ကျမ က သရဏဂုံ တည်ဆဲ ဗုဒ္ဓ ဘာသာဝင် တစ်ယောက် ဖြစ်တဲ့ အတွက် ဘုရား ၊ တရား ၊ သံဃာ ရတနာ ၃ ပါး ကို ကိုး ကွယ် ဆည်း ကပ် ပါတယ်။

အဲ လို ကိုး ကွယ် တဲ့ နေရာ မှာ မြတ်စွာ ဘုရား ရှင် ကို ရင် ထဲ က လာ တဲ့ ယုံ ကြည် မှု မျိုး နဲ့ ကို ကိုး ကွယ် ပါတယ်။ တန်ခိုး ရှင် ၊ ဖန်ဆင်း ရှင် တစ်ယောက် လို ကိုး ကွယ် တာမျိုး မဟုတ်ပဲ ၊ လောက အမှန်တရား နဲ့ ထပ်တူ ကျတဲ့ တရား တော် တွေ ရဲ့ ပိုင်ရှင် အဖြစ် နဲ့ ဘုရား ရဲ့ ဂုဏ်တော် တွေကို ကြည်ညို ပြီး ကိုး ကွယ် တယ်။ ဒီခေတ် သိပ္ပံ ပညာ ရှင် တွေ အထောက် အကူ ပစ္စည်း တွေ သုံး ပြီး မှ သိ နိုင် ကြ တာ တွေ ကို ကျ မ တို့ ဘုရား က ကိုယ် ပို င် ဥာဏ် အမြင် နဲ့ ထွင်း ဖောက် သိမြင် ခဲ့ ပြီး ဖြစ် တာတွေ သိရ ဖတ်ရ တဲ့ အချိန် မှာ အတိုင်း မသိ ကြည် နူး မိတယ်။ လောလောလတ်လတ် ဥပမာ ပြောပြ ပါမယ်။ သန္ဓေ သား ကြီး ထွား ပုံ အဆင့် ဆင့် ကို သိချင် လို့ ဂူဂယ် မှာ ပုံ နဲ့ တကွ ရှာ ဖတ် ကြည့် ပါတယ်။ သန္ဓေ အောင် ပြီး လို့ အဆင့် ဆင့် ဖြစ်တည် လာ ပြီး ၅ ပတ် မြောက် မှာ ခေါင်း ၊ ခြေ၊ လက် စတဲ့ အရာလေးတွေ ဖြစ်လာ တာ ကို တွေ့ ရတယ်။ ဒါ ကို ကျမ တို့ ဘုရား ရှင် က ပဋိသန္ဓေ စိတ်နဲ့သန္ဓေ တည်ပုံ အဆင့် ဆင့် ကို ရှင်းလင်းဟောကြား  တဲ့ အခါ မှာ ပဋိသန္ဓေ ၅ ပတ် မြောက် မှာ ခတ်မ ၅ ဖြာ စဖြစ် တယ် လို့ ဟောခဲ့ တယ်။ ထွင်း ဖောက် သိ မြင် နိုင် စွမ်း တဲ့ ဘုရား ရှင်ရဲ့ ဥာဏ် တော် ကို ကျမ မှာ ကြည်ညို လွန်း လို့ မျက် ရည်တောင် ၀ဲ ရ တယ်။ ဒီလို ဘုရား ရှင်ရဲ့ သာသနာ မှာ ဗုဒ္ဓ ဘာသာဝင် ဖြစ် ရတဲ့ အတွက် အတိုင်း မသိ ၀မ်း သာမိတယ်။

