ချမ်းသာပေးပါ

ムラカミJune 21, 20131min14610

 

 

ကျနော့်ကို ချမ်းသာပေးပါဗျာ.
ရိုးပုံရိုးပန်းနှင့်. တောမှတက်လာဟန်ရှိသော ဦးကြီးက သနားစဖွယ် ဆိုသည်.
မုတ်ဆိတ်ဗလဗျစ်နှင့်လူက. ပြန်ဖြေ၏.
ဒီမှာကိုယ့်လူ.  ခင်ဗျားကိုဘယ်လိုမှ ချမ်းသာမပေးနိုင်ဘူး ဆိုတာဘယ်နှခါပြောရမလဲ.
တောကဦးကြီး ခညာ မျက်နှာငယ်လေးနှင့်
မာမူရယ်.  ဦးကြီးကို တောကဆိုပြီး အနိုင်ကျင့်တာလားဟင်.  ဦးကြီးကို ချမ်းသာပေးပါကွယ်.
ဗိုလ်မုတ်ဆိတ် ဒေါသထွက်လာဟန်နှင့်.
ဒီမယ် ချမ်းသာမပေးနိုင်ဘူးလို့ ခင်ဗျားကို ဘယ်နှစ်ခါပြောရမတုန်း.  ကျုပ် စိတ်မရှည်တော့ဘူးနော်.

သူ့ဘေးမှ အသက်ငယ်ငယ် ဆံပင်လိမ်ကောက်ကောက်နှင့် အသားမဲမဲ
ချာတိတ်လေး၂ယောက် ကလည်း ခေါင်းထောင်၍ ကြည့်သည်.

ဖြတ်သွားဖြတ်လာ အညာသားအထမ်းသမားကလည်း ထမ်းပိုးကို
လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ရင်း အခြေအနေကိုစောင့်ကြည့်နေသည်.
အနီးရှိ ကိုယ်တော်ငယ်တစ်ပါးမှလည်း ကွမ်းကိုဗျစ်ကနဲထွေးရင်း.
သွေးတို့ဆူပွက်လာဟန်ဖြင့်.  မတ်တပ်ထရပ်တော်မူသည်
ထိုစဉ် ဗိုလ်မုတ်ဆိတ်. ဆက်ပြောလိုက်သည်မှာကား























ဒီမယ် အူးလေး
ခင်ဗျားတောင်းနေတဲ့ မင်းသားကျော်ဟိန်းထုတ်တဲ့  ပြည်လုံးချမ်းသာ ဆေးပေါ့လိပ်က
ရပ်သွားတာ ကြာ့ကြာလှပြီ.  ဂျိုးသိမ်း ကြယ်နီ နဲ့ ငွေတောင် ပဲရှိတယ် မဝယ်ချင်လည်း နေပါဗျာ.

ကားဂိတ်က ကွမ်းယာဆိုင်မှာ ဖြစ်ပါသည်.

ကွိကွိ

ဒချိ ဒချိ

10 comments

  • KZ

    June 21, 2013 at 9:10 am

    ချမ်းသာ ပေးမယ်။
    ချမ်းသာ ပေးမယ်။

    .
    .
    .
    .
    .
    ကျော်ကျော်ဗို ကိုတော့မပေးပါရစေနဲ့။
    တင်မောင် ဆန်းဝင်းမင်းကိုလည်း ယူသွားလို့ရပါတယ်။ :mrgreen: :mrgreen: :mrgreen:

    • ကြက်အူလှည့်

      June 21, 2013 at 10:09 am

      ဘယ်သူဝီလာ ဖျက်ဆီးလည်း. ဒို့လက်တွေ ခိုင်မြဲစေမယ်
      ကြင်ကြင်နာနာ အတူလျောက်လှမ်းမယ်
      အခြစ်နဲ့ ကမာ္ဘတခုတည်ဆောက်ရင်းကွယ်
      ဂီရယ် ထွီ ရယ်ရွှေရောင်နေ့သစ်များထဲ ဒီလိုပျော်ခဲ့ဖူးတယ်.

      ဘာသာမတူတာ ဘာအကြောင်းလဲ
      ဒို့တော့ ဒါတွေ နားမလည်
      ဂီရယ် ထွီရယ် ကံကိုဆိုးတယ်
      အရှုံးနဲ့ အစဉ်တွဲနေတော့လည်း
      ဝီ စီမံရာဒီအဖြစ်ဆိုးထဲ ဒို့၂ယောက်ငိုသာငိုချင်တော့တယ်.

