တောင်းဆို ပိုင် ခွင့် နဲ ့ငြင်းဆို ပိုင် ခွင့် . . . .

alinsettJune 21, 20131min26033

ကျွန်တော် ကိုယ်တိုင် တည်ဆောက် ထားတဲ့

တဲအိမ် လေး ပါ။

ကျွန်တော့် စိတ်ကူးတွေကို ကျွန်တော် ကိုယ်တိုင် ခုတ်ထွင် ရှင်း လင်း ပြီးးး

ကျွန်တော့် ယာခင်း ထဲမှာ ကျွန်တော် ့ မျှော်လင့်ခြင်းတွေ ကို

စိုက်ပျိုး

တဲ လေး ထဲမှာ  အေးအေးလူလူ နေထိုင် နေပါတယ်။

တစ်နေ ့တော့. . . . . .

ကျွန်တော့ တဲလေး ဆီ ကုလားအုပ်လေး တစ်ကောင် ရောက်လာပါတယ်။

ကျွန်တော့် တဲလေးထဲ ကို  သူ ့ခေါင်းလေးသွင်း ထားပါရ စေ တဲ့။

အပြင် မှာက  မိုးတွေ  ရွာနေတော့ ချမ်း ရှာမှာပေါ့ ။

ကျွန်တော် ကိုယ်ချင်းစာ ပါတယ်။

ခေါင်းလေး တစ်လုံး အတွက် နေရာပေး ရလည်း  ကျွန်တော့် အတွက် ဝန် မလေး ပါဘူးလေ ။

ခေါင်း တစ်လုံး ဝင်ခွင့် ပြု အပြီး  မှာ တော့  ရှေ့ ခြေ ( လက်လည်း ဖြစ်နိုင် တယ်)  ကိုလည်း ဝင်ခွင့်ပြုပါ တဲ့ ။  ချမ်း လို ့ပါ  တဲ့ ။

အင်းလေ  ချမ်း ရှာပေ မပေါ့ ။

ဒီလို နဲ ့ သူ ့တောင်းဆို မှု ကို အားနာနာ နဲ ့လိုက်လျောမိပြန်ရော ။

အဲဒီ နောက်မှာ တော့

တဖြည်း ဖြည်းးးတိုး ပြီးးးတောင်းဆိုလာ ပါတယ် ။

ကျွန်တော်ကလည်းးး  ပို ပို ပြီးးအားနာ လာပါ တယ်။

နောက်ဆုံးမှာ တော့   ကုလားအုပ် လေးက ကျွန်တော့် တဲ လေး ထဲ ကို

သူ ့တစ်ကိုယ်လုံး  သွင်း လိုက် နိုင်ပါ ရော ။

ကျွန်တော့် တဲ အိမ် လေးက  ကျဉ်း ပါတယ် ။  သူ ့ တစ်ကိုယ် လုံး ချမ်း နေ မှာ စိုးလို ့  တဲ ထဲ တစ်ကိူယ်လုံး  ဝင်  ဖို ့

တဆင့်ခြင်း  ခွင့် ပြု ခဲ့တော့

သူ တဲ ထဲ  တစ်ကိုယ်လုံး  အရောက် မှာ ပဲ

ကျွန်တော်က  တဲ ထဲက ထွက် ပေး လိုက် ရ ပါ တော့ တယ် ။

====================

ကျွန်တော် . . . . . .

လူ ့အခွင် ့အ ရေး နဲ ့

ရ ပိုင် ခွင့်

တောင်းဆို ခွင့်

ငြင်း ဆို ပိုင် ခွင် ့  ဆိုတာ တွေ ကို

မိုးထဲ လေ ထဲ မှာ

တဲ လေး ရဲ့ အပြင် ဘက်မှာ

ရပ် ပြီး    တွေး  မိတယ်။

 

===============

33 comments

  • အလင်း ဆက်

    June 21, 2013 at 10:30 am

    ဘာ ရယ် မဟုတ်ပါဘူး ။
    အခု တလော စိတ် ညစ် စရာတွေ လည်း အများကြီး ကြုံ နေရ ချိန်

    ဖတ် ခဲ့ ဖူးတဲ ့ပုံဝတ္ထုလေးကို ပြန် သတိရ မိလို ့
    ချ ရေး မိတဲ့ စာတိုပေစ လေးပါ ။

    အချိန် ပေးပြီး ဖတ်မိ ကြမယ့်
    မိတ်ဆွေ များကို
    အားလည်း နာ
    ကျေး ဇူး လည်းးး တင် ပါ တယ်ဗျာ

