ကျွန်​​တော ့ပန်​းချီ စာ​ခြောက်​ရုပ်​

ကျွန်​​တော်​အိမ်​မက်​ မက်​တယ်​အ​မေ…..

 

အိမ်​မက်​ထဲမှာ

ကျွန်​​တော်​ကပန်​းချီဆရာ​ပေါ့

​ကောက်​​ကြောင်​း​တွေ​ရေး

အ​ရောင်​​တွေချယ်​

အနီးအ​ဝေး အလင်​းအ​မှောင်​

နိမိတ်​ပုံ​တွေပြ

ကိုယ်​့ကိုကိုယ်​ ဟုတ်​လှပြီထင်​ခဲ့တာ​လေ ….

 

ဦးဘဂျမ်​း ၊ ဦး​ငွေကိုင်​ ၊

ဆရာခြုံ ၊ အားလုံးကိုဆရာတင်​

ပုဂံ​ခေတ်​​ဆေး​ရေး

အင်​းဝ​ခေတ်​ ​ဆေး​ရေး

ကုန်​း​ဘောင်​​ခေတ်​ပန်​းချီ

ဆီ​ဆေး ​ရေ​ဆေး …

ထုံး​ဆေး ပါမကျန်​

ရှု​မျှော်​ခင်​း ၊ ပုံတူ ပိုစတာ

ကျွန်​​တော်​ ဆွဲတတ်​ပါတယ်​ .. အ​မေ ။

 

တ​နေ့​တော့ …..

ကျွန်​​တော်​လမ်​း​လျှောက်​ရင်​း

ပန်​းချီပြခန်​းအတွင်​း ဝင်​​ရောက်​ခံစား

အားကျမိလို ့ …

ကျွန်​​တော်​ပန်​းချီ ဆွဲခဲ့မိတယ်​​ပေါ့ ….

​ပြောဦးမယ်​ အ​မေရဲ့ ……

သူတို ့ပန်​းချီက

​နေလုံး ကလည်​း စိမ်​းသတဲ့

သစ်​ပင်​ကလည်​း နီသတဲ့

ပင်​လယ်​ကလည်​း ဝါသတဲ့

ပန်​း​တွေကလည်​း မည်​းသတဲ့

​မြေကြီးကဖြူပြီး

ငှက်​​တွေက​ရေကူး

ငါး​တွေက လမ်​း​လျှောက်​

သမင်​ပျိုမှာအ​တောင်​​ပေါက်​​နေ​တော့….

အ​မေရယ်​…..

ကျွန်​​တော်​ ပန်​းချီ ဆွဲဦးမယ်​​နော်​ ……

 

မိုနာလီဇာကိုအားကျ

ရင်​ထဲမှာ​တော့ အလှဆုံးမိန်​းမပျို

ဒီလို​လေး ဖန်​တီးလိုက်​တယ်​

မျက်​လုံးကိုရဲရဲ​တောက်​

ပါးစပ်​​ပေါက်​ကို​လေး​ထောင်​့လုပ်​

သွား​တွေကိုတြိဂံ ပုံ​ရေး

ဆံပင်​​တွေဖြူဖြူ​ဖွေးနဲ့

လက်​​တွေ​ခြေ​တွေက

မျဉ်​း​ဖြောင်​့ မျဉ်​း​ကွေး

ခတ်​​သေး​သေးဆွဲလိုက်​တယ်​

ဝတ်​စုံကပွပွ

ကားယားခွပြီး မတ်​တတ်​ရပ်​​နေဟန်​

ကျွန်​​တော ့ ​မော်​ဒန်​ ပန်​းချီ​လေ …..။

 

ကျွန်​​တော်​ ရင်​​တွေခုန်​တယ်​ အ​မေ ….

ကျွန်​​တော်​့ ပန်​းချီ

ကျွန်​​တော်​့ နှလုံးသား

ဒီ​နေ့ပြခန်​းသွားပို့မယ်​​လေ

​မော်​ဒန်​ပန်​းချီပြခန်​းမှာ

ကျွန်​​တော့်​ပန်​းချီကား

ချိတ်​ဆွဲထားဖို့စိတ်​ကူး

ကျွန်​​တော်​ ရူး​တော့မယ်​အ​မေ …..။

 

ဟုတ်​ရဲ့လား…..

တကယ်​လား……

နားကြားများလွဲသလား ????

ကျွန်​​တော့်​ပန်​းချီကား

သရဲကား ပိုစတာနဲ့တူလို့

လယ်​ကွင်​းထဲဒုတ်​​ထောက်​

စာ​ခြောက်​ရုပ်​သာ လုပ်​ပါ​တော့ တဲ့ ….

