ပျောက်ဆုံးနေသော နောက်ဆုံးခြေရာ

ကာရံJune 18, 20131min1186

ပန်းလေးရယ်မှ မလန်းခင်

အခုတော့ နွမ်းရတော့မယ်ပ

လေနှင်ရာ သူလေယိမ်းလို့

ဆင်းသက်ခြွေ သူလေနှင်း

မိုးစက်ပွင့်တို့ ကြွေသက်ဆင်း…………..

အကြွေစောတဲ့ ပန်းကလေးငယ်

လွမ်းရတော့မယ်ထင်ပ

သူ့အဆင်း သူ့အရောင်

ရုပ်သိမ်းလို့ ညိုရော့တယ်

ရနံ့ကလေးရယ် မမွှေးခင်

အကြွှေစောလှတယ်…….

ကျန်ခဲ့သူလဲလွမ်း

ပြန်ရက်သူလဲလွမ်း

နောက်ဆုံးတော့ အလွမ်းငှက်နွေဥဩငယ်

ပူဆွေးဖွယ် ရတက်မအေး

ကူဖေးမယ့် သူအဝေးမှာ

ကျမျက်ရည် ဘယ်ညာခက်ကယ်မို့

ဘဝဆိုတာ အဆက်အဆက်ရှိရင်လေ

ဆုံချင်သေးတယ် ရနံ့ကြွယ်ပန်းပမာ

လန်းဖြာပါစေကြောင်း

အစ်ကိုလေ အခုဘဝတင်မက နောင်ဘဝမှာပါ

ဆုတောင်းလိုက်ပါတယ် ညီလေးရယ်……

                     ပိတောက်မိုး

6 comments

  • padauk moe

    June 18, 2013 at 9:43 pm

    ညီလေးရောက်လေရာဘဝ သက်တမ်းစေ့ နေနိုင်ပါစေ

  • သျှားသက်မာန်

    June 19, 2013 at 9:36 am

    ကောင်းလို်က်တဲ့ ကာရန်လေးတွေပါပဲ။..သုံးထားတဲ့စာသားတွေကလည်းပေါ်လွင်ပါတယ်

  • ညလေး

    June 19, 2013 at 1:02 pm

    ဖတ်ရင်းးး ဖတ်ရင်းးးး
    ဘယ်လိုမန့်ရမယ် မှန်းတောင် တိတော့ဝူးး်းး
    သက်ရှိအားးလုံးးး ရှောင်လွဲမရတဲ့ သဘာဝ မို့
    သူ့ထက်ကိုယ် စောတာ နောက်ကျတာပဲရှိပါတယ်

  • sorr sorr

    June 19, 2013 at 2:36 pm

    ရနံ ့လေးရယ် မမွှေးခင်
    အကြွေစောလှတယ်..
    ကျန်ခဲ့သူလဲလွမ်း…
    ပြန်ရက်သူလဲ လွမ်း….

  • padauk moe

    June 19, 2013 at 9:02 pm

    ခံစားပေးသွားတဲ့ သူငယ်ချင်းအပေါင်းကိုကျေးဇူးတင်ပါတယ် တမလွန်ရောက်နေတဲ့ညီလေးအတွက် ဆုတောင်းပေးစေချင်ပါတယ်

Leave a Reply