. MarGa

      June 23, 2013 at 12:44 pm

      ကဗျာဆု………….က
      အင်း…..




      ဆုပေးပွဲနေ့ကျ သိလိမ့်မယ် :mrgreen:

  • အလင်း ဆက်

    June 21, 2013 at 6:20 pm

    ကဗျာဆု ဆိုတော့ ကဗျုဆာ ပေါ့ဗျာ

    ဟီဟိ
    စတာပါ ။

    ကဗျာ ဆုက ဘယ်လိုမျိုးလေးလဲ
    ရွှေလားး
    စိန်လားးး
    အိမ်လားးး
    ကြိမ် လားးးအဲ အဲ

    ဘာ ဖြစ်မလဲဆိုတော့ာာာာ

    ကျွန်တော်လည်းးး သိချင် နေတာ ဗျ

    😆

  • ဦးကြောင်ကြီး

    June 22, 2013 at 9:50 am

    သောင်းပြောင်းထွေလာ
    ကျောင်းကောင်းနေတာ
    ခေါင်းလောင်းရွှေကြာ
    ဂေါင်းတောင်းငွေရှာ..

    • Mr. MarGa

      June 23, 2013 at 12:47 pm

      ဂေါင်းတောင်းငွေရှာ
      ပြောင်းဂျောင်း သေနာ
      အဲ…….အဲ
      သိတော့ဘူး :mrgreen:

  • ခရီးသည်ကြီး

    June 22, 2013 at 3:58 pm

    ကွန်​မန်​့​တွေမှာအကြံပြုတာမ​တွေ့လို့ နဲနဲ လျှာရှည်​ဦးမယ်​ 🙂
    ဆု လက်​​ဆောင်​ ​ပေးမယ်​ဆို​တော့ကာ ​ကျောချမ်​းသွားတယ်​ဗျ

    ပြိုင်​ပွဲအသွင်​ကြီး မျက်​လုံးထဲဝင်​လာလို့
    ဆို​တော့ …. အင်​း …..
    ဒါနဲ​မေးပါဦးမယ်​
    ရွာထဲက ဘာထ​ရေးဒင်​း ညာထ​ရေးဒင်​း ပိုင်​ရှင်​များက​ရော
    ​မော်​​တော်​ကား​လေးတစ်​စင်​း​လောက်​ မ​ပေးချင်​ဘူးးလားဗျ
    🙂

    • အလင်း ဆက်

      June 22, 2013 at 5:00 pm

      ဟုတ် တယ်
      အူးအူး ခယီးသယ် ဂျီးရေ
      ဆု ဆိုတာက ပြိ ုင်ပွဲကြီး အသွင် ဆောင် သွားမှာ စိုးမိပါ ရဲ ့ ။
      ဒါ ကြောင့် ဆု အဖြစ် သဘောမထားပဲ
      အကြိုက် အများ ဆုံး အဖြစ် သတ်မှတ် ခံရ လို ့ပေးတဲ့
      အမှတ်တ ရ လက်ဆောင် လို ့
      သ ဘော ထား နိုင် ပါကြောင်းးး

      ပြခန်း ဟာ
      ကဗျာ ပြိုင် ပွဲ လုပ်တာ မဟုတ် ပါဘူး။
      အနုပညာ အင် အားကို စုစည်း ပြ သ ခြင်းသာ ဖြစ် ပါ တယ်။
      ကဗျာ တွေ ကို ပန်း ခင်း အဖြစ် ဖန်တီး ပြ သ ခြင်း သာ ဖြစ် ပါတယ် လို ့

    • Mr. MarGa

      June 23, 2013 at 12:56 pm

      ပြိုင်ပွဲအသွင် လုံးဝ မဟုတ်ရပါဘူးဗျာ………..
      တင်လာတဲ့ ကဗျာလေးတွေကနေ နှစ်သက်မိတဲ့ ကဗျာလေးတွေကို လက်ဆောင် ပေးခြင်းပါ။
      မော်တော်ကား ကိစ္စ ကတော့
      ထရေးဒင်း ပိ်ုင်ရှင်တို့ရေ
      ဒီမှာ ပြောနေသဗျ :mrgreen:

  • Ma Ma

    June 22, 2013 at 4:25 pm

    ကဗျာပြခန်းကြီး ပျော်ပျော်ရွှင်ရွှင် အင်တိုက်အားတိုက် ချီတက်လာတာတွေ့ရတာ အားရဝမ်းသာရှိလှပါတယ်။
    စိတ်တူဝါသနာတူ လူငယ်တွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် အောင်မြင်အောင် ကြိုးစားထားတာတွေကြောင့် ရွာလည်း ပိုလှပသွားတယ်။
    စုပေါင်းတိုင်ပင်ပြီး စနစ်တကျ လုပ်ထားကြတာမို့ ဘာမှပြောစရာမလိုလှပါဘူး။
    ရှေ့သို့ဆက်လက်ပြီး အောင်မြင်စွာချီတက်နိုင်ကြပါစေ။ 🙂

    ပရိတ်သတ်တွေရဲ့ မေးခွန်းကို ကဗျာပြခန်းရှင်တွေရဲ့ ကိုယ်စား ဖြေပေးလိုက်ပါမယ်။
    စိန်တွေ ရွှေတွေ ကားတွေ ပေးဖို့အတွက် ဖေ့စ်ဘုတ်မှာ ဓာတ်ပုံတွေ ရှာကြည့်လိုက်ပါအုံးမယ်။ 😛

