စဉ်းစားကြစေလိုပါတယ် ( ၅၅ ) ( ဆော်ထည့်လိုက်စမ်းပါ ၊ ဘာသာရေး – ၃ )

Foreign ResidentJune 20, 20136min1030123

စဉ်းစားကြစေလိုပါတယ် ( ၅၅ )

( ဆော်ထည့်လိုက်စမ်းပါ ၊

ဘာသာရေး – ၃ )

 

 

အင်းးးးး ၊ အခုတစ်လောလည်း ရွာထဲမှာ ၊

ဘာသာရေး Post တွေ တော်တော် စိတ်စိတ် တွေ့နေရတယ် ။

အစ ကတော့ သိပ် Feeling မရလို့ Post မတင်ပဲနေနေတာ ၊

Face Book ပေါ်မှာ မိတ်ဆွေတွေ နှင့် တော်တော်လေး ပြောဖြစ်လာတော့ ၊

အဲဒီ ပြောဖြစ်တာလေးတွေကိုပဲ စီကာ စဉ်ကာ ချရေးလိုက်မိတယ် ။

 

၁ ။

ရှင်းရှင်းပဲ ပြောရရင်တော့ ၊ ကျနော် ကတော့ ဒီမိုကရေစီ ၊

လူ့အခွင့်အရေး နှင့် တရားမျှတမှု ကို လိုလား ယုံကြည် ပါတယ် ။

 

၂ ။

ကြုံတုန်း တစ်ခု ပြောပါရစေ ။

ကျနော် တို့က ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် ၊ တရားမျှတမှု ကိုချစ်တာ ပါ ။

 

ဒေါ်စု ကို ပုဂ္ဂိုလ်ရေး ချစ်နေတာ မဟုတ်ပါဘူး ။

ဒေါ်စု က အဲဒီ စံတွေနှင့် အညီ ခေါင်းဆောင်မှု ပေးနေလို့ ၊ ဒေါ်စု နောက်က လိုက်နေတာပါ ။

 

အေး ၊ ဒေါ်စု က အဲဒီ စံတွေကနေ လွဲဖယ်သွားရင်လည်း ၊

ဒေါ်စု ကို ဆက် ထောက်ခံတော့မှာ မဟုတ်ပါဘူး ။

 

၃ ။

အဲဒီလိုပဲ ၊ ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု နှင့် ကိုက်ညီလို့သာ ၊

ဗုဒ္ဓ ဘာသာ ကို လေးစား / ကိုးကွယ် တာပါ ။

 

အဲဒီ ဟာတွေနှင့် ၊ ပက်ပက် စက်စက် ( ပက်ပက် စက်စက် ) ကွဲလွဲ လာပြီ ဆိုရင်လဲ ၊

ဗုဒ္ဓ ဘာသာ ကိုစွန့်လွှတ်လိုက်ဖို့လဲ ၊ ဝန်မလေးလှပါဘူး ။

 

ဒီနေရာမှာ ၊ ရှေ့မဆက်ခင် ၊ တစ်ခု ကြားဖြတ် ပြောရရင် ၊ ကျနော် မြင်သလောက်တော့ ၊

ဗုဒ္ဓ မြတ်စွာ နှင့် သူ့ တရားတော် တွေမှာ မတရားတာ မပါပါဘူး ။

သို့ပေမယ့် ၊ ရဟန်း တစ်ချို့က ဗုဒ္ဓ တရားတော် တွေ အတိုင်း မဟုတ်ပဲ ၊

တစ်ချို့ ကိစ္စတွေမှာ ၊ လွန်လွန်ကျူးကျူး လုပ်ဆောင်လာတာ တွေ့နေရတယ် ။

အဲဒီ ကိစ္စတွေကိုတော့ အားမပေးချင်ပါဘူး ။

 

၄ ။

အဲဒီတော့ ၊ ဘုန်းကြီး ဝီရသူ စကားတွေကိုလည်း ၊

ကျနော် တို့ အဲဒီ လူ့အခွင့်အရေး နှင့် တရားမျှတမှု စံ နှင့်ပဲ မှတ်ကျောက် တင်ကြည့်ပါတယ် ။

 

မှန်တာပြောရရင် ၊ ဘုန်းကြီး ဝီရသူ စကားတွေကို အစကတည်းက သိပ် မ ကြိုက်လှဘူး ။

 

ဒါပေမယ့် ၊ ကိုယ်တွေကလဲ ဗုဒ္ဓ ဘာသာ ဖြစ်နေတော့ ၊

ကိုယ့် ဗုဒ္ဓ ဘာသာ အချင်းချင်း ဖိ မထောင်းချင်လို့ ရှောင်နေကြတာ ။

 

အခုတော့ ၊ တဖြေးဖြေး တိုင်းပြည်ကြီး နှင့် လူတွေ သေကျေ ပျက်စီး လာနေပြီး ၊

လူသားဆန်တဲ့စိတ် Humanity မရှိတော့တဲ့ ဥပဒေတွေ အထိပါ ပြောလာလို့ ၊

အခုလို ၊ ဘုန်းကြီး ဝီရသူ ရဲ့ စကားတွေကို ကန့်ကွက်လာကြတာပါ ။

 

ဘုန်းကြီး ဝီရသူ ရဲ့ စကားတွေထဲက ၊

 

၄ – ၁ ။ ဘာသာတူတွေ အချင်းချင်း ရိုင်းပင်း အားပေးတဲ့ ကိစ္စတွေ အထိ လက်ခံပါတယ် ။

 

၄ – ၂ ။ ဒါပေမယ့် ၊ သာမာန် ရာဇဝတ်မှု ၊ ဥပဒေ နှင့်ဖြေရှင်းရမယ့် ဟာတွေကို ဇာချဲ့ပြီး ၊

လူမျိုးရေး ၊ ဘာသာရေး မုန်းတီး လာစေပြီ ဆိုရင်တော့ ၊ မဟုတ်တော့ ပါဘူး ။

 

၄ – ၃ ။ အဆိုးဆုံး ကတော့ ၊ လူ့ အခွင့်အရေး စံတွေကို ချိုးဖေါက်ထားတဲ့ ၊

” မျိုးစောင့် ဥပဒေ ” ကိုတော့ ၊ လုံးဝ မထောက်ခံနိုင်ပါဘူး ။

 

ဒါပေမယ့် ၊ ကိုယ်တွေကလည်း လက်ရှိကို ဗုဒ္ဓ ဘာသာဝင် တွေ ဖြစ်နေသေးတဲ့အတွက် ၊

ဘုန်းကြီး ဝီရသူ ကို ( ဂတုံး ၊ ေ–ာက် –ုတ် ပုလိပ် စသဖြင့် ) ဆဲရေး တိုင်းထွာမှုတွေ ကို ၊

ကိုယ်လဲ မလုပ် ၊ လုပ်တဲ့သူတွေကိုလည်း ကန့်ကွက်ပါတယ် ။

 

၅ ။

ကျနော့် အမြင်မှာတော့ ဘုန်းကြီးဆိုတာ ၊ သင်္ကန်း ရုံထားတဲ့ လူ တစ်ဦးပါ ။

 

ဘုန်းကြီးတွေ သိက္ခာပုဒ် ၂၂ရ ခု ကိုစောင့်ထိမ်းတာကတော့ ၊ သူ့သဘောနှင့် သူထိမ်းကြတာပါ ။

( ဘေးလူတွေကို မထိခိုက်သရွေ့ကတော့
အဲဒီ သိက္ခာပုဒ် ၂၂ရ ခု ကိုစောင့်ထိမ်းတာကို ကန့်ကွက်ရန် မရှိပါ )

 

အဲဒီတော့ ၊ မှန်တာပြောရရင် ၊ သူ့သဘောနှင့် သူ ( သူ ကြိုက်လို့ / သူ့အကျိုး အတွက် ) ၊

သိက္ခာပုဒ် ၂၂ရ ခုကို စောင့်ထိမ်းယုံလေးနှင့်တော့ ၊ သိပ် မကြည်ညိုနိုင်ပါဘူး ။

 

အဲ ၊ လူတစ်ယောက်က ၊ သူ့အကျိုး အတွက် မဟုတ်ပဲ ၊ လူ အများ ကောင်းကျိုးအတွက် ၊

သူ့ ကိုယ်ကျိုးကို စွန့်ပြီး ၊ အနစ်နာခံ လုပ်ပေးနေတယ် ဆိုရင်တော့ ၊

အဲဒီ လူ ဖြစ်ဖြစ် / ဘုန်းကြီး ဖြစ်ဖြစ် ကို လေးစါး / ကြည်ညိုပါမယ် ။

 

၆ ။

အခု ဖြစ်ပျက်နေတဲ့ ကိစ္စတွေနှင့် ပါတ်သက်ပြီး ၊

ကျနော့် အသိ အမေရိကန်က O G ဆရာဝန်မကြီး နှင့် ဆွေးနွေး မိပါတယ် ။

သူမ ပြောခဲ့တဲ့ စကားတွေထဲက တစ်ချို့ ကတော့ ၊

 

” Why are the Buddhist monks just targeting women?

Women do not want control by anyone and that includes Buddhist Monks!!!!

People converting to other religion is the reflection of failure of the Buddhist leaders. “

 

အဲဒီ အထူးကု ဆရာဝန်မကြီး ဟာ ဗုဒ္ဓဘာသာဝင် အစစ်ပါ ။

အစစ် မှ ပြီးခဲ့တဲ့ ၂ / ၃ လ လောက်ကမှ မြန်မာပြည်ပြန်ပြီး ၊

သီလရှင် ဝတ်ထားလို့ ၊ ခေါင်းမှာ ဆံပင်တောင် တိုနံ့နံ့ပဲ ရှိပါသေးတယ် ။

 

ရ ။

သူပြောတဲ့ ပထမ အချက်ကတော့ ၊ လူ့ အခွင့်အရေး စံ ပါ ။

မိန်းမ တွေကို ဘယ်သူကမှ မတရား ချုပ်ချယ်ခွင့် မရှိဘူး ။

အဲလို ချုပ်ချယ်ခွင့် မရှိတဲ့ အထဲမှာ ၊ ဘုန်းကြီးလည်း ပါပါတယ် ။

 

ရ – ၁ ။

ပထမ စဉ်းစားကြစေလိုတာက တော့ ၊

မမေ့ကြပါနှင့် ၊ ဘုရားလက်ထက်တော်တုန်းက ၊

ကျောင်း အစ်မကြီး ဝိသာခါ လည်း ၊ ဘာသာခြား ဒိဋ္ဌိ ကို ယူခဲ့တာပါကွယ် ။

အဘ တို့ရဲ့ ဗုဒ္ဓ မြတ်စွာက ” မျိုးစောင့် ဥပဒေ ” ကြီးနှင့် မတားခဲ့ရှာပါဘူး ။

 

ရ – ၂ ။

ဒုတိယ စဉ်းစားကြစေလိုတာက တော့ ၊

အဘ ရှေ့ Post တွေမှာ ရေးခဲ့တဲ့ ၊

 

” အင် ၊ ကိုရင်တို့ မြန်မာ နိုင်ငံသားတွေ ပဲ ၊

ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု ကို ၊

လိုချင်တယ်ဆို ၊ အလေးထားတယ်ဆို ၊ လိုက်နာချင်တယ်ဆို ။

 

ကိုရင် တို့က ၊ ကိုယ် သာ တဲ့ ဟာတွေကိုတော့ ယူချင်ပြီး ၊

ကိုယ် နာ မယ့်ဟာတွေကိုတော့ မလိုချင်ကြဘူးပေါ့ ။

 

ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု ကို ၊

ယောက်ျားလေး အတွက်ဆို တစ်မျိုး ၊ မိန်းကလေး အတွက်ဆို တစ်မျိုး ၊

မြန်မာ အတွက်ဆို တစ်မျိုး ၊ ဘင်္ဂါလီ အတွက်ဆို တစ်မျိုး ၊

ဗုဒ္ဓ ဘာသာ အတွက်ဆို တစ်မျိုး ၊ မွတ်ဆလင် ဘာသာ အတွက်ဆို တစ်မျိုး ၊

အဲလို အဓိပ္ပါယ် ဖွင့်ဆို ၊ လိုရာ ဆွဲလို့ မရဘူးလေ ။

အဲဒါ တရားမျှတမှု မှ မဟုတ်တာ ။

 

ပြတ်ပြတ်သားသား ပြောချင်ရင်လည်း ၊ ပြောထည့်လိုက်စမ်းပါ ။

ကျနော် ( လူလူချင်း တန်းတူ အခွင့်အရေးပေးတဲ့ ) ၊

လူ့ အခွင့်အရေး စံနစ် ကို မ ကြိုက်ပါဘူး လို့ ။

 

ဒါမှ မဟုတ်လည်း ၊ တစ်မျိုး ပြောင်းပြောချည် ၊

မိန်းမ ဆိုတာ လူ မဟုတ်တဲ့ အတွက် / စံ မမှီတဲ့ အတွက် ၊

လူ့ အခွင့်အရေး / တန်းတူ အခွင့်အရေး ပေးရန် မလို လို့ ။ “

 

လူ့ အခွင့်အရေး ကိုယ် သာတဲ့အပိုင်းလေးပဲ ကွက်ယူကြတော့မလို့လား ။

 

“ သံဃာမှိုင်း တိုက်ခံနေရတာ ကြာပါပြီ ။ သံဃာ ဖြစ်တိုင်း ဝေဖန်ခွင့် မရှိဘူးလို့ ဖြစ်လာရုံတင်မက ၊

အမျိုးသမီးတွေကိုပါ ဖိနှိပ်ချုပ်ချယ်လာသည်အထိ လုပ်လာတာကို ၊ အန်တီ တို့ လုံးဝ လက်မခံနိုင်ဘူး “

( ဒေါ်ရွှေဇီးကွက် )

 

ဒီလို ဥပဒေတွေသာ ပြဋ္ဌာန်းဖြစ်ခဲ့ရင် ၊ နောင်လာ နောင်သား တူ သား တွေကို ၊

အဘ တို့ ဗုဒ္ဓ ဘာသာ ဟာ တရားမျှတ မွန်မြတ်ပါတယ်လို့ ၊ ဘယ်လို ပြောနိုင်တော့မှာလည်း ။

 

အခု ကျနော် ပြောနေတာတွေ ကလည်း ၊ ကုလား ကို ကာကွယ် Lobby လုပ်နေတာ မဟုတ်ပါဘူး ။

၁ ။ မြန်မာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ကာကွယ်ပြီး ပြောပေးနေတာပါ ။

၂ ။ ကမ႓ာ့ အလည်မှာ မတရား ခွဲခြားမှု ပြုတဲ့ ဗုဒ္ဓ ဘာသာ ဆိုပြီး ၊

အရှက်ကွဲရမယ့် ဗုဒ္ဓ ဘာသာ နှင့် ဗုဒ္ဓ ဘာသာဝင် အစစ်တွေ အစား ပြောပေးနေတာပါ ။

 

မတရား တဲ့ လူသားမဆန်တဲ့ ဥပဒေတွေ ကို ဗုဒ္ဓဘာသာ ဆိုတဲ့ နာမည်ကြီးနှင့် ထုတ်လိုက်မှတော့ ၊

ကမ႓ာမှာ ၊ နူးညံ့ သိမ်မွေ့ မျှတ တယ်ဆိုပြီး  ဂုဏ် သိက္ခာ ကျော်ကြားနေတဲ့ ၊

အဘ တို့ရဲ့ ဗုဒ္ဓ ဘာသာ ဟာ အမည်းစက် စွန်းထင်းပြီး ၊ အရှက် လုံးလုံး ကွဲရပြီပေါ့ဗျာ ။

 

ရ – ၃ ။

တတိယ စဉ်းစားကြစေလိုတာက တော့ ၊

အခု ဖြစ်နေတဲ့ ပုံစံ က ၊ အယာတိုလာ ကြီး ကို ၊ မကြိုက်ဘူး မကြိုက်ဘူး ဆိုပြီး ။

အယာတိုလာ ကြီး ရဲ့ နည်းလမ်းတွေကိုပဲ ပုံတူ ကူးချပြီး လိုက်လျှောက်နေကြတယ် ။

 

ဗုဒ္ဓ နည်းကျ သွားကြပါကွယ် ။ ဗုဒ္ဓ နည်း က အယာတိုလာ ကြီး ရဲ့ နည်း ထက် မညံ့ပါဘူး ။

ဗုဒ္ဓ နည်း ကို မယုံကြတော့ဘူးလား ။ ဗုဒ္ဓ နည်း ကို အားမကိုးကြတော့ဘူးလား ။

 

ပါမောက္ခချုပ်ဆရာတော်ကြီး ဟောခဲ့တဲ့ ၊

” သူတော်ကောင်းဆိုတာ သူတော်မှ ကိုယ်ကောင်းတာ မဟုတ်ပဲ၊

သူတော်တော် မတော်တော် ကိုယ်က ကောင်းအောင် နေမှ ၊ သူတော်ကောင်းလို့ ဆိုပါတယ် “

 

အဲဒီလိုပါပဲ ၊ အယာတိုလာ ကြီး ရဲ့ နည်းတွေ မ ကြိုက် / မ တော် / မ ကောင်း ဘူး ( ထားပါတော့ ) ၊

သူ မ ကောင်းဘူး ဆိုပေမယ့် ၊ ကိုယ်က ကောင်းအောင် နေမှ ကိုယ် သူတော်ကောင်း ဖြစ်မှာလေ ။

ကိုယ် က သူ့ရဲ့ မ တော်  မ ကောင်းဘူး ဆိုတဲ့ နည်းလမ်းတွေ ကို လိုက်လုပ် နေရင်တော့ ။

 

ရ – ၄ ။

စတုထ္ထ စဉ်းစားကြစေလိုတာက တော့ ၊

အခု လဲ အသံတွေ ကြားနေရတယ် ။

အခုကိစ္စမှာ ၊ တကယ့် အစစ်အမှန် ဗုဒ္ဓ ဘာသာဝင်တွေ ကိုယ်နှိုက်က ၊

ကိုယ့်ရဲ ဗုဒ္ဓ ဘာသာ သံဃာတော်တွေကို ပြန်လှန် ဝေဖန် ဆန့်ကျင်နေကြလို့ ၊

ဗုဒ္ဓ ဘာသာ သံဃာတော်တွေ ဘက်က အံ့ဩပြီး ( အံ့ဩပြီး ) ၊
မချိတင်ကဲ ( မချိတင်ကဲ ) ဖြစ်ရတဲ့ အကြောင်း ။

 

မှန်တာပြောရရင် ၊ အဘ တို့လို လူ့အခွင့်အရေး သမားတွေဟာ ၊

ဘုန်းကြီး ဝီရသူ ရဲ့ စကားတွေကို အစကတည်းက သိပ် မ ကြိုက်လှဘူး ။

 

ဒါပေမယ့် ၊ ကိုယ်တွေကလဲ ဗုဒ္ဓ ဘာသာ ဖြစ်နေတော့ ၊

ကိုယ့် ဗုဒ္ဓ ဘာသာ အချင်းချင်း ဖိ မထောင်းချင်လို့ မကွဲချင်လို့ ရှောင်နေကြတာ ။

 

အခု စ ဖြစ်တာ က ၊ အမေစု က ဘယ်သူ့ကိုမှ လိုက်တိုက်ခိုက် မ နေပါဘူး ။

” ဒါ လူ့အခွင့်အရေး နှင့် ညီတယ် ၊ ဒါ လူ့အခွင့်အရေး နှင့် မညီဘူး ” ဒါလေးပဲပြောတာ ။

 

အဲဒါကို ၊ ဘုန်းကြီး ဝီရသူ က ၊

” ဒေါ်စု က ဘာဖြစ်တယ် ညာဖြစ်တယ် ” ” မွတ်ဒေါင်း ” ဆိုပြီး ၊

ဗလိုင်းကြီး တရားပွဲတွေမှာ လိုက်ဟောနေတာ ။

 

အခု ၊ မရှိစုမဲ့ ရှိစုမဲ့ ၊ ထေရ ဝါဒ ဗုဒ္ဓ ဘာသာဝင်တွေ မညီညွတ်ပဲ ၂ ပိုင်း ကွဲရင် ၊

အဲဒါ ၊ ဘုန်းကြီး ဝီရသူ ( သမိုင်း ရဲ့ ) တရားခံပဲ ။

 

၈ ။

ကျနော် အဓိက ထောက်ပြချင်တာ ၊ ဒုတိယ အချက်ပါ ။

 

” People converting to other religion is the reflection of failure of the Buddhist leaders. “

” ဗုဒ္ဓ ဘာသာဝင်တွေ ဘာသာပြောင်းကြတယ်ဆိုရင် ၊

အဲဒါ ဗုဒ္ဓ ဘာသာ ခေါင်းဆောင်တွေ (သံဃာ  ) ရဲ့ အားနည်းချက် ကြောင့်ပါပဲ ” တဲ့ ။

 

ကို လူ ဟား ရဲ့ ” ချစ်သော မြန်မာဗုဒ္ဓဘာသာ ဘယ်လဲ ? ” Post ထဲမှာ ရေးထားသလိုပဲ ၊

” သမိုင်းကို အစွဲမပါပဲ ပြန်ငှဲ့ကြည့်ကြပါ ဗုဒ္ဓဘာသာဟာ တိုးပွားလာတာထက်

လျှော့ပါးသွားတာကို မိတ်ဆွေတို့ ကွက်ကွက်ကွင်းကွင်း မြင်ရမှာပါ “

 

ကျနော်များရဲ့ ဗုဒ္ဓဘာသာ ( အထူးသဖြင့် ထေရဝါဒ ) ဟာ ၊

တဖြေးဖြေး ကိုးကွယ်သူ လျော့နည်းလာနေတဲ့ ဘာသာရေး တစ်ခုပါ ။

အဲဒီလို တဖြေးဖြေး ကိုးကွယ်သူ လျော့နည်းလာနေလို့လဲ ပြဿနာ ဖြစ်လာတာပါ ။

 

ဟုတ်ပြီ ၊ အဲဒါဆိုရင် အားနည်းချက် တစ်ခုခုတော့ ရှိနေပါပြီ ။

ဘုရား ၊ တရား ၊ သံဃာ ၊ ဗုဒ္ဓဘာသာဝင် ။ ဘယ်နေရာမှာ အားနည်း နေလည်း ။

 

အပေါ်မှာ ကျနော် ပြောခဲ့သလိုပါပဲ ၊

ဗုဒ္ဓ မြတ်စွာ နှင့် သူ့ တရားတော် တွေမှာတော့ အားနည်းတယ် မထင်မိပါဘူး ။

ဖြစ်ချင်းဖြစ် သံဃာ နှင့် ဗုဒ္ဓဘာသာဝင်တွေဖက်ကဘဲ အားနည်းတာ ဖြစ်ဖို့များပါတယ် ။

 

တဲ့တိုး ပြောရရင်တော့ ( ခေါင်းဆောင် ဖြစ်မှတော့ တာဝန်ခံရတော့မှာပဲ ) ၊

ဘာသာရေး ခေါင်းဆောင် ဖြစ်တဲ့ သံဃာထု ဖက်မှာ အားနည်းနေတယ်လို့ ထင်ပါတယ် ။

လွယ်လွယ် ကြည့်လိုက်ရင်ကို ၊ အောက်က ၃ ချက်က ထင်ရှားနေပါတယ် ။

 

၁ ။ မသန့်စင်နိုင်သေးလို့ အုတ်အရောရော ကျောက်အရောရော ဖြစ်နေတဲ့ သံဃာထု ။

၂ ။ အဲဒီလို မသန့်စင်နိုင်သေးလို့ ဗုဒ္ဓဘာသာဝင်ထုကြီးရဲ့ ကြည်ညိုမှု နှင့် သဒ္ဒါကို ကျစေပါတယ် ။

၃ ။ ခရစ်ယာန်တွေ ၊ မွတ်ဆလင်တွေ လို အပါတ်စဉ် နွေးထွေး စည်းလုံးတဲ့ တွေ့ဆုံမှု တွေကို ၊

မတည်ဆောက်နိုင်ပါဘူး ။

 

ဒီနေရာမှာ မရဲတရဲ အဘ ထောက်ပြချင်တာကတော့ ၊

( အဘ ရဲ့ ပုဂ္ဂလိက အမြင်ပါ ၊ ကွဲလွဲနိုင်ပါတယ် )

 

( ကိုယ့်ရဲ့ ) ကိုးကွယ်ရာ ဘာသာတရား တစ်ခုကို ၊

သက်ဝင်ယုံကြည်သူတွေ / ခေါင်းဆောင်တွေ ရဲ့အားနည်းချက် ကြောင့် မှေးမှိန်လာတာကို ၊

သူများတွေကို လက်ညိုးထိုး တရားခံ ရှာမနေပါနှင့်တော့ ။

 

သူများကိုပဲ အပြစ်တင်နေမယ့် အစား ၊ အချင်းချင်းလဲ သွေးကွဲစေမယ့် အစား ၊

၁ ။ ကိုယ့် ဗုဒ္ဓဘာသာဝင် အားလုံး ကို ၊ အရင် စည်းလုံး နွေးထွေးအောင် လုပ်ပြီး ၊

၂ ။ ဗုဒ္ဓဘာသာဝင် တစ်ဦးချင်းစီရဲ့ နှလုံးသားမှာ ဘုရား ခိုင်ခိုင်မာမာ တည်နိုင်အောင် ၊

အရင် ဦးစားပေး လုပ်စေချင်ပါတယ် ။

 

တော်သေးပြီ ။

 

မြို့ မေတ္တာ အပြည့်အဝ ခံယူမယ့် ၊

 

အဘ ဖေါ ( F R ) ။

 

အပို အနေနှင့် ကုလ သမဂ္ဂ လူ့အခွင့်အရေး ကြေငြာစာတမ်း လေး ဖြည့်ပေးလိုက်တယ် ။

 

The Universal Declaration of Human Rights

 

Article 16.

