ကျွန်တော်ရယ် ‘ဧဝ’ရယ် ‘အာဒံ’မဟုတ်တဲ့နောက်တစ်ယောက်ရယ်

ကျွန်တော်ဟာ သူ့ရဲ့ အာဒံမဟုတ်ဘူးတဲ့
………………………………………….
ကျွန်တော့်နံရိုးတစ်ချောင်းကို သူ့ပြန်ထုတ်ပေးတယ်။
ကျွန်တော်ဟာ သူ့ရဲ့ အာဒံပါလို့ ပြောပြလည်း
သူယုံတော့မှာမဟုတ်ဘူး။

အဲသည်နေ့……………
ကျတော့်ဘဝတွေ အစိတ်အမွှာမွှာ ပျောက်ဆုံးသွားတာ ‘ဧဝ’ မသိခဲ့ဘူး။
……………………………………………………………………..
ကျွန်တော့်ကို ကျောခိုင်း သူချစ်တဲ့ ‘အာဒံ’ နဲ့ ထွက်ခွာ။

လေပြင်း ကမ္ဘာဦးမှာ အပြိုင်းပြိုင်းတိုက်ခဲ့တဲ့နေ့…….
‘ဧဝ’ ကျွန်တော့်အနားမှာ မရှိခဲ့ဘူး။
သူပြောခဲ့သလို သူနဲ့မတိုက်ဆိုင်တဲ့
နံရိုးတစ်ချောင်းကျွန်တော့်မှာရှိတယ်။
အဲ့သည်အရာကိုကြည့်ရင်း နေ့တိုင်းငိုတယ်။
…………တိတ်…………ဆိတ်……………….
ကမ္ဘာဦးမှာ ကမ္ဘာပျက်ပါစေဆုတောင်းတယ်။

ပြန်လာပါ ‘ဧဝ’ ပန်းသီးတစ်လုံးနဲ့ ကျွန်တော်ထိုင်စောင့်နေတယ်
တွေးကြည့်တယ်…………
‘အာဒံ’ မဟုတ်တဲ့ တစ်ယောက်နဲ့ သူပျော်မြူးနေမှာပေါ့
ပြောမပြတတ်တဲ့ အတွင်းစိတ်က ခံစားမိလိုက်တယ်
သူပျော်နေတယ်……….။

တဖြည်းဖြည်း နွမ်းလာတဲ့ ပန်းသီးကိုကြည့်ရင်
ကျွန်တော့်တစ်ချက်ပြုံးတယ်………။

ကျွန်တော်နံရိုးတစ်ချောင်းကို မြေမှာစိုက်
သူပြန်လာတဲ့အထိစောင့်မယ်………
ကမာ္ဘဦးကလေပြင်းက အနည်းငယ်ပျော့ခွေသွားတယ်
ကမ္ဘာဦးမှာ အဖြူရောင်အလင်းတန်းတစ်ခုကို ကျွန်တော်မြင်နေရတယ်
ဟုတ်တယ်………….

ကျွန်တော်ဟာ သူ့အတွက် ‘အာဒံ’ မဖြစ်ဘူးဆိုရင်တောင်
သူနဲ့ ‘အာဒံ’ မဟုတ်တဲ့သူကြားက ပန်းသီးတစ်လုံးလောက် ဖြစ်တန်ကောင်းပါရဲ့……..။

xxxxxxxxxxxxxxx
ရင်နှင့်ရင်း၍
၁၈ရက် ဧပြီလ ၂၀၁၃ခုနှစ်
ကြာသပတေးနေ့
နေ့လည် ၁နာရီ ၂ဝမိနစ်

9 comments

  • kyeemite

    June 20, 2013 at 11:00 am

    ကဗျာလေးဖွဲ့ထားတာကောင်းသဗျာ..

  • KZ

    June 20, 2013 at 11:09 am

    မတွေ့တာကြာပေါ့။
    ကျုပ်ဆို အာဒံ/ဧဝ မဖြစ်တောင် သူတို့ ကြားက ပန်းသီးတော့မဖြစ်ချင်ဘူး::
    ဘာပဲပြောပြော ရေးထားတဲ့ စာလေးက ကောင်းလို့ အားပေးသွားပါတယ်။ 🙂

    • aung moethu

      June 20, 2013 at 12:42 pm

      ပေးဆပ်သူပေါ့ဗျာ….. အဲလိုလူမျိုးက သိပ်သနားဖို့ကောင်းတယ်

  • အရီးခင်လတ်

    June 20, 2013 at 7:05 pm

    ဂလောက်ထိ ဒုက္ခမခံပါနဲ့ ဟေ့။
    ကုပေးမဲ့ တရုတ်ကြီး ရှိပါတယ်။
    တစ်နေ့ ဧဝ အသစ်တစ်ယောက် ရချိန် ဒါက ရီစရာဖြစ်သွားမှာပါ။

  • အလင်း ဆက်

    June 20, 2013 at 10:11 pm

    မတေ ွ ့တာကြာပြီပေါ့ ။
    မိုးစက်တွေနဲ ့ အတူ…
    ကဗျာတွေရော…
    အနုပညာ ရသတွေပါ…
    ယူလာပေးတဲ ့..
    ကိုမိုး…
    ……..

    ပိုစ့်လေးကို ဖတ်ရှု ခံစားသွားပါတယ်ဗျ ။

  • သူကလေး

    June 21, 2013 at 11:49 am

    အရမ်းမိုက်တယ်ဗျ
    ဘယ်လိုပြောရမလဲတော့မသိဘူး
    ကြိုက်အိ 🙂

  • ကောင်း ကို

    June 21, 2013 at 2:25 pm

    ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စလေးပါပဲ…။ခံစားရပါတယ်ဗျာ…။

  • TNA

    June 21, 2013 at 5:43 pm

    ကဗျာလေးကိုခံစားသွားပါတယ်။ ကိုယ်ပိုင်ခံစားချက်ကလေးမှတ်တယ်။ နောက်ထပ် နံရိုးရှင် အစစ်တွေ့ပါစေလို့။

  • ညလေး

    June 21, 2013 at 8:14 pm

    ဂျော်ဟာာာ သူ့အတွက် အာဒံ မဟုတ်လို
    သူဟာာ ဂျော့်ရဲ့ ဧဝ မဟုတ်ခဲ့ပြန်ဝူးးးး
    ဘယ်တွေလျှောက်သွားနေတာလဲ ဧဝ ရယ့်
    ငါနင့်ကို မရှာနိုင်တော့ပန်းသီးလေး တစ်လုံးးလုံးကို နာ့ဘာနာ ပဲ စားလိုက်ပါတော့မယ်တွာာာ

Leave a Reply