ဘဝဆိုတာ ၃/ ၂၀၀၈

အာဂJune 19, 20131min17714

‘သေရင်ပြီးပြီ ‘

ဒီစကားဘယ်သူပြောခဲ့သလဲ

နပိုလီယံလို လူပိန်လူညှက်ကလေးက

ကမ္ဘာကိုအရက် နဲ့ တစ်ဝှက်စိမ်သောက်ခဲ့သေးတာပဲ..။

ဟစ်တလာ လို ကောင်ငယ်ကလေးကရော

သူ့ ဘဝ အတွက် ဂျူးတွေကို သတ်ခဲ့သလား။

သူတို့ နာမည်အတွက် သူတို့သမိုင်းကို သူတို့ရေးခဲ့သလား.။

ဗိုလ်ချုပ်ကတော့ အများဘဝ အတွက်

သူ့သမိုင်းကိုသွေးစွန်းတဲ့ စာရွက်နဲ့ ရေးခဲ့တယ်။

ယနေ့ဘဝ ဆိုတာ နောင်သမိုင်းပါပဲ..။

သေချာတာကတော့

မိသားစု သမိုင်းလှဖို့ကျွန်တော့် ဘဝ ယခုထိ

မစတေးခဲ့ဘူးသေး….။

ကျွန်တော်က ဘဝမှာ အမှားခပ်များများကလွဲလို့

ဘာဆို ဘာမှမပိုင်ခဲ့တဲ့ကောင်။

14 comments

  • သခင် mobile

    June 19, 2013 at 5:38 pm

    သေချာတာကတော့

    မိသားစု သမိုင်းလှဖို့ကျွန်တော့် ဘဝ ယခုထိ

    မစတေးခဲ့ဘူးသေး….။

    ကျွန်တော်က ဘဝမှာ အမှားခပ်များများကလွဲလို့

    ဘာဆို ဘာမှမပိုင်ခဲ့တဲ့ကောင်။

    စာသားလေးတွေလန်းလှသဗျာ……..
    ကျုပ်လည်း ကိုအာဂ နည်းတူပါပဲ……..
    ဒီကဗျာလေးကို ဖတ်လိုက်ရတော့ သတိလေးနည်းနည်းကပ်လာသလို ဖြစ်မိတယ်……

  • အာဂ

    June 19, 2013 at 6:18 pm

    ကျေးဇူးပါပဲ ကိုမိုဘိုင်းရေ… ဒီ ကဗျာတွေက ကျွန်တော် ၂၀၀၈ ခုနှစ်လောက်က ခံစားချက်တွေပါ။ အခုပြန်ဖတ်မိတော့လည်း ဒီအတိုင်းပါပဲ…ဘာမှ မပြောင်းလဲသေးဘူး…ဗျ..။

  • သခင် mobile

    June 19, 2013 at 6:38 pm

    ၂၀၀၈ ကတည်းက အခုထိ ဘာမှမပြောင်းလဲသေးဘူးဆိုတာကို ဝေဖန်ရရင်…..
    ကဗျာအဖွဲ့ကောင်းလို့ ဖတ်ရတဲ့ အရသာမပြောင်းတာ တစ်ကြောင်းးးးးးးး
    နောက်တစ်ကြောင်းကတော့ ကိုအာဂ ဘာမှအပြောင်းအလဲ မလုပ်နိုင်သေးတဲ့သဘောပဲ…..
    ဒါလေးတွေက ကျုပ်တွေးမိတာလေးပြောတာပါ………..(ဟုက်လားရယ်တော့မသိ)

    • အာဂ

      June 20, 2013 at 5:14 pm

      မှန်ပါတယ်ဗျာ..၂၀၀၈ က အာဂ နဲ့ ယနေ့ အာဂ ထူးထူးခြားခြားပြောင်းလဲသွားတာဘာမှမရှိသေးပါဘူး။ ပြောင်းလဲသွားတာက ပြောင်းလဲခြင်းတရားပါပဲ…ဗျာ..။

  • အလင်း ဆက်

    June 19, 2013 at 8:22 pm

    လန်းတယ် ဗျာ..။ တကယ်ပါ ။
    ဒီ ကဗျာလေး..ပိုကြိုက်တယ်. ။
    ဘာလို ့ကြိုက်လဲ..ဆိ်ုတော့…..