    လေးစားစွာ ဖြင့်

    အလင်းဆက်

  • တိမ်မည်း

    June 21, 2013 at 12:20 pm

    အဲ့ပုံပြင်ကပေးတာကတော့ အားမနာဖို ့ပေါ့နော်….
    အခုရွာထဲက ပြသာနာကို အဲ့အတိုင်းတည့်သုံးလိုက်ရင် ကွန်ဆာဗေးတစ်သမားတွေကို လောင်စာဆီပိုထည့်ပေးသလို ဖြစ်သွားမယ်……..
    အဲ့ဥပမာနဲ ့နဲနဲဆင်တဲ့ ဥပမာတခုပေးမယ်… ဒီလို ဒီလို….

    ကျွန်တော့် အမမှာ ပိုက်ဆံ နဲနဲရှိတယ်… အဲ့တော့ သူ ့ဆီ အမျိုးတွေက ခနခန ပိုက်ဆံလာချေးတယ်….
    သူက ဘာပြန်ပြောလဲဆိုတော့ ပိုက်ဆံ အပို မရှိဖူးတဲ့…. ငါ ပိုက်ဆံ မရှိဖူးလို ့ ဖြေတာမဟုတ်ဖူးနော်……
    ခုနက ကုလားအုတ်ကိုလည်း ပြောလိုက်ပေါ့… လောလောဆယ် နင့်ကို ပေးစရာနေရာ အပိုမရှိလို ့ အားနာပါတယ်လို ့……

    ဒါပေမယ့် အဲ့လို မပြောခင်မှာ ပိုက်ဆံ အပိုတကယ်မရှိကြောင်း ချပြဖို ့တော့ လိုတာပေါ့နော်…. အခန် ့မသင့်ရင် လာချေးတဲ့သူတောင် ပိုက်ဆံ ပြန်ပေးသွားချင်စိတ်ပေါက်အောင် လုပ်ပြတက်ရမယ်……
    လိုငွေတွေပြနေလို ့ဆိုပီး…. ဟီးဟီး… :mrgreen:

    လူလည်း ခံသာအောင် စကားလေးလည်း လှအောင် ငြင်းတဲ့နည်းလမ်းတွေ ရှိပါတယ်………
    ငြင်းပါ… အားမနာနဲ ့…… ငါးစိမ်းသည်လို ့တော့ ရန်မတွေ ့လိုက်နဲ ့ပေါ့နော်… 😀

    ခင်လျက်
    တိမ်မည်း

    • အလင်း ဆက်

      June 21, 2013 at 3:09 pm

      ကိုတိမ်မည်း ရေ
      အားနာ တတ်တဲ့ ကျွန်တော်
      ကိုယ့် အခွင့်အရေးကို သူတပါး လု ယူ ခံရ ပေါင်း လည်း
      များခဲ့ပြီ ။

      :buu:

  • ကောင်း ကို

    June 21, 2013 at 2:22 pm

    မှန်မယ်ထင်တဲ့အတိုင်းပြတ်သားသင့်တယ်လို့..ကျွန်တော်ထင်ပါတယ်….။ဒါပေမယ့် အားတော့မနာသင့်ဘူးပေါ့ဗျာ…။ကိုယ်မှန်တယ်ထင်နေတာကို လုပ်နေတာကိုး…။ဒီပုံပြင်ထဲက သူက အားနာတာထက်….အကျိုးသင့်အကြောင်းသင့်မစဉ်းစားရှာဘူး…။

    • အလင်း ဆက်

      June 21, 2013 at 3:12 pm

      ကို ကောင်းကို

      ဂင် ရောက် ဖတ် ရှု ခံစား ပေးလို ့ ကျေးဇူး ပါပဲဗျာ ။
      လောလောဆယ်တော့
      အဲဒီ ပုံဝတ္ထု ထဲက လူဟာ
      ကျွန်တော် ပါပဲ လို ့

      😆

  • KZ

    June 21, 2013 at 2:44 pm

    သိပြီးသား ပုံပြင်ကို ရုတ်တရက်ဖတ်လိုက်တာ ဘာ အုပ် လိုက် ဝင် လာ တယ် ဆိုပြီး:::: :mrgreen:

    ဒီ မျက်လုံးကတော့လေ….. :mrgreen:

    ဘာမှ မစဉ်းစားတော့ပါဘူး:::::