 

(1) Men and women of full age, without any limitation due to

race, nationality or religion, have the right to marry and to found a family.

They are entitled to equal rights as to marriage, during marriage and at its dissolution.

(2) Marriage shall be entered into only with the free

and full consent of the intending spouses.

(3) The family is the natural and fundamental group unit of society and

is entitled to protection by society and the State.

ကုလ သမဂ္ဂ လူ့အခွင့်အရေး ကြေငြာစာတမ်း ။ အပိုဒ် ၁၆ ။

 

( ၁ ) အရွယ်ရောက်ပြီးသော ယောက်ျားနှင့် မိန်းမတို့တွင် လူမျိုးကိုသော်၎င်း၊

နိုင်ငံသားအဖြစ်ကိုသော်၎င်း၊ ကိုးကွယ်သည့်ဘာသာကိုသော်၎င်း၊ အကြောင်းပြု၍

ချုပ်ချယ်ကန့်သတ်ခြင်းမရှိဘဲ ၊ ထိမ်းမြားနိုင်ခွင့်နှင့် မိသားစု ထူထောင်နိုင်ခွင့်ရှိသည်။

အဆိုပါ ယောက်ျားနှင့် မိန်းမတို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ် အချိန်အတွင်း၌သော်၎င်း၊

အိမ်ထောင်ကိုဖျက်သိမ်း၍ ကွာရှင်းကြသည့်အခါ၌၎င်း၊

လက်ထပ် ပေါင်းသင်း အိမ်ထောင်ပြုခြင်းနှင့်စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိထိုက်သည်။

 

( ၂ ) သတို့သားနှင့် သတို့သမီး နှစ်ဦးနှစ်ဘက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှသာလျှင် ထိမ်းမြားခြင်းကို ပြုရမည်။

 

( ၃ ) မိသားစုတစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တစ်ရပ်ဖြစ်သည်။

ထိုမိသားစုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။

 

Article 18.

 

Everyone has the right to freedom of thought, conscience and religion; this right includes freedom to change his religion or belief, and freedom, either alone or in community with others and in public or private, to manifest his religion or belief in teaching, practice, worship and observance.

 

ကုလ သမဂ္ဂ လူ့အခွင့်အရေး ကြေငြာစာတမ်း ။ အပိုဒ် ၁၈ ။

 

လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့်နှင့်

လွတ်လပ်စွာ သက်ဝင် ကိုးကွယ်နိုင်ခွင့် ရှိသည်။

 

အဆိုပါအခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည်ချက်ကို

လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့် ပါဝင်သည့်အပြင် မိမိတစ်ယောက်ချင်းဖြစ်စေ ၊

အခြားသူများနှင့် စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများ ရှေ့မှောက်တွင်သော်၎င်း၊ ရှေ့မှောက်တွင် မဟုတ်ဘဲသော်၎င်း၊

မိမိ ကိုးကွယ်သော ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည်ချက်ကို ၊

လွတ်လပ်စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ဝတ်ပြု ကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်တို့လည်း ပါဝင်သည်။

 

http://www.un.org/en/documents/udhr/

 

123 comments

  • မင်းမင်း

    June 22, 2013 at 10:22 am

    အင် ၊ ကိုရင်တို့ မြန်မာ နိုင်ငံသားတွေ ပဲ ၊

    ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု ကို ၊

    လိုချင်တယ်ဆို ၊ အလေးထားတယ်ဆို ၊ လိုက်နာချင်တယ်ဆို ။

    ကိုရင် တို့က ၊ ကိုယ် သာ တဲ့ ဟာတွေကိုတော့ ယူချင်ပြီး ၊

    ကိုယ် နာ မယ့်ဟာတွေကိုတော့ မလိုချင်ကြဘူးပေါ့ ။

    ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု ကို ၊

    ယောက်ျားလေး အတွက်ဆို တစ်မျိုး ၊ မိန်းကလေး အတွက်ဆို တစ်မျိုး ၊

    မြန်မာ အတွက်ဆို တစ်မျိုး ၊ ဘင်္ဂါလီ အတွက်ဆို တစ်မျိုး ၊

    ဗုဒ္ဓ ဘာသာ အတွက်ဆို တစ်မျိုး ၊ မွတ်ဆလင် ဘာသာ အတွက်ဆို တစ်မျိုး ၊

    အဲလို အဓိပ္ပါယ် ဖွင့်ဆို ၊ လိုရာ ဆွဲလို့ မရဘူးလေ ။

    အဲဒါ တရားမျှတမှု မှ မဟုတ်တာ ။

    ပြတ်ပြတ်သားသား ပြောချင်ရင်လည်း ၊ ပြောထည့်လိုက်စမ်းပါ ။

    ကျနော် ( လူလူချင်း တန်းတူ အခွင့်အရေးပေးတဲ့ ) ၊

    လူ့ အခွင့်အရေး စံနစ် ကို မ ကြိုက်ပါဘူး လို့ ။

    အဘရဲ့ ဒီစကားလေးမရှင်းလို့ပါ။ဥပဒေ ကိုတန်းတူထုတ်
    ရမှာလား။လိုအပ်တဲ့ဒေသ သို့ ပြည်နယ်/တိုင်းမှာ
    တမျိုး လိုအပ်သလိုထုတ်လို့မရဘူးလား? us မှာလည်း
    ပြည်နယ်တခုနဲ့တခုဥပဒေပြဌန်းတာမတူဘူးလားလို့ပါ။
    ဒီမိုကရေစီအပျံသင်စ နိုင်ငံလေးမှာဒီလောက်တော့ဖြစ်သင့်တာ
    ပဲမဟုတ်လားအဘရယ်။us ဖြတ်သန်းလာခဲ့တဲ့ ဒီမိုကရေစီ
    ခရီးကချောမွေ့မနေလောက်ပါဘူးထင်ပါတယ်အဘ။
    ရှင်းပြပေးစေချင်ပါတယ်။

    • Foreign Resident

      June 22, 2013 at 12:16 pm

      မင်းမင်း ရေ ။

      အမေရိက မှာ ပြည်နယ်အလိုက် ဥပဒေ ပြဋ္ဌာန်းခွင့်တွေ ရှိပါတယ် ။
      ဒါပေမယ့် ပြည်နယ်အလိုက် ပြဋ္ဌာန်းတဲ့ ဥပဒေ တွေဟာ ၊
      Federal ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် ဆန့်ကျင်လို့ မရပါဘူး ။

      Federal ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိုယ်နှိုက်ကလည်း ၊
      လူ့အခွင့်အရေးကို အာမခံချက်ပေးထားပြီးသား ဆိုတော့ ။
      လူ့အခွင့်အရေးကို ဆန့်ကျင်တဲ့ ဘယ် ဥပဒေမှ ထွက်မလာနိုင်တော့ပါဘူး ။

    • Foreign Resident

      June 22, 2013 at 12:27 pm

      ” ဒီမိုကရေစီ အပျံသင်စ နိုင်ငံလေးမှာ
      ဒီလောက်တော့ဖြစ်သင့်တာပဲ မဟုတ်လား အဘရယ်။ ”

      မင်းမင်း ရဲ့ ။
      သူများကို မတရားလုပ်တာကို အားပေးအားမြောက်လုပ်မိရင် ။
      ၁ ။ ဗုဒ္ဓ ဘာသာ အလိုအရ ဝဋ်လည် / ငရဲကြီးလိမ့်မယ် ။
      ၂ ။ ကိုယ့်ဖက်က ပြန်ခံရတဲ့အခါ ပြောစရာ စကားမရှိ ဖြစ်လိမ့်မယ် ။
      ( မလေးရှား ဥပမာ ကိုပြန်စဉ်းစားကြည့်လေ )

  • marga thagyar

    June 22, 2013 at 11:13 am

    လူတိုင်း ကိုယ်ယုံကြည်ရာ ပြောလို့ ့ရပါတယ်၊ ပြောလို့ရတယ်ဆိုပေမဲ ့ ဘုရားဟောခဲ့တဲ့ စကား(၆)ခွန်းထဲက (၂့) ခွန်းသာပြောကောင်းတယ်ဆိုတဲ့အဆုံးအမအတိုင်းသာပြောရင် အကျျိးရှိမှာမလွဲဘူး၊ ခက်နေတာက နေရာတကာ ပေတံ(အဲဒီပေတံက ဘယ်လောက်ရှည်မှန်းလဲမသိဘူး၊)ကြီးနှစ်ခုနဲ့ ့တိုင်း. တိုင်းနေတာတော်ဂွကျတယ်၊ပြောရရင်. ပေတံ dignity ကျတယ်၊ဒီ နေ့ ့ ုနိုင်ငံရေးလုပ်နေတယ်လု့ိပြောတဲ့လူအချျိ့ ့ ့ ရေလဲနဲ ့သုံးနေတာကြားရတယ်၊ အဲဒီ ပေတံကဘာလဲဆိုတော့. “လူ့ ့အခွင့်အရေး” တဲ့၊ “နိုင်ငံတကာစံနှန်း” တဲ့၊လေနဲနဲ့ လျှော့ပြီး. တကယ်လုပ်ပြဘု့ိ ့တော့လိုပြီထင်တယ်၊ ရှင်း ရှင်းပြောရရင် သူတု့ိပြောနေတဲ့ စကားတွေကို နိုင်ငံရေးလေ့လာသူတိုင်းပြောတတ်တယ်၊ခက်တာက အောင်မြင်အောင် လုပ်ဖု့ိဘဲခက်တာ.

  • မင်းမင်း

    June 22, 2013 at 11:56 am

    မြန်မာနိုင်ငံသားများအတွက်
    မျိုးစောင့်ဥပဒေလိုအပ်ပါသည်။
    လိုအပ်သောအခြေအနေဖြစ်၍
    လိုအပ်ခြင်းဖြစ်ပါသည်။
    သို့သော်တရားမျှတမူ့ဖြင့်တည်ဆောက်
    ထားသောဥပဒေတော့ဖြစ်ဖို့လိုပါသည်။
    နိုင်ငံတကာစံများကို လေ့လာနိုင်ပါသည်။
    သို့သော်
    copy/past ဆိုလျှင်တော့
    ဤ gazette ၌ပင် point မပေးပါဟု
    ထင်ပါသည်။

    • ရွှေ ကြည်

      June 26, 2013 at 7:01 pm

      ကိုမင်းမင်းရေ ရွှေကြည့်ခံယူချက်ကို ဖေ့ဘွတ်မှာရေးဖူးတယ် ပြန်ကူးပြီးမန့်မယ်

      ……………………………………………………………………………..
      ရုံးမှာ ခေါင်းနောက်လို့ဆိုပြီး အပျင်းပြေဖဘလေးတက်လိုက်ပါတယ် လျှာရှည်တော်မူပြီး ကွန်မန့်တွေဖတ်လိုက်မိတော့ စိတ်ထဲ ကျလိ ကျလိ ဖြစ်လာလို့
      မေးပါရစေဦး တနိုင်ငံလုံးခေါင်းမူးခြုံဖြစ်သွားမယ်လို့ပြောတဲ့သူတွေကို
      ရှင်တို့မိန်းမ ယူတော့ ခေါင်းမူးခြုံကိုယူမှာမို့လို့လား..။
      မယူဘူးဆိုရင် ရှင်တို့ယူမယ့် မိန်းမတွေက ဗုဒ္ဓဘာသာပဲဖြစ်မယ်မို့လား။
      ဒါဆို တနိုင်ငံလုံးခေါင်းမူးခြုံမဖြစ်နိုင်တော့..။
      နောက် အမျိုးကို မင်းတို့မိန်းမတွေပဲဖျက်နေတယ် ဆိုတဲ့သူတွေ
      ရှင်တို့ကျားပမာဏ ဟာ လည်းအရည်အတွက်နဲ့တွက်ရင် မနည်းလေက်ပေဘူး
      ဒီတော့ကာ ရှင်တို့အကုန်သာမိန်းမ ယူကြ ယူသမျှလည်း မြန်မာ ဗုဒ္ဓဘာသာပဲယူကြမယ်ဆိုရင်အမျိုးမပျောက်ပါဘူး။

      နောက် အမျိုးဖျက်မဆိုပြီးဆဲစရာတွေ့လို့ ဆဲကြရင်လည်းနားလည်ပေးပါတယ်။
      ဪသူတို့ကဆဲချင်အောင်လုပ်တာကိုးဆိုပြီးတော့ နားလည်တယ်။
      ဒါပေမယ့် အဲ့လိုမိန်းကလေးတွေနဲ့ နှိုင်းပြီးအပြောခံရရင် ရင်ထဲကနင့်နေအောင်နာတယ်။
      အကြောင်းကြောင့်အကျိုးဖြစ်တာမို့ အပြစ်မပြောဘူးသည်းခံတယ်။
      ဒါပေမယ့်ကျန်တဲ့မိန်းကလေးတွေထဲမှာလည်း အမျိုးဘာသာကိုတန်ဖိုးထားသူတွေရှိနေသေးတယ်ဆိုတာလေးလည်း သတိပြုပေးစေချင်တယ် နားလည်ပေးစေချင်တယ်။

      နောက် အခုဥပဒေကြီးကို လက်ခံတယ် လက်မခံဘူး
      ဒါကိုယ့်သဘောနဲ့ကိုယ်ပဲ လက်ခံတဲ့သူကိုလည်းအပြစ်မပြောဘူး။
      ဒါသူ့ခံယူချက် သူ့အမျိုးသားရေးစိတ်ဓါတ်
      ဒါပေမယ့်လက်မခံတဲ့မိန်းမတွေက ……မယားတွေဆိုတော့ကာာာာာာာာ
      ယောက်ျားလေးသာဖြစ်ရင် ……..ပဲလို့ဆဲလိုက်ချင်တယ်။
      ဒါဆို ပြောင်းပြန် ပြန်ကပ်ပြောကြေးဆို
      လက်မခံတဲ့သူတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလို့ လက်မခံတာ
      လက်ခံတဲ့သူတွေက ဒီဥပဒေသာမရှိရင် ယူချင်ယူမိနိုင်တယ်ဆိုပြီးကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိလို့ လို့ ပြောလိုက်ချင်တယ်
      (ဒါက သဘောကိုပြောပြတာပါ)
      လက်ခံခြင်း လက်မခံခြင်းဟာလွတ်လပ်ခွင့်ပါ။
      အုပ်ချုပ်မယ့်အစိုးရကိုတောင် ကိုယ်ကြိုက်ရာကိုယ်မဲပေးခွင့်ရှိသေးတာပဲ
      ဒါဟာလည်းလွတ်လပ်ခွင့်ပါပဲ။
      ဟုတ်ကဲ့ ကျွန်မအတွက်ဆိုရင်တော့ ဥပဒေမလိုပါ လိုတယ်ထင်လို့အများသဘောနဲ့
      လိုတယ်ဆိုလည်း ကန့်ကွက်ရန်မရှိပါ။
      …………………………………………………………..

      နောက်ပြောချင်တာက အမျိုးပျောက်တယ် ဘာသာပျောက်တယ်ဆိုတာ အသိဉာဏ်နည်းတဲ့သူတွေများလာလို့ပဲ လို့ခံယူတယ်။ တန်ရာတန်ရာကို ရကြတာပါပဲ။
      ဒါကလည်း ဆုတ်ကပ်လို့ပြောရမလား မပြောတတ် အခု ပို့စ်မှာ အဘ နဲ့အားလုံးထပ်တူကျပါတယ်
      လူ့အခွင်းအရေးကြော်ငြာ စာတမ်းတွေဘာတွေ တော့မသိဘူး ရွှေကြည်ကတော့ အားလုံးကိုကိုယ်ချင်းစာတရားရယ် လောကရဲ့အမှန်တရားတွေရယ်တွေနဲ့သုံးသပ်တယ်။
      ဘယ်သူ ဘယ်ဘာသာ ကောင်းတယ်မကောင်းဘူးဆိုတာထက် တဦင်္းချင်းစီရဲ့စိတ်ထားကိုပဲကြည့်တယ်
      ကုလားတွေမျိုးဖြုတ်မယ်ဆိုပြီးတော့ စိတ်ရင်းကောင်းတဲ့ ကုလားတယောက်ကိုသတ်မယ်ဆိုရင်တော့(ကုလားမှမဟုတ်) ရွှေကြည်ကဝင်ပါမိမှာပဲ မတရားဘူးမြင်မှာပဲ။
      နောက် ဒုက္ခရောက်ရင် ရဲစခန်းမသွားပဲ ဘုန်းတော်ကြီးဆီပြေးကြတဲ့ ဘာသာခြားယူမိတဲ့ သူတွေကြောင့်
      ဒီလိုမျိုးတွေစတယ်ထင်တာပဲ ဒါဟာ ကိုယ့်နိုင်ငံရဲ့ တရားစီရင်ရေးညံ့ဖျင်းလို့အယုံအကြည်မရှိကြလို့ လို့မြင်တယ် ဒါကြောင့်တရားဥပဒေစိုးမိုးရေးကို အမြဲပြောနေတဲ့ အန်တီစုကိုလုံးဝထောက်ခံတယ်။

  • မင်းမင်း

    June 22, 2013 at 1:05 pm

    မတရားလုပ်တာကိုအားပေးအားမြှောက်လုပ်တာ
    မဟုတ်ရပါဘူးအဘရယ်။
    မတရားလုပ်တဲ့လုပ်ရပ်တွေ ထက်မဖြစ်အောင်လုပ်နေကြ
    တာပါ။
    မြစ်ကူးတံတားဆောက်ရင်အကျိုးဖြစ်ထွန်းတဲ့အရာထက်
    အကျိုးထိခိုက်တာကနည်းတယ်မဟုတ်လားအဘရေ။
    ဒီလိုပဲ ဥပဒေတခု တည်ဆောက်တဲ့အခါ မှာလည်း
    ထိုနည်းတော့ဖြစ်မယ်ထင်ပါတယ်။
    ရဟန်းတွေနိုင်ငံအရေးမှာမပါသင့်ဘူးဆိုတာလက်ခံပေမဲ့
    လိုအပ်လို့ပါရတာတွေရဲ့ အကျိုးကျေးဇူးများပါတယ်။
    ၁၉၈၈ ကစလို့ပေါ့အဘရေ။
    ဘာသာရေးအရ ဝဋ်လည်မယ်ဆိုတာလက်ခံပေမဲ့
    ဝဋ်လည်မှာကြောက်နေရင် လူထွက် ရဟန်းဝတ်
    ရဟန်းများရောအားလုံးတစုတဝေးကြီးတောထွက်ရမလို
    ဖြစ်နေမယ်အဘရေ။
    လောကီစိတ်မကုန်သရွေ့ လောကီအရေးမှာပါရင်တော့
    အကျိုးအပြစ်တွေတော့လက်ခံရမှာပဲအဘရေ။
    ဒီအရေးမှာဒီလိုအခြေရောက်တာကတော့
    ဒီမိုကရေစီ အစိုးရဆိုပြီး အုပ်ချုပ်နေသူများရဲ့
    စောင့်ကြည့် ထိန်းသိမ်းမူ့ မူ့တွေ အားနည်း
    လို့ဖြစ်လာရတာလို့ကျနော်ကတော့သုံးသပ်မိပါတယ်။
    us မှာလည်းတောင်ပိုင်း မြောက်ပိုင်းကွဲသေးတာပဲ
    မဟုတ်လားအဘရေ။ ပြီးတော့ uk မှာဘုရင်မကြီးလည်း
    ရှိသေးတယ်အဘရဲ ့။ မြန်မာဆိုတော့လည်း မြန်မာလ္ဘက်ရည်
    ကိုကြိုက်ရတာပဲအဘရေ။ royal myanmar teamix
    တော့မဟုတ်ဘူးအဘရေ။ချက်နို့ဆီနဲ့ဖျော်တဲ့လ္ဘက်ရည်ပါ။
    ဒါပေမဲ့ ကန့်ကွက်တဲ့သူတွေအားလုံးကိုတော့တခုပြောပါရစေ။
    လေးစားပါတယ်လို့။ ဘာလို့လေးစားလဲဆိုရင် ထောက်ပြ ဆင်ချင်မျော်မြင်မူ့တွေနဲ့ ကန့်ကွက်လို့။
    ထောက်ခံတဲ့သူတွေရှိရင်လည်း ပြောပေးပါအဘ။
    ခေါင်းဆောင်မူ့တွေရှားပါးတဲ့အချိန်မှာဦးဆောင်ပြီး အမုန်းခံပြီး
    အနာခံပြီးဦးဆောင်သူကိုထောက်ခံပေးလို့။
    ဘာပဲပြောပြောဒီကောင်းခြင်း မကောင်းခြင်းတွေကို ခံစားရမှာက
    မြန်မာပြည်ထဲကပြည်သူတွေဆိုတာပါပဲ။

    တခါတလေအတိုက်ခံလုပ်ချင်လို့ပါအဘရယ်။

    ကြုံလို့ အရီးခင်လတ်ကို ပြောပါရစေ။
    ကမ္ဘာမှာ ကိုးကွယ်မူ့ဘာသာဝင်အများဆုံးက ခရစ်ယာန်တွေ။
    အဲ ဒုတိယအများဆုံးက
    မွတ်စ်တွေမဟုတ်ဘူးခဗျ။
    အရီးပြောခဲ့တဲ့ ဘုရားမဲ့ ဝါဒီတွေ ခဗျ။
    အရီးအဲဒီဘက်တော့ရောက်မသွားစေချင်ပါဘူး။
    အရီးကိုခင်မိလို့ပါ။

    • အရီးခင်လတ်

      June 23, 2013 at 5:22 am

      Thanks Min Min for your kind word. 😛

      Here are the facts…..
      World religions by percentage, according to The World Factbook
      Christians (33.32%)
      Muslims (21.01%)
      Hindus (13.26%)
      Buddhists (5.84%)
      Non-religious (14.09%)
      Other (12.48%)
      https://en.wikipedia.org/wiki/Major_religious_groups

  • Mr. MarGa

    June 22, 2013 at 1:18 pm

    ပို့စ် တင်ကတည်းက စောင့်ဖတ်နေခဲ့တယ်
    ဘယ်သူတွေ ဘယ်လိုဆွေးနွေးကြမလဲ သိချင်လို့
    ကိုယ်တိုင်လဲ အဲဒီလောက် ပြောနိုင်မယ် မထင်လို့
    ပို့စ် တင်ပြီး နောက်ပိုင်းမှာ ကျွန်တော်တို့တွေ သတိပြုစရာ ကိစ္စတွေ ထပ်ဖြစ်လာတော့
    ဒီပို့စ်က ပိုလို့ အရှိန် ကောင်းလာသပေါ့။
    လက်ရှိ အချိန်မှာ ပြောချင်မိတာ၊ တွေးမိတာ ကတော့
    အရီးလတ် ပြောသလို
    Burmese Bin Laden ဆိုတာကို သုံးသလား မသုံးဘူးလား ဆိုတာကို တစ်ချက်တွေးမိတယ်။
    နောက်
    သူရေးထားတဲ့ ပုံစံအရ မိတ္ထီလာ အရေးအခင်းကနေ စပြီး လေ့လာသုံးသပ်ထားတာ တွေ့တယ်။
    ဒီ ဆောင်းပါးရှင်ဟာ
    ပြဿနာရဲ့ အစကို သေသေချာချာရေရေရာရာ လေ့လာခဲ့ရဲ့လား……….ဆိုတာ တစ်ချက် ပြန်တွေးမိတယ်။
    လောလောဆယ်မှာတော့ ဘာသာရေးကို ဒီလောက် ခုတုံး လုပ်ထားတာ နောက်က အကြောင်းရင်းတစ်ခု ရှိနေဦးမယ်လို့ မြင်နေပါတယ်။
    လောလောဆယ်မှာတော့ ဆက်ဆွေးနွေးချက်တွေကို ဖတ်ချင်ပါသေးသဗျ

  • ကိုရင်စည်သူ

    June 22, 2013 at 3:29 pm

    မွတ်ဆလင်တိုင်းသည် အကြမ်းဖက်သမားမဟုတ်ကြ- အကြမ်းဖက်သမားတိုင်းသည် မွတ်ဆလင်ဖြစ်ကြသည်-

    ဆိုတဲ့စကား.. ခေတ်စားတယ်..။

    အဲ့ဒီတော့..