တကယ်​​တော့ ….

ကျွန်​​တော်​အိမ်​မက်​ မက်​တာပါအ​မေ ….။

 

 

 

 

 

11 comments

  • KyawThein

    June 20, 2013 at 2:43 pm

    အထက်​ပါ ပို့စ်​မှာ Poetry ကို​ရေ​ွးမိပါတယ်​
    မသင်​့​တော်​ပါက ပြန်​လည်​ပြင်​​ပေး​စေလိုပါတယ်​ ။
    ​က​​ဗျာ ဟုတ်​မဟုတ်​ မသိလို့ပါဗျာ။

  • အလင်း ဆက်

    June 20, 2013 at 6:09 pm

    အက်ဒိလို အိပ်မက်မျိုး
    ကဗျာ ပြခန်း ထဲ လာမက် ပေးလည့် ပါ
    လေးလေး ရေ

    😆

    ( ကျွန်တော်ဆိုလိုတာက ဒီလို ကဗျာမျိုး ကို ကဗျာပြခန်းဆီ
    ပေးပို ့ ပြီး ကျွန်တော်တို ့ကဗျာ ပြခန်းကို ချီးမြှင့်ပေးပါ လို ့။ ဆိုလိုချင် တာပါ။
    အဓိပ္ပယ် တမျိုး ဖြစ် သွား မှာ စိုး လို ့ ပြန်လာ ပြီးး ရှင်းရှင်းလင်းလင်း ရေးတာပါ )

    ခင်မင် လေးစားစွာဖြင့်
    အလင်းဆက်

    • TNA

      June 20, 2013 at 9:31 pm

      အလက်ဆင်းဒို့ကတော့ တောင်းမယ်ဆိုဒါချည်းပဲ။ တွေ့သမျှ တောင်းဒေါ့ဒါဘဲ။ ကဗျာပြောဘာဒယ်။

      • အလင်း ဆက်

        June 20, 2013 at 9:58 pm

        တောင်း မှာပဲ…တောင်းမှာ ပဲ… သားကို…လာမတားနဲ ့…

        အန်တီ သဲ ဆီတောင်…
        ဒေါက် ဒေါက် ဒေါက်..
        ကဗျာ ရှိလား…လို ့.. ဝင်မေးခဲ့တာပဲ..။
        ဟဲဟဲ…

  • အရီးခင်လတ်

    June 20, 2013 at 7:09 pm

    ကိုကျော်သိန်း ရေ
    ကျွန်မ တစ်ချို့ကဗျာ တွေ ကို နားမလည်ပေမဲ့ ဒီ ကဗျာ ကို တော့ နားလည်ခံစား လို့ ရပြီး နှစ်သက်ပါကြောင်း။
    😛

    • KyawThein

      June 20, 2013 at 11:50 pm

      အရီးခင်​လတ်​ခင်​ဗျာ
      အား​ပေးခံစား နာလည်​​ပေးတာ ​ကျေးဇူးတင်​ပါတယ်​ဗျာ

  • အလင်း ဆက်

    June 20, 2013 at 9:41 pm

    လေးလေး..ကျော်ရေ..

    ကျွန်တော်လည်း.. နားလည် ခံစားလို ့ရပါကြောင်းးးး
    ဘာကို ဆိုလိုချင်တယ်ဆိုတာ..ခပ်ရေးရေးး သိနေတော့…
    တကယ်…ခံစား မိပါတယ် ။
    =============

    ကျွန်​​တော့်​ပန်​းချီကား
    သရဲကား ပိုစတာနဲ့တူလို့.
    ..

    ဆိုတဲ ့ စာသားလိုမျိုးပေါ့..။
    ကျွန်တော်လည်း..ကြုံခဲ့ဖူးတယ် ။

    ကျွန်တော် စာပေ အနုပညာကို စ ချစ် မိကတည်းက…
    ဂန္ထဝင် စာပေတွေ လေ့လာမိပေမယ့်…
    မော်ဒန် စာပေ ဖန်တီးမှု မျိုးကိုပဲ….
    ပို ချစ်မြတ်နိုးပြီး… မော်ဒန် ဝတ္ထုလိုမျိုး.တွေ.
    မော်ဒန် ကဗျာလိုမျိုးတွေ ပဲ..ရေးခဲ့တာ ။

    ကလောင်သစ်တွေ ဆီက… မော်ဒန်ကဗျာကို…
    တချို ့ မဂ္ဂဇင်းတွေက အသိအမှတ်ပြု.. လက်ခံပေမယ့်…

