ဪ လူတွေ…. လူတွေ…

manawphyulayAugust 2, 20101min530

လောကကြီးမှာ လူတွေဟာ
ရယ်ရယ်မောမော
ခင်ကာနှောတော့
လူပေါကြီးလို့ ဆိုကြပြန်တယ်….
ရောနှောမဝင်
တည်ပြန်ရင်လည်း
မာနကြီးဘိဆိုလေ၏….
တည်တည်မှန်မှန်
နေပြန်ရင်လည်း
ဆိုလေအတင်း
ကုတ်ကမြင်းတဲ့
ကဲ…. ခင်မင်ရတဲ့
စာဖတ်သူရော
ဘယ်လိုလဲဟင်……….။