    ကျွန်တော်တို့ ဘေးအိမ်က
    ကျွန်တော်တို့ ရပ်ကွက်ထဲက
    ကျွန်တော်တို့ မြို့က
    ကျွန်တော်တို့ ကျောင်းနေဖက်
    ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်
    ကျွန်တော်တို့ မိတ်ဆွေ
    ကျွန်တော်တို့မိတ်ဆွေရဲ ့ မိတ်ဆွေ… မြန်မာမွတ်ဆလင်တွေကို.. ကျွန်တော်တို့ မုန်းတီးရတော့မှာလား?? အကြမ်းဖက်သမားလို့ သတ်မှတ်ရတော့မှာလား ???

    သူတို့ကို ဘယ်လို သဘောထားရမှာလဲ?? ဘယ်လိုသဘောထားတာက အမှန်ကန်ဆုံး ဖြစ်မလဲ???

    အကြမ်းဖက်သမားတိုင်းကို မုန်းတီးကြရမယ်..။ ဒါ.. လက်ခံတယ်။

    ဒါပေမယ့်.. ”မွတ်ဆလင်တိုင်းသည် အကြမ်းဖက်သမား မဟုတ်ကြ” ဘူးလေ..။

    ဒါဆိုရင် မွတ်ဆလင်တိုင်းကို မုန်းတီးဖို့ မလိုဘူးဆိုတာ.. ပေါ်လွင်ထင်ရှားနေတာပဲ..။

    ဒါကြောင့် ကျွန်တော်ကတော့ အကြမ်းဖက်တဲ့ မွတ်ဆလင်တွေကို မုန်းတီးပေမယ့်.. အကြမ်းမဖက်တဲ့ မွတ်ဆလင်တွေကို မမုန်းပါ..။

    ထိုနည်းတူ.. ဘယ်ဘာသာဝင်ဖြစ်ဖြစ်.. အကြမ်းဖက်ဖက်-မဖက်ဖက်.. စိတ်ဓါတ်ရေးရာ ကောက်ကျစ်ယုတ်မာသူ- လိမ်လည်လှည့်ဖျား ဂုံးချောသူ- မနာလိုဝန်တိုအားကြီးသူ- အနိုင့်အထက် ညှင်းပန်းနှိပ်စက်သူ- အတ္တကြီးသူ-
    အစစ လူပီသမှု ချို ့ယွင်းသူများကို အကြမ်းဖက်သမား ရွံသလို ရွံပါတယ်။

    • kai

      June 23, 2013 at 2:14 am

      မွတ်ဆလင်တိုင်းသည် အကြမ်းဖက်သမားမဟုတ်ကြ- အကြမ်းဖက်သမားတိုင်းသည် မွတ်ဆလင်ဖြစ်ကြသည်-

      ဆိုတာကိုက အကြီးအကျယ်မှားနေသဗျ…
      အဲဒါကို ပါ့ဗလစ်ထုတ်တဲ့သူက အကြမ်းဖက်သမားသာလျှင်ဖြစ်လိမ့်မယ်../
      အကြမ်းဖက်သမားများရဲ့.. ၉၄ရာခိုင်နှုန်းဟာ မွတ်ဆလင်များမဟုတ်ပါ..။
      သေချာချင်ရင်.. ဝေးဝေးမကြည့်နဲ့…. မြန်မာပြည်မှာပဲကြည့်…။ :mrgreen:

      အောက်မှာ အက်ဖ်ဘီအိုင်ဇယားကြည့်… တိတိကျကျလုပ်ပေးထားတယ်..
      ဆိုတော့…

      According to this data, there were more Jewish acts of terrorism within the United States than Islamic (7% vs 6%). These radical Jews committed acts of terrorism in the name of their religion. These were not terrorists who happened to be Jews; rather, they were extremist Jews who committed acts of terrorism based on their religious passions, just like Al-Qaeda and company.
      http://www.washingtonsblog.com/2013/05/muslims-only-carried-out-2-5-percent-of-terrorist-attacks-on-u-s-soil-between-1970-and-2012.html
      ==
      All Terrorists are Muslims…Except the 94% that Aren’t | loonwatch.com
      http://www.loonwatch.com/2010/01/not-all-terrorists-are-muslims/‎
      Jan 20, 2010 – According to the official FBI database, only 6% of terrorist attacks on U.S. soil from 1980 to 2005 can be attributed to Muslims. This compared to …
      ==
      အကြမ်းဖက်သမားအကြောင်းရေးတာ.. ပြောတာ.. ဆွေးနွေးတာမှာ မွတ်ဆလင်လို့ကို.. အမည်ထည့်ရန်မလိုပါ..။ အစွန်းရောက်ဆိုတာထည့်ပြော/ရေးရပါမယ်..။
      မွတ်ဆလင်လို့ထည့်ထည့်ပြောရင်ကို..discrimination, hate speech ဖြစ်နေပါကြောင်း…။

  • အရီးခင်လတ်

    June 23, 2013 at 5:16 am

    Time Magazine story article “The Face of Buddhist Terror” ကို Facebook ထဲမှာ ဘာသာပြန်ကြတာတွေထဲ – တစ်ယောက်ပြန်ထားတာ က မူရင်း ကနေပြီး လွဲ လို့ လိုရာ ဆွဲ ပြော နေသလို ဖြစ်နေတယ် လို့ သတင်းရထားပါတယ်။
    လူ တွေ ကို ဖွ ပေးနေသလို ပုံစံပါ။
    မူရင်း ရှိသော်လည်း Copy Right ကြောင့် မတင်ရဲ။
    ဘယ်လို နည်း နဲ့ ဖော်ပြပေး လို့ ရတယ် မသိ။

    • kai

      June 23, 2013 at 5:59 am

      မူရင်းကို.. ညွှန်းရေးပြီး.. ဘာသာပြန်လို့ရပါတယ်..။
      မူရင်းစာကို.. RSS မှာတက်တဲ့အတိုင်း.. ခေါင်းစဉ်ရယ်.. ထိပ်ပိုင်းစာတပိုဒ်လောက်ရယ်ညွှန်းလို့ရပါတယ်.. အရီးလတ်ရေ့..

      • အရီးခင်လတ်

        June 23, 2013 at 1:32 pm

        ဒီ အကြောင်း ကို ဘာသာပြန်တွေ ရှိပြီး နေပြီ သူကြီးရေ။
        Facebook ပေါ်မှာ အတော်ပြန့် နေပြီးလို့ လူတိုင်းဖတ်ပြီးလောက်ပါပြီ။
        ဒီ စာကို ဖတ်ပြီးကိုယ့်ကြည့် တဲ့ မျက်မှန် အရောင်ပေါ် မူတည်ပြီး အမြင် ကွဲမှာပါ။
        ဒါကြောင့် အင်္ဂလိပ်လို မူရင်း ကို ဖတ်စေလိုတာပါ။
        ကျွန်မ တို့ ကတော့ စာရေးသူက အာရှမှာ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာ နဲ့ အစ္စလာမ်ဘာသာ ပဋိပက္ခတွေ ကို ကိုယ်တိုင်သွား လေ့လာပြီး သူ့အမြင်ကို ခြုံ ရေးထားတာ ထင်ပါတယ်။
        မျက်နှာဖုံး ကတော့ လောလောဆယ် ကမ္ဘာက သတိပြုမိနေတဲ့ ဒီမိုကရေစီ ကူးပြောင်းဖို့ အားယူနေတဲ့ နိုင်ငံ ကသူ ကို သုံးလိုက်တာလို့ ဘဲ မြင်ပါတယ်။
        ဒီအချိန် မှာ ဦးဝီသူရ ပြောခဲ့တယ် ဆိုတဲ့ “မြန်မာဘင်လာဒန်” စကား လုံးဝ ပျောက်နေတယ်။
        ဖျောက်ထားတယ်။
        အဲဒါကို သူတကယ် ပြောခဲ့လား။ မပြောခဲ့ဘူးလား။
        Time ကို အပြစ်မတင်ခင် အရင်ပြောခဲ့တဲ့ ဦးဝီရသူ ရဲ့ ဟောပြောချက် တွေကို အရင် ပြန်စမ်းစစ် ဖို့ ကောင်းပါတယ်
        ပြောခဲ့ရင်တော့ Time ကို သွားပြီး အပြစ်တင်လို့မရပါ။
        တစ်ခြား နိုင်ငံ က ဘယ် ဗုဒ္ဓဘာသာ ဘုန်းကြီး ကမှ မပြောတာ သူပြောတာဘဲ။
        ဒါကြောင့် မျက်နှာဖုံး တင်တာဘဲ။

        နောက် တစ်ချက် က “eleven media” လို ကမ္ဘာ့အဆင့်အတန်းမှီ ဖြစ်ရမဲ့ မီဒီယာ က ထွက်လာတဲ့ စကားတွေ၊ ဆောင်းပါးတွေ ကို တကယ်ဘဲ အံ့ဩမိတယ်။
        အတော်လေးစိတ်မကောင်း စရာဘဲ။

        ကိုယ်ထင်သလို လိုရာတွေး ရမ်းပြီး အတွေးထုတ်ရရင်တော့ …
        မယုံနိုင်စရာဘဲ။
        တစ်ခါတစ်ခါ ကစားကွက် တွေ က ကြောက်စရာဘဲ။
        အဓိက ရိုးသားမှုမရှိဘဲ နောက်ကွယ် ကဝှက်ဖဲ တွေ ကိုပေါ့။
        နိုင်ငံရေးက ဒီလိုဘဲ ဆိုရင်တော့လဲ ဒီလိုပေါ့။
        လောလောဆယ် မတော့ ကျွန်မ အမြင်မှာ “eleven media” ဟာ သူ့ မီဒီယာ အလုပ် ကို ကောင်းကောင်းမလုပ်တဲ့ အဖွဲ့အစည်း ပါဘဲ။
        ဒီမိုကရေစီ အကြောင်း တကယ်ဘဲ နားလည် ရင်၊ ပြည်သူတွေ ကို စေတနာ နဲ့ လမ်းမှန်ရောက်စေချင် ရင် အမှန် ကို မြင်နိုင် တဲ့ အစွန်းလွတ် စာ ကို ချပြသင့်တယ်။
        မဟုတ်ဘဲ ဟိုလိုလို ဒီလိုလို ရေးပြ တာက ပြည်သူတွေ ကို ထင်ရောင် ထင်မှား နဲ့ အင်မတန် အန္တရာယ်ကြီးတယ်။
        ဒါဟာ ဒီမိုကရေစီ လမ်းကြောင်းကို အားပေးရမဲ့ အချိန် မှန်ကန် တဲ့ မီဒီ ယာ မဟုတ် ဘဲ လုပ်စားမီဒီယာဖြစ်နေပြီ။
        ဒီကနေ ဘဲ ကျွန်မတို့ တိုင်းပြည် အတွက် တကယ်ဘဲ စိတ်မကောင်း ဖြစ်သွားတယ်။
        စေတနာ ဆိုတာထက် ငါ အတွက် အကျိုး အတ္တတွေ နဲ့ လူတွေ ရဲ့ ကစားကွက် တွေ ထဲ မှာ နလန်ထူနိုင်ပါတော့ မလားလို့။
        😥

        မနေ့ည က ဆောင်းပါးတစ်ခု ကို ကျွန်မ အစာမကြေသလို အစာမကြေ သူရှိလာလို့ ထောက်ပြလာပါတယ်။
        အဲတာ ကိုလဲ အဲဒီရေးသူက ပြန်ရှင်းထားတယ်။
        ကျွန်မလဲ မနေနိုင်လို့ ဝင်အာချောင် ထားတာလေး ပူးတွဲထည့်လိုက်ပါတယ်။

        —————————————————
        အဲဒီ ဆောင်းပါး ရဲ့ အစ
        “His face as still and serene as a statue’s, the Buddhist monk who has taken the title “the Burmese bin Laden” begins his sermon.”
        “မြန်မာ ဘင်လာဒန်” ဆိုတာ ဦးဝီရသူ က တကယ်ဘဲ Title ယူခဲ့တာ ဆိုရင်တော့ အကြောင်းကြောင့် အကျိုး ဖြစ်လာတာပါ။

        ဒီလို အပြောင်းအလဲကာလ မှာ မြန်မာပြည်သူ/သား တွေကြား ပိုပြီး အမုန်းပွါး စေမဲ့ လိုရာတွေး အချက်တွေ ထက်
        ကျိုးကြောင်းမှန်ကန် အောင် ဆက်စပ်ပြတတ် တဲ့ စာတွေ အများကြီး လိုနေတာပါ။
        တကယ်တော့ ဗုဒ္ဓ ဟောကြားတာ ကို အမှန်တကယ် လိုက်နာကျင့်ကြံလို တဲ့ မှန်ကန်တဲ့ ဗုဒ္ဓဘာသာ ဝင် ဖြစ်လို တယ် ဆိုရင်တော့ အဲဒီ ဆောင်းပါး ရဲ့ အဆုံးသတ်
        {{ “The Buddhist spirit of forgiveness, though, still exists in the unlikeliest of places. In 2011,
        Watcharapong Suttha, a monk at Wat Lak Muang, was doing his morning alms, guarded by soldiers, when a bomb detonated.
        The lower half of his body is covered in shrapnel scars. Now 29 and disrobed, Watcharapong is still traumatized, his eyes darting, his body beset by twitches.
        But he does not blame an entire faith for his attack.
        “Islam is a peaceful religion, like Buddhism, like all religions,” he says.
        “If we blame Muslims, they will blame us. Then this violence will never end.” }}

        အားလုံး နားလည်မှာပါ။
        “If we blame Muslims, they will blame us. Then this violence will never end.”

        အဲဒီ စာသား ကို အဓိက ရှေ့ထားပြီး ပြသနာ တစ်ခု ကို အကြမ်းဖက်တာတွေ၊ အမုန်းတရား တရား တွေ မပါဘဲ ဘယ်လို ဖြေရှင်း ကြ မယ် ဆိုတာ ကို ဘဲ အာရုံထား စဉ်းစား သင့်ကြပါတယ်။
        မဟုတ်ရင်တော့ ဒီ ပြသနာ တွေ ဘယ်တော့ မှ ဆုံးမှာ မဟုတ်ဘူး။
        ဒီ ပြသနာက အခုမှ ဝုန်း ကနဲ ထဖြစ်တာလဲ မဟုတ် ဘူး။
        တာဝန်ရှိသူ အစဉ်အဆက် နည်းလမ်းမှန် နဲ့ မဖြေရှင်းဘဲ တမင်လစ်လျူရှု ထားခဲ့လို့ ဖြစ်နေတာ ကို လဲ သဘောပေါက်စေလိုပါတယ်။

        ဒီအချိန်မှာ ကိုယ့်တိုင်းကိုယ့်ပြည် နဲ့ ကိုယ့်မျိုးဆက်သစ် တွေ ကို အမှန်ဘဲ တိုးတက်တာ စေတနာ နဲ့ မြင်လို ရင် ဖြင့်
        ဖြစ်ခဲ့တာတွေအပေါ် သင်ခန်းစာယူပြီး ပညာဉာဏ် နဲ့ ဆုံးဖြတ် ဖြေရှင်း ကြဖို့ ကိုဘဲ ဦးတည်မှ သာ လိုရာရောက်မှာပါ။

        မဟုတ်ဘဲ ရှေးဟောင်းနည်းအတိုင်း လိုရာဆွဲ၊ လိုရာတွေး၊ ငါသာအမှန် ၊ ငါ စွဲ တွေ နဲ့ နေရင်တော့ ဒီတိုင်း ဘဲ ဘာမှပြောင်း မှာ မဟုတ် ဘူး လို့ ကျွန်မ ထင်မြင်ချက် ကို ပြောပါတယ်။
        ကျွန်မ အမြင်လဲ မှားနိုင်ပါတယ်။
        ဒါပေမဲ့ ကျွန်မ မှာ အားလုံးကို အေးချမ်း တိုးတက်စေချင်တဲ့ စေတနာပါပါတယ်။
        အာဃာတ တွေ၊ အညိုးတွေ ၊ အမုန်း တွေ၊ ဖိနှိပ်မှု တွေ နဲ့ ကျွန်မတို့ ရဲ့ နောက်မျိုးဆက် တွေ ကိုမရှင်သန် စေလိုပါဘူး။
        လူကို လူလို နားလည် ပြီး အချင်းချင်း စာနာစိတ်၊ သည်းခံစိတ်၊ ဝီရိယထား ကြိုးစားစိတ် ဆိုတာ ဗုဒ္ဓ ဘာသာ ရဲ့ ပြယုတ် ဖြစ်စေလိုပါတယ်။

        မြန်မာပြည်မှာတော့ နေရာတိုင်းမှာ ” သည်းခံစိတ်” ဆိုတာ ရှားပါး လာတာ မို့ ဒီလို ပြသနာ တွေ ဆင့်ဖြစ်နေတာပါ။
        လက်မခံ လို ရင်လဲ ကိစ္စမရှိပါဘူး။
        ဒါပေမဲ့ စိတ်လိုတိုင်း ပက်ကနဲ ပြန်မပြော ဘဲ ပြန်စဉ်းစားပေးပါ။
        ကျွန်မတို့ မြန်မာပြည် က စာမသင်ရတဲ့ ကလေးတွေ၊ ဝမ်းမဝတဲ့ ပြည်သူတွေ၊ နောက်ဆုံးချိန်မှာ ဘဝ နေဝင်မလှ တဲ့ သက်ကြီးရွယ်အို တွေ၊ အနာဂါတ်ပျောက်နေတဲ့ လူငယ်တွေ ဟာ တိုင်းပြည်မှာ လူများစုပါ။

        သူတို့ အတွက် ရပ်တည်လိုရင်တော့ ကျွန်မတို့ အခုလို အော်ကြ၊ ဆဲကြ၊ တစ်ယောက် ကိုတစ်ယောက် အပြစ်ဖို့ ကြ
        ပြီးတော့လဲ ပြီးသွား၊ ဘာမှ ရေရေရာရာ အဖြေမထွက်၊ ဒီလို နဲ့ဘဲ ထူးမခြားနား စခန်း ဆက်သွားပါမယ်။
        ဒီအခြေအနေ က ပြောင်းလိုတယ် ဆိုရင်တော့ စိတ်ဓာတ်ရေးရာ တွေ ပါ ပြောင်းနိုင်မှ ဆိုတာ လေးတော့ အသိဝင်ကြပါ။

        ငါ တစ်ကိုယ်ချမ်းသာ ရင်ပြီး ရော ကျန်တာ ဂရုစိုက်စရာမလို စိတ်ဓာတ်ရှိရင်လဲ ကျွန်မ ပြောတာ ကို အရူးစကား လို့သာ သတ်မှတ်လိုက်ပါ။
        ဖတ်ပေးတဲ့ အချိန် အတွက် ကျေးဇူးပါ။
        ————————————————-

        • ကြက်အူလှည့်

          June 24, 2013 at 11:42 am

          ဝီတောင် နောင်ကျဉ်သွားမယ့် အဖြစ်ဆိုးတွေ တိုးခဲ့လည်း … ရင်ထဲ မှတ်ရန်ညှိုးတွေ မထားပါ..
          ဝီလေးကို ချစ်လိုက်ထှာလေ…. ဝီလေးကို ချစ်လိုက်ထှာလေ……

  • အရီးခင်လတ်

    June 23, 2013 at 2:10 pm

    (Copy From Facebook)
    “ဗုဒ္ဓဘာသာဝင်များ၏ အကြမ်းဖက်မျက်နှာစာ”
    Time Magazine, Vol. 182, No. 1, 20 June, 2013 ၏ မျက်နှာဖုံးဆောင်းပါး “The Face of Buddhist Terror” ကို အပြည့်အစုံ ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။
    ဟယ်ရီလွင်

    ဗုဒ္ဓဘာသာဝင်များ၏ အကြမ်းဖက်မျက်နှာစာ ဤဘာသာသည် ငြိမ်းချမ်းအေးမြခြင်းနှင့် ခန္တီတရားတို့ဖြင့် ထင်ရှားကျော်ကြားသော ဘာသာအယူဝါဒတခုဖြစ်ပေသည်။ သို့ရာတွင် ဗုဒ္ဓဘာသာ အများစုဖြစ်သော အာရှနိုင်ငံအများအပြား၌ ဘုန်းတော်ကြီးများသည် အများအားဖြင့် မူဆလင်များ အပေါ်တွင် တယူသန်အကြမ်းဖက်မှုများကို လှုံ့ဆော်နှိုးဆွပေးလျက် ရှိကြပေသည်။

    ဟန်နာ ဘီးချ် – မိတ္ထီလာ၊ မြန်မာ နှင့် ပတ္တနီ၊ ယိုးဒယား။ ၂၀၁၃-ခုနှစ်၊ ဇူလိုင်လ ၁-ရက်၊ တနင်္လာနေ့။ ဗုဒ္ဓဘာသာများ ကြမ်းကြလေသော် … ဟန်နာ ဘီးချ် – မိတ္ထီလာ၊ မြန်မာ နှင့် ပတ္တနီ၊ ယိုးဒယား။