    ကိုယ်နဲ့ တန်ရာ ရမယ်။ ကိုယ် စိုက်တာ ကိုယ် ရိတ် ရ မယ်။
    တောင်းချင်စိတ်ရှိရင် တောင်းပလိုက်….
    ငြင်းဆိုချင်စိတ် ရှိရင် ငြင်းပလိုက်….. :mrgreen:

    • အလင်း ဆက်

      June 21, 2013 at 3:19 pm

      မမခိုင် ဇာ

      ဂျီးဒေါ် ပြောမှ သေချာ ပြန်တွေး မိတယ် ။
      ကုလားအုပ် လို ့ ရေး ရ မှာ လားး
      ကုလားအုတ် လို ့ရေး ရမှာလားးး
      မသဲကွဲ ။
      သတ်ပုံ စစ် မမ များး
      အန်တီ များးး စစ်ပေးကြပါ ။

      အဟိ
      လောလောဆယ်
      Huawei ဖုန်း စုတ်လေး နဲ ့တင် လိုက် ရတာမို ့
      သတ်ပုံကျမ်း ဆီ လည်းးး သွား ကြည့် လို ့မရ ။
      ပိုစ့်ထဲ လည်း edit ဝင် လုပ် မရ ။ မလွယ် ။

      ပြတ်သား ခြင်း အတတ်ပညာ ကို
      ကျွန်တော် တတ်မြောက် ကျွမ်းကျင် ချင် တယ်

      😆

      • Ma Ma

        June 22, 2013 at 8:21 am

        ကုလားအုတ် က အမှန်ပါ ချစ်သုဆက် ရေ။ 😆

        • အလင်း ဆက်

          June 22, 2013 at 9:40 am

          ဟီဟိ
          ချစ်သုဆက် ဒဲ့
          😆

          အန်တီမမရေ ကုလားအုတ် က အမှန် ဆိုတော့
          သား မှားပါဒယ်
          🙁

          😆

          လောလောဆယ်တော့ Edit လုပ် လို ့မလွယ် သေးလို့
          ပြီး မှ ပြင်တော့မယ်နော်

          အဟိ ။

  • ခင် ခ

    June 21, 2013 at 2:47 pm

    အင်း ကိုအလင်းဆက် အိမ်ထဲ ကုလားအုပ် ရောက်နေပြီပေါ့နော်။
    ကိုအလင်းဆက်လေး သနားပါတယ် နေစရာမရှိဖြစ်ရတယ်ကွယ်၊
    ဒါနဲ့စကားမစပ် ကိုအလင်းဆက်ရဲ့ ကုလားအုပ်လေးက ချောလို့လားဟင်!

    • အလင်း ဆက်

      June 21, 2013 at 3:25 pm

      လေးခ ရေ

      တဲ ထဲ ကို တဖြည်းဖြည်း နေရာ ဝင် ယူလာတဲ့
      ကုလားအုပ်

      ချစ်သော မျက်စိနဲ ့ ကြည့်မှ ချောမယ် ထင် တယ် ။

      ကျွန်တော်
      ဘယ်လို မျက်စိနဲ ့ ကြည့် ရမလဲ
      စဉ်းစားနေတုန်းးးး
      မိုးး ထဲမှာာာ
      တဲ အပြင် ဘက်မှာာာ

      🙁

  • ဦး ကြိမ်

    June 21, 2013 at 2:59 pm

    သိပ် ကြာ အုံး မယ် ဆို ရင်
    ထီး လာ ပို့ ပေး ရ မ လား ကို လင်း ဆက်

  • အလင်း ဆက်

    June 21, 2013 at 3:29 pm

    အူးကြိမ် ရေ

    ကြာ ဘူး ထင် တယ်။
    ထီး မပါပဲ
    မိုးထဲမှာာ
    ရပ်တန် ့ ငြိမ်သက် ခဲ့ရလွန်းလို ့
    မိုး ရွာတာ လောက်တော့
    သနားးးးးဒယ်

    ဖြုံဘူး ဗျာ ။

    ထီ မလိုပါဘူး ။
    ကျွန်တော့် ကို ကျွန်တော် ပြန် ပေးချင် တာက
    သတ္တိ ။

    🙂
    🙂

  • သခင် mobile

    June 21, 2013 at 3:37 pm

    ကိုအလင်းဆက် ရဲ့ပို့စ်လေးကိုအလွန်တရာ သဘောတွေ့လှသဗျာ….
    ပို့စ်လေးနဲ့ထပ်တူ ဘဝင်ကျမိတာလေးကတော့ ကိုတိမ်မဲရဲ့ ကွန်မန်းလေးပါ…
    ကိုအလင်းဆက်ရဲ့ပို့စ်ကို ယခုလိုကွန်မန်းလေးနဲ့ အားပေးထားခဲ့ပြီး…
    ကိုတိမ်မဲရဲ့ ကွန်မန်းကိုတော့ မဲစိမ်းလေးတစ်ပြားထည့်ထားခဲ့ပါကြောင်းးးးးးးးးးးး