      သံဃာတွေရဲ့ ဆုံးဖြတ်ချက်က ဒို့အတွက်အဖြေလားကွယ်
      တွေဝေမနေနဲ့ စဉ်းစားလိုက်ဦးကွယ်
      ရင်ဆိုင်နိုင်ဖို့ သတ္တိကလေးတွေ မွေးစမ်းပါအခြစ်ရယ်
      မဆွေးနဲ့ ဂီရယ် ထွီအားပေးပါ့မယ်.
      ကြင်နာသူရေ ဘယ်လိုလဲ.

      ကွိကွိ

  • ဦးကြောင်ကြီး

    June 21, 2013 at 9:56 am

    မာမွတ်ခိုမ်တူ အီစွတ်ဂီကွ… ချမ်းသာလည်း ယူတယ် ဆင်းရဲလည်း ယူတယ်၊ အိုလည်းယူဒယ် ပျိုလည်းယူဒယ်.. ငယ်လည်းယူမယ် ကြီးလည်းယူမယ်.. တိန်.. ပြောရင်းနဲ့ ခြောက်ယောက်တောင် ဖစ်သွားပီ.. ပျံလျှော့ ပျံလျှော့… 😛

    • Moe Z

      June 21, 2013 at 10:07 am

      ခွိခွိ .. သိပ်မကြာခင် အီစွတ်ဂီကို ဇာတ်လိုက်ထားပြီး
      ဇာတ်လမ်းတစ်ပုဒ်ဖတ်ရတော့မယ်ထင့်
      အားပေးပါ၏ အူးကြောင် 😆

  • တိမ်မည်း

    June 21, 2013 at 11:21 am

    နာမည် တလုံးရပီဗျို ့ မာမွတ်ခိုင်တူ အီစွက်ဂီတဲ့….. အိုး… ဘာတဲ့ … အီစွက်ဂီရေ… နာမည်ပေး ကင်ပွန်းတက် တဝိုင်းလုပ်ဂျာ…..

  • တိမ်မည်း

    June 21, 2013 at 11:30 am

    ကိုဂီအတွက် ခေတ်သစ် လွမ်းခြင်း……. (အထူးရှယ်စပ်ထားပေးသည်….) 😛
    ====================

    ဂီ ဘဝမှာ ထွီ လှကညာနဲ ့…
    အီလှချင်တာမို ့….

    ဖေတရာ မောင်တတော…
    ဝင်ကာရော… တောင်းကာလျှို…

    အဆင်ပြေကာမှပြေရော…..
    ချောတကာ ချောခါနီးမှ….

    မမျှော်လင့် နားတော်စွင့်ကာကြားတာဖြင့်…..

    အမယ်မင်း ဝီရဲ့ လုပ်ရက်လေခြင်း………………………………..

  • TNA

    June 21, 2013 at 4:05 pm

    ်အခုတလော မယ်ဂိ့တို့ ဟိုလိုလိုဒီလိုလိုနဲ့ ဖွနေဘာလား။ ဟောဒမှာဗျိုး ဆူပူမှု့ကို ဖေါ်ဆောင်နေဘာဒယ်။ တို့မီးရှို့မီး မီးပွင့် မီးပွား လုပ်နေဘာဒယ်။

  • အလင်း ဆက်

    June 21, 2013 at 6:33 pm

    ထွက် ကျ တဲ့ အထိ ရီ လိုက်တယ်အေ
    ထွက်ကျတယ် ဆိုတာက ဟိုလေ
    ဟိုဒင်း ဟယ်

    မျက် ရည် ပြောပါဒယ်
    😆

  • သခင် mobile

    June 23, 2013 at 2:54 pm

    အဲ့ဒီနေရာ ကျုပ်သာရှိရင် တစ်ခါတည်း ပွဲးပျက်တယ်……

  • cobra

    June 23, 2013 at 5:14 pm

    တော်သေးတာပေါ့ကွာ…..
    ဒီလောက်နဲ့ပြီးသွားလို့
    လိပ်စွန်တို့နှင်းဆီတို့ပါ ဆက်မပါလို့

Leave a Reply