မစ္စတာ ဒေးဗစ်စပါးကြီးရဲ့မျက်လှည့်ပွဲ

ရထားကြီးတစ်စင်းလုံး ဖျောက်ပြတာလောက်လား

ခေါက်ထား

လစ်ဘာတီရုပ်တုကြီး ဖျောက်ပြတာလောက်လား

ခေါက်ထား

ငါတို့ရှေ့က မျက်လှည့်ဆ၇ာ

မျိုချပြနေတာက

ကျောက်တောင်ကြီးတွေ တစ်တောင်ပြီးတစ်တောင်

သစ်တောကြီးတွေ တစ်အုပ်ပြီးတစ်အုပ်

ကုန်းထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း..ဘာကြီးဖြစ်ဖြစ်

အကုန်မျိုပစ်လိုက်မယ်

လာထား….

အသေးအမွှားတွေပါမချန် တောက်တဲ့တစ်ကောင် မကျန်စေရ

ပါးစပ်ကလည်း မျိုချစရာ ဘာကျန်သေးလဲ တစ်မေးတည်းမေး

ငါတို့မှာ ငေးနေရတုန်း

နောက်ဆုံးပြကွက်အပြီးမှာ

ဟာ…………မြစ်ကြီးတစ်စင်း ဘယ်လိုပျောက်သွားတာလဲ

(မိုးသစ်ဝေ)

ကဗျာဆရာ ဘာပြောချင်လဲဆိုတာတော့ အားလုံးလည်း သိမှာပါ။ မြစ်ကြီးတစ်စင်းလုံး ပျောက်သွားရတဲ့ အထိအောင်တော့ မျက်လှည့်အပြ မကြမ်းကြပါနဲ့လို့  ။

About Mr WorldWide

Mr WorldWide has written 99 post in this Website..

လက်ထောက်ကထိက (Member of DASA)