    ဒါတော့ ပြောမနေတော့ပါဘူး ။
    ကြိုက်တယ် ။

    ကိုအာဂ ကဗျာ ပြခန်းကို ကဗျာ လေးများ.မစ ပါအုံး.ဗျာ ။

    • အာဂ

      June 20, 2013 at 5:10 pm

      လောလောဆယ်တော့ ကျွန်တော်အသစ်တွေမရေးဖြစ်သေးပါဘူး…။ တကယ်လို့ ပြခန်းအတွက်ထည့်ချင်တယ်ဆိုရင်တော့ ဒီလင့်ထဲက ကြိုက်တဲ့ ကဗျာကိုသာ ယူထဲပါတော့ ညီလေးရေ……. ။ကျေးဇူးတင်ပါတယ်။

      http://myanmargazette.net/tag/%E1%80%A1%E1%80%AC%E1%80%82-%E1%80%80%E1%80%97%E1%80%BA%E1%80%AC

      • အလင်း ဆက်

        June 20, 2013 at 9:53 pm

        အိုခေ…
        ကျေးကျေးဗျ ။

        အိမ်းးးကဗျာပြခန်းလေး..တစ်ခု ဖွင့်လိုက်ပါတယ် ။ ကျွန်တော်လည်း.
        ကဗျာ ဒမြ ဖြစ်မှန်းမသိ ဖြစ်နေပါပေါ့ ။

        ဒမြ တကာ.. ဒမြ ထဲမှာ..
        အနုပညာ ဒမြ ဖြစ်ရတာ… ဂုဏ်ပဲ.. ယူရမလား..
        ဝမ်းပဲ..နည်းရမလား..မသိ ။

        😆

  • ဦး ကြိမ်

    June 19, 2013 at 9:09 pm

    အမှားတွေ များလို့ အားငယ် မနေပါနဲ့
    ကိုယ့်ကိုကိုယ် မှားလို့ မှားမှန်းမသိ သေးတဲ့
    ကျွန်တော် တို့ နဲ့စာ ရင်အများကြီးတော်ပါ သေးတယ်ကိုအာဂ….
    တို့ က တော့ ဘယ် တော့ များ မှ….

  • ကြက်အူလှည့်

    June 19, 2013 at 10:52 pm

    ကိုဂ.
    သည်လိုဗျ.
    နပိုလီယွန်က. ဘယ်တုန်းကမှ အရပ်မနိမ့်ခဲ့ဖူးဘူး.
    သူ့ကို ဂျပုခေါ်တွင်နေတဲ့ အကြောင်းပြချက် ၂ ချက်ရှိတယ်. ပြင်သစ် တပေ က ယင်းဂလိပ်
    တပေ ထက် ပိုများသဗျ. သည်တော့ ပြင်သစ်လိုတိုင်းထားတဲ့အရပ်ကို ယင်းဂလိပ်လို
    အနက်ပြန်တော့ ၅ပေ ၄ လက်မ လောက်ထင်ရရောပဲ.
    နောက်တချက်က အဲ့သည့်ခေတ်က အီတာလီယာပြည်က ပြင်သစ်လက်အောက်ခံ.
    နပိုလီယွန် အီတာလီယာတပ်မဟာရဲ့ သေနာပတိ ဖြစ်လာတော့ သူ့လက်အောက်က
    စစ်ဗိုလ်ချုပ်တွေ ဆိုတာ အသက် ၄၀-၅ဝ တန်း တချို့များ ဒူလာစွဲနေတဲ့ လူဝကြီးတွေ.
    သည်တော့ ကိုယ်ရေစစ်တဲ့ သူ့ကို အသေးလေး ညှပ်စိလေး ဆိုပြီး နောက်ကွယ်မှာ ခေါ်ကြ
    စ နောက်ကြတယ် ဆိုပဲ. အဲ့ဒါကနေ နှောင်းလူ အမှတ်မှားစရာ ဖြစ်လာတော့တာပါတဲ့.

