ကျနော့်ကို ချမ်းသာပေးပါဗျာ.
ရိုးပုံရိုးပန်းနှင့်. တောမှတက်လာဟန်ရှိသော ဦးကြီးက သနားစဖွယ် ဆိုသည်.
မုတ်ဆိတ်ဗလဗျစ်နှင့်လူက. ပြန်ဖြေ၏.
ဒီမှာကိုယ့်လူ.  ခင်ဗျားကိုဘယ်လိုမှ ချမ်းသာမပေးနိုင်ဘူး ဆိုတာဘယ်နှခါပြောရမလဲ.
တောကဦးကြီး ခညာ မျက်နှာငယ်လေးနှင့်
မာမူရယ်.  ဦးကြီးကို တောကဆိုပြီး အနိုင်ကျင့်တာလားဟင်.  ဦးကြီးကို ချမ်းသာပေးပါကွယ်.
ဗိုလ်မုတ်ဆိတ် ဒေါသထွက်လာဟန်နှင့်.
ဒီမယ် ချမ်းသာမပေးနိုင်ဘူးလို့ ခင်ဗျားကို ဘယ်နှစ်ခါပြောရမတုန်း.  ကျုပ် စိတ်မရှည်တော့ဘူးနော်.

သူ့ဘေးမှ အသက်ငယ်ငယ် ဆံပင်လိမ်ကောက်ကောက်နှင့် အသားမဲမဲ
ချာတိတ်လေး၂ယောက် ကလည်း ခေါင်းထောင်၍ ကြည့်သည်.

ဖြတ်သွားဖြတ်လာ အညာသားအထမ်းသမားကလည်း ထမ်းပိုးကို
လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ရင်း အခြေအနေကိုစောင့်ကြည့်နေသည်.
အနီးရှိ ကိုယ်တော်ငယ်တစ်ပါးမှလည်း ကွမ်းကိုဗျစ်ကနဲထွေးရင်း.
သွေးတို့ဆူပွက်လာဟန်ဖြင့်.  မတ်တပ်ထရပ်တော်မူသည်
ထိုစဉ် ဗိုလ်မုတ်ဆိတ်. ဆက်ပြောလိုက်သည်မှာကား









့













ဒီမယ် အူးလေး
ခင်ဗျားတောင်းနေတဲ့ မင်းသားကျော်ဟိန်းထုတ်တဲ့  ပြည်လုံးချမ်းသာ ဆေးပေါ့လိပ်က
ရပ်သွားတာ ကြာ့ကြာလှပြီ.  ဂျိုးသိမ်း ကြယ်နီ နဲ့ ငွေတောင် ပဲရှိတယ် မဝယ်ချင်လည်း နေပါဗျာ.

ကားဂိတ်က ကွမ်းယာဆိုင်မှာ ဖြစ်ပါသည်.

ကွိကွိ

ဒချိ ဒချိ

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011