    ၂၀၁၃-ခုနှစ်၊ ဇူလိုင်လ ၁-ရက်၊ တနင်္လာနေ့။ “ဗမာ ဘင်လာဒင်” လို့ ဘွဲ့အမည်ခံယူထားပြီး သူ့မျက်နှာက ရုပ်ထုတခုလို တည်ငြိမ်အေးချမ်းလှတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်ဟာ တရား စတင်ဟောကြားပါတယ်။ ရာပေါင်းများစွာသော တရားနာပရိဿတ်က ချွေးတွေ ယိုစီးကျလို့ ကပ်စေးစေးဖြစ်နေတဲ့ ကျောပြင်တွေနဲ့ လက်အုပ်လေးတွေချီရင်း သူ့ရှေ့မှာ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် ထိုင်လို့ပါ။ တရားထောက်က ထောက်လိုက်တိုင်း လူအုပ်ကြီးက နီညိုရောင်သင်္ကန်းရုံထားကြတဲ့ ရဟန်းများနဲ့အတူ သာဓု ခေါ်သံ တရားစာရွတ်သံတွေက ရန်ကုန်မြို့ပြီးရင် မြန်မာပြည်ရဲ့ ဒုတိယအကြီးဆုံးမြို့ကြီးဖြစ်တဲ့ မန္တလေးက ဘုန်းကြီးကျောင်းတိုက်တတိုက်ရဲ့ ပူလောင်အိုက်စပ်တဲ့လေထုထဲမှာ ပျံ့လွင့်လို့နေပါတယ်။

    ကြည့်ရတာကတော့ ငြိမ်းချမ်း အေးမြတဲ့ မြင်ကွင်းပါပဲ … ဒါပေမဲ့ ဦးဝီရသူရဲ့အသံကတော့ အမုန်းတရားတွေနဲ့အက်ကွဲရှတ နေပါတယ်။ ဗုဒ္ဓဘာသာ အများစုဖြစ်တဲ့မြေမှာ လူနည်းစု မူဆလင်တွေကို မုန်းတီးရေးတရားတွေကို မိနစ် ၉၀-လောက်ကြာအောင် နည်းအမျိုးမျိုးနဲ့ ဟောပြောရင်း “အခု အချိန်ဟာ အေးအေးဆေးဆေးနေကြရမယ့် အချိန်မဟုတ်ဘူး” လို့ သက်တော် ၄၅-နှစ်အရွယ် ရဟန်းတော်က ဖြည်းဖြည်းလေးလေးနဲ့ မိန့်ပါတယ်။ “ခုချိန်ဟာ နိုးထကြရမယ့်အချိန် ခင်ဗျားတို့ရဲ့ သွေးတွေ ဆူပွက်နေရမယ့်အချိန်” ပါတဲ့။

    ဗုဒ္ဓဘာသာဝင်တွေရဲ့ သွေးတွေဟာ မြန်မာလို့လည်း သိကြတဲ့ ဗမာပြည်မှာ ဆူပွက်နေပြီး မူဆလင်သွေးတွေကလည်း အမြောက်အများ ဖိတ်လျှံကျနေကြပါတယ်။ မနှစ်က တနှစ်လုံး ဗုဒ္ဓဘာသာ လူအုပ်စုကြီးတွေဟာ ဘာသာရေး ယုံကြည်ချက်မတူတဲ့ လူနည်းစုတွေအပေါ် ပစ်မှတ်ထားခဲ့ကြပါတယ်။ မူဆလင် ဆယ်ဂဏန်းခန့် အသတ်ခံကြရတယ်လို့ အာဏာပိုင်တွေက ဆိုပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့တွေ ကတော့ ရာပေါင်းများစွာ လို့ ခန့်မှန်းကြပါတယ်။ အကြမ်းဖက်မှု အများအပြားဟာ ကုလသမဂ္ဂက ကမ္ဘာ့ အဖိနှိပ်ခံရဆုံး သူတွေထဲက တစုလို့ သုံးနှုန်းတဲ့ ရိုဟင်ဂျာလို့ ခေါ်သူ မြန်မာနိုင်ငံ အနောက်ဖျားက နိုင်ငံမဲ့ မူဆလင် အုပ်စုကြီးအပေါ် ရည်ရွယ်တိုက်ခိုက်တာ ဖြစ်ပါတယ်။ ဒီလို လူမျိုးစုခြင်း သွေးချောင်းစီးမှုဟာ ဦးဝီရသူ သီတင်းသုံးပြီး ပြင်းထန်ခါးသီးတဲ့ တရားများ ဟောကြားမိန့်မြွက်ရာ မြန်မာနိုင်ငံ အလယ်ပိုင်းကို ပျံ့နှံ့ရောက်ရှိသွားပါတယ်။ ဒီ အစွန်းရောက်ဘုန်းတော်ကြီး ဟာ မြန်မာနိုင်ငံရဲ့ ခန့်မှန်းချေ သန်းပေါင်း-၆ဝ ခန့်ရှိတဲ့ လူဦးရေရဲ့ ၅% လောက် အနည်းဆုံးရှိမယ့် မူဆလင်များကို နိုင်ငံနဲ့ ယဉ်ကျေးမှုကို ခြိမ်းခြောက်နေကြသူများ အဖြစ် ရှုမြင်ပါတယ်။ “[မူဆလင်တွေဟာ] မျိုးပွားတာ သိပ်မြန်ပြီး ကျုပ်တို့ သမီးပျိုတွေကို ခိုးယူနေကြ၊ အဓမ္မပြုကျင့် နေကြတယ်” လို့ ကျနော့်ကို ပြောပါတယ်။ “သူတို့က ကျုပ်တို့ တိုင်းပြည်ကို အပိုင်စီးသိမ်းပိုက်ချင်နေကြတာ၊ ဒါပေမဲ့ ကျုပ်ကတော့ ဒါကို ခွင့်မပြုနိုင်ဘူး။ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံ အဖြစ်ပဲ ကျုပ်တို့ ထိန်းသိမ်းထားရမယ်” … ဒီလို အမုန်းတရားမိန့်ခွန်းမျိုးဟာ သိမ်မွေ့တဲ့ နိုင်ငံရေးဂေဟစံနစ်ဖြစ်ထွန်းနေပြီး အနည်းဆုံး တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅-စု ရှိတဲ့ နို်င်ငံ၊ ရာစုနှစ်တဝက်နီးပါးလောက် စစ်တပ် အုပ်ချုပ်ရာကနေ မကြာသေးမီကလေးကတင် လွတ်မြောက်လာရတဲ့ နိုင်ငံတနိုင်ငံကို ခြိမ်းခြောက်နေပါတယ်။ အစိုးရတာဝန်ရှိသူအချို့က ရိုဟင်ဂျာအမျိုးသမီးတွေ ကလေး နှစ်ယောက်ထက် ပိုမမွေးရ ဆိုတဲ့ စစ်အုပ်ချုပ်ရေးခေတ်မှာတောင် ကျင့်သုံးခဲလှတဲ့ တားမြစ်မှုမျိုးကို ထုတ်ပြန်ဖို့ ကြိုးစားစည်းရုံးနေပြီး ဖြစ်ပါတယ်။

    ပြီးတော့ နိုင်ငံမြောက်ပိုင်းက ခရစ်ယာန်အများအပြား ကလည်း ဗမာစစ်တပ်နဲ့ ခရစ်ယာန်အများစုဖြစ်တဲ့ ကချင်တိုင်းရင်းသားသူပုန်များအကြား မကြာသေးမီက ဖြစ်ပွားတဲ့ တိုက်ခိုက်မှု တွေဟာ ဘာသာရေးခွဲခြားမှုကြောင့် ပိုမိုဆိုးဝါးကုန်တာလို့ ပြောဆိုကြပြန်ပါတယ်။ အစွန်းရောက် ဗုဒ္ဓဝါဒ ဟာ အာရှရဲ့ အခြားဒေသတွေမှာလည်း ရှင်သန် ထွန်းကားနေပါပြီ။ ဒီနှစ်ထဲမှာပဲ သီရိလင်္ကာမှာ အစိုးရပိုင်းက အဆင့်မြင့် ထိပ်သီးတွေနဲ့ ဆက်နွယ်နေတဲ့ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီ အုပ်စုတွေဟာ ထင်ရှားလူသိများလာပြီး မူဆလင်နဲ့ ခရစ်ယာန်ပိုင်ဆိုင်မှုတွေကို ဖျက်ဆီး ရာမှာ ဘုန်းတော်ကြီးတွေက စီစဉ်ညွန်ကြားမှုတွေကို ထောက်ကူနေကြပါတယ်။ နောက်ပြီး မူဆလင်သောင်းကျန်းမှုကြောင့် ၂၀၀၄-ခုနှစ် ကတည်းကနေ ခုထိ အသက်ပေါင်း ၅၀၀၀-ကျော် ဆုံးရှုံးခဲ့ရပြီ ဖြစ်တဲ့ ထိုင်းနိုင်ငံ တောင်ဘက်စွန်းမှာ ထိုင်းစစ်တပ်ဟာ ပြည်သူ့စစ်တွေကို လေ့ကျင့်ဖွဲ့စည်းပေးထားပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဟာ ဘာသာရေး ဝိနည်းအရ သူတို့ ဘုန်းကြီးကျောင်းတွေကနေ ဆွမ်းခံကြွဖို့ ထွက်လာကြပြီဆိုရင် မကြာခဏ လိုက်ပါစောင့်ရှောက် ပေးကြ ရပါတယ်။ စစ်သားနဲ့ဘုန်းကြီး အတူရောနှောနေပြီး တချို့ဘုန်းကြီးတွေက ကိုယ်တိုင်လက်နက်ကိုင်ထားတဲ့ မြင်ကွင်းက ထိုင်းနိုင်ငံက မူဆလင်တွေအဖို့ ပိုပြီး သီးခြားတစိမ်းတရံဆန်လာမှုကို တိုးပွားစေပါတယ်။ နိုင်ငံတခုချင်းစီရဲ့ သမိုင်းမှာ အစွန်းရောက်ဗုဒ္ဓဝါဒလမ်းစဉ် ဩဇာထွန်းကားလာမှုဟာ သူတို့ရဲ့ ကိုယ်ပိုင်နယ်နိမိတ်အတွင်းမှာသာ ရှိခဲ့ပေမဲ့ အင်တာနက်အသုံးချမှု တိုးပွားလာတာနဲ့အမျှ Facebook သို့မဟုတ် Tweeter ပို့စ်တခုနဲ့တင် အခြေအမြစ်မဲ့ ဘက်လိုက် မလိုမုန်းထားမှုတွေနဲ့ ကောလာဟလတွေဟာ ချက်ခြင်းဆိုသလို မီးလောင်ရာလေပင့်ပေးလိုက်သလို ဖြစ်သွား ပါတော့တယ်။ အကြမ်းဖက်မှုတွေဟာ နယ်ခြားတွေကို အလွယ်တကူ ဖြတ်ကျော်ပြီး ပျံ့နှံ့ဖိတ်လျှံသွားနိုင်ပါတယ်။ ဇွန်လထဲမှာပဲ မြန်မာလူမျိုး သိန်းပေါင်းများစွာ လာရောက် အခြေချပြီး အလုပ်လုပ်ကိုင်နေကြတဲ့ မလေးရှားမှာ မြန်မာ ဗုဒ္ဓဘာသာဝင် အမြောက်အများ အသတ်ခဲ့ခံရပြီး ဒါဟာ မြန်မာပြည်မှာ မူဆလင်တွေ သေဆုံးရတဲ့အတွက် တန်ပြန်ကလဲ့စားချေ လက်တုန့်ပြန်ခြင်းဖြစ်နိုင်ချေရှိတယ်လို့ မလေးရှား အာဏာပိုင် များက ဆိုပါတယ်။

    ဘာသာရေးအစွန်းရောက်ဝါဒတွေကို ပြန်ကြည့်မယ်ဆိုရင် ဟိန္ဒူအမျိုးသားရေးဝါဒီတွေ၊ မူဆလင် စစ်သွေးကြွတွေ၊ ကျဉ်းမြောင်းတင်းကျပ်တဲ့အယူရှိတဲ့ သမ္မာကျမ်းစွဲ ခရစ်ယာန်ဝါဒီတွေ၊ ရှေးရိုးစွဲ ခရစ်ယာန်အစွန်းရောက် ဂျူးတွေကြားမှာ ဗုဒ္ဓဘာသာဟာ ဒီလိုကိစ္စမျိုးတွေကနေ ကင်းလွတ်ကြောင်း ကြိမ်ဖန်များစွာ အစမ်းသပ်ခံနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀-ကျော်က ဗုဒ္ဓဘုရားရှင်ဖြစ်သူ သိဒ္ဓတ္ထဂေါတမ ဖြန့်ချီဟောကြားခဲ့တဲ့ အကြမ်းမဖက်ရေးနဲ့ မေတ္တာ ကရုဏာတရားကို ထင်ဟပ်တဲ့ ဘာသာအဖြစ် ကမ္ဘာတလွှားက နားလည်ထားကြပါတယ်။ ဒါပေမဲ့ ဘယ်ဘာသာတရားမဆို ၎င်းတို့ရဲ့ နောက်လိုက်ကျင့်သုံးသူတွေလိုပဲ ဗုဒ္ဓဘာသာဝင်တွေနဲ့ သူတို့ရဲ့ အထွတ်အမြတ် ကိုးကွယ်ရာ သံဃာတွေ ဟာလည်း နိုင်ငံရေး “ပြီး” သူတွေ မဟုတ်ကြဘဲ အခါအခွင့်သင့်ရင် သင့်သလို လူမျိုးရေးခွဲခြားတဲ့ မျက်ကန်းမျိုးချစ်ဝါဒရဲ့ ဖျားယောင်းမှုဒဏ်ကိုလည်း ခံနိုင်ရည်မရှိကြပါဘူး။ အာရှဟာ ဗြိတိသျှအင်ပါယာနဲ့ ဖိနှိပ်မှုတွေ အောက်က နိုးထလာတဲ့အခါ အရေအတွက် အများအပြားရှိတဲ့ ဗုဒ္ဓဘာသာရဟန်းတော်များဟာ သူတို့ရဲ့ စိတ်ဓာတ်ရေးရာ ဦးဆောင်မှုနဲ့အတူ ကိုလိုနီဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့ကြပါတယ်။ တချို့ဟာ သူတို့လမ်းစဉ်နဲ့ ယုံကြည်ချက် အတွက် အစာငတ်ခံ ဆန္ဒပြခဲ့ကြပြီး ကြုံလှီသွားတဲ့ အသားအရည်နဲ့ ငေါထွက်လာတဲ့ နံရိုးအပြိုင်းပြိုင်းဟာ လူဝတ်ကြောင် ဒကာ ဒကာမတွေအတွက် စွန့်လွှတ်အနစ်နာခံမှုကို အထင်းသား ဖော်ပြခဲ့ကြပါတယ်။ ဖိနှိပ်ချုပ်ခြယ်တဲ့ တောင်ဗီယက်နမ်အစိုးရကို လွန်ခဲ့တ့ နှစ်ပေါင်း ငါးဆယ်ကျော်က ကန့်ကွက်ဆန္ဒပြရင်း ပဒုမာသန ထိုင်နည်းနဲ့ ထိုင်လျက် ကနေ မီးလျှံတွေဖုံးလွှမ်းကာ ပျံတော်မူသွားတဲ့ ဗီယက်နမ် ရဟန်းတော် သစ်ချ်ကွမ်ဒပ်ခ်ရဲ့ ပုံရိပ်ဟာ အထင်ရှားဆုံး ပြယုဂ် တခု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ၂၀၀၇-ခုနှစ်မှာတော့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေဟာ မြန်မာပြည်မှာ ထင်ရှားတဲ့ ဒီမိုကရေစီရေး လှုပ်ရှားထကြွမှုတခုကို ဦးဆောင်ခဲ့ကြပါတယ်။ သပိတ်တွေ လွယ်ထားတဲ့ သံဃာတန်းကြီးများစွာဟာ စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြရင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်နေတဲ့ ပုံရိပ်တွေအပေါ် (သူတို့ကို သတ်ဖြတ်ခဲ့ကြတဲ့ စစ်သားတွေဆီက မရခဲ့ရင်တောင်မှ) တကမ္ဘာလုံးက ကရုဏာသက်ခဲ့ကြပါတယ်။ ဒါပေမဲ့ လူမှုရေးလှုပ်ရှားတက်ကြွမှုတွေ ဘယ်နေရာမှာ အဆုံးသတ်ပြီး နိုင်ငံရေးစစ်သွေးကြွမှုတွေ ဘယ်နေရာက စပါသလဲ။ ဘာသာတိုင်းဟာ အတွေးအခေါ် အယူအဆတွေကြောင့် အဆိပ်ခတ်ခံရပြီး အဖျက်အင်အားစု အဖြစ် မူလအုတ်မြစ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် ပြောင်းလဲသွားနိုင်ပါတယ်။ အခုတော့ ဗုဒ္ဓဘာသာရဲ့ အလှည့်ကျလာပါပြီ။

    အမုန်းတရား၏မန္တရား
    ဘေးက နံရံပေါ်မှာ သူ့ရဲ့ ကိုယ်လုံးပြည့်ပကတိလူအရွယ်ပုံကြီးက ဖုံးလွှမ်းလို့ မန္တလေး မစိုးရိမ်တိုက်သစ်ရဲ့ စင်မြင့်ပေါ်မှာ တင်ပလ္လင်ခွေထိုင်နေတဲ့ ဦးဝီရသူက သူ့ရဲ့ ကမ္ဘာ့အမြင်ကို အသေးစိတ် ရှင်းလင်းဟောကြားပါတယ်။ အမေရိကန် သမ္မတ ဘားရက်အိုဘားမားဟာ “လူမည်း မူဆလင်သွေး ရောနှော စွန်းထင်နေသူ” ဖြစ်တယ်။ သူ့နာမည်ကို အာရပ် အကြမ်းဖက် သမားတယောက်ရဲ့ နာမည်နဲ့ ဆက်စပ်ပြီး ခေါ်ဝေါ်နေတာကို အရွဲ့တိုက်တယ်လို့ မမြင်ပေမဲ့ အာရပ်တွေဟာ ကုလသမဂ္ဂကို အပိုင်စီးထားကြပြီဖြစ်ကြောင်း သူယုံကြည်ပါတယ်။ မြန်မာပြည်က မူဆလင် ၉၀% လောက်ဟာ “အစွန်းရောက် လူဆိုး” တွေလို့ ၂၀၀၃-ခုနှစ်မှာ မူဆလင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ် ခုနစ်နှစ် ကျခံခဲ့ရသူ ဦးဝီရသူက ပြောပါတယ်။ အခုအခါ ဗုဒ္ဓဘာသာရဲ့ ဂုဏ်တော်တရားများစွာကို ကိုယ်စားပြုထားတဲ့ ဂဏန်းဖြစ်တဲ့ ၉၆၉-လို့ ခေါ်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို ကိုယ့်အချင်းချင်းသာ ဆက်ဆံကြဖို့ စည်းရုံးလှုံ့ဆော်တဲ့ လှုပ်ရှားမှုတရပ်ကို သူဟာ ဦးဆောင်နေပြန်ပါတယ်။ “ကိုယ့်အမျိုးဘာသာကို စောင့်ရှောက်ဖို့က ဒီမိုကရေစီထက် ပိုအရေးကြီးတယ်” လို့ ဦးဝီရသူက မိန့်ပါတယ်။ အခြေခံလမ်းစဉ် အနည်းအကျဉ်းလောက်နဲ့ သူ့တယူသန်အမြင်အပေါ်ဖက်တွယ်ပြီး (လောကီ) ပညာ မတတ်တဲ့ စည်းအပြင်ကလူ အဖြစ်၊ မိဘတွေက ကျွေးဖို့ ပါးစပ်တပေါက်လျော့သွားရင် တော်ပြီဆိုပြီး ဘုန်းကြီးကျောင်းမှာ သွားထားတာ ခံခဲ့ရတဲ့ ကလေးရှစ်ယောက်ထဲက တယောက်အဖြစ် ဦးဝီရသူကို အရေးမစိုက်ဘဲ ပစ်ပယ်လိုက်ဖို့ လွယ်ပါလိမ့်မယ်။ ဒါပေမဲ့ ဦးဝီရသူဟာ ဆွဲဆောင်မှုအားကောင်းပြီး ဩဇာပြည့်ဝသူဖြစ်တဲ့အပြင် သူ့ရဲ့အမြင်၊ စကားတွေ ဟာ ပဲ့တင်ထပ်သွားပါတယ်။ နိုင်ငံမှာ လူများစုဖြစ်တဲ့ ဗမာလူမျိုးစုအတွင်းနဲ့ အာရှရဲ့ ဗုဒ္ဓဘာသာဝင်တွေအကြားမှာပါ အစ္စလာမ်ဘာသာဟာ တချိန်က ဗုဒ္ဓဘာသာမြေတွေ ဖြစ်ခဲ့တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်တွေကို အောင်မြင်လွှမ်းမိုးပြီး ဖြစ်နေတာကြောင့် သူတို့ရဲ့ ဘာသာဟာ စီးနင်းသိမ်းပိုက်ခံနေရတယ်၊ အစကဒ်ပြားလဲသွားရင် ကျန်တာအကုန် ပြိုဆင်းသွားနိုင်တယ် ဆိုတဲ့ ဝိုးတဝါးအာရုံသိ ရှိနေကြပါတယ်။ သက်သေသာဓက မရှိဘဲတောင်မှ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေက ပြည်တွင်းမူဆလင်လူဦးရေဟာ သူတို့တွေထက် ပိုပြီး မြန်မြန်ဆန်ဆန် တိုးပွား နေတယ်လို့ စိုးရိမ်ထိတ်လန့်နေကြပြီး
    အရှေ့အလယ်ပိုင်းက ငွေကြေးတွေဟာ ဗလီအသစ်တွေ ဆောက်ဖို့ သွန်ချနေတာ ကိုလည်း စိုးရွံ့နေကြပါတယ်။ ၂၀၁၁-ခုနှစ်မှာ မြန်မာနိုင်ငံဟာ စစ်အစိုးရက အရပ်သားတပိုင်း အစိုးရကို လမ်းဖွင့်ပေးပြီး ပြုပြင်ပြောင်းလဲရေးတွေ စတင်လာကတည်းက စစ်တပ်ကို သူတို့ရဲ့ ဖိနှိပ်အုပ်ချုပ်ခဲ့မှုတွေအတွက် တာဝန်ခံဖို့ စည်းရုံးဆော်ဩခဲ့တာဟာ လူနည်းနည်းပဲ အံ့ဩစရာကောင်းလောက်အောင် ရှိခဲ့ပါတယ်။ ဒီလို အေးချမ်းတည်ငြိမ် သည်းခံ တတ်တဲ့ စိတ်မျိုးဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ခွင့်လွှတ်တတ်ခြင်းတရားနဲ့ ပြည့်ဝတဲ့စိတ်ဓာတ်ကို ထင်ဟပ်ပေါ်လွင်စေခဲ့ ပါတယ်။