    သူ့အရပ်အမောင်း ကို အဲ့သည်ခေတ် က အာဟာရ စားသုံးပုံ နဲ့ ယောက်ျားတွေရဲ့ ရှိနိုင်မယ့် ပျမ်းမျှအရပ်နဲ့
    ချိန်ထိုးကြည့်မယ်ဆိုရင်တော့ အရပ်မပုရုံအပြင် အရပ်မြင့်မားတဲ့ အုပ်စုထဲတောင်ထည့်လို့ရသတဲ့ဗျားးး
    ၅-၁ဝ လောက်တော့ရှိမပေါ့ဗျာ. ဒီဘက်ခေတ် ယူရုပ်ပီယံနဲ့တော့ မယှဉ်နဲ့ပေါ့.
    ယနေ့ခေတ် ၅-၁ဝ ရှိတဲ့ မိုက်ကယ်အိုဝင် က သူရို့ကြားမှာတော့ ညှပ်စိလေး ပေါ့.
    အဲ့လို

    တော်သေးဘီ
    ခင်တဲ့
    ဇာနည်ဝမ်းမောင်မောင်.

    • ရွှေတိုက်စိုး

      June 20, 2013 at 9:05 am

      အင်းဒါဆိုရင်တော့ ကျုပ်တို.နိုင်ငံ အတိုင်းအတာလဲ အင်တာနေရှင်နယ်အတိုင်းအတာထက် ၅လက်မလောက်များလျော့နေလားမသိ….
      အဲလိုဆို ကျုပ်အရပ်က ၅-ရ တောင်ရှိမှာဗျ……………ဟီးဟီးးးးးးးးးးးးးး

    • အာဂ

      June 20, 2013 at 5:19 pm

      ဇာနည်ဝမ်းမောင်မောင်ရေ….ကျွန်တော်လည်း တိုက်တိုက်လို ပုတယ်လို့ မပြောပါဝူးဂျာ…။ ပိန်ညှက်တယ်လို့ပြောတာပါ။ ဒါပေမဲ့ ဇာနည်ဝမ်းမောင်မောင် (ရေတစ်ခွက်လောက်လုပ်ပါဦး အာညောင်းလို့) ပြောသလိုတော့ လူဝကြီးတွေကြားထဲမှာမိုလို့ လူပိန်လေးလို့ ပြောတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မသိတာ တစ်ခုသိလိုက်ရတဲ့ အတွက် ဇာနည်ဝမ်းမောင်မောင် (နောက်တစ်ခွက်လောက်)ကို အထူးကျေးဇူးတင်ပါတယ်။

  • KZ

    June 20, 2013 at 9:41 am

    ကျုပ်တော့ ကျုပ် သမိုင်း ကို ကျုပ် ခု ကတည်းက စာစီနေပြီ။
    မိုက်ခရိုဆော့ ဝပ် နဲ့။
    ခွိခွိခွိ

    :mrgreen:

  • kyeemite

    June 20, 2013 at 10:58 am

    “ကျွန်တော်က ဘဝမှာ အမှားခပ်များများကလွဲလို့”
    ဒါလေးသိနေတယ်ဆိုရင်ကို ပေါ့ဇတစ်ပါ ကိုရင်ဂ ရေ

  • အာဂ

    June 20, 2013 at 5:39 pm

    လေးမိုက်၊ @ကျွန်တော်ကတော့ သိနေတယ် ပြင်ဖို့ က ခက်နေတာ ဆိုးတာဗျ..။

    မခိုင်ဇာ @ သမိုင်း ကိုစာစီနေပြီဆိုတော့ လှတပတလေးတွေ များများပါရင် ပိုကောင်းမယ်နော့။

    ဦး ကြိမ်@ ကျွန်တော်လည်း ဦးကြိမ်နဲ့ မထူးမခြားနားပါပဲ။ ဟိဟိ

    တိုက်တိုက် @ ၅ပေ ရလက်မ အရပ်ကြီးကို မြင်ရင်းအဟိးး

Leave a Reply