  • TNA

    June 21, 2013 at 11:03 pm

    ဘယ်လိုပြောရင်ကောင်းမလဲလို့။ ဟိုးငယ်ငယ်ကတဲက ကြားဖူးခဲ့တဲ့ ပုံပြင်လေးဟာ နောက်ပိုင်း ကိုယ်တွေနဲ့ ပါတ်သက်လာလိမ့်မယ်လို့ ထင်ကိုမထင်ခဲ့မိပါဘူး။ အခုတော့ ငယ်ငယ်က အိပ်ရာဝင်ပုံပြင်လေး ဟာ နောင် နှစ်ပေါင်းများစွာထိအိပ်ယာဝင်ပုံပြင်အဖြစ်သာရှိစေချင်တော့တာပါပဲ။

    • အလင်း ဆက်

      June 22, 2013 at 9:51 am

      အန်တီ သဲ ရေ
      ကျွန်တော့် ဘွမှာတော့
      ဒီ ပုံပြင်လေးက
      မကြာ ခဏ လက်တွေ ့ဖြစ် ဖြစ်လာ တတ်လွန်းလို ့
      ကျွန်တော်လည်းးးးးး ဒီပုံပြင် ကို
      ပုံ ပြင် အဖြစ်ပဲ ကျန်ရစ် ခဲ့ စေ ချင် နေပြီ

  • aung moethu

    June 22, 2013 at 9:32 am

    အားနာတော့ခါးပါတယ်တဲ့။ ရပိုင်ခွင့်ထက် ပိုတောင်းဆိုလာရင်တော့ အဲဒါရပိုင်ခွင့်မှ မဟုတ်တော့ဘဲ လိုချင်တပ်မက်မှုဖြစ်သွားပြီ။ ဒါလေးဖတ်ပီး လက်ခနဲ သဘောပေါက်သွားတယ်။

  • ဦးကြောင်ကြီး

    June 22, 2013 at 9:53 am

    တဲအိမ်လေး
    ဖဲလိမ်ကျွေး
    ရဲချိန်မေး
    ဆဲကျိန်ပြေး..။

    • အလင်း ဆက်

      June 22, 2013 at 10:00 am

      ဆဲ ကျိန် မ ပြေးပဲ
      တဲအိမ် ဘေး ထဲ
      မွဲ ဇိမ် ဝေး ဆဲ
      ကွဲ လိမ် တွေး လည်းး

      အမ်မလေးး ဦး ေကြောင် နောက် လိုက် ရတာ မလွယ် ဘူး
      😆

  • အလင်း ဆက်

    June 22, 2013 at 9:56 am

    ဟုတ် ပါ့ ကိုအောင် မိုး သူ ရေ

    သူ တို ့ရဲ့ တောင်းဆို မှုတွေက
    လိုချင် တပ်မက် မှု အဖြစစ် ကြီးထွား လာတဲ့ အခါ
    ကျွန်တော့် လို အားနာတတ်တဲ့ လူတစ်ယောက်က
    တဲ အပြင် ထွက် ပေး လိုက် ရ ရော

    ကျွန်တော် ထင်တာ တော
    တောင်းဆိုသူ မှာ က တောင်းဆိုခွင်း ၁ဝ % တောင် မရှိ ဘူး ထင်တယ်