    အရင်တစ်ပတ်က ရွာသူမနိုဗွီက ကမကထပြုပြီး ဗလာမပါ ကံစမ်းမဲ ဖောက်ပေးပါတယ်။

    အခုအပတ်ဆုပေးပွဲမှာလည်း ဗလာမပါ ကံစမ်းမဲနှိုက်ပေးမှာပါ။
    ဗလာမပါဘူးဆိုတာ ကံစမ်းမဲနှိုက်သူတိုင်း အနည်းဆုံး မဲစာရွက်ကလေးတစ်ရွက် ရကြမှာပါလို့။ 😆

  • အလင်း ဆက်

    June 22, 2013 at 5:14 pm

    အန်တီ မမ ရေ
    ကဗျာ ပြခန်း ကြီး က ရွာ ကို ပို လှ ပ သွားစေ တယ် ဆိုတဲ့
    အ ခြေ အ နေ ကြောင့်
    ပြခန်း စီစဉ် ရ သူတွေ ပင်ပန်း ရ ကျိုး နပ် သွားပါ တယ်။
    ကဗျာ ပြခန်း အခုလို လှလှ ပပ ဖွင့် ပြ လာနိုင်တာ ဟာ
    ပြခမ်း ကို စိတ်ပါ ဝင်စားစွာ
    ကဗျာ ပေးပို ့လာ ကြ သော
    ကဗျာ ဆရာ ကဗျာ ဆရာ မ များ နဲ့
    လက်ခုပ် တီး ကြို ဆို အားပေး ကြသော ခံစားသူများ
    အားတတ် သ ရော ရှိ နေ လို ့ပါ ။

    ရှေ ့ဆက် မယ့် ပြခန်း တွေ ကိုလည်း
    ကောင်းသထက် ကောင်း လာအောင် ဖန်တီး ပြ သ သွား ဖို ့ စဉ်ဆက်မပြတ် တိုင် ပင် ကြ ဆွေး နွေး ကြ နဲ ့ပါ ။

    ဒါ ကြောင့်
    အား ပေးမယ့် သူတွေ
    ကူညီ မယ့် သူတွေ ကလည်းးးး
    အခုလိုပဲ
    အား တတ် သ ရော လေး ရှိ နေ ပေးပါ ဦး လို ့ ။

    ============
    အမ်မ လေး မော လိုက်တာ
    သကြား အစား
    ကိုယ် ပြော ချင် တာ တွေ ဝင် ပြော လိုက် ရ တာ

    😆

    • Mr. MarGa

      June 23, 2013 at 1:27 pm

      ကောင်းလေစွ မောင်ရင် အလက်ဆင်း
      ဆက်ပြီးလဲ ဝင် ပြောပေးဦး နော့

  • မောင် ပေ

    June 22, 2013 at 8:13 pm

    သောင်းပြောင်းထွေလာ
    ကောင်းရောင်းငွေရှာ
    ချောင်းအောင်းမေပြာ
    ပေါင်းလောင်းဖေနာ

  • padonmar

    June 22, 2013 at 9:55 pm

    ဂဇက်ချစ်သူများရဲ့ အကြိုက်ဆုံးစာမူဟာ အကောင်းဆုံးလို့ မဆိုလိုသလိုပဲ
    ကဗျာပြခန်းရဲ့ ကဗျာဆုဟာလည်း အကောင်းဆုံးလို့ နာမည်မတပ်ပါဘူး။
    ဒါကြောင့် ကျောမချမ်းကြပါနဲ့။
    ချစ်သူများရဲ့ တစ်လတာ အချစ်ဆုံးလေးတွေပါ။

    • Mr. MarGa

      June 23, 2013 at 1:28 pm

      ဒေါ်လေးရေ
      လှလိုက်တဲ့ စကားလုံးလေးပါလားနော်
      ်ချစ်သူများရဲ့ တစ်လတာအချစ်ဆုံးများ ပါ
      တကယ် အချစ်ဆုံးတွေပါဗျိုးးးးးးးးးးးးးးးးးး

  • အလင်း ဆက်

    June 23, 2013 at 12:27 pm

    အမှန်ပါပဲ အန်တီ ပဒုမ္မာ ရေ

    အကောင်းဆုံး ကဗျာ ကို ရွေးထုတ် ပြီး
    အကောင်းဆုံ ဆု ကို ပေးဖို ့ဆိုတာက
    ကျယ်ပြန့်ပါတယ်လေ ။

    ဒါကြောင့် အကြိုက်ဆုံး ဆု ပါပဲ။
    အန်တီ ပြောတဲ့ စကားနဲ ့ပြော ရရင်
    အချစ်ဆုံး လေး တွေ ပါ ။

    အဲ ဒါကိုပဲ တစ်ဖက် လှည့် တွေး ရင်တော့
    ကဗျာ ကို ချစ်တဲ့ ရွာသူ ရွာသားတွေ က
    အကြိုက်ဆုံးဆိုပြီး ရွေးလိုက်တဲ့ ကဗျာဟာ
    တကယ် ကောင်းတဲ့ ကဗျာ တွေထဲက

    တကယ် ကောင်းသော ဗျာ ဖြစ်မှာပါ ။

    အဲဒီ အတွက် တော့
    အချစ်ဆုံးတွေ ထဲက အချစ်ဆုံးကဗျာ း ရွေးတယ် ဆိုတဲ ့သ ဘော လေးးးပါပဲ လို ့

    😆

  • ငှက် ငယ်

    November 10, 2013 at 11:47 pm

    အရမ်းကောင်းပါတယ် ဗျာ..
    အခုလောလောဆယ်တော့ အကြံဉာဏ်တွေ မရှိသေးတဲ့ အတွက်
    နောက်ရှိခဲ့ ပေးခဲ့ပါမယ်..။

Leave a Reply