    မော်ဒန် ဆန်တဲ ့ဝတ္ထုလေးတွေကျတော့..
    ရွှေအမြုတေ မဂ္ဂဇင်းကို
    ကျွန်တော်….
    ပို့နေတုန်းက…
    ကျွန်တော့်ပန်းချီကားတွေလည်း..
    သရဲ ပိုစတာနဲ ့.. တူသွားတယ်…တဲ ့…။

    ဦးဝင်းငြိမ်းကြီးမှတ်ချက်တွေကြောင့်များ.. ရင်ကွဲနာ ကျ တတ်ရင်..
    ကျွန်တော်……
    သေလောက်ပြီ ။

    အဲဒီ အခါတိုင်းမှာ…
    သူ တို ့အမှိုက်တောင်းထဲရောက်သွားတဲ ့…
    ကျွန်တော့်… ဝတ္ထုလေးတွေကို….

    ရင်ဘက်ထဲမှာ..ဒုတ်​​ထောက်

    စာ​ခြောက်​ရုပ်​သာ လုပ်​ခဲ့ ရပါတယ် ။

    ကိုယ့် အိပ်မက်ကို…ကိုယ်ပြန် လှုပ် နိုးဖို ့အတွက်…ပေါ့ ။

    —————-

    ကိုယ် ့ ပန်းချီကားလေး….
    သရဲ ပိုစတာနဲ ့.. တူသွားတယ်လို ့…
    အဝေဖန်ခံရတိုင်း….
    ကျွန်တော်.. ငိုချင်ပါတယ် ။

    ဒါပေမယ့်…..
    မတူခြားနားတဲ ့ နယ်ပယ် နှစ်ခုကိုု.. ဆွဲစေ ့ဖို ့..ကြိုးစားချင်မိတဲ့…
    ကျွန်တော့်ကို ကျွန်တော်….
    ပြန် အားပေးရပါတယ် ။

    အားလုံးနဲ ့..
    လိုက်လျောညီထွေ ဖြစ်ဖို ့…
    ကြိုးစား ရ ဦးမယ်..လို ့……..

    ===============

    လေးစားစွာဖြင့်…
    အလင်းဆက်

    • KyawThein

      June 20, 2013 at 11:59 pm

      ညီ​လေး အလင်​းဆက်​​ရေ
      အိမ်​မက်​​တွေကို အိမ်​မက်​်​အတိုင်​း ထားတာ​ကောင်​းပါတယ်​ကွယ်​
      အစ်​ကို က​တော့ မဖြစ်​နိုင်​တာ​တွေကို ​ရှောင်​ထားတာ အကျင်​့စွဲ​နေပါြပြီ
      ဒီကဗျာ​က​တော ့ ပို့စ်​လည်​းမတင်​တာကြာလို့ စမ်​းတင်​ကြည်​့တာပါ
      လာဖတ်​​ပေးလို့​ကျေးဇူးပါ ညီ​လေး​ရေ

      တဆက်​တည်​း … အန်​တီသဲ TNA ခင်​ဗျာ
      လာဖတ်​​ပေးတာ ​ကျေးဇူတင်​​ကြောင်​းပါဗျာ

  • padonmar

    June 21, 2013 at 1:24 am

    ကမာ္ဘကျော် စာရေးဆရာ ကဗျာဆရာကြီးတွေ ရုပ်ရှင်မင်းသားမင်းသမီးအဆိုတော် တွေထဲ မှာလည်း အစမှာ ဒီလိုပဲ
    ဝေဖန်ခံခဲ့ရတာတွေ အများကြီးပါ။
    အားမငယ်ကြပါနဲ့။

    စကားအတင်းစပ်
    ကိုကျော်သိန်း ကဗျာကို ကျမလည်း ခံစားလို့ရပါကြောင်း။

  • kyeemite

    June 21, 2013 at 10:28 am

    ကိုကျော်သိန်း ပျောက်နေတာအတော်ကြာပေါ့..
    ကဗျာစပ်တာရော..အကြောင်းအရာအတွေးလေးရော
    အလွန်နှစ်သက်မိပါတယ် 😆

  • Moe Z

    June 21, 2013 at 10:43 am

    ဟိုမေတ္တာစာရေးတဲ့အူးလေးထင်ရဲ့ (မဟုတ်ရင် ဆောရီး) 😆
    ရေးနိုင်ရဲ့နဲ့ များများရေးပါဗျ အားပေးနေပါတယ်
    ပြခန်းပို့သင့်တဲ့ လက်ရာမျိုးပါဗျ ..

Leave a Reply