    ငြင်းဆိူ သူမှာ က ငြင်းဆို ပိုင်ခွင့် 90 % လောက် များး ရှိမလားး

    ဒါနဲ့တောင် အားနာ နေ မိ သေးတော့

    အင်းးးးး

  • မောင် ပေ

    June 22, 2013 at 7:52 pm

    ကုလားအုတ်
    မုသားမှုတ်
    ဆုများဖုတ်
    ဥစားဂျုတ်
    နုထွားကုတ်

  • အလင်း ဆက်

    June 22, 2013 at 8:08 pm

    အဲဒီ ကာရန်တွေ နောက် လိုက်ရတာ မောတယ်..လေးလေးပေ ..။

    😆

    ===========
    ကဗျာပြခန်းအတွက်တော့..ကဂျာ… မစပ်ပေးသေးဘူး …
    🙂

  • awra-cho

    June 24, 2013 at 10:43 am

    အဲ ကုလားအုပ် သွားတာလား၊ စကားမစပ် ဖုန်းနဲ့ သီးခြား ဗားရှင်း ရှိသေးလား မန်းဂဇက်က ဒီမှာ ဖုန်းနဲ့သုံးမှ အဆင်ပြေမှာမို့ပါ ဒါတောင် လိုင်းက သိတဲ့အတိုင်း၊ အေပီကေ ရှိလား၊ ရှိရင် လင့်လေးဘာလေး ကူူကြပါဗျာ

  • အလင်း ဆက်

    June 24, 2013 at 12:22 pm

    ကျွန်တော် တော့အဲဒီ့ အပိုင်း သိပ် မသိ ဘူးဗျာာ
    🙁

    😆

  • kai

    June 24, 2013 at 12:31 pm

    ကုလားအုပ်အပြစ်မှမဟုတ်တာကွယ်…။

    ဆိုတော့…
    တဲအပြင်မှာရပ်…
    တွေးရမှာတော်တော်များများရှိပါတယ်..

    ကုလားအုပ်သားလုပ်ရောင်းမလား..
    ကုလားအုပ်.. တခါစီး ၁ဝဒေါ်လာနဲ့ခိုင်းစားရအောင်.. လေ့ကျင့်သင်ကြားမလား…။
    ကုလားအုပ်(အမဆိုရင်) နို့ညှစ်သောက်မလား..
    တွေးပြီးရင်းတွေး.. အတွေးကမ္ဘာထဲချာချာလည်နေမလား…
    ဘေးက.. ဘုရားဖြစ်မယ့်အုပ်နီခဲရှာပြီး.. ကုလားအုပ်ခေါင်းထုမယ်ဆိုပြီး.. အော်ဟစ်ကြိမ်းဝါးနေမလား..
    တဲရောကုလားအုပ်ရော မီးတိုက်ပစ်မယ်တွေးမလား…
    ..
    ..
    ..မလား..မလား…

    • amatmin

      June 24, 2013 at 1:48 pm

      ကုလားအုတ်သားချိုချိုလေးစားရဖို့ဆို…
      ကိုယ့်တဲလေး မီးမြိုက်လိုက်ရတာ….
      ဘာအရေးတုန်း..သဂျီးရယ်… 😀
      ဂလိုပဲ ကိုယ်ကြိုက်တာ ကိုယ်လုပ်ရင်း..
      အချိန်တန်မဲမဲမြင်ရာ လိုက်ဆဲကြတာပေါ့ ရယ်… 😀

  • အလင်း ဆက်

    June 24, 2013 at 12:48 pm

    ကုလားအုပ်ကို သူ ့အသိနဲ့ သူ ပြန်ထွက် သွားအောင် တရား ချ လို ့မရလောက်ဘူး
    ဆိုတော့
    ကုလားအုပ် သား စားချင်တယ် ။

    😆

    အခုလောလောဆယ်တော့ ကုလားအုပ် အကြောင်း စာတစ်ပုဒ် ရေး လိုက်တယ်။

    တဲ အပြင် ဘက်မှာာာာာ

    🙂

  • အေး …
    နောက်တစ်ခါ ..
    အဲ့ဒီ ကုလားအုတ်ကို ပြောလိုက် …

    ခေါင်းသာဝင်၊ ကျန်တာတွေ ဝင်မလာခဲ့နဲ့ ……. လို့ … :mrgreen:

  • အလင်း ဆက်

    June 24, 2013 at 5:49 pm

    နောက်တစ်ခါ ကုလားအုပ် လာရင်
    မတိချင်ယောင် ဆောင်နေမယ် ။

  • uncle gyi

    June 24, 2013 at 11:50 pm

    ကြားဖူးတာအားနာရင်ခါးပါတတ်တယ်တဲ့
    ဘာပြောမှန်တော့မသိဖူးဗျာ

  • အလင်း ဆက်

    June 25, 2013 at 10:08 am

    ခါး ပါ တယ် ဆိုတာ
    ဟိုဒင်း ကိုပြောတာ နေမှာ
    ဘယ်ဒင်းလဲ ဆိုတော့
    ဟိုဒင်းလေ
    ခိခိ
    😆

Leave a Reply