ပုံတော် ကို ကိုး ကွယ် တာ မဟုတ်ပဲ ဂုဏ်တော် ကို ကိုး ကွယ် တာဖြစ်လို့ ဘယ် ဘုရား က ဖြင့်  တန်ခိုး ကြီး လို့ သွား ဖူး ကြမယ်၊ ဘယ် ရုပ်ပွားတော် က ဖြင့် ဆုတောင်း ပြည့် လို့ အလှည့် ကျ ပင့် ဖို့ စောင့် လိုက် ရ တာ နှစ် ပေါက် တယ် ဆိုပြီး အပြေး အလွှား ဖူး ကြ တဲ့ အထဲ ကျ မ မပါ ပါဘူး။ ဘာဖြစ် လို့ လဲ ဆိုတော့ ကျမ အတွက် တန်ခိုး အကြီး ဆုံး မြတ် စွာ ဘုရား ရှင် က နှလုံးသား ထဲ မှာ ရှိပြီး သား မို့ လို့ ဖြစ်ပါတယ်။ ကျမ တို့ ဘုရား ရှင် ကို စော်ကား တဲ့ ဘာသာခြားတွေ ရဲ့ကွန်မန့် တွေ၊ စာတွေ ဖတ်ရတဲ့ အခါ ရင် ထဲမှာ နာကျင် ရသလို ကိုယ့် ဘာသာ ၀င်တွေ ရဲ့ သူများ ဘုရား ကို စော်ကား တဲ့ စာတွေ ဖတ်ရ ရင်လဲ စိတ်ထဲ မကောင်း လှ ပါဘူး။ ကိုယ်ချင်း စာလို့ ဖြစ်ပါတယ်။ လူ တစ်ယောက်ရဲ့ ရင်ထဲ က ယုံ ကြည် မှု ကို ကာယကံ ရှင်ရဲ့ ဆန္ဒ မပါပဲ ပြောင်း လဲ ပစ်ချင် လို့ မရ သလို၊ ယုံ ကြည်မှု မတူ တာနဲ့ ပဲ ရန်သူ မဟုတ်ပါဘူး။ သူတို့ ဘာသာ ကတော့ ဘာသာ မတူ ရင် ရန် သူ လို့ သတ် မှတ် ထား လို့ ကိုယ် ကလည်း အဲ လို ပဲ သတ်မှတ် မယ် ဆို တဲ့ ဆင်ခြေ ပေးချင်သူများ ကို တော့ သူတို့ ဘာသာ အတိုင်း ကိုယ်က လိုက်နာ မှာ လား၊ ကိုယ့် ဘုရား ရှင်ရဲ့ အဆုံး အမ အတိုင်း လိုက်နာ မှာလား လို့ မေးချင်ပါတယ်။

မြတ်စွာဘုရား ရှင်က သာသနာတည်တန့် အောင်ဆောင်ရွက် ခြင်း ကို ချီး မွမ်း တော် မူခဲ့ ပေမယ့် တုတ်ထမ်း၊ ဒါးထမ်း ပြီး စောင့် ရှောက် ဖို့ တော့ မိန့် ကြား ခဲ့ မှာ မဟုတ်ပါဘူး။ ဘာသာခြားတွေ က ဘယ် လို ပဲ လွှမ်း မိုး သိမ်း ပိုက် နေပါစေ ၊ ကိုယ့် ရင်ထဲက သရဏဂုံ ပျက်မှ ဘာသာ ပျက်တာပါ။  ကိုယ့် သား သမီးတွေ လက် ထက် ကျ ရင် ဘာသာခြား နိုင်ငံ ဖြစ်တော့ မှာ ပဲ လို့ တွေး ပူနေသူ များ ဟာ လည်း ကိုယ်ရဲ့ ဘာသာရေး အခြေခံ ကို မယုံ ကြည် လို့ ပဲ ဖြစ် ပါလိမ့် မည်။ ကိုယ့် ဘာသာ တရား ကို ကိုယ့် သားသမီးတွေ ရင်ထဲ အထိ ရောက်အောင် သိမ်း သွင်း ပေး နိုင် ရင် သူတို့ ကလည်း သူတို့ သား သမီးတွေ အထိ လက်ဆင့် ကမ်း ထိန်း သိမ်း သွား ပါလိမ့် မယ်။ ဒါပေမယ့် ဖြစ်ပြီးရင် ပျက်ရ မယ့် တရား ကို ဘုရား ရှင် တောင် လွန်ဆန် တော် မမူ ခဲ့ တဲ့ အတွက် အချိန် တန်ရင် တော့ပျက် ပါလိမ့် မယ်။ အဲ ဒီ အတွက် ကြို တေွးပြီး သောက၊ ဒေါသ တွေ ပွားနေမယ် ဆိုရင် လက်ရှိ သာသနာ နဲ့ ဆုံတုန်း ကြုံ တွေ့ ရ တဲ့ အခွင့် အရေး တွေ ၊ ငြိမ်းအေး မှု တွေ ၊ သံသရာ က လွတ်မြောက် အောင် ကြိုး စား ခွင့် စတာ တွေ ကို လက် လွတ် သွား ပါလိမ့် မယ်။

