ရိုးရိုး ဘလော့ လုပ်ခြင်း….
(ဒါလေးက ရိုးရိုးပေါ့နော်…)
၁. 1-1 ဖေ့ဘွက် ကော်မန့် ပိုင်ရှင်ရဲ့ ညာဘက် အပေါ်ထောင့်လေးမှာ မော့စ်လေးရွေ့ ပီး တင်လိုက်ရင် ကြက်ခြေခက် အပြာရောင်လေးနဲ့ စာတန်း Hide ဆိုတာလေးပေါ်လာပါလိမ့်မယ်… အဲ့ဒါလေးကို နှိပ်ပါ….
၂. 1-2အဲ့အမှားလေးကို နှိပ်လိုက်ရင် The comment has hidden ဆိုပီး Unhide ရယ် Report ရယ် Block (username) ပီးတော့ တချို့  feedback to (username) ဆိုပီး ပေါ်လာပါတယ်… (username) ဆိုတဲ့နေရာမှာက ကော်မန့် ပိုင်ရှင်နာမည်ပေါ့နော်…  အဲ့မှာ Block ဆိုတာ နှိပ်လိုက်ပါ….
၃. 1-3Confirm Block ဆိုပီး Dialog Box လေး တခုပေါ်လာပါလိမ့်မယ်… အဲ့မှာ ကော်မန့် ပိုင်ရှင် ကို တကယ်ဘလော့မှာလား ဘလော့လိုက်ရင် ကော်မန့် ပိုင်ရှင်ရဲ့ ကော်မန့် တွေ တင်တဲ့ပို့ စ်တွေ မမြင်ရသလို သူကလည်း ကိုယ့်ကို Tag လုပ်တာတို့  ပို့ စ်လာတင်တာတို့  လုပ်လို့ မရသလို သူငယ်ချင်းဖြစ်နေရင် Unfriend ဖြစ်သွားမယ် စသဖြင့် အကျယ်တ၀င့် ရှင်းပြထားပါတယ်… အဲ့နေရာမှာ Confirm ကို နှိပ်လိုက်ရင် Block ဖြစ်သွားပါပီ… သင်စဉ်းစားချင်သေးတယ်ဆိုရင်တော့ Cancel နှိပ်လိုက်ပါ ဒါဆို ဘလော့ဖြစ်မှာမဟုတ်ပါဖူး……..
ဖေ့ဘွက်သို့  ရီပို့ တင်ပီး ဘလော့ လုပ်ခြင်း…
(ဒါလေးကတော့ အကြောင်းအရာတခုခုနဲ့  ဆက်သွယ်ပီး ရီပို့ ပါတွဲတင်တာ… မြင်အောင် ပြောရရင်ဖြင့်… သူငယ်ချင်း ဘ၀က အဆက်ဖြတ်တာတင်မကဖူး… ကျောင်းအုပ်ကြီး အခန်းထိ အရောက်ပို့ တာ…. :-D )
၁. 2-1 ဖေ့ဘွက် ကော်မန့် ပိုင်ရှင်ရဲ့ ညာဘက် အပေါ်ထောင့်လေးမှာ မော့စ်လေးရွေ့ ပီး တင်လိုက်ရင် ကြက်ခြေခက် အပြာရောင်လေးနဲ့ စာတန်း Hide ဆိုတာလေးပေါ်လာပါလိမ့်မယ်… အဲ့ဒါလေးကို နှိပ်ပါ….
၂. 2-2အဲ့အမှားလေးကို နှိပ်လိုက်ရင် The comment has hidden ဆိုပီး Unhide ရယ် Report ရယ် Block (username) ပီးတော့ တချို့  feedback to (username) ဆိုပီး ပေါ်လာပါတယ်… (username) ဆိုတဲ့နေရာမှာက ကော်မန့် ပိုင်ရှင်နာမည်ပေါ့နော်…  အဲ့မှာ Report ဆိုတာ နှိပ်လိုက်ပါ….