    ဒါပေမဲ့လည်း မြန်မာပြည်ရဲ့ ဒီမိုကရေစီဖော်ဆောင်မှုဟာ လူမျိုးတုန်းသုတ်သင်ရှင်းလင်းရေးကို နှီးနွယ်နေတဲ့ အယူအဆများနဲ့ ပတ်သက်တဲ့ အစွန်းရောက်တို့ရဲ့ အသံတွေကိုလည်း ဖြေလွှတ်လို့ တိုးပွားလာအောင် လမ်းဖွင့်ပေး ခဲ့ရပါတယ်။ ပြဿနာတွေက အချိုးအစားမညီမျှတဲ့ ဒေသခံဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေအကြား ပဋိပက္ခတွေဖြစ်ပွားပြီး မူဆလင်အများအပြား အသက်ပေးခဲ့ရတဲ့ အနောက်ဖျားဒေသတွေမှာ မနှစ်က စတင်ခဲ့ပါတယ်။ ဓားလွတ်တွေ ကိုင်ဆွဲထားတဲ့ ဗုဒ္ဓဘာသာ လူအုပ်ကြီးတွေက ရိုဟင်ဂျာကျေးရွာတွေကို တိုက်ခိုက်ခဲ့ကြပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အဆိုအရ ဇနပုဒ်တခုက တနေကုန်တနေခမ်း ကြာမြင့်အောင် အစုလိုက်အပြုံလိုက် သတ်ဖြတ် သုတ်သင်မှု တခုမှာ မူဆလင် ၇၀-ခန့် အသတ်ခံခဲ့ကြရတယ်လို့ ဆိုပါတယ်။ အစိုးရက စုံစမ်းစစ်ဆေးမှု အနည်းငယ်သာ ပြုလုပ်ခဲ့တဲ့ ဒီလို လူမျိုးစုခြင်း အကြမ်းဖက်မှုတွေဟာ အဲဒီကတည်းကစပြီး နိုင်ငံရဲ့ တခြားဒေသတွေကို ပျံ့နှံ့ကူးစက် ဝင်ရောက်သွားပါတော့တယ်။ မတ်လမှာ ဒါဇင်ပေါင်းများစွာ အသတ်ခံခဲ့ရပြီး ဗလီတွေ အိမ်တွေ မီးရှို့ခံရတာကြောင့် သောင်းပေါင်းများစွာသော လူတွေဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ကလေးတွေဟာ အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရပြီး အမျိုးသမီးတွေဟာ မီးရှို့သတ်ခံခဲ့ရပါတယ်။ ဖြစ်ရပ်အများအပြားမှာ ရဟန်းတွေဟာ သွေးရူးသွေးတမ်း ထိန်းမနိုင် သိမ်းမရ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေကို လှုံ့ဆော်နေတာ တွေ့မြင်ရပါတယ်။ မတ်လနှောင်းပိုင်းမှာ သယ်ယူပို့ဆောင်ရေး အချက်အခြာဖြစ်တဲ့ မိတ္ထီလာမြို့ဟာ နေ့ပေါင်းများစွာ မီးလောင်နေပြီး မူဆလင်တွေက ရဟန်းတပါးကို သတ်ဖြတ်အပြီး မူဆလင်ရပ်ကွက်တခုလုံးဟာ ဗုဒ္ဓဘာသာ လူအုပ်ကြီးက ရှို့တဲ့ မီးတောက်မီးလျှံ တွေ အတိနဲ့ လောင်ကျွမ်းနေပါတယ်။ (တရားဝင် သေဆုံးသူအရေအတွက်အရ ဗုဒ္ဓဘာသာ နှစ်ဦးနဲ့ အနည်းဆုံး မူဆလင် ၄၀-လို့ ဆိုပါတယ်။)

    မူဆလင် ထောင်ပေါင်း များစွာဟာ သတင်းထောက်တွေကို ဝင်ခွင့်မပေးဘဲ တားမြစ်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ ပြည့်သိပ်နေ ပါတယ်။ ဒေသခံ မဒရာဆာကျောင်းက အသတ်ခံခဲ့ရတဲ့ ကျောင်းသား အနည်းဆုံး နှစ်ဆယ်လောက်ထဲက တယောက် ဖြစ်တဲ့ အသက် ၁၅-နှစ်အရွယ် အဗ္ဗဒူလ်ရာဇတ်ရှာဘန်ရဲ့ မိသားစုနဲ့ ကျနော် တွေ့ဆုံနိုင်ခဲ့ပါတယ်။ ရာဇတ်ရဲ့အသက်ဟာ ခေါင်းကို သံတွေထိုးထိုးထောင်ထောင်နဲ့ သစ်သားပြားကြီးတခုနဲ့ အရိုက်ခံရတဲ့အခါ ချုပ်ငြိမ်းသွားခဲ့ရပါတယ်။ “ကျမရဲ့ သားဟာ မူဆလင်မို့ အသတ်ခံခဲ့ရတာပါ။ တခြားဘာကြောင့်မှ မဟုတ်ပါဘူး” လို့ ရာဇတ်ရဲ့ မိခင်ဖြစ်သူ ရာဟာမာဘီက မီးလောင်ကျွမ်းသွားတဲ့ ဗလီတခုရဲ့ နောက်ခံအရိပ်အောက်မှာ ကျနော့်ကို ပြောပါတယ်။ ကျောင်းတော်နှင့် နိုင်ငံတော် အစ္စလာမ်ကို မောင်းနှင်ထုတ်ပြီး ဗုဒ္ဓဘာသာ အဓိကလွှမ်းမိုးထားရေးကို အာမခံပေးမယ့် အိပ်မက်တွေဟာ သီရိလင်္ကာရဲ့ အင်အား အတောင့်တင်းဆုံး ဗုဒ္ဓဘာသာ အဖွဲ့အစည်းဖြစ်ပြီး အမည်အားဖြင့် ဗုဒ္ဓဘာသာအင်အား တပ်မတော် လို့ အဓိပ္ပာယ်ရတဲ့ ဗုဒ္ဓဗလသေန (ဗဗသ) (Bodu Bala Sena – BBS) အဖွဲ့အစည်းကို သက်ဝင်လှုပ်ရှားစေခဲ့ပါတယ်။ ဖေဖော်ဝါရီလထဲမှာ သီရိလင်္ကာရဲ့ မြို့တော် ကိုလံဘိုရဲ့ ဆင်ခြေဖုန်းတနေရာမှာ ကျင်းပခဲ့တဲ့ အဖွဲ့ရဲ့ နှစ်ပတ်လည် ညီလာခံမှာ ရဟန်းတော် အပါး ၁၀၀-ကျော်က ချီတက်မှုကို ဦးဆောင်ခဲ့ပြီး နောက်လိုက်နောက်ပါ များက ဗုဒ္ဓသာသနာ့ အလံတွေကို ကိုင်စွဲရင်း သူတို့ရဲ့ ညာဘက်လက်ကို ရင်ဘတ်ပေါ်ယှက်တင်ရင်း သူတို့ရဲ့ ဘာသာတရားကို ကာကွယ်ဖို့ ကတိသစ္စာပြုခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ တနှစ်ကမှ ဖွဲ့စည်းခဲ့တဲ့ ဗဗသအဖွဲ့က ကမ္ဘာ့ ရှေးအကျဆုံး ဗုဒ္ဓဘာသာ နိုင်ငံအဖြစ် ဆက်တိုက်တည်ရှိခဲ့တဲ့ သီရိလင်္ကာဟာ သူ့ရဲ့ စိတ်ဓာတ်ရင်းမြစ်တွေကို အခိုင်အမာ ပြန်လည်ဖော်ထုတ်ဖို့ လိုအပ်နေပြီ လို့ အထူးတလည် တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒီအဖွဲ့က အစိုးရကျောင်းတွေမှာ ရဟန်းတော်တွေ သမိုင်းကို သင်ကြား ပေးစေလိုပြီး နိုင်ငံလူဦးရေရဲ့ ၉%ဟာ မူဆလင်တွေ ဖြစ်နေလင့်ကစား ဘာသာရေးအရ ခေါင်းမြီးခြုံမှုတွေ ပိတ်ပင်တားမြစ် ပေးစေလိုနေပါတယ်။ ဗဗသ အထွေထွေအတွင်းရေးမှူးနဲ့ ရဟန်းတော်တပါးဖြစ်သူ ဂါလဗုဒ္ဓ အတ္တတိ ဂန္ဓသာရ ထေရ က အဖွဲ့ကြီးရဲ့ နှစ်ပတ်လည် ညီလာခံမှာ “ဒါဟာ ဗုဒ္ဓဘာသာ အစိုးရဖြစ်တယ်။ ဒါဟာ ဗုဒ္ဓဘာသာ တိုင်းပြည်ဖြစ်တယ်” လို့ မိန့်ကြားခဲ့ပါတယ်။ ဗဗသက ရဟန်းတွေလိုပဲ သဘောထားတင်းမာတဲ့ ရဟန်းတော်တွေဟာ အထူးသဖြင့် ဟိန္ဒူ လွတ်မြောက်ရေး တမီလ်အီလမ်ကျားသူပုန်တွေနဲ့ ၂၆-နှစ်ကြာ စစ်ပွဲ လွန်ခဲ့တဲ့ လေးနှစ်တုန်းက အဆုံးသတ်သွား ကတည်းက လူနည်းစု ခရစ်ယာန်နဲ့ မူဆလင်တွေဘက် လှည့်လာကြပါတယ်။ ရှေးရိုးစွဲဝါဒီ သမ္မတ မဟိန္ဒာရာဇပဿ ၂၀၀၅-ခုနှစ်မှာ ရွေးခြယ်ခံရပြီးနောက်မှာ ဗုဒ္ဓဘာသာ လွှမ်းမိုးရေးဝါဒီ အုပ်စုတွေဟာ ဩဇာအာဏာ ပိုရှိလာကြပါတယ်။ မကြာသေးခင်လများက သူတို့ရဲ့ ခြိမ်းခြောက်ရေး လှုပ်ရှားမှုတွေမှာ မူဆလင်ပိုင် အထည်ဆိုင်တဆိုင်၊ ခရစ်ယာန် သင်းအုပ်ဆရာအိမ်တအိမ်နဲ့ မူဆလင်တို့နဲ့ ဆက်စပ်နေတဲ့ သားသတ်ရုံတရုံကို တိုက်ခိုက်ကြတာတွေ ပါဝင်ခဲ့ပါတယ်။ ဒီလို လှည့်လည်သောင်းကျန်းနေကြတဲ့ လူတွေကို ဦးဆောင်နေတဲ့ ရဟန်းအချို့ကို ဗီဒီယိုပေါ်မှာ ရိုက်ကူးမှတ်တမ်းတင် ထားတာ တွေ့ရပေမဲ့လည်း ဘယ်သူမှ အရေးယူ မခံခဲ့ရပါဘူး။ သီရိလင်္ကာမှာ ရဟန်းတော်တွေ ဩဇာလွှမ်းမိုးတဲ့ ပါတီက အစိုးရအဖွဲ့မှာ ညွန့်ပေါင်းအဖွဲ့ဝင်အဖြစ်ပါဝင်လာခြင်းနဲ့အတူ ကျောင်းတော်နဲ့ နိုင်ငံတော်ဟာ တကယ့်ကို ပိုမိုနီးစပ်စွာ ကြီးထွားလာပါတော့တယ်။ မတ်လမှာ ဗဗသအဖွဲ့က ကြီးမှူးတည်ထောင်တဲ့ ဗုဒ္ဓဘာသာ ခေါင်းဆောင်မှုအကယ်ဒမီ ဖွင့်ပွဲ မှာ အထူးဂုဏ်သရေရှိ ဧည့်သည်တော် အဖြစ် တက်ရောက်လာခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီး နဲ့ သမ္မတရဲ့ ညီဖြစ်သူ ဂေါတဘယ ရာဇပဿဖြစ်ပြီး “ကျနော်တို့တိုင်းပြည်နဲ့ အမျိုးဘာသာကို ကာကွယ်နေတာဟာ ရဟန်းတော်တွေပါပဲ” လို့ မိန့်ကြားသွားခဲ့ပါတယ်။

    လက်နက်ထဲက ဆွမ်း
    ထိုင်းနိုင်ငံ တောင်ဘက်စွန်းမှာတော့ အကူအညီလိုအပ်နေတာက ရဟန်းတော်တွေဖြစ်ပြီး တချို့တွေကတော့ သူတို့ရဲ့ ကြံရာမရဖြစ်မှုကနေ ဗုဒ္ဓဘာသာရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ ဆန့်ကျင်တဲ့ နည်းလမ်းတွေကို ခိုတွယ်အားကိုးကြရပါ တော့တယ်။ တောင်ပိုင်း ပြည်နယ်တွေဖြစ်တဲ့ ပတ္တနီ၊ ယာလနဲ့ နရသီဝပ်ပြည်နယ်တွေဟာ လွန်ခဲ့တဲ့ ရာစုနှစ် အစောပိုင်း ကာလတွေမှာ ဗုဒ္ဓဘာသာကို နက်နက်ရှိုင်းရှိုင်း သက်ဝင်ယုံကြည်တဲ့ ထိုင်းနိုင်ငံက ဒီဒေသကို မသိမ်းပိုက်မီအထိ မလေး ဆူလတန်စော်ဘွား နယ်မြေရဲ့ အစိတ်အပိုင်းတခုအဖြစ် တည်ရှိခဲ့ဖူးပါတယ်။ ဒီဒေသ လူဦးရေရဲ့ အနည်းဆုံး ၈၀% လောက်ဟာ မူဆလင်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ခွဲထွက်ရေးသောင်းကျန်းမှု အရှိန်ကောင်းလာတဲ့ ၂၀၀၄-ခုနှစ် ကတည်းက စလို့ ကျောင်းဆရာတွေ၊ စစ်သားတွေ၊ အစိုးရဝန်ထမ်းတွေ အစရှိတဲ့ ဗုဒ္ဓဘာသာဝင် အများအပြားဟာ ထိုင်းနိုင်ငံတော်နဲ့ ဆက်နွယ်နေတဲ့ သူတို့ရဲ့ ရာထူးတွေအရ ပစ်မှတ်ထား ခံခဲ့ကြရပါတယ်။ ရဟန်းတော် ဒါဇင်ပေါင်း များစွာ ဟာလည်း အတိုက်အခိုက် ခံခဲ့ကြရပါတယ်။ အခုအခါ ထိုင်းစစ်တပ်နဲ့ တခြားလုံခြုံရေးတပ်ဖွဲ့တွေဟာ ဝတ်ကျောင်းတော်တွေလို့ သိကြတဲ့ ထိုင်းဗုဒ္ဓဘာသာကျောင်းတွေထဲကို ရွှေ့ပြောင်းဝင်ရောက်ပြီး ရဟန်းတော်တွေ မနက်တိုင်း ဆွမ်းခံကြွကြတဲ့အခါ စစ်သားတွေက အတူလိုက်ပါပေးကြရပါတယ်။ “တခြားနည်းလမ်းမရှိဘူး” လို့ ဗိုလ် ဆဝိုင်းခွန်ဆစ်က ပြောကြားပါတယ်။ “ဗုဒ္ဓဘာသာကို သေနတ်တွေကနေ ထပ်ပြီးခွဲခြားထားလို့ မရတော့ပါဘူး” တဲ့။ ပတ္တနီမြို့ထဲက ဝပ်လပ်မွမ်ကျောင်းတော်မှာ ရဟန်းတော် ဆယ်ပါးနဲ့ စစ်သား ၁၀၀-လောက် ရှိနေပါတယ်။ ပြန့်ကျဲနေတဲ့ ကျောင်းဝင်းထဲမှာမူလစေတီကို ထိုင်းတပ်မတော်ရဲ့ အမှတ်-၂၃ ခြေလျင်တပ်ရင်းအတွက် စစ်ဆင်ရေးကွပ်ကဲမှုစခန်းအဖြစ် သိမ်းပိုက်ထားရပြီး ဒီမြင့်မြတ်တဲ့ ဘာသာရေးအဆောက်အဦးရဲ့ အခြေအလယ်ပိုင်းကို ပုံဖျက်ပိုက်ကွန်တွေနဲ့ ဖုံးအုပ်ထား ပါတယ်။ နှစ်စဉ်နှစ်တိုင်း ထောင်ပေါင်းများစွာသော ဗုဒ္ဓဘာသာ စေတနာ့ဝန်ထမ်းတွေကို သူတို့ ကျေးရွာတွေကို ကာကွယ် စောင့်ရှောက်ဖို့ရာ လက်နက်တပ်ဆင်ထားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ထဲ ဝင်ရောက်ဖို့ ဒီကျောင်းမှာ သင်တန်းပေးပါတယ်။ ၁၆-နှစ်တိုင်တိုင် ရဟန်းဝတ်ခဲ့ပြီး အခု ကျောင်းတော်ကို စောင့်ရှောက်နေတဲ့ ဖရာ့ပလဒ်ဆုသီဖောင်း ပူရတ်ဆာရိုက သူ သင်္ကန်းကို ရုံထားတုန်းမှာပဲ ပစ္စတို သုံးလက် ပိုင်ဆိုင်ထားခဲ့ကြောင်း ဝန်ခံပါတယ်။ “ဗုဒ္ဓဘာသာဝင်တယောက် အနေနဲ့တော့ နည်းနည်း အပြစ်မကင်းသလိုမျိုး ခံစားကောင်း ခံစားရမှာပေါ့” လို့ ပြောပါတယ်။ “ဒါပေမဲ့ ကျနော်တို့ ကိုယ့်ကိုကိုယ် ကာကွယ်ရမယ်လေ” တဲ့။ ဗုဒ္ဓဘာသာဝင်တွေဟာ သူတို့ ဘုန်းကြီးကျောင်းတွေထဲမှာ စစ်သားတွေရှိနေ တာကြောင့် ပိုပြီး အကာအကွယ်ရတယ်လို့ ခံစားရရင်တော့ မူဆလင်တွေအတွက် ဒါဟာ တခြားတခုကို အချက်ပေးလိုက် သလိုပါပဲ။ “ဘုန်းကြီးကျောင်းတွေထဲ စစ်သားတွေကို ဖိတ်ခေါ်ထားခြင်းအားဖြင့် နိုင်ငံတော်ဟာ ဘာသာရေးကို စစ်ရေးနဲ့ ထိမ်းမြားမင်္ဂလာပြုလိုက်တာပဲ” လို့ အိုဟိုင်းယိုးမှာရှိတဲ့ ယန်းစတောင်းပြည်နယ်တက္ကသိုလ်က ဘာသာရေးလေ့လာမှု ဆိုင်ရာ လက်ထောက်ပါမောက္ခ နဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ပဋိပက္ခတွေမှာ ဗုဒ္ဓဘာသာရဲ့ အခန်းကဏ္ဍအကြောင်း စာအုပ် တအုပ် ရေးသားခဲ့တဲ့ စာရေးဆရာတဦး ဖြစ်သူ မိုက်ကယ်ဂျယ်ရီဆန်က ဆိုပါတယ်။ “ဗုဒ္ဓဘာသာဝင်တွေဟာ ကျမတို့ကို ထိုင်းလူမျိုးတွေအဖြစ် ဘယ်တုန်းကမှ မယူဆခဲ့ဘူး” လို့ အခြား လူ ၁၅-ယောက်နဲ့အတူ ဖေဖော်ဝါရီလမှာ ထိုင်းရေတပ်အခြေစိုက်စခန်းတခုကို ဝင်စီးနင်းဖို့ ကြိုးပမ်းမှုအပြီး ထိုင်း မရင်းတပ်သားတွေက သတ်ပစ်တာ ခံလိုက်ရတဲ့ သောင်းကျန်းသူလို့ သံသယဖြစ်ဖွယ်ရှိတဲ့သူတယောက်ရဲ့မိခင် ဆူမိုမာခေးက ပြောပြန်ပါတယ်။ “ဒါဟာ ကျမတို့မြေပေမဲ့ ကျမတို့က အပြင်လူတွေပါ” လို့ ဆက်လက် ပြောကြားပါတယ်။ ဒါတွေ အားလုံးအပြီးမှာတော့ မူဆလင်တွေဟာလည်း တောင်ဘက်စွန်းမှာ ထိတ်လန့်တုန်လှုပ်စွာနဲ့ ပြေးလွှားနေကြရတာပါပဲ။ အကြမ်းဖက်မှုတွေမှာ သေဆုံးကြရတဲ့ အများစုကတော့ ဗုဒ္ဓဘာသာတွေထက် ပိုများပြီး ဘယ်သူဘယ်ဝါရယ် မခွဲခြားတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဒါမှမဟုတ် သူတို့ ဟာ နိုင်ငံတော်နဲ့ တနည်းတဖုံးဆက်စပ်နေတယ် ဆိုတာတွေမှာ အသက်ပေးသွားကြရတာပါပဲ (လူဦးရေ အချိုးအစား အလိုက် ကြည့်မယ် ဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်တွေ သေကြရတာက ပိုများပါတယ်)။

    ဒါနဲ့တောင် ဘုန်းကြီး တပါးပြိးတပါးက မူဆလင်တွေဟာ ဗလီတွေကို လက်နက်တွေ သိုလှောင်ဖို့ အသုံးချနေတာ၊ ဒါမှမဟုတ်ရင်လည်း အီမန် (အစ္စလာမ်ဘာသာရေးခေါင်းဆောင်) တိုင်းက သေနတ်တွေ ကိုင်ထားကြတာဆိုပြီး ကျနော့်ကို ပြောကြပါတယ်။ “အစ္စလာမ်ဟာ အကြမ်းဖက်တဲ့ ဘာသာပဲ” လို့ မရင်းတပ်သားတဖြစ်လဲ ဘုန်းကြီး ဖရာ့တုံဂျီရတမို က ဆိုပါတယ်။ “ဒါကို အားလုံးသိကြပါတယ်”။ ဒါကတော့ ဗမာဘင်လာဒင်က ထောက်ခံပေးမယ့် သဘောထားပါပဲ။ ဦးဝီရသူ ဟာ သူ့ဘာသာတရားရဲ့ ငြိမ်းချမ်းတဲ့ သုတ္တန်တရားတော်တွေနဲ့ သူ့ရဲ့ ဗမာအများစုဖြစ်တဲ့ အမိမြေတလျှောက် ပျံ့နှံ့ နေတဲ့ မူဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေကို ဘယ်လိုများ ဆက်စပ်ယူမှာပါလိမ့်။ “ဗုဒ္ဓဘာသာမှာ ကျုပ်တို့ကို တိုက်စစ်ဆင်ခွင့် ပြုမထားပါဘူး” လို့ သူက ကျနော့်ကို မိန့်ကြားပါတယ်။ “ဒါပေမဲ့ ကျုပ်တို့ လူ့အဖွဲ့အစည်းကို ကာကွယ်ဖို့တော့ ကျုပ်တို့မှာ အခွင့်အရေးအပြည့်ရှိတယ်” လို့ ဆက်မိန့်ကြားပါတယ်။ နောက်ပိုင်းတော့ ညနေပိုင်း တရားနာပရိဿတ်ကို သူတရားဟောဖို့သွားတဲ့အခါမှာ ပြုံးရွှင်နေတဲ့ အိမ်ရှင်မတွေ၊ ကျောင်းသားတွေ၊ ဆရာတွေ၊ အဖွားအိုတွေနဲ့ တခြားသူတွေကို သူ့နောက်က လိုက်ဆိုစေဖို့ သူလှုံ့ဆော်နေတာကို နားထောင်နေမိပါတယ် … “ဗမာ လူမျိုးအတွက် မိမိကိုယ်ကို စွန့်လွှတ်ပါ၏” တဲ့။

    ဒါနဲ့တောင်မှ ဗုဒ္ဓဘာသာဝင်တွေရဲ့ ခွင့်လွှတ်သည်းခံခြင်းတရားဟာ ဒေသ မရွေး တည်ရှိနေပါသေးတယ်။ ၂၀၁၁-ခုနှစ် ဗုံးတလုံးပေါက်ကွဲစဉ်မှာ ဝပ်လပ်မွမ်ကျောင်းတော်က ဘုန်းတော်ကြီးတပါး ဖြစ်တဲ့ ဝပ်ချရာပေါင်ဆွတ်သ ဟာ စစ်သားတွေ စောင့်ရှောက်လိုက်ပါပေးရင်း နံနက်ပိုင်း ဆွမ်းခံကြွနေဆဲ ဖြစ်ပါတယ်။ သူ့ ခန္ဓာကိုယ် အောက်ပို်င်းတပိုင်းလုံး ဗုံးဆံအစအနတွေက ရတဲ့ အမာရွတ်တွေနဲ့ ပြည့်နှက်ဖုံးလွှမ်းနေပါတယ်။ အခုအချိန်မှာ အသက် ၂၉-နှစ်အရွယ်ရှိပြီး လူဝတ်လဲထားတဲ့ ဝပ်ချရာပေါင်ဟာ သွေးလန့်နေဆဲဖြစ်ပြီး ကဏှာမငြိမ်တဲ့ မျက်လုံးတွေနဲ့ ခန္ဓာကိုယ်တခုလုံးကလည်း ဆန့်ငင်ဆန့်ငင်နဲ့ အကြောဆွဲနေရှာပါတယ်။ ဒါပေမဲ့ သူက သူ့ကိုတိုက်ခိုက်တဲ့ ဘာသာတရား တခုလုံးကို အပြစ်မတင်ရှာပါဘူး။ “အစ္စလာမ်ဘာသာဟာ ဗုဒ္ဓဘာသာလို၊ တခြားဘာသာ အားလုံးလိုပဲ ငြိမ်းချမ်းတဲ့ ဘာသာတခုပါ” လို့ သူက ဆိုပါတယ်။ “ကျုပ်တို့က မူဆလင်တွေကို အပြစ်တင်နေရင် သူတို့ကလည်း ကျုပ်တို့ကို အပြစ်ပြန်တင်မှာပါပဲ။ ဒါနဲ့ပဲ ဒီအကြမ်းဖက်မှုတွေဟာ ဘယ်တော့မှ ဆုံးတော့မှာ မဟုတ်ပါဘူး”

    Time Magazine, Vol. 182, No. 1, 20 June, 2013 ၏ မျက်နှာဖုံးဆောင်းပါး “The Face of Buddhist Terror” ကို အပြည့်အစုံ ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။
    ဟယ်ရီလွင်
    Cover Credit: PHOTOGRAPH BY ADAM DEAN / PANOS FOR TIME အောက်ပါ link များတွင်လည်း သွားရောက် ဖတ်ရှုနို်င်ပါသည်။
    https://www.facebook.com/notes/harry-lwin/ဗုဒ္ဓဘာသာဝင်များ-အကြမ်းဖက်မျက်နှာစာ/10152925940090392
    http://harrylwin.blogspot.com/2013/06/blog-post_22.html
    ဗုဒ္ဓဘာသာဝင်များ၏ အကြမ်းဖက်မျက်နှာစာ

    • အရီးခင်လတ်

      June 23, 2013 at 2:17 pm

      ဟိုဘက်မှာ ဂဂ တင်ထားတာ အခုမှ တွေ့တယ်။
      ဘာသာပြန် လေသံ တွေ ကို ယှဉ် ဖတ်ပြီး အမှန်တရားတစ်ခု အတွက် ဘက်ပေါင်းစုံ က ရှုမြင် ကြည့်နိုင်ကြပါစေ။

    • ကြက်အူလှည့်

      June 24, 2013 at 11:43 am

      ခြစ်လွန်းလို့ ဖြစ်သွားဒါဘာ့…
      စိတ်ဆိုးပီးနာကျီး သွားသလား …
      မင်းအမျိုးသား သငယ်ဂျင်းလေး အပေါ်မှာ …
      ကိုယ် လုပ်လိုက်တဲ့အပြစ်ဟာ…
      အခြစ်လေး… ဝီဟာ လူဂျမ်းလေးဘာ….
      အခြစ်ရေ့ … ဝီဟာ လူဂျမ်းလေးဘာ….

