မစ္စတာ ဒေးဗစ်စပါးကြီးရဲ့မျက်လှည့်ပွဲ

Mr WorldWideJune 20, 20131min1395

မစ္စတာ ဒေးဗစ်စပါးကြီးရဲ့မျက်လှည့်ပွဲ

ရထားကြီးတစ်စင်းလုံး ဖျောက်ပြတာလောက်လား

ခေါက်ထား

လစ်ဘာတီရုပ်တုကြီး ဖျောက်ပြတာလောက်လား

ခေါက်ထား

ငါတို့ရှေ့က မျက်လှည့်ဆရာ

မျိုချပြနေတာက

ကျောက်တောင်ကြီးတွေ တစ်တောင်ပြီးတစ်တောင်

သစ်တောကြီးတွေ တစ်အုပ်ပြီးတစ်အုပ်

ကုန်းထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း..ဘာကြီးဖြစ်ဖြစ်

အကုန်မျိုပစ်လိုက်မယ်

လာထား….

အသေးအမွှားတွေပါမချန် တောက်တဲ့တစ်ကောင် မကျန်စေရ

ပါးစပ်ကလည်း မျိုချစရာ ဘာကျန်သေးလဲ တစ်မေးတည်းမေး

ငါတို့မှာ ငေးနေရတုန်း

နောက်ဆုံးပြကွက်အပြီးမှာ

ဟာ…………မြစ်ကြီးတစ်စင်း ဘယ်လိုပျောက်သွားတာလဲ

(မိုးသစ်ဝေ)

ကဗျာဆရာ ဘာပြောချင်လဲဆိုတာတော့ အားလုံးလည်း သိမှာပါ။ မြစ်ကြီးတစ်စင်းလုံး ပျောက်သွားရတဲ့ အထိအောင်တော့ မျက်လှည့်အပြ မကြမ်းကြပါနဲ့လို့  ။

5 comments

  • Foreign Resident

    June 20, 2013 at 9:06 am

    စွမ်းတဲ့သူ ( မစ္စတာ ဒေးဗစ်စပါးကြီး ) တို့က ပွဲခံ နေတဲ့ အချိန်မှာ ၊
    ညံ့တဲ့သူ ( ရွှေ မြန်မာ ) တို့ကတော့ ကွဲ / ခံ နေရမှာ ဓမ္မတာပါပဲ ။
    မ ညံ့အောင် လုပ်ကြပါ ။

  • KZ

    June 20, 2013 at 9:38 am

    ဒေးဗစ် စပါးကြီးကို ကူညီနေတဲ့ အတွင်းလူ တို့နိုင်ငံတွင်း ရှိနေတာကိုး:::

    ဒါကို ဒီမျက်လှည့်တွေကို လက်ခုတ်တီးနေတုန်းပဲ။
    ၂ ကိုယ်ခွဲ ဇာတ်လမ်းတွေကိုလည်း သိပ်ကြိုက်ကြတုန်းပဲ။

    ရွှီး ဖြောင်းဖြောင်း:::::::
    :mrgreen:

  • မင်းမင်း

    June 20, 2013 at 9:57 am

    တိုင်ပြည်ပါပျောက်သွားအောင်

    ပညာတိုး အပြမကြမ်းပါစေနဲ့

    လို့ …………………………။

  • Yin Nyine Nway

    June 21, 2013 at 12:00 pm

    အနော်လည်း … ရွာက သရက်ခြံကြီးကို
    ဖျောက်ချင်လိုက်တာ 🙂

  • အလင်း ဆက်

    June 30, 2013 at 11:43 am

    မြစ် ကြီး ဖေဖျာက်တာ ဘာ ဟုန်သေးတုန်း

    တိုင်းသူပြည်သား ပေါင်း များစွာ ရဲ့
    မျော်လင့် ချက် တွေ
    အိပ်မက်တွေ
    စိတ်ကူး တွေ ကိုပါ
    ဖျောက် ထား တာပဲ။

    ကဗျာ လေး ကို တော်တော် ကြိုက် မိတယ်ဗျာာာ

Leave a Reply