၃. 2-3အဲ့မှာ Is this comment about you or a friend? ဆိုတဲ့ Dialog Box လေးတခုပေါ်လာပါမယ်… ဥပမာ ကော်မန့် ပိုင်ရှင်က လူမျိုးရေး မုန်းတီးရေး ကိစ္စပြောတယ်ဆိုပါစို့ … ဒါဆို Hate Speech ရွေးလိုက်ပါ… ဘေးနားမှာ Drop Down Box လေးပေါ်လာပါမယ်…. အဲ့မှာ Target to ဘလာဘလာ ဆိုပီး လေး ခုလောက်ဆိုပါတယ်… ဘာသာရေးဆို ဘာသာရေး လူမျိုးရေးဆို လူမျိုးရေးပေါ့…. ရွေးလိုက်ပါ ပီးတော့ Contonue ကိုနှိပ်ပါ….
၎.  2-4အဲ့ဒီမှာ ရွေးချယ်စရာ နှစ်ခု ပေါ်လာပါလိမ့်မယ်… တခုက ကော်မန့် ပိုင်ရှင် ကို မက်စေ့ ပို့ ပီး ဒီကော်မန့် ကို ဆန့် ကျင့်တဲ့အကြောင်းနဲ့  ဖြုတ်ချပေးဖို့  တောင်းဆိုတာရယ်… နောက်တခုက ကော်မန့် ပိုင်ရှင် ဘလော့လုပ်ဖို့ ရယ်…. သင်ကြိုက်တာ တခုရွေးလိုက်ပါ… ကျွန်တော်ကတော့ ဘလော့ပေါ့နော်…. ပီးတော့ အောက်နားမှာ Report to Facebook ဆိုတဲ့ Check box လေးကို အမှတ်ခြစ်ပေးပါ (အဲ့ဒါက ကျောင်အုပ်ကြီး အခန်းထဲပို့ တာ… ဟီး) … ဒါဆို ဖေ့ဘွက်ကို ရီပို့ တက်သွားပါတယ်…. အခုတလော ဖေ့ဘွက်လည်း လူမျိုးရေး ဘာသာရေး နဲ့  မုန်းတီးရေး ၀ါဒီတွေကို ဖယ်ရှားပေးဖို့  ကြိုးစားနေပါတယ်… ကျွန်တော်တို့  ဒီလို လုပ်ခြင်းအားဖြင့် တဖက်တလမ်းကနေ ကူညီရာရောက်တယ်လို့ မြင်ပါတယ်… ပီးရင် Continue လေး နှိပ်ပေါ့နော်….. Cancel ကို နှိပ်ရင်တော့ နောက်ပြန် ဆုတ်နိုင်ပါသေးတယ်… အဲ့ဒါဆို Comment Hidden လေးပဲဖြစ်သွားမှာပါ…..
၅. 2-5အဲ့မှာ ဖေ့ဘွက်က Report ကို လက်ခံရရှိကြောင်း… တကယ်လို့  report ကို နှိပ်ခဲ့ရင်ပေါ့…. အဲ့လိုကိစ္စမျိုးတွေ ဖြစ်တဲ့အတွက် စိတ်မကောင်းကြောင်း… ကော်မန့် ပိုင်ရှင်ကို ဘလော့ လိုက်ပီဖြစ်တဲ့အတွက်ကြောင့် သူနဲ့ မည်သည့်အဆက်အသွယ်မှ မရှိတော့ကြောင်း အကြောင်းကြားတဲ့ Dialog Box လေးတွေ့ မှာပါ… Okay ကိုနှိပ်လိုက်ရင် ရပါပီ…..
လိုအပ်နေတာလေးတွေ…. သိချင်တာလေးတွေရှိရင်… ထောက်ပြပါနော်… ကျွန်တော့် တက်နိုင်သမျှ ဖြေပေးသွားပါ့မယ်……. မှတ်သားထားပါ့မယ်….
ခင်လျက်
တိမ်မည်း
About တိမ်မည်း
Black Cloud has written 28 post in this Website..
မည်းနေတဲ့တိမ်ဟာ ကောင်းကင်ရဲ့မျက်ရည်ပါ..... ဒီမျက်ရည်ဟာ စိုက်ပျိုးရေးတွေ ဖြစ်ထွန်းစေသလို....... ရေကြီးပီး လူတွေကိုလည်း အတိဒုက္ခရောက်စေပါတယ်........ တိမ်မည်းဆိုတဲ့ ကျွန်တော်ကကော....... ကောင်းသော တိမ်မည်းဖြစ်အောင် ကြိုးစားလျှက်ပါလို့ ..........