မြတ်စွာ ဘုရား ရှင် နဲ့ တရား တော် တွေ၊ အဲဒီ တရားတော် တွေ ကို လက် ဆင့် ကမ်းစောင့် ရှောက် လာတဲ့ သံဃာတော် တွေ ကို အကြွင်း မဲ့ ယုံကြည် ကိုး ကွယ် ပေမယ့် မျက် မှောက် ကာလ သံဃာ တော်တွေ ကို တော့ ခြွင်း ချက်နဲ့ပဲ ယုံကြည် ကိုး ကွယ် ပါတယ်။ ဒါလည်း မြတ်စွာ ဘုရား ကိုယ် တော် တိုင် ဟောကြား ခဲ့ တဲ့ ကာလာမ သုတ် တော် အတိုင်း ပါပဲ။  ဆရာတော်အချို့  ရဲ့ ပရိယတ်၊ ပတ္ထိပတ်၊ ပရဟိတ ဆောင်ရွက် ချက်တွေ ကို သဘောကျ ကြည် ညို မိသလို ၊ တချို့ ဆရာတော် တွေ ရဲ့ တရားတော် တွေ နာရ ၊ စာပေ တွေ ဖတ်ရ တဲ့ အခါ ကြည် ညို လွန်း လို့ အကြိမ် ကြိမ် ဦး ခိုက် မိပြီး စံ အဖြစ်လည်း သတ် မှတ် မိပါတယ်။ တပါး ချင်း ဥပမာ ပေး ရရင် ကျန် သွား မှာ စိုး လို့ ရေး မပြ တော့ ပါဘူး။ ဒီနေရာ မှာ ကိုယ်စိတ် နဲ့ မတိုက် ဆိုင် တဲ့ သံဃာတော် ကိုတော့ ကိုယ် မကြည် ညို ရင် တောင် ၀တ်ထား တဲ့ သင်္ကန်း ကို လေး စား တဲ့ အတွက် ကိုယ် ၊ နှု တ်တို့ နဲ့ မပြစ် မှား မိအောင် နေပါတယ်။ စိတ် ထဲဘ၀င် မကျ တဲ့ အတွေး ကတော့ ပေါ် တတ် ပါတယ်။

အမျိုး စောင့် ဥပဒေ နဲ့ ပတ်သတ်ပြီး ဆက် ဆွေး နွေး ပါမယ်။ တကယ် ကို လို အပ် နေပြီလား ။ ဟိုဘက် မှာ မန့် ခဲ့ သလိုပါပဲ တကယ် လိုအပ် နေပြီ ဆိုရင် မျက်စိ စုံ မှိတ် ပြီး မကန့် ကွက်ပါဘူး ။ ဒါပေမယ့် ဘုန်းကြီးတွေ နဲ့ ချည်း ပဲ တဖက်သက် အမြင် တစ်ခု ထဲ နဲ့ မပြည့် စုံ နိုင်ပါဘူ။ ဥပဒေပြု ပညာရှင်တွေ ၊ လူမှု ရေး ပညာ ရှင်တွေစတဲ့ ရှု ထောင့် မျိုး စုံ က  ပါဝင် လို့ နိုင် ငံသား အား လုံး ရဲ့ အခွင့် အရေး တွေ ၊ စည်း လုံး ညီ ညွတ် မှု တွေ ကို မထိ ခိုက် စေ ပဲ ၊ ဟာကွက် ၊ ပျော့ ကွက် မရှိအောင် ရေး ဆွဲရ မှာ ဖြစ်ပါတယ်။