    • Foreign Resident

      June 25, 2013 at 4:56 pm

      အဘ ထင်တယ် ။
      အဘ ဒီ Post တင်တာကို အပျော်ဆုံးက ဂီဂီ ဖြစ်မယ် ။

      သူ အရမ်းပျော်နေပုံရတယ် ။
      သီချင်းတွေ တစ်ပုဒ်ပီး တစ်ပုဒ် Comment နှင့် ရေးတင်နေတယ် ။
      😛

  • cobra

    June 23, 2013 at 4:03 pm

    ဒီနေ့ ရွာထဲဝင်လာတာအရမ်းမှန်သွားပါပြီ။
    အရင်က ဦးဝီရသူ ကိုလက်မခံတာလူနည်းစုလို့ထင်ထားတာ
    ခုတော့ ရွာထဲမှာအများကြီးပါလား
    အဘဖေါရယ် ကျေးဇူးတင်ပါတယ်
    ွကျွန်တော် လည်းပြောချင်ရေးချင်တာကြာပေါ့
    စီကာပတ်ကုန်းမရေးတတ်လို့ နေ နေရတာ
    ခုတော့ ကောင်းသွားတာပေါ့
    ကျွန်တော်လည်း ဘုရား၊တရား၊သံဃာ ကိုးကွယ်တာပါပဲ
    ဒါပေမယ့် အဲ့ဒီဘုန်းကြီးကတော်တော်လေး အစွန်းရောက်နေသလိုပဲ
    ကျွန်တော်တို့လူငယ်တွေ ငြိမ်းချမ်းရေးပွဲလေးတွေလုပ်တယ်
    စတေကာတွေ ဝေတယ် ဒါကိုတောင် ဖုန်းဆက်ပြီး ကုလားနောက်လိုက်နေတဲ့ကောင်တွေတဲ့
    ဖုန်းဆက်ပြီးဆဲသေးတယ် တကယ်မလွယ်တဲ့ အစွန်းရောက်တွေ။

    • Foreign Resident

      June 25, 2013 at 5:03 pm

      ” အရင်က ဦးဝီရသူ ကိုလက်မခံတာလူနည်းစုလို့ထင်ထားတာ
      ခုတော့ ရွာထဲမှာအများကြီးပါလား ”

      ကို Cobra ရေ ။
      အဘ သိသလောက် ၊ ဘယ် ဘာသာဝင် မဆို ၊
      နိုင်ငံတကာ အဆင့်မှီ ပညာတတ် ( အားလုံးလောက် နီးနီး ) က ၊
      လူ့အခွင့် အရေး အဆင့် အတန်း မှီမှီ နေဘူးတဲ့သူတွေ ( အားလုံးလောက် နီးနီး ) က ၊
      ဘုန်းကြီး ဝီရသူ စကားတွေ ကိုလက်မခံကြပါဘူးကွယ် ။

  • မင်းမင်း

    June 23, 2013 at 8:09 pm

    ထောက်ခံသူ
    တယောက်
    နှစ်ယောက်
    သုံးယောက်












    -လူနှစ်သောင်းကျော်(မှားနိုင်ပါတယ်နော့်ဟီးး)ရှိတဲ့
    ရွာထဲမှာထောက်ခံစာက ၂၅ ၃ဝ ဝန်ကျင်။
    ဒီထဲကမှပြည်ပနေတဲ့သူတွေကိုနုတ်။(ရွေးကောက်ပွဲမဲပေး
    ခွင့်မရှိတာပြောတာပါ)
    တော်တော်များပါပေတယ် cobra ရယ်။
    မြန်မာဆိုတာကလဲ အားနာတတ်သူတွေခပ်များများရယ်။
    မပြောရဲမဆိုရဲ ခေါက်ရိုးကလဲကျိုးဆိုတော့ ဟီးးးးး

  • aanyar thar

    June 23, 2013 at 8:24 pm

    အင်းးးးး ၊ အခုတစ်လောလည်း ရွာထဲမှာ ၊

    ဘာသာရေး Post တွေ တော်တော် စိတ်စိတ် တွေ့နေရတယ် ။

    အစ ကတော့ သိပ် Feeling မရလို့ Post မတင်ပဲနေနေတာ ၊

    ဟုတ်ပါ့ဟုတ်ပါ့….တစ်ချိန်တုန်းက mandalaygazett…ကဘာလဲ..ခု့mandalaygazett..ဘာလဲ… တစ်ချိန်တုန်းက..mandalaygazett..ရဲ့စည်းကမ်းချက်နံပါတ်..၆.. ကဘာလဲ..ခု့..mandalaygazett..စည်းကမ်းချက်နံပါတ်..၆..ကဘာလဲ…မြန်မာပြည်မှာမွေး. .မြန်မာ့ဆန်စား..မြန်မာ့ရေသောက်ပြီး… လူဖြစ်လာတဲ့သူတွေက တိုင်းတပါး..ရောက်မှ့..မြန်မာပြည်အကြောင်း..နဲ့..မြန်မာ့ဘာသာရေး.. အဝေးရောက်..လုပ်ကြမှာလား.. mandalaygazett..ရဲ့လမ်းစဉ်အတိုင်း. .လျှောက်ကြမှာလား..ဘာတွေလည်း… ဘာလုပ်နှိုင်ကြလို့လည်း. ဘာတွေလုပ်မှာလည်း… လုပ်နှိုင်တဲ့သူတွေလုပ်နေကြတယ်.. ကူညီနှိုင်တဲ့သူတွေကူညီနေတယ်.(သူတို့..ခု့လို..အဝေးရောက်ဝေဖန်ရေးနဲ့လေကန်ရေးတွေ မပါဘူး..) ဆိုူတော့… သူတို့လည်းသူတို့ခံစားနေရတာတွေပြောကြတယ်. .ပြည်တွင်းကပြောကြတာနော်… ဆိုတော့ကား..မြန်မာ့ပြည်မှာ. .မွေး.မြန်မာ့ဆန်လောက်ငအောင်မစားရ. .မြန်မာ့ရေဝလင်အောင်..မသောက်ရပဲ..ငတ်ပြတ်နေပြီး… ပညာသင်ကြားရမယ့်အရွယ်မှာ.ပညာမသင်ရပဲ…ကိုယ့်ဝမ်းကိုယ်ရှာစားနေရတဲ့..ကလေးလေး.. တစ်ယောက်ရဲ့ရဲ့ရင့်ဖွင့်စကားကို..နားထောင်ရတာ.. mandalaygazett.. ထဲမှာရှိ့တဲ့.. အဝေးရောက်..အသံကောင်းဟစ်သူတွေရဲ့.. ပိူ်စ့်တစ်ပုဒ်ထက်တန်ဖိုးရှိ့မယ်ထင်တယ်ဗျာ… အသံတွေထွက်လို့ရတဲ့အချိန်မှ့.ထွက်လာရသလား. .လေတယ်.. တစ်ချိန်ကလေးစားရတဲ့..mandalaygazett..ရေ….တစ်ချိန်က.. ဘာလုပ်နေသလဲ. စည်းကမ်း.နံပါတ်..၆..ကဘာလဲ.. ဘယ်သူ့ဖက်လှ့ည့်ရေးထာတာလဲ.မုံရွာအညာသား… ဦးကြည်းစိုး..ရေ.

    • အရီးခင်လတ်

      June 23, 2013 at 10:42 pm

      Hannah Beech ဆိုတာ နာဂစ် အကြောင်းရေးပြီး ဆုရတာ တင်မဟုတ် ဦးသိန်းစိန် အကြောင်း ကိုယ်တိုင်သွား စုံစမ်းပြီး သူ့အမြင် ကို အင်တာဗျူးခံ ခဲ့တာ ကနေ “Behind the Story:” Time ပေါ် ရောက်ခဲ့ ပြီး အဲ့ဒီက နေ ကမ႓ာက ဦးသိန်းစိန်ရဲ့ ရိုးသားဂုဏ်တွေ ကို သိခဲ့တာလို့ ထင်ပါတယ်။
      အမှန် က ဒါလေးပြောချင်လို့ ဝင်လာတာ။ ဒါပေမဲ့ ကိုအညာသား မှတ်ချက်လေးတွေ့ပြီး စိတ်မကောင်းဖြစ်မိလို့။

      ကိုအညာသား ဘာကို ဆိုလိုချင်တာလဲ တော့ မသိ။
      ရွာ့စည်းကမ်းမှာ
      6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။

      ကျွန်မတို့ ဒီ မှာ ပြောနေတာတွေ ကလဲ ပြည်တွင်းမှာ လက်ရှိဖြစ်နေတဲ့ လူမျိုးရေး မုန်းတီးမှု တွေ၊ ဘာသာရေး အရ မုန်းတီးမှုတွေ၊ အသားအရောင် ခွဲခြားမုန်းတီးမှု တွေ မဖြစ်စေချင်လို့ ပြောနေတာတွေပါ။
      ကျွန်မတို့ စည်းဖောက်တယ် ထင်ရင် အချက်တွေ တပ်ပြီး ပြောပါ။
      ကျွန်မတို့ စကားတွေ မှာ အမုန်းတရားတွေ၊ ရိုင်းစိုင်းတာတွေ ပါရင်ပြောပါ။
      တောင်းပန်ပြီး စာတွေကို ဖျက်ပေးပါ့မယ်။

      ကျွန်မတို့ ဒီ မှာ ပြောနေတာတွေ ကလဲ ပြည်တွင်းက စာမသင်ရတဲ့ ကလေးတွေ အတွက် ပြောနေတာတွေပါ။

      ပြည်တွင်းကနေပြီး အဲဒီ ကလေးတွေ စကားကို ပုံပြင်လို အပျင်းဖြေ တော့ နားမထောင်စေလိုပါဘူး။
      နားထောင်နေရုံ၊ သနားတယ်လို့ ပြောနေရုံ နဲ့ အဲဒီ ကလေးတွေ ဆင်းရဲတွင်း ကလွတ်မသွားပါဘူး။
      ဒီတော့ ကိုယ်ကလဲ နားထောင်ရုံ ဘဲ ဝါသနာပါရင်တော့ နားထောင်ရုံတင်မကဘဲ တတ်နိုင်သမျှ စကားပြောပေးနေသူ တွေ ကို နားလည်ပေးစေလိုပါတယ်။

      နောက်တစ်ခုက
      ကျွန်မတို့ က အပြင်ကနေ အတွင်းသံ ကို အမြဲဂရုစိုက်တယ်။
      အတွင်းက လဲ အပြင်က အသံ တွေ နားထောင်စေချင်တယ်။
      မြန်မာပြည်ဟာ အရင်ကာလတွေလို တံခါးပိတ်ဝါဒ ကျင့်သုံး နေတာ မဟုတ်တာ သိမှာပါ။
      ပြည်တွင်း လူတွေ ဟာလဲ နိုင်ငံတကာ နဲ့ ပေါင်းကူးဆက်ဆံ နေကြတာပါ။
      အပြင်လူတွေ ပြောသမျှ လိုက်လုပ် ရမယ် မပြောလိုပါဘူး။
      အပြင်လူတွေ ပြောသမျှ အားလုံးမှန်တယ် မပြောပါဘူး။
      Open Mind လေးသာ နဲနဲ ထားစေလိုပါတယ်။

      ဒါပေမဲ့ ရွာထဲ အပြင်ကလူတွေ စကား မကြားချင်ဘူး။ ဒီလို နိုင်ငံရေး၊ ဘာသာရေး တွေ ရွာထဲ မကြားချင်ဘူး။
      သူကြီး ပိတ်ပေးပါ ဆိုပြီး အများသဘော နဲ့ ပြောခဲ့ရင်လဲ နားထောင်ဖို့ အဆင်သင့်ပါဘဲ။

    • ကြက်အူလှည့်

      June 24, 2013 at 7:29 am

      ဆူပရာနို တီးချင် တယ်ပေါ့…??

    • Foreign Resident

      June 25, 2013 at 5:13 pm

      အရီးခင်လတ် says:

      ကိုအညာသား ဘာကို ဆိုလိုချင်တာလဲ တော့ မသိ ။ ရွာ့စည်းကမ်းမှာ ၊
      6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။

      ကျွန်မတို့ ဒီ မှာ ပြောနေတာတွေ ကလဲ ပြည်တွင်းမှာ လက်ရှိဖြစ်နေတဲ့
      လူမျိုးရေး မုန်းတီးမှု တွေ၊ ဘာသာရေး အရ မုန်းတီးမှုတွေ၊ အသားအရောင် ခွဲခြားမုန်းတီးမှု တွေ
      မဖြစ်စေချင်လို့ ပြောနေတာတွေပါ။

  • Times ဆိုလို့ ဝင်ပြောပါရစေ…

    ရုံးမှာ Myanmar Times ကို English Version နဲ့ စာစောင်ကို အပတ်တိုင်း ယူပါတယ်… လွန်ခဲ့တဲ့ တစ်လကျော်လောက်က မျက်နှာဖုံးမှာ ဘင်္ဂလီဒုက္ခသည်စခန်းက ပုံတွေ (မှတ်မိသလောက်ဆိုရင်) သုံး၊ လေး ပတ် ဆက်တိုက် ပါပါတယ်… ပုန်းရှောင်နေရတဲ့ ဘင်္ဂလီမိသားစုဆိုတာက တစ်ပုံ၊ လုံခြုံရေးကာထားတဲ့ သံဆူးကာကြားက ကလေးချီထားတဲ့ ဘင်္ဂလီပုံက တစ်ပုံ၊ နောက် မိတ္ထီလာအရေးမှာ အဖမ်းခံရတဲ့ ဘင်္ဂလီပုံကတစ်ပုံ… အတော်လေးကို စိတ်ပျက်မိသလို ဒေါသလည်း ထွက်မိခဲ့ပါတယ်… ဖြစ်ခဲ့တဲ့ပြဿနာမှာ နှစ်ဖက်အလွန်ဆိုပေမယ့် စခဲ့တာက သူတို့ပါ… ထိခိုက်နစ်နာတာကလည်း နှစ်ဖက်စလုံးပါ… အစိုးရက ကူညီထောက်ပံ့ကယ်ဆယ်တာကလည်း နှစ်ဖက်စလုံးကိုပါ… ဒါကို ဒီလို နိုင်ငံတကာမဂဇင်းက သူတို့ပုံတွေကိုပဲ မျက်နှာဖုံးတင်ပြီး ဆက်တိုက် အသားပေးဖော်ပြတာ… ဘယ်သူ့ကို ဘာဖြစ်စေချင်တာလဲဆိုတာ အသိသာကြီးပါ…

    နောက် ဘာသာသွေးနွေးတာ…. အမှန်အတိုင်းပြောရင် ဦးဝီရသူကို ထောက်ခံတယ်လို့ မဟုတ်ပါဘူး…. ဘာလို့လဲဆိုတော့ တစ်ခါတစ်ခါ ပြောတဲ့စကားတွေက စည်းဘောင် လွတ်လို့ပါ… ဒါပေမယ့် လူမသိသူမသိတဲ့ ကိုယ့်ဘက်က လူမျိုးရေးတစ်မျိုး၊ ဘာသာရေးတစ်ဖုံနဲ့ ခံနေရတာကို ဘုန်းဘုန်းတွေဘက်က မခံစားနိုင်ဖြစ်တာကိုလည်း နားလည်မိပါတယ်… ရှိပြီးသား ဥပဒေတွေ အသက်မဝင်တာ..လူတွေမသိတာ.. ဘယ်သူ့ကို အပြစ်တင်ရမလဲ… လယ်မြေသိမ်းမှုတွေမှာ ဥပဒေ၊ဥပဒေလို့ အော်နေပြီး တစ်စက်ကလေးတောင် သည်းမခံနိုင်စွာနဲ့ ဆင်းရဲသားကျူးကျော်တဲတွေကို အတင်းအဓမ္မ ဖျက်ဆီးဖယ်ခိုင်းနေတဲ့နေရာမှာတော့ ရှေ့ဆုံးက လုပ်နေကြပြီး ဒီလို ထုတ်ပြန်ပြီးသား ဥပဒေတွေ မစိုးမိုးတာကျတော့ ဥပဒေအထက်မှာဘယ်သူတွေ ရှိနေလို့လဲ… မျိုးစောင့်ဥပဒေဆိုတာကြီးကို မထောက်ခံပေမယ့် ဘုန်းဘုန်းတွေကို အပြစ်မမြင်ပါဘူး… တစ်ခုပဲ…လူတွေကို ကိုယ့်ဘက်ပါအောင် ဟောပြောတဲ့နေရာမှာ ဟောတတ်၊ပြောတတ်၊ လေယူလေသိမ်း ထားတတ်ဖို့ လိုပါတယ်… ပြောတဲ့စကားက ဆွပေးသလို ဖြစ်မနေဖို့လည်း လိုတယ်ထင်ပါတယ်….

    ဘာသာတစ်ခုဆိုတာ ထိန်းသိမ်းသူမရှိရင် ကွယ်ပျောက်တတ်ပါတယ်… တရားတော်က မှန်ကန်တယ်ဆိုရင် ဘာလို့ပျောက်ကွယ်မှာလဲလို့တော့ စောဒက တက်ချင်တက်မှာပေါ့… သာသနာကွယ်ရင် ပရိယတ္တိက စကွယ်ပါတယ်.. ဘာသာတရား ရင်ထဲမှာမရှိမှတော့ ထိန်းသိမ်းမှုလည်း မရှိတော့ပါဘူး… ဒီလောက်ကျပ်တည်းနေတဲ့ခေတ်ထဲမှာ… အကုန်လုံးက ဘာသာတရားနဲ့ ဝေးကုန်ပါတယ်… အထူးသဖြင့် ဆင်းရဲတွင်းနက်တဲ့ မြန်မာတွေ… ချမ်းသာတဲ့သူတွေကလည်း သားသမီးတောင် ဂရုမစိုက်နိုင်အောင် စီးပွားတွေနင်းကန်ရှာ၊ ဆင်းရဲတဲ့သူကလည်း သားပစ်သမီးပစ် .. ဝမ်းမငတ်ရအောင် အလုပ်လုပ်… ကလေးတွေကလည်း စာ..စာ..စာ..ဆိုတဲ့ကြားမှာ ဘုရားကျောင်းကန်နဲ့ဝေး… ဘာသာရေးဘာမှန်းမသိ..တရားဆိုတာ ဘာမှန်းမသိ… ဘာသာမဲ့ဖြစ်ရင်ဖြစ်.မဖြစ်ရင် သူများယောင်တိုင်း လိုက်ယောင်..သူများပြောသမျှအဟုတ်ထင်..ငွေနောက်ကိုလိုက်… တလွဲစေတနာကောင်းတတ်တဲ့ မြန်မာတွေရဲ့အကျင့်နောက်မှာ…. အတုအယောင် သာသနာဝင်တွေများလာ…. ဒိလိုနဲ့ သာသနာ ကွယ်ကိန်းစိုက်တာပါပဲ…

    ဘုန်းကြီးတွေကိုပဲ အပြစ်တင်လို့မရပါဘူး.. အစိုးရပါ ပါမှ ရမှာပါ.. အစိုးရကလည်း လူ့အခွင့်အရေးဆိုတာချည်း အော်နေပြီး ကြားနေနေလို့ကတော့ ဘာသာခြားနိုင်ငံ ဖြစ်သွားမှာ အသေအချာပါပဲ… သူတို့ဘက်က လူ့အခွင့်အရေးအော်ပြီး လုပ်ချင်တာတွေ ဦးအောင်လုပ်သွားတာကို ငြိမ်ခံနေလို့ မရပါဘူး… ဒီလိုနဲ့ ဘာသာခြား သမတ ဖြစ်သွားရင်တော့ ပွဲပြီးပြီ..

    ပြောချင်တာတွေတော့ ပြောလိုက်ပီ..အဆဲခံဖို့ စောင့်နေပါမယ်..

