အာကာသစခန်းတည်ဆောက်ရေးအတွက် ဦးတည်ဆောင်ရွက်နေသည့် တရုတ်နိုင်ငံ

Mr WorldWideJune 19, 20131min1195

တရုတ်နိုင်ငံသည် လူမောင်းနှင်သောအာကာသယာဉ်ကို လွှတ်တင်နိုင်ခဲ့သဖြင့် ၂၀၂ဝ ခုနှစ်တွင် အာကာသစခန်းတစ်ခုအား အပြီးတည်ဆောက်မည့် ၎င်းတို့ရည်မှန်းချက်နှင့် ပိုမိုနီးကပ်လာပြီဖြစ်သည်။ အာကာသယာဉ်မှူး သုံးဦးလိုက်ပါသွားသည့် အာကာသယာဉ်ကို ဇွန်လ ၁၁ ရက်နေ့ ဒေသစံတော်ချိန် ၉ နာရီ ၃၈ မိနစ်တွင် မွန်ဂိုလီးယားအတွင်းပိုင်းရှိ Jiuquan မှ လွှတ်တင်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ဒုတိယမြောက်အမျိုးသမီး အာကာသယာဉ်မှူးဖြစ်သော Wang Yaping၊ အခြားအာကာသယာဉ်မှူး တစ်ဦးဖြစ်သည့် Zhang Xiaoguang နှင့် ဗိုလ်ချုပ် Nie Haisheng  တို့သည် လူလိုက်ပါမောင်းနှင်မှု အကြာဆုံးခရီးအဖြစ် ၁၅ ရက်ခရီးစဉ်အတွင်း၌ Tiangong-1 သုတေသနအာကာသယာဉ်နှင့် ထိန်းချုပ်ချိတ်ဆက်မည်ဖြစ်သည်။

chinana

 

၎င်းခရီးစဉ်အား Shenzhou-10 ဟု နိုဝင်ဘာလက ကြေငြာခဲ့ပြီး တရုတ်နိုင်ငံ၏ ၅ ကြိမ်မြောက်လူလိုက်ပါသော အာကာသခရီးစဉ်လည်းဖြစ်ပါသည်။
Shenzhou-10  သည် အလျား ၁၀.၅ မီတာရှိ သုတေသနအာကာသစခန်းငယ်ဖြစ်ပြီး တရုတ်နိုင်ငံက တည်ဆောက်မည့် အာကာသစခန်းကြီး၏ မူလအခြေခံစခန်းတစ်ခုဖြစ်သည်။ ၎င်းကို အာကာသစခန်းကြီး  ပုံဖော်တည်ဆောက်ရေးအတွက် လိုအပ်သောနည်းပညာဆိုင်ရာများကို ကူညီရန် လက်ရှိအသုံးပြုလျက် ရှိပါသည်။  တရုတ်နိုင်ငံသည် ၎င်းထက် အာကာသဆိုင်ရာအခန်းကဏ္ဍတွင် နှစ် ၅ဝ ခန့်ရှေ့ရောက်နေသည့် အမေရိကန်နှင့် ရုရှားတို့ကိုအမီလိုက်ရန် ကြိုးစားမှုအဖြစ် ၂၀၁၃ ခုနှစ်က လူလိုက်ပါလာသော အာကာသယာဉ်ကို ပထမဆုံးအကြိမ် လွှတ်တင်ခဲ့သည်။ Tiangong-1 သုတေသနအာကာသစခန်းတွင် လူဖြင့်ထိန်းချုပ် ချိတ်ဆက်ခြင်းကို ၂၀၁၂ ခုနှစ်တွင် ပြုလုပ်နိုင်ခဲ့ပြီး မောင်းသူမဲ့အာကာသယာဉ် လွှတ်တင်မှုကို ၂၀၁၁ခုနှစ်တွင်ပထမဆုံးအကြိမ် အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါသည်။
၂၀၂ဝ ခုနှစ်၌ အမေရိကန်နိုင်ငံက နိုင်ငံတကာအာကာသစခန်းကို  သမုဒ္ဒရာထဲသို့ ဖြုတ်ချပြီး တာဝန်ထမ်းဆောင်မှုမှ အနာပေးသည့် အချိန်သည် တရုတ်နိုင်ငံက ၎င်းတို့ကိုယ်ပိုင် အာကာသစခန်း တည်ဆောက်မည့် အချိန်နှင့် တိုက်ဆိုင်နေပေသည်။ ထို့ကြောင့်အမေရိကန်အနေဖြင့် နိုင်ငံတကာအာကာသစခန်း အတွင်း တရုတ်နိုင်ငံအား ဝင်ရောက်ဆောင်ရွက်မှု မရှိစေရန် ထိုကဲ့သို့ ဖယ်ကြဉ်ထားခဲ့ခြင်းအတွက် နောင်တရစရာ အနေအထားတစ်ခု ဖြစ်လာနိုင်ပေသည်။ နာဆာက လပေါ်ရှိ အပိုလိုစီမံကိန်းနေရာများအား အနှောင့်အယှက် မပြုရန် သတိပေးခဲ့သော်လည်း တရုတ်နိုင်ငံ၏မောင်းသူမဲ့ အာကာသယာဉ်ဖြင့် လပေါ်သို့ဆင်းသက်မည့် အစီအစဉ်သည် ယခင်ကတည်းကပင် ရှိနေခဲ့ပြီဖြစ်ပါသည်။
Source:http://www.strategypage.com

 

5 comments

  • မင်းမင်း

    June 19, 2013 at 10:45 am

    ဘာပဲပြောပြော တရုတ်ကတော့

    နည်းပညာခေတ်မှာအမှီလိုက်နေပါပြီ။

    နည်းပညာရင်ဘောင်တန်းနိုင်သောတနေ့………………………

  • Don Juan Ronald

    June 20, 2013 at 10:58 pm

    အား ပေး သွား ပါ သည် ။
    ကျေး ဇူး တင် ပါ သည် ။

  • ဦးကြောင်ကြီး

    June 21, 2013 at 9:45 am

    နောက်တခေါက်ဆို ကြေးမုံဂျီး အာကာသယဉ်မှူး လုပ်မယ်ဒဲ့ဗျို့.. သူသွားရင် နီးနီးနားနား ဂြိုလ်ဆီ မပို့နဲ့.. အလင်းနှစ် တသန်းလောက်ဝေးတဲ့ အီတွန့်ဗွမ်ဂြိုလ်ကို သွားခိုင်း..။ 😆

  • ကောင်း ကို

    June 21, 2013 at 2:29 pm

    တရုတ်အင်ဂျင်နီယာခြောက်ယောက်က အမေရိကန်အင်ဂျင်နီယာတစ်ယောက်နဲ့ညီပါတယ်..။
    အမေရိကန်ကိုမှီဖို့ ထင်သလောက်မလွယ်ပါဘူး…။

    • Don Juan Ronald

      June 21, 2013 at 9:42 pm

      something better than nothing !

Leave a Reply