ဗုဒ္ဓ ဘာသာ အမျိုး သမီးတွေ ကို ကာကွယ် ချင် လို့ ဥပဒေ မဖြစ်မနေ ထုတ် ဖို့ လို တယ် ဆိုရင် ဒီ့ ထက် အရေး တကြီး ကာကွယ် ဖို့ လို နေ တာ တွေ ကို မေ့ နေကြတာလား ။ မမြင်ကြ တာလား။ ပညာရေး၊ စီး ပွား ရေး နိမ့်ကျ ၊ ချွတ်ခြုံ ကျမှု ၊ ၊ အလုပ် အကိုင် အခွင့် လမ်း နည်း ပါး၊ လောက်ငတဲ့ လုပ်ခ လစာ မရ တာတွေ ကြောင့် ကိုယ် ခန္ဓာ နဲ့ ရင်း ပြီး စီး ပွား ရှာနေရ တဲ့  မိန်း ကလေး တွေ၊ နိုင်ငံ ပေါင်း စုံ မှာ အောက်ခြေ အလုပ် မျိုးစုံ လုပ်နေ ကြတဲ့ မိန်း ကလေး တွေ ၊ (အဲဒီ မိန်း ကလေး အချို့ က အပို ၀င်ငွေ ရ ဖို့ အတွက် လူမျိုး ပေါင်းစုံဆီ က စပွန်ဆာ ယူနေကြတာ ပြည်တွင်း က လူတွေ က အကြား ပဲ ရှိ ပေမယ့် ကျမ တို့ က မျက်မြင်ပါ)၊ မသိနား မလည် လို့ဖြစ်စေ၊ တမင် ဖြစ်စေ၊ လူကုန်ကူး ခံရ လို့ ဖြစ်စေ၊ မလုပ်ချင်တဲ့ အလုပ် တွေ လုပ်ရ ၊ မယူ ချင် တဲ့ လူ ကို ယူ ရ တဲ့ မိန်းကလေးတွေ ။ အဲဒီ မိန်း ကလေး တွေ ကိုရော မကာကွယ် ၊ မကယ်တင်ချင် ကြဘူးလား။ ကိုယ့် ဆန္ဒ မပါပဲ လုပ်နေ ရတဲ့ မိန်း မပျက် လေး တစ် ယောက် ဟာ တင့်တောင့်တင့်တယ် ယူမယ့် လူ ရှိရင် ဘယ် ဘာသာ ၀င် ကို မဆို လက်ထပ် ပါလိမ့် မယ်။ ဆို တော့ မြန်မာပြည်မှာ ဘာသာခြား နဲ့ ယူ သွားတဲ့ မိန်း ကလေး ( ဒီနေရာမှာ နှလုံး သား အလို လိုက် တဲ့ သူနဲ့ ချို့တဲ့ တဲ့ ဘ၀ အတွက် ထွက်ပေါက် ရှာတဲ့ သူ ကို ထပ်ခွဲ ရ ပါမယ်) အရေ တွက် နဲ့ ကျမ ပြောခဲ့ တဲ့ မိန်း ကလေး တွေ အရေ တွက် ဘယ်ဟာ ပိုများ မယ် ထင်ပါ သလဲ။

ဒီတော့ ကျမတို့ တိုင်း ပြည် အတွက် ဘယ် ဟာက အရင် လုပ် သင့် ပါသလဲ။ တိုင်း ပြည် က ကောင်းသော ပြောင်း လဲ ခြင်း ရဲ့ လမ်း စ ပေါ် ကို ရောက် လာတဲ့ အခြေ အနေ ကို မလို လား တဲ့ သူ တွေ ရှိပါတယ်။ ကျမ တို့ ဆွေမျိုး ထဲ မှာ တင် အစိုး ရ အလုပ် နဲ့ ဂွင်တည့် ပြီး ချမ်း သာ နေတဲ့ သူတွေ ရှိပါတယ်။ အနည်း ငယ် ပွင့် လင်း လာတဲ့ ခုချိန် မှာ ပြည်သူ မျက်စိ စပါး မွှေး စူး ပြီး အကြပ် ခံ ရ တဲ့ ဌာန ဖြစ်နေတဲ့ အတွက် လက်ရှိ ဖြစ်ကာစ အပြောင်း အလဲ ကို သူတို့ လက် မခံ ချင်ပါဘူး။ အရိုး အရင်း ကိုက် ရတဲ့ သူတောင် ဒီလောက် ဖြစ် နေရင် အဆီ အသား ၀ါး မျို ရ တဲ့ သူ က ပို ပြီး လက် မခံ ချင် ပဲ ရှိပါလိမ့် မယ်။ ဒီတော့ မတော် တဆ ဖြစ်  တဲ့ အဖြစ် အပျက် တချို့ ကို အခြေ ခံလို့  ကိုလိုနီ ခေတ် ထဲက သုံး ခဲ့ တဲ့ ၊ အောင်မြင်ခဲ့ တဲ့ အရိုး ရှင်း ဆုံး ၊ အလွယ် ကူ ဆုံး ( ဒီ အင် တာနက်ခေတ် မှာ ပိုတောင် လွယ်သေး ) ဘာသာရေး၊ လူမျိုး ရေး ၀ါဒ မှိုင်း တိုက် နည်း ကို သုံး နေတယ် လို့ ကျမ ယူဆပါတယ်။ သူများ ဘာသာနဲ့ ကိုယ့် ဘာသာ တင် မက ၊ ကိုယ့် ဘာသာ ထဲ မှာတင် ထပ် ကွဲကုန် ကြ ပါတယ်။   ဒီတော့ တိုင်း ပြည် အတွက် တကယ် လို အပ် တာ ဘာလဲ လို့ ခွဲ ခြား မသိ ၊ သတိ မမူ မိ နိုင် လောက် အောင် တွေး အမြင် တွေ လွဲ ကုန် ကြ ပါ တယ် ။ စနစ်တကျ ပုံသွင်း နှိမ့် ချ ခံ ထား တဲ့ ပညာ ရေး စနစ် အောက်မှာ ကြီး ပျင်း လာ ရ တဲ့ လူ တွေ ဖြစ် လို့ လည်း စီမံ တဲ့ သူတွေ သိပ်တောင် ခက်ခက် ခဲခဲ အား မထုတ် လိုက် ရဘူး လို့ ထင်ပါတယ်။ ဒါက ကျမ တွေး မိ သလောက်ပါ။ နိုင် ငံရေး က ရှုပ်ထွေး တဲ့ အတွက် ကိုယ် လိုက် မမှီ တဲ့ လှည့် ကွတ် တွေ လည်း ရှိ နိုင် အုန်း မှာပါ။