    လုံမလေးမွန်မွန်

    • အရီးခင်လတ်

      June 24, 2013 at 2:59 am

      ချစ်တဲ့ လုံမ ရေ့

      အရီး တော့ ပြိုင်ပွဲလေးတစ်ခုသာ လုပ်ကြည့်ချင်တော့တယ်။

      ဥပဒေ ဘောင်တွေ မှန်ကန်သွားခဲ့ ရင် သုံးချင်ဖြုန်းချင်တိုင်း လိုသလို ရနေတဲ့ တိုင်းပြည်ဘဏ္ဍာ ကို လက်လွတ်လိုက်မဲ့ အရေး တွေးပြီး အာဏာကို ဆက်စောင့်ရှောက်လိုသူ တွေ ရဲ့ အကြောက်တရား …
      နဲ့
      ဥပဒေ ဘောင်တွေ မှန်ကန်ဖို့ ကို အရင် လုပ်ဖို့ အရေးထက် နဂိုထဲကနှစ်ပေါင်း များစွာ (သမီး အသက် ၂ပြန် မက) ယိုင်နေတဲ့ အကြောင်းကို အခု တမင် လှုပ်ပြ မှ အတင်းနင်းကန် စိုးရိမ်သွားတဲ့ အမျိုးဘာသာ စောင့်ရှောက်လို သူတွေ ရဲ့ အကြောက်တရား …
      (လူငယ်တွေ စာရိတ္တပျက်ပြားတာ ရာနှုန်း များလာတာ အမျိုးဘာသာ ပျက်သုံးခြင်း နမူနာပါ။ အခု မှ ဝုန်းကနဲ ထဖြစ်တာ မဟုတ်ပါ။ မျိုးဆက် တစ်ဆက် စတေး ပြီး နေပါပြီ)

      ဘယ်သူက ပိုမယ် ထင်သလဲ။
      ဆုက တော့ “၂၀၁၅ ရွေးကောက်ပွဲ ရလာဒ်” ဖြစ်မှာပါ။

      အမျိုးဘာသာ ကို တကယ်ဘဲ ကာကွယ် လိုတယ် ဆိုရင်ဖြင့်
      အမှန်တရားကို ရအောင်ရှာပါ။
      သတင်းအချက်တွေ အမှန်ရအောင် စမ်းစစ် ကြည့်ပါ။
      ရှုဒေါင့်စုံ၊ ဘက်စုံက ဝေဖန်ကြည့်ပါ။
      ပြီးရင် ကိုယ်ယုံကြည်ရာ အမှန်တရား ဘက်က ရပ်တည်လိုက်ဖို့ ကြိုးစားပါ။
      ဒါပါဘဲ သမီးရေ။

      မှတ်ချက်-
      ဘယ်လိုဖြစ်ပြီး အဘဖော Post ကို ကိုယ့် Post လို လုပ်ပြီး ဝင် နှောက် နေမိတယ် မသိ။
      ကိုယ့်ဆရာ က ကမ်းဝေး နေတယ်ထင်ရဲ့။

      • KZ

        June 24, 2013 at 7:59 am

        အမေစုသမတဖြစ်ရင်တော့ တပြည်လုံး ကုလား(၇၈၆)တွေလွှမ်းမိုးရချည်ရဲ့လို့ သွေးပြက်မတတ်ကြောက်နေကြသူတွေ.. အော်ဟစ်နေကြတဲ့ ဗုဒ္ဓဘာသာစစ်စစ်ကြီးတွေ….၂၀၁၅ ကျရင် တခြားသူကိုသာ စိတ်ချလက်ချမဲပေးကြနော်….
        ကံတရားရဲ့ သဘော စိတ်စေတသိက်တွေရဲ့ အဘိဓမ္မာသဘောတွေကို လေ့လာဆည်းပူူးကြည့်ရင်..
        အတွင်းစိတ်က သိပ်စိုးရိမ်လွန်းရင် တကယ်ဖြစ်လာတတ်သတဲ့။
        မင်းတို့တွက်သလို မြန်မာလူမျိုးဗုဒ္ဓဘာသာတွေချည်း တံခါးပြန်ပိတ်ပြီး ကျပ်ကျပ်တည်းတည်း ထုံထုံအအ လူစဉ်မမှီ ကမ္ဘာမှာ လူရာမဝင်ပဲနောက်ထပ် နှစ် ၁၀ဝ လောက် နေကြတာပေါ့။
        Credit: Ko Aung Khaing

        ~~~~~~~~~~~~~

        ခုတလော တော့ ရွဲ့ စာ လေးတွေ ကြိုက်နေသလိုပဲ အရီးရယ်။ :mrgreen:

      • ချစ်တဲ့ အရီးရေ..
        2015 နီးလာလေ… ပြဿနာတွေ ပိုဖြစ်လာလေ.. ဒေါ်စုနဲ့ ပါတီကို မျက်မှောင်းကျိုးလာလေ… ပြည်သူဘက်ကို နည်းနည်းဘက်လိုက်ပေးတဲ့သူတွေရဲ့ စကားတွေကို နားဝင်ချိုလာလေ…. အဲ့လိုတွေ ဖြစ်လာမယ် ထင်တယ်နော်…

        အမှန်အတိုင်းပြောရင် ဦးဝီရသူကို ၉၆၉ တရားခွေထဲက တရားကို နာဖူးတယ်… ပြောတာတွေက တစ်ဖက်သတ်ဆန်လွန်းတယ်…. အမှန်တရားတစ်ခုကို ပြောတယ်ဆိုရင်တောင် တစ်ဖက်သားနားဝင်အောင် ပြောတတ်ဖို့လိုပါတယ်… သာသနာကို ကာကွယ်ဖို့ တရားဟောတာကို လက်ခံနိုင်ပေမယ့်.. “ဒေါ်စုတောင် ကုလားဘက် ပါနေပြီ..သူ နိုင်ငံခြားက ပြန်လာတော့ ဘယ်ကုလားရဲ့ ကားပေါ်တက်သွားတာ..” ဆိုတဲ့ အပြောမျိုးတွေကိုတော့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး…

        ဘာပဲပြောပြော အမှန်တရားဘက်က ရပ်တည်တာ ပြည်သူတွေ ကျွန်မကို မုန်းလည်း အမုန်းခံပါမယ် ဆိုတဲ့ ခေါင်းမာမှုလေးကိုတော့ နည်းနည်းလျှော့သင့်သလားလို့.. 🙂

        • အရီးခင်လတ်

          June 26, 2013 at 3:09 pm

          လုံမ ပြောထားတာလေး “ဘာပဲပြောပြော အမှန်တရားဘက်က ရပ်တည်တာ ပြည်သူတွေ ကျွန်မကို မုန်းလည်း အမုန်းခံပါမယ် ဆိုတဲ့ ခေါင်းမာမှုလေးကိုတော့ နည်းနည်းလျှော့သင့်သလားလို့.. ”

          သမီးရေ့
          အရီး တော့ ဒီ အစိုးရ ရဲ့ တစ်သက်တာ “Liar Liar” တွေ ကြားမှာ အတော်စိတ်ပျက် နေပြီ။
          အခုလဲ တစ်နေ့ တစ်မျိုး မရိုးရလေ အောင် ဇာတ်လမ်းတွေ ဆင်နေတာ သူတို့ အာဏာ ပြုတ်မသွားအောင်ဘဲ။
          ဒီအချိန် မှာ – ဒေါ်အောင်ဆန်းစုကြည် ကို လဲ သူတို့ လို တခဏ လူပိန်းကြိုက် စကား တွေ နဲ့ ဟန်လုပ် မပြော တာ ကို ကြိုက်တယ်။

          ဒေါ်အောင်ဆန်းစုကြည် မှာ လုပ်ပိုင်ခွင့် အပြည့်ရသွားရင် မြန်မာနိုင်ငံ ကို ကမ္ဘာမှာ တန်းဝင် တိုးတက်ဖို့ အတွက် သူလုပ် မှာ အမှန်ဘဲ။
          ဒီမှာတင် အခု နိုင်ငံ ထဲ မှာ မကျွမ်းဝင်သေးတဲ့ ဥပဒေ စည်းကမ်းလိုက်နာရတာ တွေ ဟာ ရှေ့တန်း ရောက်လာမယ်။
          လူတွေ မှာ စည်းဝါးလွတ် နေရာက အထိန်း တွေ နဲ့ မို့ ကသိကအောက် ဖြစ်လာမယ်။
          အဲဒီချိန်မှာ အမှန်တရား အတွက်ဘဲ ရဲရဲဝန့်ဝန့်ဝန့် ကြည့်ပြီး အုပ်ချုပ် နိုင်ဖို့ အခု ထဲ က သူ့ သဘော ကို ပြနေတာဘဲ လို့ ထင်တယ်။
          အခု တမျိုး ပြော၊ တော်ကြာ တစ်မျိုးလုပ် နေတာ ထက်စာရင် နဂိုထဲ က သူ့မူဝါဒ ကို ကြိုချပြထားတာ အာဏာ “မရူး” လို့ပါ။

          သေချာတာပေါ့။ သူ့ ကို လူကြိုက်နဲ သွားမယ်။
          တစ်တိုင်းပြည်လုံး က လူများစု မကြိုက် ရင်လဲ သူ ဒီ အာဏာ ကို ညာပြီး မယူဘူး ဆိုတဲ့ သဘောတောင် ပါမယ်။
          သူလဲ Perfect ခေါင်းဆောင် ဟုတ်ချင်မှ ဟုတ်မယ်။
          ဒါပေမဲ့ စေတနာ ရှိတယ်။ စွမ်းရည်ရှိတယ်။
          သူ့ ကိုဝေဖန် တာ ကို အကောင်း အဆိုးလက်ခံ ပြီး စဉ်းစားတတ်တဲ့ ပညာရှိ တယ်။

          ဒီတော့ မေးခွန်း တစ်ခု။
          ကိုယ့်အိမ်ထဲ ကိုယ့် အသက် စည်းစိမ် ကို ရန်ပြု လာသူ ကို ပြန်ခုခံ ရင်း တစ်ဖက်လူ သေ သွား တယ် ဆိုပါစို့။
          ဒီနေ့ မြန်မာပြည် ရဲ့ ဥပဒေနဲ့ ဆို ဟိုဖက်က လာဘ်ထိုး လိုက်ရင် ကိုယ့် မှာ ပိုပြီး ဒုက္ခရောက်လမ်း ဘဲ ရှိတယ်။
          ကိုယ့်ကိုယ်ကို ကာကွယ်ရင်း ဖြစ်တာ ဆိုတဲ့ အမှန်တရားဖက် က ရပ်တည်ပေးမယ် လို့ အရီး တော့ လုံးဝ မယုံဘူး။
          ဒီ ဖွတ် တွေ ဆက် နေနေ သမျှ အမှန်တရား ပျောက်နေမှာဘဲ။

          ဒီတော့ ချစ် လုံမ လေး ရေ။
          “Liar Liar” တွေ လို ပြည်သူကြိုက် ထွင်လုံး တွေ ခဏ လုပ် ပြီး အာဏာ ရဖို့ ဝှက်ဖဲ တွေ သုံး နေတဲ့ သူ တွေ နဲ့
          အာဏာမရလဲ နေ သူ့ လုပ် မှာ အခု ရော နောင် ရော ဒီ သဘော ဘဲ လို့ ရိုးရိုးရှင်းရှင်း ဝှက်ဖဲ မရှိ ခေါင်းဆောင် လုပ် မဲ့ သူ
          ဘယ်သူ့ လက် က ကိုယ့် အတွက် လုံခြုံမယ်လို့ ထင်လဲ။ ယုံလဲ။

          DECISION! DECISION! DECISION!

  • ကြက်အူလှည့်

    June 24, 2013 at 9:13 am

    မသိ ..မသိ ..ကျန်တာ မိဂီ မသိ ….

    ကိုယ် တယောက်ထဲကလွဲ .. ကျန်တာတွေ ဖွဲဆန်ကွဲ ..ပြောဦး အချစ်လေးရယ်…

    ကန္နားစီး is feeling ဒိန်းတပ်တပ် ဒိန်းတပ်တပ်..

  • amatmin

    June 24, 2013 at 9:55 am

    ဒီတခါတော့ ကွန်မန့်တွေ အားဖြည့်စရာတောင်မလိုဘဲ…
    လစ်တာတွေ..တစ်တာတွေ .ဘေးချိတ်ပီး
    ဘဖောပို့စ်ကို လွှတ်ကြိုက်ဗျာ…

  • awra-cho

    June 24, 2013 at 10:37 am

    ဓါးထမ်း ပြောရမယ့်ကိစ္စ တွေပါဗျာ၊ ကျွန်တော်ကတော့ ရှင်းရှင်းပြောရရင် မွတ်စ်တွေကို မယုံဘူး၊ သူငယ်ချင်း တွေ ကောင်းတဲ့သူတွေ ရှိခဲ့ပါတယ် ဒါပေမယ့် အမြီးကျက် အမြီးစား တွေက ဒီကောင်တွေ များတယ်၊ ရရင်စော်မယ် ဆိုတာပဲ၊ သူတို့က အိညက်အိညက် အပြော့ဆွဲ အတော်ပိုင်တယ်၊ ဘယ်လိုမှ မထင်ရဘူး၊ ဒါကို အပေါ်ယံမြင် တဲ့သူက အကောင်းပဲ ထင်မှာ၊ သူတို့သာရင် သုတ်မှာ၊ လူ့အခွင့်အရေး လူသားချင်း ဘာညာကွိကွ ၊ ကျွန်တော် တစ်ယောက်ထဲ သဘောက သူတို့ အပေါ် မထားနိုင်ဘူး၊ ကိုယ့်ပေါ်လဲ ထားမှာမဟုတ်ဘူး၊ ကိုယ်တွေက ရဟန်းနာ မဂ်ရနေတဲ့သူ မဟုတ်တော့ ခွင့်မလွှတ်နိုင်ဘူး ဗျာ၊ ဒါပေသိ ကိုယ်ထိလက်ရောက် မလုပ်ပါ၊ အားလဲ မပေးပါဗျ၊ (ဓါးတွေ အများကြီးဝယ် စုနေတာ ဘယ်သူတွေ လဲ သိတယ်မဟုတ်လား) အတတ်နိုင်ဆုံး သူတို့ ဆိုင်တွေမှာ မဝယ်တော့ဘူး၊ သာသနာ အတွက် တည်တံ့ ပြန့်ပွားဖို့ အတတ်နိုင်ဆုံး နိုင်သလောက် လုပ်သွားမယ် မှန်းပါတယ်ခင်ဗျား၊

  • စနေ

    June 24, 2013 at 11:01 am

    အဘရဲ့စာကို FB မှာ ရှယ်ခွင့်ပြုပါ အဘ …

  • kai

    June 24, 2013 at 12:22 pm

    ဦးဝီရသူနဲ့.. သူ့အိုင်ဒီယာအတိုင်းလိုက်လုပ်နေသူ.. ထောက်ခံသူတွေကို.. မြန်မာထေရဝါဒဗုဒ္ဓဘာသာဝင်ရဟန်းတွေရဲ့ဂိုဏ်းတခုခုက.. တရားစွဲပြီး… .. မြန်မာထေရဝါဒဗုဒ္ဓဘာသာနဲ့ အစွန်းရောက်များနဲ့မပတ်သက်.. မသက်ဆိုင်ပါကြောင်းပြဖို့လိုတယ်ထင်မိတယ်..

    ကမ္ဘာတန်းမှာ.. . မြန်မာထေရဝါဒဗုဒ္ဓဘာသာကို.. အဖတ်ဆယ်ဖို့… အတွက်ပါ…။
    ထောက်ခံမှု.. ဘာမှအရေးယူမှုမရှိပဲ.. တွဲထားရင်တော့.. မြန်မာထေရဝါဒဗုဒ္ဓဘာသာဝင်တွေဟာ.. ကမ္ဘာ့မီဒီယာကနေ… အစွန်းရောက်အကြမ်းဖက်သမားအဖြစ် ပုံဖေါ်မှုထဲ..ဝင်သွားမယ်ဖြစ်ကြောင်း…။

    နောက်တနည်း…
    ဦးဝီရသူနဲ့.. သူ့ဦးဆောင်မှုလက်ခံလိုက်နာသူတွေက.. သူတို့ဟာ… မြန်မာထေရဝါဒဗုဒ္ဓဘာသာနဲ့မသက်ဆိုင်.. ဂိုဏ်းမတူပါကြောင်း.. ကြေငြာဖို့ဖြစ်မယ်ထင်မိတယ်..။

    အဖြေရှာကြည့်တာပါ…။ :mrgreen:

    • ဦးဦးပါလေရာ

      June 24, 2013 at 12:59 pm

      ဦးဝီရသူက ပြဿနာ မဟုတ်ဘူး

      သီတဂူ က ပြဿနာ….။

      ဝိတ်ချင်းမတူပါ…။

      ဆိုတော့……..

      အနာဂတ်သာသနာရေးကို စိတ်လျှော့ထားလိုက်ပါပြီ……

      🙁

      • kai

        June 24, 2013 at 3:09 pm

        ဒီလ WIRED မဂ္ဂဇင်းမှာ.. စီလီကွန်ဗယ်လီထဲ.. ထိုးဖေါက်ခြေကုတ်ရနေတဲ့.. ဗုဒ္ဓဘာသာအကြောင်းဆောင်းပါးပါလာတယ်..
        ဗုဒ္ဓဆင်းတုတော်တွေ.. ဗုဒ္ဓအထိမ်းအမှတ်တွေဟာ.. ငွေချမ်းသာသူတွေရဲ့..အိမ်မှာ.. ငြိမ်းချမ်းခြင်း နိမိတ်ဆောင်အဖြစ်.. ထားကြတဲ့ဓလေ့ဖြစ်လာတာ.. နည်းနည်းကြာနေပါပြီ..
        အဲဒီကနေ.. တဆင့်တက်လာတာပေါ့…။ စီလီကွန်ဗယ်လီကို ထိလိုက်နိုင်ခြင်းဟာ.. ကမ္ဘာအပေါ်တန်း လူ့အလွှာကို… ထိလိုက်နိုင်ခြင်းပါပဲ…။

        ဆိုတော့…
        ဗုဒ္ဓသာသနာဟာ.. ကမ္ဘာမှာထွန်းတောက်အောင်မြင်နေပါပြီ…။
        အနာဂတ်သာသနာရေးဟာ.. အင်မတန်စိတ်ချစရာကောင်းပါတယ်….။

        .. (ထုံးစံအတိုင်း) မြန်မာထေရဝါဒတော့ မဟုတ်ပါဘူးနော…။ :mrgreen:
        ထေရီထေရာတွေကဆင့်ပိုချတဲ့ဝါဒကို ဘေးချိပ်စိတ်လျှော့ထားလိုက်ပါ..။ ဗုဒ္ဓဝါဒစစ်စစ်နောက်ကို.. ခြသေ့င်္လည်ပြန်လေးလုပ်ပါဦးလို့…
        ========

        Enlight-enment Engineer

        Chade-Meng Tan is perched on a chair, his lanky body folded into a half-lotus position. “Close your eyes,” he says. His voice is a hypnotic baritone, slow and rhythmic, seductive and gentle. “Allow your attention to rest on your breath: The in-breath, the out-breath, and the spaces in between.” We feel our lungs fill and release. As we focus on the smallest details of our respiration, other thoughts—of work, of family, of money—begin to recede, leaving us alone with the rise and fall of our chests. For thousands of years, these techniques have helped put practitioners into meditative states. Today is no different. There’s a palpable silence in the room. For a moment, all is still. I take another breath.
        ..

        More than a thousand Googlers have been through Search Inside Yourself training. Another 400 or so are on the waiting list and take classes like Neural Self-Hacking and Managing Your Energy in the meantime. Then there is the company’s bimonthly series of “mindful lunches,” conducted in complete silence except for the ringing of prayer bells, which began after the Zen monk Thich Nhat Hanh visited in 2011. The search giant even recently built a labyrinth for walking meditations.
        ..
        It’s not just Google that’s embracing Eastern traditions. Across the Valley, quiet contemplation is seen as the new caffeine, the fuel that allegedly unlocks productivity and creative bursts. Classes in meditation and mindfulness—paying close, nonjudgmental attention—have become staples at many of the region’s most prominent companies. There’s a Search Inside Yourself Leadership Institute now teaching the Google meditation method to whoever wants it. The cofounders of Twitter and Facebook have made contemplative practices key features of their new enterprises, holding regular in-office meditation sessions and arranging for work routines that maximize mindfulness. Some 1,700 people showed up at a Wisdom 2.0 conference held in San Francisco this winter, with top executives from LinkedIn, Cisco, and Ford featured among the headliners.
        ..
        In 2013 nearly 1,700 signed up to hear headliners like Arianna Huffington, LinkedIn CEO Jeff Weiner, Twitter cofounder Evan Williams, and, of course, Meng talk about how they run their enterprises mindfully. Gordhamer has become a Silicon Valley superconnector, with an array of contacts that would make an ordinary entrepreneur burst with envy. He now leads private retreats for the technorati, and more conferences are in the works—one just for women, another to be held in New York City. “Everywhere you turn at Wisdom,” says PayPal cofounder Luke Nosek, “it’s like, ‘Oh my God, you’re here too?’”
        http://www.wired.com/business/?p=82267

  • amatmin

    June 24, 2013 at 1:56 pm

    ဘာရယ်မဟုတ် ဖဘ ဖတ်ရင်းတွေ့မိတာလေးပါ..။ 😀
    ွ့

    Credit to :: Sayar Gyi Jit (FB)
    ဘယ်လယ်ကွက်ကိုစောင့်ရှောက်မှာလဲ…

    ဝံသာနုတရား ခေါင်းထဲစိမ့်ဝင်အောင်ဟောပြော ဆုံးမခြင်းနဲ့သာ
    အေးခင် ပေါင်ကြားထဲက အရာ ကို စောင့်ရှောက်နိုင်မှာပါ..
    သူပိုင်ပစ္စည်းကိုး..
    ဥပဒေ က တတ်နိုင်တဲ့အရာလို့ မထင်ပါ ဘုရား…
    ယနေ့ လယ်သမားကြီးတွေ လယ်ကွက်ပေါင်း ဧက သိန်းသန်းချီ အသိမ်းခံနေရပြီး ဥပဒေ လက်တလုံးခြား ခံနေရတုန်းပါ.. ဥပဒေက ကောင်းစွာ မစောင့်ရှောက်ပါဘုရား…

    အေးခင်ရဲ့ အမေပေးတဲ့ လယ်တစ်ကွက် လည်း ဥပဒေနဲ့စောင့်ရှောက်လို့ မရပါဘုရား ..
    တာဝန်ရှိတဲ့ လဝက ဝန်ထမ်းတွေ .. နိုင်ငံကိုကာကွယ်နေပါတယ်ဆိုသူတွေနဲ့…
    အေးခင် ရဲ့ အမျိုးသားရေးစိတ်ဓါတ် ကသာ စောင့်ရှောက်မှာပါ..

    အဓိက အရင်းခံအကြောင်းတရားကို မြင်နိုင်ပါစေဘုရား….။

  • မင်းမင်း

    June 24, 2013 at 3:33 pm

    စဉ်းစားကြစေလိုပါတယ်။

    ဖြစ်ရပ်တခုကို ပုံသေကောက်ချက် တယူထဲ

    စွဲလို့မရပါဘူး။

    နေဟာမနက်ထွက်ခါစမှာ အပူမပြင်းလို့

    နေမပူဘူးလို့ ပုံသေကောက်ချက်ဆွဲလိုက်ရင်

    နေလည်ကျမှ မီးတောက်မတတ်ပူတဲ့အခါကျမှ

    ဒုက္ခရောက်မယ်နော့်။

    ကျနော်လည်းအစက အစက

    ခုတော့လည်း ခုတော့လည်းး

    စဉ်းစားကြစေလိုပါတယ်။

  • မင်းမင်း

    June 24, 2013 at 4:39 pm

    Christians (33.32%)
    Muslims (21.01%)
    Hindus (13.26%)
    Buddhists (5.84%)
    Non-religious (14.09%)
    Other (12.48%)

    အရီးရေ
    ကျနော်ပြောတာနဲ့
    အရီးရဲ့ကိုးကားချက်တွေကလွဲနေတယ်ခဗျ။
    ကျနော်က
    https://en.wikipedia.org/wiki/Major_religious_groups
    အဲဒီကအချက်အလက်ကိုပြောတာဟုတ်ဘူးဗျ။
    us က အသိဆရာတယောက်နဲ့
    စကားစပ်မိလို့သိရတာခဗျ။
    သူကဘယ်လိုသိလဲဆိုတော့
    ဘာသားရေးအဖွဲ့အစည်းကြီးတခုရဲ့ စစ်တမ်း
    ကောက်ယူမူ့ရလဒ်တဲ့ခဗျာ။
    လူတွေထင်ကြတာက လက်တွှေုမှာမှားနေကြောင်း
    ကမ္ဘာကြီးရဲ့ ပြောင်းလဲမူ့မှာ မွစ်တွေတတိယနေရာ
    ဆင်းသွားတာလဲပါဝင်တယ်တဲ့ဗျာ။
    ကျနော်ကလက်တွေ့ပါတဲ့စစ်တမ်းကိုပိုယုံတယ်။
    us ကစစ်တမ်းဆိုတော့လဲ မငြင်းရဲဘူးခဗျ။
    ကမ္ဘာကြီးမှာအကျင့်ပျက် အကြမ်းဘက်မူ့ တွေရဲ့
    မူလအရင်းမြစ်က အဲဒီ ဘာသာမဲ့တွေတိုးပွားလာလို့တဲဗျာ။
    အစကမပြောချင်ပေမဲ့ ခုတော့ပြောချင်လာလို့ပါ။
    အချိန်နဲ့အမျှပြောင်းလဲတဲ့အထဲမှာ ကျနော့်စိတ်လဲပါတယ်။
    ဘာသာတရားတခုကိုမျှသက်ဝင်ယုံကြည်ခြင်းမရှိသူ
    (သို့)
    မည်သည့်ဘာသာတရား၏ဆုံးမခြင်းကိုမခံယူသူ
    တယောက်ကိုအကြမ်းဖျင်းအားဖြင့်ဘာသာမဲ့လို့ဆိုနိုင်ပါတယ်။
    ဒီတော့သူဘဝမှာ အဆုံးအမ တခုမှခံယူလိုက်နာခြင်းမရှိလေတော့
    အဲဒီလူတွေရဲ့ ကိုယ်ကျင့်တရားက
    ‘money/ sex & power
    ကိုကိုးကွယ်မူ့သဖွယ်ဖြစ်ပြီး
    eat,drink and be merry for tomorrow we
    may die’ ကိုပဲတွင်တွင်ဆွဲကိုင်ကြတာပဲခဗျ။
    ဒါကြောင့်မိုးမစိုချင်ရင် တခုခုအောက်မှာဝင်ခိုသင့်တာပဲ
    မဟုတ်လားခဗျာ။

  • မင်းမင်း

    June 24, 2013 at 4:46 pm

    ဘာသာမဲ့ကိုပြောဒါဆိုတော့
    ဆိုဒ်ရဲ့ ဝိနည်း အဲမှားလို့
    ကျင့်ထုံးနဲ့ မညှိလောက်ဘူးထင်ပါတယ်ခင်ဗျာ။
    ညှိခဲ့ရင်တော့အားမနားပဲ ဖျက်လိုက်ပါလို့
    သူကြီးကိုတောင်းဆိုအပ်ပါတယ် ခဗျာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 24, 2013 at 5:42 pm

    တစ်ခုရှိတာက ဘုန်းကြီးက ဒီအကြောင်းတွေကို ဖြစ်စေခြင်နေတာလေးရိုးရိုးပြောတာဘဲ
    ဘာမှလည်းအတင်းအဓမ္မကြီးမဟုတ်ပါဘူး
    သူ့နေရကနေတွေးရင် သူ့ရဲစိတ်ထဲ သူကြည်ညိုတဲ့ဘာသာတရားတွက် အကာရံလေးဖြစ်ပါစေ
    ဆိုတဲ့သဘောလောက်ပါ
    ခင်ဗျားတို့လည်း ခင်ဗျားတို့နားလည်ယုံကြည်တဲ့သဘောထဲကနေခင်ဗျားပြောကြတာဘဲ
    သူလည်းသူယုံကြည်တဲ့သဘောထဲကနေပြောတာကို ဘာဖြစ်လို့ ဒီလောက်တောင် ဖင်ဝိုင်းကျယ်ကြတာလည်း
    ပြောရရင်တော့ သူပြောတဲ့အဆိုကို ဒီလောက်ကြီးလည်းပုံကြီးချဲ့စရာမလိုပါဘူး
    သူပြောတဲ့ဘာဥပဒေလည်း ?? အမျိုးစောင့်ဥပဒေလား ? ထားပါတော့
    မိန်းမတွေအနေနဲ့ သူတို့စောက်ဖုတ်ကိုချမယ့်ကောင်ကို သူတို့ဘာသာဝင်လက်မှတ်ရှိတဲ့ကောင်ဘဲ
    ဖြစ်ရမယ်ဆိုတဲ့စကားကို
    ကလားတွေက သူ့ထက်အရင်ပြောခဲ့တာဘဲ လက်ရှိလည်းပြောနေတာဘဲမဟုတ်ဘူးလား
    ခင်ဗျားတို့ပြောတဲ့အခွင့်ရေးထဲကဆို
    သူဒီလိုပြောတယ် ကိုယ်ကလက်မခံဘူး ဘာဖြစ်လည်း
    သူကရော ခင်ဗျားတို့ လက်မခံရင် ဖင်ခံလို့ပြောနေလို့လား
    ဘာရယ်တော့ဟုတ်ပါဘူး ဘုန်းဘုန်းဖက်က အားနည်းနေလို့ အင်အားဝင်ပြတာ ဆန်ဒဗျီရမနဲဘူး :mrgreen:
    ကိုယ့်ဟိုဒင်းကို ဟိုဒင်းလုပ်မယ့်လူက လက်မှတ်ရှိတဲ့သူမှလက်ခံတဲ့မမတွေကို ဒီနေရာကနေပြောလိုက်ပါတယ်
    ကျုပ်ရဲ့ ဟိုဒင်းကိုတော့ လာမကန့်သတ်နဲ့ ကန့်သတ်လို့ကတော့ သဘောပေါက် 👿

  • uncle gyi

    June 24, 2013 at 11:06 pm

    ၁ အဘဖောရဲ့ဒေါ်စုအပေါ်ထားတဲ့သဘောထားတော့ကြိုက်သဗျာ

    ၂ အဲဒီ ဟာတွေနှင့် ၊ ပက်ပက် စက်စက် ( ပက်ပက် စက်စက် ) ကွဲလွဲ လာပြီ ဆိုရင်လဲ ၊
    ဗုဒ္ဓ ဘာသာ ကိုစွန့်လွှတ်လိုက်ဖို့လဲ ၊ ဝန်မလေးလှပါဘူး ။

    ဒီစာကြောင်းလေးကိုတော့သဘောမကျပါကြောင်း
    ဘုရားတရားေတော်တွေကိုယုံကြည်လို့ကိုးကွယ်နေတာ
    မှန်တယ်ထင်လို့ကိုးကွယ်နေတာ

    အဲဒီ ဟာတွေနှင့် ၊ ပက်ပက် စက်စက်ကွဲလွဲလာရင်လဲကွဲလွဲအောင်လုပ်သူရဲ့အာဘော်သာဖြစ်
    တော့မပေါ့ ဘုရားရဲ့နှုတ်ခပတ်တော့မှမဟုတ်တာဘာဖြစ်လို့
    ဗုဒ္ဓ ဘာသာ ကိုစွန့်လွှတ်လိုက်ဖို့ဝန်မလေးဖြစ်ရတာတုန်း
    ဒါကဘာသာကိုတကယ်ထဲထဲဝင်ဝင်ယုံကြည်မှုလိုသေးတယ်လို့ထင်တယ်ဗျာ

    ၃ ဘုန်းကြီးဝီရသူရဲ့စကားတွေကိုလူ့အခွင့်အရေးနှင့်မှတ်ကျောက်တင်ရင်
    သူတို့ဘာသာရဲ့စကားတွေကိုကောလူ့အခွင့်အရေးနှင့်မှတ်ကျောက်တင်
    ကြည့်ပြီးပလားလို့မေးချင်ပါတယ်ဘဖောရယ်

    ၄ ” မျိုးစောင့် ဥပဒေ ” ကိုတော့ ၊ လုံးဝ မထောက်ခံနိုင်ပါဘူး ။
    ကျွန်တော်လည်းဒါကိုလက်မခံပါဖူး
    ပြောမယ်ဆိုပညာရှိမဆန်ပါဖူး
    သူ့ဘာသာနဲ့သူပြန်ချည်တဲ့စကာင်္ပူနည်းကိုတော့လက်မထောင်ပြလိုက်ပါတယ်

    ၅ မိန်းမ တွေကို ဘယ်သူကမှ မတရား ချုပ်ချယ်ခွင့် မရှိဘူး ။
    မှန်တာပေါ့ဗျာမိန်းမ ယောကျာ်ဘယ်သူမှချုပ်ချယ်တာမကြိုက်ပါဖူး
    ဝီရသူကစကားအဖြစ်ပြောတာရှိပါသေးတယ်
    သူတို့ဘာသာမှာမိန်းမတွေကိုချုုုပ်ချယ်တာကြလူ့အခွင့်အရေးမဟုတ်ပဲဘာသာရေးလို့ပြောမှာလား
    မေးချင်ပါတယ်

    ၆ အခုဖြစ်နေတာတွေကိုကြည့်ရင်ပစ်မှတ်ကဘာဆိုတာတွေ့နိုင်မယ်ထင်ပါတယ်
    သူတို့ကကြားခံဖြစ်သွားတာလို့ပဲကျွန်တော်တော့မြင်ပါတယ်

    ရ ဘုန်းကြီးဝတ်ကြီးနဲ့ဒါးတရမ်းရမ်းတုတ်တရမ်းရမ်း
    ခွေတွေထဲကြည့်ရတာအတော်အရုပ်ဆိုးတယ်ဆိုတာလက်ခံပါတယ်
    ဒါပေမဲ့ဒါတွေကတကယ်ဘုန်ကြီးအစစ်တွေလားဘယ်နိုင်ငံခြားဂျာနယ်လစ်တွေလာစစ်ပြီးပလဲ
    အယောင်ဆောင်တွေကြောင့်သာသနာကိုအပြောခံရတာတော့အဖြစ်မခံနိုင်ပါ

    သူတို့ဘာသာကဘယ်လိုကောင်းတာအစွန်းရောက်တွေကလုပ်နေတာပါဘာညာနဲ့
    ဒါတွေကျမြင်အောင်ကြည့်နိုင်ကြပြီးအခုကိစ္စကြမြင်အောင်ဘာဖြစ်လို့မကြည့်နိုင်ကြတာလဲ

    ဝီရသူကိုသဘောကျလို့ရှေ့နေလိုက်နေတာမဟုတ်ဆိုတာကြိုပြောလိုက်ပါတယ်ဘဖောရေ

    • စနေ

      June 25, 2013 at 10:24 am

      အန်ကယ်ကြီးပြောတဲ့
      ရ ဘုန်းကြီးဝတ်ကြီးနဲ့ဒါးတရမ်းရမ်းတုတ်တရမ်းရမ်း
      ခွေတွေထဲကြည့်ရတာအတော်အရုပ်ဆိုးတယ်ဆိုတာလက်ခံပါတယ်
      ဒါပေမဲ့ဒါတွေကတကယ်ဘုန်ကြီးအစစ်တွေလားဘယ်နိုင်ငံခြားဂျာနယ်လစ်တွေလာစစ်ပြီးပလဲ
      အယောင်ဆောင်တွေကြောင့်သာသနာကိုအပြောခံရတာတော့အဖြစ်မခံနိုင်ပါ

      ဘုန်းကြီး အတု/အစစ် ကိစ္စမှာ အစိုးရမှာ တာဝန်ရှိပါတယ် …
      ဒီလိုကိစ္စတွေ စဖြစ်ကတည်းက ပါဝင်သူတွေကို တခါတည်း ဖမ်းဆီးစစ်ဆေးပြီး
      သတင်းထုတ်ပြန်ပေးသင့်ပါတယ် ……. အစကတည်းက မလုပ်ခဲ့တော့ အခုမှ ထလုပ်ရင်လဲ နောက်ကျသွားပါပြီ ……..

    • Foreign Resident

      June 25, 2013 at 5:50 pm

      uncle gyi says:
      ” အဲဒီ ဟာတွေနှင့် ၊ ပက်ပက် စက်စက် ( ပက်ပက် စက်စက် ) ကွဲလွဲ လာပြီ ဆိုရင်လဲ ၊
      ဗုဒ္ဓ ဘာသာ ကိုစွန့်လွှတ်လိုက်ဖို့လဲ ၊ ဝန်မလေးလှပါဘူး ။
      ဒီစာကြောင်းလေးကိုတော့သဘောမကျပါကြောင်း ”

      uncle gyi ရေ ။ အောက်မှာ အချုပ်လေး ဆက်ရေးထားတယ်လေ ။

      ” ကျနော် မြင်သလောက်တော့ ၊ ဗုဒ္ဓ မြတ်စွာ နှင့် သူ့ တရားတော် တွေမှာ မတရားတာ မပါပါဘူး ။
      သို့ပေမယ့် ၊ ရဟန်း တစ်ချို့က ဗုဒ္ဓ တရားတော် တွေ အတိုင်း မဟုတ်ပဲ ၊
      တစ်ချို့ ကိစ္စတွေမှာ ၊ လွန်လွန်ကျူးကျူး လုပ်ဆောင်လာတာ တွေ့နေရတယ် ”

      uncle gyi says:
      ” ဘုန်းကြီးဝီရသူရဲ့စကားတွေကိုလူ့အခွင့်အရေးနှင့်မှတ်ကျောက်တင်ရင်
      သူတို့ဘာသာရဲ့စကားတွေကိုကောလူ့အခွင့်အရေးနှင့်မှတ်ကျောက်တင်
      ကြည့်ပြီးပလားလို့မေးချင်ပါတယ်ဘဖောရယ် ”

      uncle gyi says:
      ” သူတို့ဘာသာကဘယ်လိုကောင်းတာအစွန်းရောက်တွေကလုပ်နေတာပါဘာညာနဲ့
      ဒါတွေကျမြင်အောင်ကြည့်နိုင်ကြပြီးအခုကိစ္စကြမြင်အောင်ဘာဖြစ်လို့မကြည့်နိုင်ကြတာလဲ ”

      ” သူတို့ဘာသာကဘယ်လိုကောင်းတာ ??????????? ”

      uncle gyi ရေ ။

      ဒီတစ်ခါ ကျနော် ပြန်ဖြေရှင်းတဲ့ စကားက အစွန်း နဲနဲ ရောက်နေပါလိမ့်မယ် ။
      ဒါပေမယ့် မတတ်နိုင်ဘူး ။ ကျနော်က လိမ်ညာ မပြောတတ်ဘူး ။ ဒဲ့ပဲ ပြောတတ်တယ် ။

      အဘ ဖေါ ( F R ) အနေ နှင့် ရွာထဲမှာ ရေးခဲ့တဲ့ Post တွေ Comment တွေထဲမှာရော ။
      ကျနော့်ရဲ့ ( လူမှန်းသိတတ်စ အရွယ်က စလို့ ) အပြင် ဘဝ မှာ ကော ။
      ကြိုက်သလို လိုက်ပြီး စုံစမ်းနိုင်ပါတယ် ။

      ” မွတ်ဆလင် ဘာသာ ဟာ ကောင်းပါတယ် ”
      လို့ ရေးခဲ့ ၊ ပြောခဲ့ ဘူးတာများ တစ်ခု ရှိခဲ့ရင် ၊
      စီးထားတဲ့ ဖိနပ် နှင့်သာ ကျနော့် ပါးကို ၊
      ဘယ်ပြန် ညာပြန်သာ ရိုက်သွားလိုက်ဗျာ ။

      အခု Post မှာ ကျနော် ရေးခဲ့တာတွေကလည်း ၊
      ကမ႓ာ မှာ ကျနော်တို့ရဲ့ ဗုဒ္ဓ ဘာသာ နာမည် မပျက် စေချင်လို့ပါဗျာ ။

      အခု ခင်ဗျားတို့ ဖြစ်နေတဲ့ ပုံစံ က ၊ အယာတိုလာ ကြီး ကို ၊ မကြိုက်ဘူး မကြိုက်ဘူး ဆိုပြီး ။
      အယာတိုလာ ကြီး ရဲ့ နည်းလမ်းတွေကိုပဲ ပုံတူ ကူးချ နေကြလိုု့ ပါဗျာ ။

      ပါမောက္ခချုပ်ဆရာတော်ကြီး ဟောခဲ့တဲ့ ၊

      ” သူတော်ကောင်းဆိုတာ သူတော်မှ ကိုယ်ကောင်းတာ မဟုတ်ပဲ၊
      သူတော်တော် မတော်တော် ကိုယ်က ကောင်းအောင် နေမှ ၊ သူတော်ကောင်းလို့ ဆိုပါတယ် “

      နို့မို့ရင်တော့ ။

      • ရွှေ ကြည်

        June 26, 2013 at 7:10 pm

        အဘရေ အဘနဲ့ ဒီတခါ လုံးဝထပ်တူကျပါတယ် ပိုးစိုးပက်စက်ကို ထောက်ခံပါတယ်

  • မင်းမင်း

    June 25, 2013 at 9:19 am

    ထပ်ပြီးပြောပါရစေခဗျာ။
    နိုင်ငံရေးမှာ ရဟန်းတွေဝင်ပါရတာ
    နဲ့ပါတ်သတ်ပြီး ဝေဖန်မယ်ဆို
    မြန်မာ့သမိုင်းကိုနှောကျေဖို့လိုပါမယ်။
    အင်တာနက်နှောကျေလို့တော့မရဘူး။
    မင်းတုန်းမင်း လက်ထက်ကရေမြုပ်ဗုံး ကိစ္စ။
    ရဟန်းပါလို့ဆိုပြီးလက်ညိုးထိုးကြတယ်။
    ဒါကိုပြောင်းပြန်
    နယ်ချဲ့တွေကို ပြန်တွန်းလှန်တော့
    ‘လိမ္မာရစ်ကြပါ’
    ဆိုတဲ့စကားကမ္ဘာကျော်မကျော်တော့မသိဘူး။
    မြန်မာ့သမိုင်းအတွက်တော့ အားတခုဖြစ်ခဲ့တယ်။
    ထို့အတူ၁၉၈၈ မှစလို့ ပါဝင်ခဲ့တဲ့ ရဟန်းတွေ။
    ခင်ဗျားတို့ ဝေဖန်ကြည့်လေ။
    ဦးဥတ္တမ ကစပြီးတော့လေ။

  • uncle gyi

    June 25, 2013 at 10:30 pm

    ရဟန်း တစ်ချို့က ဗုဒ္ဓ တရားတော် တွေ အတိုင်း မဟုတ်ပဲ ၊
    တစ်ချို့ ကိစ္စတွေမှာ ၊ လွန်လွန်ကျူးကျူး လုပ်ဆောင်လာတာ တွေ့နေရတယ် ”

    ကိုရင်ဖောရေတရားတော်ကတရားတော်
    လိုက်နာတာကလူ
    လူဆိုတဲ့အတိုင်းအကောင်းအဆိုးဒွန်တွဲနေတာ
    မှန်တာပေါ့ဗျာတစ်ချို့ကိစ္စတွေမှာ လွန်လွန်ကျူးကျူးလုပ်ဆောင်လာတာဆိုတာ
    တချို့ဆိုပြီးကိုရင်ဖောကထိမ်းပြောလိုက်တာ
    အမှန်ကအချို့မကဖြစ်နေတာပါ
    မကြိုက်ကြတဲ့သူတွေလည်းအတော်များပါတယ် ကျွန်တော်လည်းပါပါတယ်

    ” မွတ်ဆလင် ဘာသာ ဟာ ကောင်းပါတယ် ”
    လို့ ရေးခဲ့ ၊ ပြောခဲ့ ဘူးတာများ တစ်ခု ရှိခဲ့ရင် ၊
    စီးထားတဲ့ ဖိနပ် နှင့်သာ ကျနော့် ပါးကို ၊
    ဘယ်ပြန် ညာပြန်သာ ရိုက်သွားလိုက်ဗျာ ။

    ဒါကတော့ဘဖောအကောက်လွဲသွားပြီ
    ကျွန်တော်ပြောတာကဘဖောကိုမဟုတ်ဖူး
    တိုင်းမှာရေးတဲ့သူမျိုးကိုပြောတာပါ
    ဘဖောကိုပြောသလိုဖြစ်သွားရင်တောင်းပန်ပါတယ်

    အခု ခင်ဗျားတို့ ဖြစ်နေတဲ့ ပုံစံ က ၊ အယာတိုလာ ကြီး ကို ၊ မကြိုက်ဘူး မကြိုက်ဘူး ဆိုပြီး ။
    အယာတိုလာ ကြီး ရဲ့ နည်းလမ်းတွေကိုပဲ ပုံတူ ကူးချ နေကြလိုု့ ပါဗျာ ။
    မှန်တယ်ဗျာပုံတူကူးတယ်ပြောပါတော့
    လုပ်ပုံလွဲနေတာလည်းအမှန်ပါ
    နည်းဗျူဟာပြောင်းရမယ့်အရေးပါ
    အသိအမြင်မကျယ်ကြလို့ဒိုင်စားနေတာလို့မြင်ပါတယ်

  • kyaw swar kaung

    June 26, 2013 at 2:17 am

    ဘဖော
    သိပ်ကောင်းတဲ့ ပို ့စ်ပါ..ကြိုက်တယ်..
    ဖတ်ရကျိုးနပ်တယ်..များများဆက်ရေးပါဦး..

  • ဂန္ဓာရီ ဆြာအုပ်

    July 5, 2013 at 6:06 pm

    ကျနော့ fb ပေါ်မှာ ပြန်ရှဲဖို့ ခွင့်တောင်းပါတယ် (အမှန်တော့ ရှဲပြီးပီ)

  • ရ ။

    သူပြောတဲ့ ပထမ အချက်ကတော့ ၊ လူ့ အခွင့်အရေး စံ ပါ ။

    မိန်းမ တွေကို ဘယ်သူကမှ မတရား ချုပ်ချယ်ခွင့် မရှိဘူး ။

    အဲလို ချုပ်ချယ်ခွင့် မရှိတဲ့ အထဲမှာ ၊ ဘုန်းကြီးလည်း ပါပါတယ် ။
    (ဖွဘုတ်မှာဘုန်းကြီးတစ်ပါးရေးထားတာတော့…မြန်မာမတွေကိုဘာသာခြားနဲ့လက်မထပ်ရဘူးလို့မဆိုလို။
    ဘာသာခြားနဲ့လက်ထပ်ပါက မြန်မာမတွေမထိခိုက်အောင်ကာကွယ်ပေးတဲ့ဥပဒေ ဆိုပဲ)
    ထောက်ခံတဲ့လူ၊မထောက်ခံတဲ့လူ၊နားလည်တဲ့လူ၊မကွဲပြားတဲ့လူ နဲ့ ဘာမှကိုဝင်မပြောရဲအောင်ပါပဲ။
    ဘာပဲဖြစ်ဖြစ် တကယ့်ကိုပညာဉာဏ်ရှိတဲ့ကမာ္ဘကျော်ဘုန်းတော်ကြီးတွေရဲ့ဆင်ခြင်နိုင်မှုတွေကိုပဲလေးစားပါတယ်။
    ကိုယ့်ဘာသာကို အေးချမ်းသိမ်မွေ့တဲ့တဲ့ဘာသာလို့မြင်တာပဲလိုချင်တယ် အဘရေ

Leave a Reply