ကျမ ရဲ့ သဘောထား ကို ပြောရရင် ဒီမိုကရေစီတွေ၊ လူ့ အခွင့် အရေး တွေ အများ ကြီး မလို ချင် ပါဘူး။ အုပ် ချုပ် တဲ့ သူဟာ ၊ ကိုယ် ကျိုး ချည်း ပဲ မကြည့် ပဲ ။ ကျမ တို့ ပြည်သူတွေ အတွက် ထိုက် သင့် တဲ့ ၀င်ငွေရ စေမယ့် အလုပ် အကိုင် အခွင့် အလမ်းတွေ ၊ သန့် ရှင်း သပ် ရပ် အဆင့် မီ တဲ့ လူမှု ဘ၀ ပတ်ဝန်း ကျင် ၊ အဆင့် မြင့် တဲ့ ပညာရေး၊  ပြည့် ၀တဲ့ ကျန်း မာရေး စောင့် ရှောက်မှု၊ တပြေးညီ တိတိ ကျကျ စိုးမိုး တဲ့ တရား ဥပဒေ ရဲ့ အကာအကွယ်၊ လာဘ်ပေး ရန်မလို ဆိုတဲ့ စာကပ် ထား စရာ ကို မလို တဲ့ ပြည်သူ့ ၀န်ထမ်း တွေ ရဲ့ ၀န်ဆောင်မှု ( ဒီနေရာမှာ ၀န်ထမ်း လည်း ပြည်သူ ပဲ ဖြစ်တဲ့ အတွက် သူတို့ အတွက်လည်း ထိုက် တန်တဲ့ လစာပေး ရ မှာ ဖြစ် သလို ပေါ့ လျော့ ဖေါက် ဖျက်ရင် လည်း ထိထိရောက်ရောက် အရေး ယူမှု ရှိရမယ်) အဲ လို တွေ ဖြည့် ဆည်း ပေး နိုင်  မယ် ဆို အလွန် ကျေနပ် မိမှာပါ။ ဒီလို အခြေအနေ ရောက် လာ ရင် တိုင်း ပြည် ရဲ့ ဂုဏ် သိက္ခာ တတ် လာ မှာ ဖြစ် သလို ၊ ပြည်သူ အများစု ကိုး ကွယ် တဲ့ ကျမ တို့ ဗုဒ္ဓ ဘာသာ လည်း ပိုပြီး ဂုဏ် ရှိန် တတ် လာ မှာပေါ့ ။ အဲ ဒီ အချိန် ကြရင်  ကိုယ့် ရဲ့ ဘာသာ ကို တိုးတတ် ပြန့် ပွား အောင်လည်း  ပိုပြီး ဆောင် ရွက် လာ နိုင် မှာပါ  ။

မို ချို

About မိုချို

မို co has written 41 post in this Website..